အမျိုးသမီး များ ရင်ဖွင့်ကြမယ်

  • Home
  • Myanmar
  • Myeik
  • အမျိုးသမီး များ ရင်ဖွင့်ကြမယ်

အမျိုးသမီး များ ရင်ဖွင့်ကြမယ် ရသဖျော်ရည် ​ရင်ဖွင့်ခွက်ငယ်နဲ့ အစိုင်အခဲလျော့က ကောင်းမွန်လှသည် ရွှေရောင်နေ့ရက် ဖြတ်သန်းဖို့ အမျိူးသမီးများရင်ဖွင့်ရာ သိူ့

ဘယ်တော့မှမပြိုလဲတတ်ဘူး မစားဖူးတာတွေရှိသေးတယ်သိလား😍💪🍌🍔🍩 ‎
10/05/2024

ဘယ်တော့မှမပြိုလဲတတ်ဘူး မစားဖူးတာတွေရှိသေးတယ်သိလား😍💪🍌🍔🍩 ‎

ဖောက်ပြန်မှုထဲမှာအိမ်ထောင်ရေးဖောက်ပြန်တာကအဆိုးဆုံးပါကိုယ့်မှာ...ပိုင်ဆိုင်သူရှိရဲ့သားနဲ့သိက္ခာကို မထိန်းနိုင်ပဲတခြားတစ်ယ...
04/05/2024

ဖောက်ပြန်မှုထဲမှာ
အိမ်ထောင်ရေးဖောက်ပြန်တာက
အဆိုးဆုံးပါ

ကိုယ့်မှာ...ပိုင်ဆိုင်သူရှိရဲ့သားနဲ့
သိက္ခာကို မထိန်းနိုင်ပဲ
တခြားတစ်ယောက်နဲ့ထပ်ပြီး
ပတ်သက်တာ...ချစ်ကြိုက်တာတွေဟာ
လူ့ပတ်ဝန်းကျင်မှာတော့
ရှက်စရာကောင်းတဲ့အဖြစ်ပျက်တွေပါ

တစ်ချို့ယောက်ျားတွေဟာ
မိန်းမနဲ့သားသမီး...ကိုစွန့်လွှတ်ပြီးတော့
တခြားမိန်းမတစ်ယောက်နဲ့
အိမ်ထောင်ရေးဖောက်ပြန်ကြတယ်

တစ်ချို့မိန်းမတွေကလည်း
ကိုယ့်အပေါ်ကောင်းမွန်စွာ...လုပ်ကိုင်ကျွေးမွေးနေတဲ့ယောက်ျားနဲ့
သားသမီးတွေပစ်ပြီး
နောက်တစ်ယောက်နဲ့ဖောက်ပြန်ကြတယ်

အံ့ဩဖို့ကောင်းတာကတော့
တစ်ချို့က လင်ရှိ မယားရှိ အချင်းချင်းဖောက်ပြန်ကြတယ်
တစ်ချို့ကတော့
လင်ရှိ မယားရှိမှန်း သိရက်နဲ့...အပျို လူပျိုတွေကနောက်မဆုတ်ပဲ
လင်ငယ် မယားငယ်နာမည်ခံ ပြီးဖောက်ပြန်ကြတယ်

အိမ်ထောင်ရေးဖောက်ပြန်မှုရဲ့နောက်ကွယ်မှာ
ပြိုကွဲသွားရတဲ့ မိသားစုတွေ
ကစင်ကလျားနဲ့ ဖြစ်သွားရတဲ့မိသားစုတွေ
အများကြီးရှိနေတယ်

ဖောက်ပြန်သွားတဲ့သူတွေကို
ဘယ်လောက်ပဲ...အနုနည်းနဲ့ပဲချော့ချော့
အကြမ်းနည်းနဲ့ပဲကိုင်ကိုင်
အဲ့ဒီအချိန်မှတော့
မိုးမမြင် လေမမြင်လောက်အောင်
အမှောင်ဖုံးနေလို့ ဘယ်သူကမှ တားဆီးလို့မရနိုင်ဘူး

