Queen Bee - Yunnan Hot Pot

Queen Bee  - Yunnan Hot Pot Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Queen Bee - Yunnan Hot Pot, Food service distributor, Mogok.

05/08/2026

မာလာဆိုမှ ထုံထုံစပ်စပ်မှ ကြိုက်တယ်ဆိုသူတွေ လာပြီနော်! 🥵🌶️

​တစ်ဇွန်းထည့်လိုက်တာနဲ့ မာလာရနံ့ မွှေးပျံ့သွားပြီး၊ စားလိုက်ရင် လျှာပေါ်မှာ ထုံထုံစပ်စပ်နဲ့ စွဲကျန်ခဲ့မယ့် Homemade မာလာအနှစ် လေး ရပါပြီ။

​🍲 ဘာတွေချက်လို့ရလဲ?
• မာလာရှမ်းကော
• မာလာဟင်း
• မာလာဟင်းရည် / မာလာခေါက်ဆွဲ
• မာလာအကင်အနှစ် / ငါးကင်

​အိမ်သုံး ၁ ဘူးမှစ၍ ဆိုင်သုံး အများဈေးအထိ ရရှိနိုင်ပါတယ်နော်။ 😉

ာလာအနှစ်

31/07/2026

ပဲတောင့်ရှည် မျှစ်ချဥ်စော

#酸扒菜
#傣味美食ရှမ်းအစားအစာ
#အိမ်အရသာ

22/07/2026

酸辣鸡(ကြက်ချဥ်စပ်)

#酸辣鸡ကြက်ချဥ်စပ်
#云南特色美食ယူနန်အစားအစာ
#家的味道TasteofHome

14/07/2026

မိုးကုတ်မှိုပေါင်း

#မှိုပေါင်း
#အိမ်အရသာ

09/07/2026

云南火锅(Yunnan Hotpot)

#ယူနန်ဟော့ပေါ့
#အိမ်ချက်

云南火锅(Yunnan Hotpot)
09/07/2026

云南火锅(Yunnan Hotpot)

🍲 ယူနန်ဟော့ပေါ့ (云南火锅) ချစ်သူများအတွက် 🍲​အိမ်မှာနေရင်း ယူနန်ဟော့ပေါ့ အရသာ အဝ ဆွဲချင်သူများအတွက် အထူးအစီအစဉ်။ 😋​ပူပူနွေးန...
09/07/2026

🍲 ယူနန်ဟော့ပေါ့ (云南火锅) ချစ်သူများအတွက် 🍲

​အိမ်မှာနေရင်း ယူနန်ဟော့ပေါ့ အရသာ အဝ ဆွဲချင်သူများအတွက် အထူးအစီအစဉ်။ 😋

​ပူပူနွေးနွေးနဲ့ စည်းကားသိုက်မြိုက်စွာ စားသုံးနိုင်ဖို့အတွက် ပါဝင်ပစ္စည်းတွေကို အစုံအလင် ပြင်ဆင်ပေးထားပါတယ်။

​✨ အထူးပရိုမိုးရှင်း ပါဝင်မှုများ ✨

ကြက်/ဝက်/ကြက်+ဝက် အရော

​လတ်ဆတ်တဲ့ အရွက် (၄) မျိုး 🥬

​အသားတွေနဲ့ လိုက်ဖက်ညီပြီး ခံတွင်းမြိန်စေမယ့်
"အချဉ်ရည် "🌶️

🎁​လက်ဆောင် အနေနဲ့ ကြာဇံသုပ် (၁) ပွဲ မေတ္တာလက်ဆောင် ထည့်ပေးဦးမှာနော်။ 🥗

​💰 ဈေးနှုန်းနှင့် မှာယူရန် အသေးစိတ် 💰
​price- 2,200฿
​Delivery: Free (အိမ်အရောက် ပို့ဆောင်ခ အခမဲ့) 🏍

​⚠️ အကောင်းဆုံးနဲ့ အလတ်ဆတ်ဆုံး အရသာကို ပေးစွမ်းနိုင်ဖို့အတွက် (၁) ရက်ကြိုတင် မှာယူပေးပါရန် မေတ္တာရပ်ခံအပ်ပါတယ်ရှင့်😊

