Taste Ready Made Kyay -Oh

Taste Ready Made Kyay -Oh Easily cook and easily available delicious Kyay Oh Ready to taste

24/08/2023

စျေးမရောင်းပါဘူး နော်🙅
တယောက်စာ အပျင်း မာလာရှမ်းကောလေး ကို့ဘာကို လုပ်စားရအောင်နော်။
မာလာရှမ်းကောဆို စျေးကြီးမှ စားကောင်းတာနော်။
ကိုယ်စားချင်တာက အသား။ စျေးချိုတဲ့မာလာရှမ်းကောဆို အသားကမမြင်ရလို့😆
အသားရယ် ခေါက်ဆွဲရယ် အရွက်ရယ် မာလာအနှစ်ရယ် ရှိရင်ပြီးပြီနော်။
လုပ်စားရတာ မခက်ဘူးရယ်။
အာ့ တယောက်စာပဲ။ မင်မင်တယောက်စာပါ😁😘😘။
နောက်လဲတင်အူးမယ်😁

ဝက်အူချောင်း ကို အရမ်း အရသာရှိအောင် ဘလိုကြော်စားမလဲဝက်အူချောင်းကလေ အရမ်း အကြွပ်ကြီး ကြော်ရင် ခြောက်ပြီး စားမကောင်း။ ပျော...
03/04/2022

ဝက်အူချောင်း ကို အရမ်း အရသာရှိအောင် ဘလိုကြော်စားမလဲ

ဝက်အူချောင်းကလေ အရမ်း အကြွပ်ကြီး ကြော်ရင် ခြောက်ပြီး စားမကောင်း။ ပျော့ပျော့ကြီးလဲ မကြိုက် ။

အတွင်းသားပျော့ပျော့လေးနဲ့ အပေါ်ယံကြွပ်ကြွပ်လေး နဲ့ ချ်ုအီပြီး အဆီ အသားမျှမှ အရသာ ကောင်းတာနော်။
ဘယ်လို ကြော်မလဲ???

မခက်ပါဘူးနော်။ ဝက်အူချောင်းကို ရေနဲနဲ ထည့်။ ဆီ နဲနဲလေး ထည့်ပြီး အရင် ပြုတ်ပါ။
ရေခမ်းလာလို့ ဆီအကျန်လေးနဲ့ မီးအေးအေး နဲ့ နဲနဲကြွပ်လာအောင် ကြော်မယ်နော်။ မီးများရင် တူးပါမယ်။
နောက်ဆုံး ချခါနီး မီးပိတ်ပြီး ကြာညို့ နဲနဲနဲ့ ဆီလေးနဲ့ ဆက် လှိမ့်လိုက်ရင် အရမ်းအရသာရှိတဲ့ ဝက်အူချောင်းကြော် ရပီနော်။
ပုံထဲကလို အရသာ ရှိတဲ့ ဝက်အူချောင်း အစိမ်း ရချင်ရင်တော့ တတောင့် ၂၀၀ နဲ့ အတောင့် ၂၅ ကနေစဝယ်လို့ရပါတယ်။
အဆီအသားမျှတဲ့ အရသာရှိတဲ့ ဝက်အူချောင်း လေးမို့ ကိုယ့်ဆီမှာပဲရတယ်နော်🥰

အလွယ်ကူဆုံး ဝက်သားပေါင်းလေး လုပ်စားကြမယ်။ဝက်သားအရသာ မပျက် အမွှေးနံ့သာ နဲနဲ ဝက်သားပေါင်းလေးက အားလဲရှိ  လုပ်လို့လဲလွယ်လို့...
21/03/2022

အလွယ်ကူဆုံး ဝက်သားပေါင်းလေး လုပ်စားကြမယ်။

ဝက်သားအရသာ မပျက် အမွှေးနံ့သာ နဲနဲ ဝက်သားပေါင်းလေးက အားလဲရှိ လုပ်လို့လဲလွယ်လို့ လုပ်နည်းလေးပြောပြပေးပါမယ်ရှင့်။

💡ပါဝင်ပစ္စည်း
ဝက်သား၁၅ကျပ်သား
ကြက်ဥ ၂လုံး
ကြက်သွန်နီ ဥကြီး ၁လုံး
ဗမာကြက်သွန်ဖြူ ၁လုံး
ဆား။ အချိုမှုန့်။ ငရုတ်ကောင်း။