ကိုယ့်ယောက်ျားဖောက်ပြန်တာ
မိန်းမယုတ်က ဖြားယောင်းလို့မဟုတ်ဘူး
ကိုယ့်မိန်းမဖောက်ပြန်တာ
ယောက်ျားယုတ်ကသွေးဆောင်လို့လည်း မဟုတ်ဘူး
ယုတ်တဲ့သူအချင်းချင်းတွေ့လို့
ဖောက်ပြန်တာပါ

အဲ့လိုဖောက်ပြန်ပြီး
အသိတရားကင်းမဲ့နေတဲ့
လူတွေကို
နွားတစ်ကောင်လို နဖားကြိုးထိုးပြီး
ချည်တိုင်မှာချည်လို့ မရမဲ့အတူတူ
သွားလိုရာ သွားဖို့လွှတ်ပေးလိုက်တာ
အကောင်းဆုံးပါ

ကိုယ့်အနားမှာ ရှိနေပေမဲ့
ဆိုးတူကောင်းဘက်မရှိတော့တဲ့
သိက္ခာမရှိ သစ္စာမရှိတဲ့သူတစ်ယောက်ကို
ဖက်တွယ်ထားလည်း အလကားမို့ပါ

ဖောက်ပြန်သူတို့အတွက် ရလဒ်က

မယားငယ် ဆိုလဲ
ခွေးရူးကောင်းစား တမွန်းတည့်

လင်ငယ် အဖြစ်နဲ့
သူများမယား ကြာခိုတဲ့ကောင်ကလဲ
လူ့ပတ်ဝန်းကျင်မှာ

သခင်မရှိတဲ့ ခွေးလိုပဲ
ကယ်သူမဲ့တဲ့ ဝဲစား အဖြစ်နဲ့

တည်ရှိနေမယ်ဆိုတာ

လင်ငယ် မယားငယ် စနှုက်ကြော်နှင့် ခြံခုန်နွားများ သိစေရန်

Credit
မူရင်းရေးသူ

😎😎😎😎😎

သင်ပေးတဲ့ အကွက်လေးနဲ့ ရသွားပီ🌻🌼⭐ ‎
27/04/2024

သင်ပေးတဲ့ အကွက်လေးနဲ့ ရသွားပီ🌻🌼⭐ ‎

ရေစက် လာ ကုန်ပီလေ 👇🥀🌻🌼 ‎
26/04/2024

ရေစက် လာ ကုန်ပီလေ 👇🥀🌻🌼 ‎

ချစ်ဖို့ကောင်းတာလေးတွေကို ကြည့်ပါတမျိုးခံစားရမယ် ‎
26/04/2024

ချစ်ဖို့ကောင်းတာလေးတွေကို ကြည့်ပါ
တမျိုးခံစားရမယ် ‎

Edit: လူငယ်တွေသတိထားနိုင်အောင်ပြန်လည်မျှဝေခြင်းပါ❤❤🌷🌷🌷🌷🌷🌷🌷🌷🌷ကာမကိုရယူပြီး ငွေညှစ်တဲ့နည်းသစ်..တစ်နေ့မောင့်ဓာတ်ပုံတင်ထားတဲ...
26/04/2024

Edit: လူငယ်တွေသတိထားနိုင်အောင်ပြန်လည်မျှဝေခြင်းပါ❤❤
🌷🌷🌷🌷🌷🌷🌷🌷🌷

ကာမကိုရယူပြီး ငွေညှစ်တဲ့နည်းသစ်..