​📥 မှာယူလိုပါက: Page Chat Box သို့ ဆက်သွယ်မှာယူနိုင်ပါပြီ။

#云南火锅ယူနန်ဟော့ပေါ့
#အိမ်အရောက်ပို့

08/07/2026

#ဒရင်ကောက်အလွယ်သုပ်နည်းလေးပါ

​■ ပါဝင်ပစ္စည်းများ

▪︎ဒရင်ကောက်ရွက်: ရေစင်စင်ဆေးပြီး အနုပိုင်းများကို
ချိုးထားပါ။

▪︎မြေပဲဆန်လှော်: မညက်တညက်လေး ထောင်းထားပါ။

▪︎သံပုရာသီး: အရည်ညှစ်ရန် အဆင်သင့်လှီးထားပါ။

​■ သုပ်နည်းအဆင့်ဆင့်

▪︎​ဒရင်ကောက်ပြုတ်ခြင်း: အိုးထဲတွင် ရေကို ဆူအောင်တည်ပါ။ ရေဆူလာလျှင် ဆားအနည်းငယ်ထည့်ပြီး ချိုးထားသော ဒရင်ကောက်ရွက်များကို ထည့်ပြုတ်ပါ။ အရောင်စိမ်းစိမ်းလေးနဲ့ နူးညံ့သွားအောင် ၁ မိနစ်မှ ၂ မိနစ်ခန့် သာ ပြုတ်ပေးပါ။ ပြီးလျှင် ဆယ်ယူပြီး ရေအေးဖြင့် ချက်ချင်းဆေးကာ ရေညှစ်ထားပါ။ (ရေအေးဆေးခြင်းက အရောင်ကို ပိုစိမ်းစေပြီး အဖတ်ကို တင်းတင်းလေးဖြစ်စေပါတယ်)

​▪︎သုပ်မည့် ဇလုံကြီးကြီးထဲသို့ ရေညှစ်ထားသော ဒရင်ကောက်ရွက်များ ထည့်ပါ။ ကြက်သွန်ဆီကျက်၊ ငရုတ်သီးလှော်မှုန့်၊ ဆား နှင့် အချိုမှုန့်တို့ကို မိမိစိတ်ကြိုက် အရသာအချိုးအစားအတိုင်း ထည့်ပါ။
သံပုရာသီးကို ညှစ်ထည့်ပြီး အားလုံးသမအောင် နယ်ပေးပါ။ နောက်ဆုံးမှ ထောင်းထားသော မြေပဲဆန်လှော်များကို ဖြူးပြီး ခပ်ဖွဖွလေး ပြန်သမပေးပါ။

​ ▪︎ဒရင်ကောက်သုပ်က ဆီကျက်မွှေးမွှေးလေးနဲ့ သံပုရာသီးရဲ့ ချဉ်ဖြုန်းဖြုန်းအရသာ၊ မြေပဲရဲ့ အဆိမ့်အရသာတို့ ပေါင်းစပ်သွားရင် အကောင်းဆုံးမို့ ဆီကျက်နဲ့ မြေပဲကို များများထည့်သုပ်ဖို့ အကြံပြုချင်ပါတယ်!
​အခုဆိုရင်တော့ ထမင်းမြိန်စေမယ့် ဒရင်ကောက်သုပ် ချဉ်စပ်ဆိမ့်လေးကို သုံးဆောင်နိုင်ပါပြီရှင်😊

#ဒရင်ကောက်သုပ်
#အိမ်အရသာ

07/07/2026

#မျှစ်ရေစိမ်စပ်စပ်ကြော်နည်း 🌶️

​မျှစ်ကို အမျှင်လိုက်လေးတွေလှီးပြီး ၂ ရက်လောက်

ရေစိမ်ထားပေးရပါမယ်။ (ကြားထဲမှာ ရေမှန်မှန်လဲပေးဖို့

တော့ လိုမယ်နော်)။

​အဲဒီနောက်...

▪︎​ကြက်သွန်ဖြူ ဓားပြားရိုက်

▪︎​ငရုတ်သီးစိမ်း တောက်တောက်စင်း (သို့)
ခွဲခြမ်းလေးတွေနဲ့

​ဆီပူပူမှာ စပ်စပ်လေး ကြော်စားလိုက်ရုံပါပဲ။

​ထမင်းမြိန်စေမယ့် လျှို့ဝှက်ချက်

မျှစ်ရဲ့ အချိုအရသာရယ်၊ ကြက်သွန်ဖြူမွှေးမွှေးရယ်၊ ငရုတ်သီးအစပ်ရယ် ပေါင်းစပ်သွားတဲ့အခါ အချိုမှုန့်တောင် ထည့်စရာမလိုဘဲ တကယ်ကို အရမ်းကောင်းပါတယ်။

​သူငယ်ချင်းတို့ရော ဒီလိုလေး လုပ်စားဖူးကြလားဟင်😊

#မျှစ်ရေစိမ်
#အိမ်အရသာ

Address

Mogok

Opening Hours

Monday 07:00 - 23:45
Tuesday 07:00 - 23:45
Wednesday 07:00 - 23:45
Thursday 07:00 - 23:45
Friday 07:00 - 23:45
Saturday 07:00 - 23:45

Telephone

+959402750626

Website

Alerts

Be the first to know and let us send you an email when Queen Bee - Yunnan Hot Pot posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share