📌📌ပြုလုပ်နည်း

ပါဝင်ပစ္စည်းကလည်း ရိုးရှင်းသလို လုပ်နည်းကလည်း တကယ်ကိုမှ ရိုးရှင်းပါတယ်။
ဝက်သားတောက်တောက်စင်း၊ အဲလိုစဥ်းတဲ့ အချိန် ကြက်သွန်နီ ၊ အဖြူ အကုန်ထည့်ပြီးတောက်တောက်စဥ်းပါ။

💣ဒီနေရာမှာပြောချင်တာက ကြိတ်စက်နဲ့ ကြိတ်တာထက် ဓားနဲ့ စဥ်းတာက ပို အရသာရှိပြီး ဝက်သားအရသာ ပိုကောင်းတယ်လို့ မင်မင်ပြောချင်ပါတယ်ရှင်။ကြိတ်စက်နဲ့ အရမ်းကြေသွားရင် ဝက်သားအရသာပေါ့တယ်လို့ မင်မင်တော့ထင်တယ်။

ပြီးရင် ကြက်ဥ ၂လုံး၊ဆား၊အချိုမှုန့်၊ ငရုတ်ကောင်း ထည့်ပြီး သမအောင်မွှေပြီးရင်တော့ ထည့်ပေါင်းမဲ့ ပန်းကန်ထဲ ကို ဆီပါးပါးလေးသုတ်ပြီး ထည့်လိုက်ရင် ပေါင်းဖို့ အဆင်သင့် ဖြစ်ပြီနော်။
မင်မင်ကတော့ ရေနွေးအိုးတည်ပြီး အပေါ်က ပေါင်းစကာထဲ ပန်းကန်ထည့် ပြီး အုပ်ထားလိုက်တာပါပဲ။ရေနွေးပွက်ပြီးရင် နာရီဝက်ဆို ကျက်ပြီ။ ကျက်မကျက်မသေချာရင် သွားကြားထိုးတံလေးနဲ့ အလယ်ကိုထိုးကြည့်ရင် အရည်တွေမပါတော့ဘူးဆို ရပြီနော်။

အရမ်းလွယ်တယ်နော်။ ဟုတ်တယ်ဟုတ်။
မင်မင်ကတော့ ဒီတိုင်းစားရတာကြိုက်တယ်။
အချဥ်ကြိုက်ရင် ဆော့စ် ဒါမှမဟုတ် မကျည်းချဥ် နဲ့ စားပေါ့။
နောက် မင်မင်ပြထားသလို ဆီချက် လုပ်ပြီး အသားနေရာမှာ ဝက်သားပေါင်း ထည့်စားလို့လဲရတယ်နော်😋

အဆင့်တိုင်းသေချာဓာတ်မဖမ်းနိုင်လို့ ခေါ်ထို့ခ။ အဆင်မပြေတာလေးတွေရှိရင်မေးထားလို့ရပါတယ်နော်။

Ready made ကြေးအိုးလေးလဲရောင်းပါတယ်နော်😄

အားလုံးပဲစားကောင်းကြပါစေရှင့်😍😍😍

ဘာတင်ပေးရမလဲမသိ 😁။ ဘာစားချင်ကြလဲ  အသဲတို့။ ဘာလုပ်နည်း တင်ပေးရမလဲ။အော် ကျမတို့ ကြေးအိုးစားဖို့ မမေ့နဲ့အူးနော်😘သတိတရ စားပေ...
06/03/2022

ဘာတင်ပေးရမလဲမသိ 😁။ ဘာစားချင်ကြလဲ အသဲတို့။ ဘာလုပ်နည်း တင်ပေးရမလဲ။
အော် ကျမတို့ ကြေးအိုးစားဖို့ မမေ့နဲ့အူးနော်😘
သတိတရ စားပေးသူတွေလဲ ကျေးဇူးပါလို့နော်😍

27/02/2022

အားလုံးနေကောင်းကြပါစေရှင့်။ ပိုကျန်းမာဖို့ ကိုယ်ခံအားတွေ ကောင်းဖို့ ကတော့ အရိုးပြုတ်တွေက ထိပ်တန်း အစားအစာတွေပဲနော်။ ဆိတ်စွပ်ပြုတ် အပြင်မှာ ဝယ်စားရင် စျေးကြီးလို့ ကိုယ့်ဘာကိုယ် လုပ်စားလို့ရအောင် မင်မင် တတ်သလောက်မှတ်သလောက် ချက်ပြထားပါတယ်နော်။ အရမ်းလဲ မခက်လို့ လုပ်စားရင်လဲ အဆင်ပြေတာမို့ ပြောပြပေးတာပါရှင်။ အကျိုးရှိတယ် ထင်ရင် Like and share လေး လုပ်ပေးပြီးကျန်တဲ့သူငယ်ချင်းတွေ မျှဝေပေးပါရှင့်။