တစ်နေ့မောင့်ဓာတ်ပုံတင်ထားတဲ့
ဖုန်းနံပါတ်လေးနဲ့ Viber ဝင်လာတယ်

"ညီမလေး
အစ်မစကားနည်းနည်းပြောချင်လို့ ရလား "

ဒီစာသားက ...
ကျမကို နည်းနည်း တုန်လှုပ်စေခဲ့တယ်။

ပထမဆုံး ...
မောင်နဲ့ကျမ အတူတူတွဲရိုက်ထားတဲ့
ဓာတ်ပုံလေး တစ်ပုံ ပို့တယ် ။

"ညီမတို့ ချစ်သူတွေလား "ဆိုတဲ့
မေးခွန်းလေးနဲ့ ...
ကျမ ထင်လိုက်တာက

ဒါ မောင်ရဲ့ ညီမ မောင်ရဲ့ အစ်မ တွေရဲ့
ပယောဂပါပြီ ဆိုတာ ကျမ သိလိုက်တယ်။

နောက်တပုံ ထပ်ပို့တယ်
မောင့်ပါးလေးကို ကျမနမ်းနေတဲ့ပုံ

နောက်ထပ်တပုံ..မောင်က ကျမ
နှုတ်ခမ်းလေးကို ..နမ်းနေတဲ့ပုံ
ထပ်ပို့အပြီးမှာ ....

"သူ့မှာ အိမ်ထောင်ရှိရက်နဲ့ ညီမလေး
ဘာလို့ မြူဆွယ်နေတာလည်း"
ဆိုတဲ့ စကားနဲ့
မောင်က ခလေးတစ်ယောက်ကို ချီပြီး
ဘေးက ကောင်မလေးက
မောင့်လက်မောင်လေးကို မှီခိုထားတဲ့ပုံ

"ဒါ က္မတို့ မိသားစု ဓာတၸဳံ" တဲ့

က်မ လက္ထဲက
ဖုန်းလေး ပြုတ်ကျသွားတယ်။
ပြန်ကောက်ဖို့ အင်အားချိနဲ့ကုန်တယ် ။

ကျမထင်ခဲ့တာ ဒီလိုမဟုတ်ဘူး ။
ကျမမျှော်မှန်းခဲ့တာ ဒီလိုတွေမဟုတ်ခဲ့ဘူး။
ကျမ ဖုန်းလေး ပြုတ်ကျသွားပေမယ့်
အဆက်မပြတ်ဝင်လာတဲ့
စာတွေ ပုံတွေ က
မောင်တို့ လက်ထပ်တုန်းက ပုံတွေ
မောင် သားလေးနဲ့ ဆော့နေတဲ့ ပုံတွေ

ကျမ မှားသွားပြီ မောင် ...

အထင်ကြီးခဲ့သမျှ အားလုံး
အလကားပဲ ဆိုတဲ့ အတွေးတွေ
နှမချင်းမစာနာ လုပ်ရက်လိုက်တာ
ဆိုတဲ့ ဒေါသတွေထက်

အစ်မ ကို ကျမ တောင်းပန်ပါတယ်ဆိုတဲ့
စာလေးတစ်ကြောင်းကို
ကျမ ဘယ်လို အင်အားနဲ့ ရိုက်ရမလည်း

သူ့မှာအိမ်ထောင်ရှိမှန်း မသိခဲ့ရိုးအမှန်ပါ ။
ကျမ လိပ်ပြာသန့်တယ်။
မိဘ မျိုးရိုး မျက်နှာပျက်အောင် လုပ်မယ့်
မိန်းမမျိုး မဟုတ်ပါဘူးလို့
စာပြန်ဖို့ရိုက်နေတုန်း ...

ညီမလေးတို့ ပုံတွေ Fb ပေါ် တင်မှာပါ
အစ်မတို့ အိမ်ထောင်ရေး ပျက်စီးအောင်
ဖျက်စီးသလို ညီမတို့ မိဘအသိုင်းအဝိုင်း
ကောင်းကောင်း ပေးဆပ်ရမယ် ဆိုတဲ့
စာကြောင်းက ကျမဘဝ ကို
ထပ် သတ်လိုက်သလို ခံစားရတယ် ။

ကျမ ဝမ်းနည်းစိတ်ကြောင့် ငိုမိတယ် ...

