Highlander Avocado

Highlander Avocado Avocado farm in Pyin Oo Lwin. We distribute avocados fruits and plants around Myanmar. Contact us 09454158141.

Buccaneers ထောပတ်သီးများရရှိနိုင်ပါပြီ။ 100% organic, Naturally Grown. Limited Quantity. No pesticides. No additives. Ju...
23/10/2025

Buccaneers ထောပတ်သီးများရရှိနိုင်ပါပြီ။
100% organic, Naturally Grown. Limited Quantity.
No pesticides. No additives. Just the pure flavor of nature.

ပြင်ဦးလွင်မြို့တွင်း free delivery ပါ။ မန္တလေးအိမ်အရောက်ပို့ပေးပါတယ်။ ကျန်မြို့များကို ကားဂိတ်မှ တဆင့်ပို့ပေးပါတယ်ဗျ။ Page Messenger တွင်မှာယူပါသည်။
09792044670 သို့ဖုန်းဆက်၍လည်းမှာယူနိုင်ပါပြီ။

“ အဖြစ်ကတော့ မနှစ်ကနဲ့မတူဘူးဗျ။ “�မျှော်လင့်မထားတဲ့အမျိုးမျိုးသော အကြောင်းတွေကြောင့် ၂၀၂၅ တစ်နှစ်ပတ်လုံး Highlander ထောပ...
23/10/2025

“ အဖြစ်ကတော့ မနှစ်ကနဲ့မတူဘူးဗျ။ “
�မျှော်လင့်မထားတဲ့အမျိုးမျိုးသော အကြောင်းတွေကြောင့် ၂၀၂၅ တစ်နှစ်ပတ်လုံး Highlander ထောပတ်ခြံထဲကို ဝင်ရောက်နိုင်ခဲ့ခြင်းမရှိပါခဲ့ပါဘူးခင်ဗျာ။ ကျွန်တော်တို့ရဲ့ ထောပတ်သီးစိုက်ပျိုးပြုစုမှု စံနှုန်းများအတိုင်းပြုစုနိုင်ခဲ့ခြင်းမရှိပါဘူးဗျ။

ဒါပေမယ့်လည်း အဆိုးကြီးဘဲတော့ မဟုတ်ဘူးဗျ။
တစ်နှစ်ပတ်လုံး သဘာဝမြေဩဇာ၊ ဓါတ်မြေဩဇာ မကျွေးခဲ့၊ ပိုးသတ်ဆေး တစ်ကြိမ်မှမသုံးခဲ့၊
မိုးရေမှလွှဲ၍ အခြားရေမထိတွေ့ခဲ့တဲ့ ထောပတ်သီးတွေက သဘာဝတရားရဲ့ သက်ညှာမှုကြောင့် ရာနှုန်းပြည့် Organic ထောပတ်သီး ကျန်ရှိနေပါသေးတယ်။

အသီးတင်နှုန်းသိသိသာသာ လျော့ကျခဲ့ပေမယ့် သဘာဝအတိုင်းလတ်ဆတ်မှုကတော့ ၁၀၀ရာခိုင်နှုန်းဗျာ။ အခုဆိုရင် ကျွန်တော်တို့ မြေချစိုက်ပျိုးခဲ့တာ ၉ နှစ်နီးပါးရှိခဲ့ပြီဖြစ်လို့ ကိုင်းဆက်ပင်တွေရဲ့သဘာဝအတိုင်း Hass၊ Buccaneers ထောပတ်သီးတွေရဲ့ အရသာအစစ်အမှန်ကိုရရှိနေပါပြီ။ ကျွန်တော်တို့ ထောပတ်သီးတန် ရာချီဆုံးရှူံးခဲ့ပေမယ့် ထောပတ်ပင်တွေရဲ့ သက်တမ်းတစ်လျှောက် အကောင်းဆုံးအချိန်မှာ ရာနှုန်းပြည့်သဘာဝအရသာကို မြည်းစမ်းခွင့်ရတာကတော့ အမြတ်ပေါ့ဗျာ။ ကျွန်တော်တို့ရဲ့ အဓိကရည်မှန်းချက်ဖြစ်တဲ့ ထောပတ်သီးအတွင်းသားထဲမှာ အမျှင်မပါ၊ အမဲမပါဘဲ စံချိန်မှီထောပတ်သီးများကို စျေးကွက်ထဲ ရောင်းချဖို့ အဆင်သင့်ဖြစ်နေပါပြီ။

ယခုနှစ်အတောအတွင်းမှာ ထောပတ်သီးရပြီလား လာမေးတဲ့ မိတ်ဟောင်းများကို ပြန်လည်ဖြေကြားနိုင်ခဲ့ခြင်းမရှိတဲ့အတွက် အနူးအညွှတ်တောင်းပန်ရင်း ထောပတ်သီး(ရာနှုန်းပြည့်သဘာ၀အရသာ) အခုရပါပြီလို့ သတင်းကောင်းပါးလိုက်ပါတယ်ခင်ဗျာ။

Address

Pyi Thar Yar Street, Pyin Oo Lwin, Mandalay Division
Maymyo

Telephone

+959454158141

Website

Alerts

Be the first to know and let us send you an email when Highlander Avocado posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Highlander Avocado:

Share

Category