07/02/2022

မင်မင်ရဲ့ ကြေးအိုးတထုတ်သောက်ဖို့ အိမ်မှာဇလုံရှိမှ ရမယ်နော်။
ငုံးဥ ။ အရွက် ကို့ဘာကိုထည့်စားနော်🥰
3000နဲ့ ဗိုက်ရိုက်စားကြပါရှင့်။
Ph 09254716128
Monywa

အရမ်းကို ချစ်ဖို့ကောင်းသော customer ချစ်ညီမလေးရဲ့ feed back နဲ့ အတူ လှပသော ဓာတ်ပုံရိုက်ချက်လေး ကြောင့် အရမ်း ကျေးဇူးတင်မ...
24/01/2022

အရမ်းကို ချစ်ဖို့ကောင်းသော customer ချစ်ညီမလေးရဲ့ feed back နဲ့ အတူ လှပသော ဓာတ်ပုံရိုက်ချက်လေး ကြောင့် အရမ်း ကျေးဇူးတင်မိပါတယ်နော်🥰

ကို့ဘာကိုယ်ဆို ဘလိုရိုက်ရိုက် မလှလို့ စိတ်ဆင်းရဲရတယ်🤣 မလှ တာလဲ မပြောနဲ့ တထုတ်လုံးပြုတ်ပြီး မဆံ့မပြဲရိုက်ချပြစ်တာဆိုတော့ ။ အခုလိုလေး နဲနဲထည့်ပြီးရိုက်တော့ လှမှလှ😘
ကဲ ဘာမှ မစဉ်းစားနဲ့တော့နော်။ ပြေးပြီးသာ ဝယ်လိုက်တော့။ ဝယ်ကို ဝယ်ရမယ်နော်😁😁freezerထဲမှာထားရင် 2ပတ်အေးဆေးနော်။
CB မှာ မှာလို့ရသလို 09254716128ကို ဟလို လို့လဲရ။မုံရွာမှာ ဝယ်ချင်ရင် ဆင်မင်း 4မှာလဲရတယ်နော်။ နယ်အဝေးဆို တဆင့်ဂိတ်ကို 5ထုပ်ပို့ကစပြီး ပို့ပေးပါတယ်နော်။
10ထုတ်ကစပြီး စျေးလျှော့ပေးပြီနော်။

10 မိနစ်နဲ့ ကြေးအိုး တပွဲ ကိုယ့်ရှေ့ရောက်လာမှာနော်😳😳ဖြစ်နိုင်ပါ့မလား။  သိပ်ဖြစ်နိုင်တာပေါ့။ Taste Readymade ကြေးအိုးထုတ်...
18/01/2022