ညီမ မိဘတွေရဲ့ မျက်နှာ
ညီမ ဆွေမျိုးတွေရဲ့ မျက်နှာ
ညီမ လုပ်ငန်းခွင်မှာ
ညီမ ပတ်ဝန်းကျင်မှာ ညီမ ဘယ်လို
မျက်နှာပြရမလည်း
ညီမ တောင်းပန်ချင်တယ် ။

မိန်းကလေးချင်း ...ကိုယ်ချင်းစာ
ပေးစေချင်တာပါ ပြောတော့

ညီမသာ အရင်ကတည်းက
ကိုယ့်ချင်းစာစိတ်ရှိရင်
အစ်မတို့ မိသားစုဘဝလေး
အခုလို ပ်က္စီးမွာ မဟုတ္ဘူး တဲ့ ...

ခုတော့ အစ်မ ခလေးတစ်ဖက်နဲ့
အစ်မ ဘဝ ပျက်ပြီလေတဲ့ ...

ကိုယ့်ချင်းစာမိတယ်။

ကိုယ့်ကြောင့်
သူများ မိသားစုဘဝ ပျက်ခဲ့တာ
ကိုယ့် ယုံစားခဲ့တာ ။

FB က ပရိုဖိုင်လေးမှာ
ကော်လံကတုံးအဖြူလေးနဲ့ ဆံပင်အတို
ယောပုဆိုးလေးနဲ့ မောင်ကို
ကျမ လူကြီး လူကောင်း ဆန်တယ်
ဆိုပြီး ယုံစားမိခဲ့တာ

အစ်မ ညီမ ဘာလုပ်ပေးရမလည်း
ညီမ ဘာတွေ ပြန်ပေးရမလည်း
သူနဲ့လည်း အဆက်အသွယ်
မလုပ်တော့ဘူး
ဒီနေ့ ဒီချိန်က စပြီး အစ်မ ကျေနပ်တဲ့ အထိ ...
ညီမ တောင်းပန်ပါမယ် ။

ညီမ မိဘတွေ မျက်နှာ ထောက်ပြီး
ညီမကို အခွင့်အရေးတစ်ခု ပေးပါ ။

ပုံတွေ Fb ပေါ် မတင်ပါနဲ့
တောင်းပန်တာပါ ဆိုတဲ့
စကားအဆုံးမှာ

ခလေး ရှေ့ရေးအတွက်
အစ်မမှာ တာဝန်ရှိတယ်။
သူအဖေက ခု အိမ်က ထွက်သွားပြီ ။

ညီမကြောင့်
အစ်မတို့ မိသားစု ပြိုကွဲသွားပီ တဲ့

ခလေး ဘဝ အတွက် နစ်နာကြေး
၁၅ သိန်း တဲ့

ကျမ ဘဝ နောက်တခါ အသတ်ခံရပြီ ။
လောကဓံရယ်
သာမန် ကုမ္ပဏီက
ဝန်ထမ်းငယ်တစ်ယောက်အတွက်
၁၅ သိန်းဆိုတာ တခါမှ
မကိုင်ဖူးတဲ့ အခြေအနေပါ။

အဖေ အမေ မျက်နှာရယ်
တသက်လုံးစောင့်ထိန်းခဲ့တဲ့
ကိုယ့်ကျင့်တရားရယ် . . . . . .
ကိုယ့်ပေးဆပ်ရတော့မယ်
ငွေ ၁၅ သိန်းရယ် တစ်ဘဝစာ
အရှက်သိက္ခာ အကြီးကြီးရယ် ။

နောက်ထပ် သတိရတာက
စတိုခန်းထဲက နိုင်လွန်ကြိုးခွေရယ်
အခု ကျမ ဘာလုပ်သင့်လည်း ...?

အစၼတို့ / ညီမတို့ေကာ
အဲလို ကြုံကြိုက်ခဲ့ရင်
ဘယ်လိုဖြေရှင်းမလည်း

?
?
?
?

ဒါ သိပ်အရေးကြီးတယ် ။
ဒီလို လိမ်နည်းအသစ်တွေနဲ့
ချဉ်းကပ်တတ်တယ် ။

1. အမျိုးကောင်းသား ပုံစံနဲ့
ချဉ်းကပ်ပါလိမ့်မယ်။

2. ရိုးသားယောင်ဆောင် ချိုချိုသာသာ
မိန်းမကြိုက် စကားတွေပြောပြီး
ဆွဲဆောင်ပါလိမ့်မယ်။

3. သမီးရည်းစား အဆင့်ထိ ဆွဲယူပြီး
အပြင်မှာ ချိန်းတွေ ဓါတ်ပုံတွေ
တွဲရိုက်ပါလိမ့်မယ်။

4. အဲ့ဒီအချိန်ရောက်ပြီဆိုရင်
မိန်းမတစ်ယောက်က
သင့်ဆီ သူ့ အမျိုးသမီးပါဆိုပြီး
ဆက်သွယ်လာပါလိမ့်မယ်။
ကလေးပါတဲ့ မိသားစု ပုံတွေပြပြီး
သူများလင်ကြောင်တောင်နှိုက်သူ
ဘဝရောက်အောင် စွပ်စွဲပါလိမ့်မယ်။

5. တောင်းတဲ့ငွေပေးရင်ပေး မပေးရင်
သင်တို့ စုံတွဲ ဓါတ်ပုံတွေ ပို့ထားတဲ့
ချစ်ပလူးစာတွေ ကို သူတို့ မိသားစုပုံနဲ့
Facebook မှာတွဲတင်ပြီး
အရှက်ခွဲမယ်လို့ခြိမ်းခြောက်ပါလိမ့်မယ်။

6. မိသားစု အလုပ်အကိုင်
ပတ်ဝန်းကျင်ကို ထိခိုက်မှာ
အရှက်ကွဲမှာ စိုးတော့
နောက်ဆုံး ရှာဖွေပေးရပါတော့တယ်

7. တောင်းတဲ့ငွေက ကိုယ့်အခြေအနေ
ကိုကြည့်ပြီး ၁၅ သိန်းကနေ
သိန်းရာချီထိ တောင်းတတ်တယ်လို့
ကြားသိရပါတယ်

သတိထားကြပါချစ် fri..

အွန်လိုင်းထဲက
အချစ်တွေ စိတ်သာယာမှု့တွေ
နောက် မလိုက်ကြပါနဲ့ချစ် fri

မမြင်ဖူးတဲ့ လူတွေကို မယုံကြပါနဲ့ချစ် fri..

အသိထဲက ညီမ ၂ ယောက်
ခံလိုက်ရပါပြီ

အုပ်စုဖွဲ့ပြီးကိုခြိမ်းခြောက်တာပါ

၃/၄ ယောက်ပါပါတယ်။

စိုးရိမ်စကားနဲ့ အမှာပါးလိုက်ရပါတယ် ချစ် fri များ..သတိရှိကြပါ..