10 မိနစ်နဲ့ ကြေးအိုး တပွဲ ကိုယ့်ရှေ့ရောက်လာမှာနော်😳😳

ဖြစ်နိုင်ပါ့မလား။ သိပ်ဖြစ်နိုင်တာပေါ့။ Taste Readymade ကြေးအိုးထုတ်လေး freezer ထဲရှိဖို့တော့ လိုတာပေါ့။
အိမ်မှာလုပ်တာ 10မိနစ်နဲ့ ဘလို အရသာရှိပါ့မလဲ။ အို အရသာက ရှိမှရှိ။ ရေနွေးတည် ဟင်းရည်အနှစ်ထည့်။ အဲ့အချိန် ကြာဆံရေစိမ်ပြီး စစ်ထား။အသားကလီစာ ခနပြုတ်။ကြာဆံထည့်။။အို အို ရပီလေ ကြေးအိုး။ ဘာများခက်လဲ။ ပြောနေတာကြာသေးတယ်နော်။ လုပ်လိုက်ရင်ခဏပဲ။
စမ်းစားကြည့်ချင်တာလား။ ရတာပေါ့ ။ တစ်ထုတ်မှ 3000ကျပ်ပဲ။ ဝက်သား မစားဘူးလေ။ သိပ်ရ။ ကြက်သားလဲရ။ ဘယ်နှစ် ယောက် စားလို့ ရလဲမသိ။ အော် အစားသေးရင် 2 ယောက်ပဲ။ မင်မင့်ကိုတော့ 3ယောက်စားရတယ်ပြောတဲ့သူရှိတယ်။ မင်မင်တို့အိမ်မှာ ပုံမှန်သမား 2ယောက်ပဲ။
ကဲ ကဲ စကားတွေ အများကြီးမပြောတော့ပု။
ph no 09254716128 သို့မဟုတ် CBကြွပါ။ မုံရွာဆို ဆင်မင်း 4မှာလဲရှိ။ မင်မင့်ဆီလာဝယ်လို့လဲရ။ပျင်းရင်လဲ အိမ် အရောက်ပို့ပါ့မယ်။ deliခလေးတော့ရှိတာပေါ့။
တခြားမြို့ လား ။ပို့ပါ့။ ကားဂိတ်တင်ပေးတာနော်။ ဂိတ်လာယူရမှာ။ သိပ်ဝေးရင်တော့ အဆင်မပြေဘူး။ ရေခဲပုံးသေချာထိမ်းသိမ်းမှ ရမယ်။
မုံရွာကပါရှင်။

အိမ်မှာ ကြေးအိုးလုပ်စားမယ်ဆိုပြီး အလုပ်ရှုပ်လွန်းလို့ စိတ်ညစ်နေလား။         ဆိုင်မှာသွားစားတော့ စျေးကြီးပြီး အချိုမှုန့်...
16/01/2022

အိမ်မှာ ကြေးအိုးလုပ်စားမယ်ဆိုပြီး အလုပ်ရှုပ်လွန်းလို့ စိတ်ညစ်နေလား။
ဆိုင်မှာသွားစားတော့ စျေးကြီးပြီး အချိုမှုန့်တွေကြောင့် ဒုက္ခ ရောက်နေလား။
ညသန်းခေါင်ကျ မှ ကြေးအိုးစားချင်ပြန်ပီလား။
10မိနစ်ပဲစောင့်။ 😳😳😳
ရေနွေးထဲ ပါတာတေ ထည့်ပြုတ် ။ ရပါပီနော် ။ အရသာရှိ အိမ်ချက် ကြေးအိုးလေး။
အသားလုံးတွေနဲ့တို့စားစရာ အချဉ်ကစ ပါပြီးသားမို့ ဘာဆို ဘာမှ မလို တော့အောင်ပဲနော်။
အဲ တခုတော့လိုတယ်။ Taste Ready Made Kyayoh အထုတ်လေး ကတော့ အိမ်ကရေခဲသေတ္တာထဲမှာရှိရမယ်နော့🥰
အရွက် ။ ကြက်ဥ။ ငုံးဥ ရှိရင် တော့ထည့်စားပေါ့။ အာ့တော့မပါဘူး😆။ ထည့်စားရင်ပို အရသာရှိတာပေါ့။
ကဲ ဘာမှ မစဉ်းစားနဲ့တော့နော်။ Review ကောင်းတွေလဲရှိတာမလို့ ပြေးပြီးသာ ဝယ်လိုက်တော့။ freezerထဲမှာထားရင် 2ပတ်အေးဆေးနော်။
CB မှာ မှာလို့ရသလို 09254716128ကို ဟလို လို့လဲရ။မုံရွာမှာ ဝယ်ချင်ရင် ဆင်မင်း 4မှာလဲရတယ်နော်။ နယ်အဝေးဆို တဆင့်ဂိတ်ကို 5ထုပ်ပို့ကစပြီး ပို့ပေးပါတယ်နော်။
10ထုတ်ကစပြီး စျေးလျှော့ပေးပြီနော်။

ဆောင်းရာသီ ရောက်ပီဆိုတော့ ကြေးအိုးပူပူလေး အချိန်မရွေး သောက်ချင် တတ်တဲ့ သူတွေ အတွက်Taste Ready made ကြေးအိုးလေး တစ်ထုပ်လေ...
14/01/2022