#အမျိုးသမီးများရင်ဖွင့်ကြမယ်
Credit:
Crd: Mother Home MYEIK အလှကုန်လက်ကား

30/09/2021

လာမဲ့ မွေးနေ့ မှာ
အသက် ဘယ်နှစ်နှစ်
ပြည့်ကြ မှာလဲ

မြန်မာစာတန်းထိုးHD Linkအပိုင်း၁၀ထိရပါပီ.အစအဆုံးLinkစုပေးသွားမှာမို့Upထားကြနော်✅ရလင်း..ရလင်း ဆိုတာကတော့ Ranrin အမှတ်တံဆိပ...
20/01/2021

မြန်မာစာတန်းထိုးHD Linkအပိုင်း၁၀ထိရပါပီ.အစအဆုံးLinkစုပေးသွားမှာမို့Upထားကြနော်✅

ရလင်း..
ရလင်း ဆိုတာကတော့ Ranrin အမှတ်တံဆိပ်နဲ့ ကြိုးစားနေတဲ့ တက်သစ်စ ဒီဇိုင်နာတစ်ဦးပဲဖြစ်ပါတယ်။

ရလင်းမှာ ထူးခြားတဲ့အစွမ်းတစ်ခုကို ပိုင်ဆိုင်ထားပါတယ်။ အဲဒီ အစွမ်းကတော့ မိုးရွာတဲ့အချိန်မှာ ကောင်လေးတစ်ယောက်ရဲ့ အသံကိုကြားနေရတာပဲ ဖြစ်ပါတယ်။

အဲဒီအသံနဲ့ပဲ ရလင်းတစ်ယောက်ဟာ အလုပ်အတွက် အတွေးအခေါ်သစ်တွေ အကြံဉာဏ်တွေရခဲ့ပြီး ကိုယ်တိုင်တောင်မသိဘဲ တွယ်တာလာမိခဲ့ပါတယ်။

အဲဒီ အသံပိုင်ရှင်ကတော့ တွန်ထိုင်းဆိုတဲ့ ကောင်လေးပဲဖြစ်ပါတယ်။

တွန်ထိုင်း..
တွန်ထိုင်းကတော့ တက်သစ်စ မော်ဒယ်သရုပ်ဆောင်တစ်ယောက်ဖြစ်ပါတယ်။ တွန်ထိုင်းမှာလည်း ရလင်းနည်းတူ အစွမ်းတစ်ခုကို ပိုင်ဆိုင်ထားတာပဲဖြစ်ပါတယ်။မိုးရွာတဲ့အချိန်တွေမှာ ရလင်းရဲ့ အသံကိုကြားရတာပဲဖြစ်ပါတယ်။

တွန်ထိုင်း နဲ့ ရလင်းတို့ဟာ တစ်ယောက်အသံကို တစ်ယောက်ကြားနေရတယ်ဆိုတာ မသိခဲ့ကြပါဘူး။

သံယောဇဉ်ကြိုးတွေရစ်ပတ်ပြီးတဲ့နောက်မှာ တတိယလူပေါ်ပေါက်လာခဲ့ပါတယ်။

အဲဒီအချိန်မှာ သူတို့ရဲ့ အချစ်ဇာတ်လမ်းလေးကရော ဘယ်လိုဆက်ဖြစ်မလဲ။ မိုးရေတွေနဲ့ စခဲ့တဲ့ ဇာတ်လမ်းလေးတစ်ပုဒ်ဟာ မျက်ရည်တွေနဲ့ အဆုံးသတ်သွားရမှာလား အချစ်မိုးတွေ ရွာသွန်းရင်း အဆုံးသတ်သွားမှာလားဆိုတာ ကြည့်ရှုကြရမယ့် အချစ်ဒရမ်မာ ဇာတ်လမ်းကောင်းလေးတစ်ပုဒ်ဖြစ်ပါတယ်။

Review by Phyu Hnin
Translated
Link By Hsu_Myat🥀

#အားလုံးနဲ့အတူကြည့်မယ့်

04/01/2021

ဖြိုးပြည့်စုံ ရတာနာဝိုင်း
ခိုင်မြဲသောအချစ်တို့နဲ့

Address

Myeik

Alerts

Be the first to know and let us send you an email when အမျိုးသမီး များ ရင်ဖွင့်ကြမယ် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to အမျိုးသမီး များ ရင်ဖွင့်ကြမယ်:

Shortcuts

Share

Category