ဆောင်းရာသီ ရောက်ပီဆိုတော့ ကြေးအိုးပူပူလေး အချိန်မရွေး သောက်ချင် တတ်တဲ့ သူတွေ အတွက်Taste Ready made ကြေးအိုးလေး တစ်ထုပ်လောက်တော့ ဆောင်ထားဖို့လိုပီနော်။ချက်ချင်း မစားသေးရင် ရေခဲသေတ္တာ အခဲခန်းထဲ တော့ ထားရမယ်နော့။
အလုပ်ရှုပ်လို့ မလုပ်တတ်ပါဘူးဆိုတဲ့ သူတွေ အတွက်လဲ စိတ်မပူပါနဲ့နော်။ 🤨
💁 ရေနွေးတည်တတ် ဖို့ပဲလိုပါတယ်။
ရေနွေးတည်ပြီး ဟင်းရည် အနှစ်လေးထည့်။
အသားလုံး၊ ကလီစာ ထည့်ပြီး ရေစိမ်ထားတဲ့ ကြာဆံလေး ထည့်ပြီး အရသာရှိတဲ့ ဆိုင်မှာစားတဲ့ အရသာလေးနဲ့ ကြေးအိုးလေး သင့်ရှေ့ကို ရောက်လာပြီနော်။
အော် အသားလုံးအတွက် အချဥ်လား။ ပါပြီးသားပါနော်။
ကဲ ဘာလိုသေးလဲ။
ဖွယ်ဖွယ်ရာရာ စားချင်ရင်တော့ ကြက်ဥ၊ ငုံးဥ၊ အရွက် လေးတွေ ထည့်စားကြပါ။ ဒါဆိုရင်တော့ ရှယ်ဖြစ်သွားပြီနော်။
ကဲ မြန်မြန်လေး ဝယ်လိုက်တော့နော်။
ကြက် နဲ့ ဝက် ၂မျိုးရှိတယ်နော်။
တစ်ထုတ် ၃၀၀၀ ပဲ။
မုံရွာကပါနော်။ ဆင်မင်း ၄မှာလဲ ဝယ်လို့ရပါတယ်။ အိမ် အရောက်လဲပို့ပါတယ်။ deli ခ အနီး အဝေးတော့ရှိပါတယ်။
ကျန်မြို့များကိုလဲ ရေခဲပုံးနဲ့ ပို့ပေးပါတယ်။
လက်ကားစျေး CBမှာ စုံစမ်းနိုင်ပါတယ်ရှင့်။
☎️09254716128 ကို ဆက်သွယ် စုံစမ်းနိုင်ပါတယ်။ Readymade Kyae Oh.

10 မိနစ်နဲ့ ကြေးအိုး တပွဲ ကိုယ့်ရှေ့ရောက်လာမှာနော်😳😳  ဖြစ်နိုင်ပါ့မလား။      သိပ်ဖြစ်နိုင်တာပေါ့။  Taste Readymade ကြေးအ...
13/01/2022

10 မိနစ်နဲ့ ကြေးအိုး တပွဲ ကိုယ့်ရှေ့ရောက်လာမှာနော်😳😳 ဖြစ်နိုင်ပါ့မလား။ သိပ်ဖြစ်နိုင်တာပေါ့။ Taste Readymade ကြေးအိုးထုတ်လေး freezer ထဲရှိဖို့တော့ လိုတာပေါ့။ အိမ်မှာလုပ်တာ 10မိနစ်နဲ့ ဘလို အရသာရှိပါ့မလဲ။ အို အရသာက ရှိမှရှိ။ ရေနွေးတည် ဟင်းရည်အနှစ်ထည့်။ အဲ့အချိန် ကြာဆံရေစိမ်ပြီး စစ်ထား။အသားကလီစာ ခနပြုတ်။ကြာဆံထည့်။။ အို အို ရပီလေ ကြေးအိုး။ ဘာများခက်လဲ။ ပြောနေတာကြာသေးတယ်နော်။ လုပ်လိုက်ရင်ခဏပဲ။ စျေးကြီးမှာပေါ့။ အသားလုံးတွေ ကလီစာတွေ ပါပြီးသားဆို။❌❌❌ တစ်ထုတ်မှ 3000ကျပ်ပဲ။ ဝက်ကြက် ၂မျိုးရှိတယ်နော်။ ဘယ်နှစ် ယောက် စားလို့ ရလဲမသိ။ အရွက်လေး ငုံးဥလေး ထည့်စားရင် 2 ယောက်ကတော့ အေးဆေးစားပဲ။ တချို့လဲ 3ယောက်စားရတယ်ပြောတဲ့သူရှိတယ်။ ph no 09254716128 သို့မဟုတ် CB မှာ မှာလို့ရပါတယ်ရှင့်။
မုံရွာဆို ဆင်မင်း 4မှာလဲ ဝယ်လို့ရပါတယ်ရှင့်။ မြို့ထဲလာဝယ်လို့လဲရသလိုအိမ် အရောက်ပို့လဲရှိပါတယ်ရှင့်။ deliခလေးတော့ရှိတာပေါ့။ တခြားမြို့တွေကိုကားဂိတ်တင်ပေးပါတယ်ရှင့်။ ဂိတ်လာယူရမှာရှင့်။ မုံရွာကပါရှင်။ ကိုယ်စားလှယ်ယူလိုသူများလဲ CBမှာ ဆက်သွယ်နိုင်ပါတယ်ရှင့်။ ၁၀ထုတ်ကစပြီး စျေးလျော့ပေးပါတယ်နော်။

ဆောင်းရာသီမှာ စျေးကြီးတဲ့ ကြေးအိုး ကို ခဏခဏ ဝယ်မစားနိုင်လို့ပါ🙅‍♀️   အိမ်မှာချက်စား တော့လဲ စျေးသက်သာပေမဲ့ ဆိုင်အရသာနဲ့မတ...
12/01/2022

ဆောင်းရာသီမှာ စျေးကြီးတဲ့ ကြေးအိုး ကို ခဏခဏ ဝယ်မစားနိုင်လို့ပါ🙅‍♀️

အိမ်မှာချက်စား တော့လဲ စျေးသက်သာပေမဲ့ ဆိုင်အရသာနဲ့မတူ။🤦‍♀️

ညသန်းခေါင်ကျမှ ဂိမ်းဆော့ရင်း ကြေးအိုး စားချင်တယ်ကွာ😬👩‍💻

ဆိုင်ကကြေးအိုး က အချိုမှုန့်တွေ များလို့ စားပြီး ရေငတ်တော့ အိမ်ကလူကြီးတွေနဲ့ အဆင်မပြေ။🙇‍♀️

အားလုံး အဆင်ပြေဖို့ Taste Readymade Home made Kyay Oh လေး သာ Freezer ထဲ ဆောင်ထားလိုက်ပါနော်။
ရေနွေးတည်ပြီး ပါဝင်ပစ္စည်းတွေ ထည့်ရုံနဲ့ 10မိနစ် မကြာ ကြေးအိုး တပွဲ ရှေ့ရောက်လာမှာနော်။
နူးညံ့တဲ့ ကြာဆံ၊ အရသာ ရှိတဲ့ အသားလုံး၊ ငါးဖယ်လုံး၊ ကလီစာ တို့နဲ့ ဟင်းရည် တို့က ကြေးအိုး တပွဲကို အသက်ဝင်စေသလို အချဉ်လေးပါ ပါတော့ ပြီးပြည့်စုံသွားပြီနော်။
အိမ်မှာရှိတဲ့ ကြက်ဥ၊ ငုံးဥ၊ အရွက် လေးတွေထည့်လိုက်ရင်တော့ ကိုယ့်အိမ်ကို ကြေးအိုးဆိုင် မှတ်သွားမယ်နော့🍵🍵

💰💰တထုတ် မှ မြန်မာကျပ် 3000ပဲနော်။ ကြက် ။ ဝက် 2မျိုးရပါတယ်။

မုံရွာကပါရှင်။ မုံရွာ ။မန္တလေး အိမ်ရောက်ငွေချေ ရပါတယ်။ အိမ်လာဝယ်လို့လဲရပါတယ်။ phကြိုဆက်ပေးပါရှင့်။
မုံရွာ ဆင်မင်း 4မှာလဲ ဝယ်လို့ရပါတယ်ရှင့်။
ကျန်မြို့များကိုလဲ ရေခဲပုံးနဲ့ ပို့ပေးပါတယ်နော်။
10ထုပ်ကစပြီး လက်ကားစျေးအမျိုးမျိုးရှိပါတယ်ရှင့်။
☎️☎️09254716128 နဲ့ CB ကနေ ဆက်သွယ်မှာယူနိုင်ပါတယ်ရှင့်။

✅❤️

Address

Monywa

Telephone

+959256050058

Website

Alerts

Be the first to know and let us send you an email when Taste Ready Made Kyay -Oh posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Taste Ready Made Kyay -Oh:

Share