Yongစားဖွယ်စုံ

Yongစားဖွယ်စုံ အသားတကယ်ပြည့်တဲ့dimsumတွေအပြင် အခြားအရ

14/04/2024

ဧပရယ်လ 15/16/17
သုံးရက် ဆိုင်ပိတ်ပါသည် ခင်ဗျာ။

မင်္ဂလာပါ။  လေယဉ်ကွင်းရှေ့က ကျနော်တို့ “ယုံ စားဖွယ်စုံ “ မှာအရသာရှိသောဒင်းဆမ်း အစုံအလင်၊ mini ပေါက်စီ တို့နဲ့အတူ အရသာ အသ...
06/12/2023

မင်္ဂလာပါ။ လေယဉ်ကွင်းရှေ့က ကျနော်တို့
“ယုံ စားဖွယ်စုံ “ မှာ
အရသာရှိသောဒင်းဆမ်း အစုံအလင်၊ mini ပေါက်စီ တို့နဲ့အတူ
အရသာ အသစ် ရှမ်းခေါက်ဆွဲပါ ရနေပြီမို့ ကြွရောက်မြည်းစမ်း ကြည့်ကြဖို့ ဖိတ်ခေါ်ပါတယ် နော်.. ☺️☺️☺️

ဆိုင်ဖွင့်ချိန် ကတော့ မနက် ၆နာရီ မှ ညနေ ၄နာရီအထိ ဖြစ်ပါတယ်။

ဖုန်းနံပတ်
09 769 404 019
09 513 2198 တို့ကိုလည်း ဆက်သွယ် မှာယူ နိုင်ပါတယ် ခင်ဗျာ။

(Price -
ကြက် ရှမ်းခေါက်ဆွဲ - ၃၀၀၀ကျပ်
ဒင်းဆမ်းပေါင်း - ၁၅၀၀ကျပ်)

YONG စားဖွယ်စုံ - ယုံ စားဖွယ်စုံ------------------------------သင်္ကြန်ရက်များလည်း ဖွင့်ပါတယ်ခင်ဗျာ။အရသာကောင်းကောင်းဒင်းဆ...
12/04/2023

YONG စားဖွယ်စုံ - ယုံ စားဖွယ်စုံ
------------------------------
သင်္ကြန်ရက်များလည်း ဖွင့်ပါတယ်ခင်ဗျာ။
အရသာကောင်းကောင်းဒင်းဆမ်းတို့ နှင့်အတူ
မြိတ်ကိုက်ကြေးကိုက်၊
လျှာလည်လည်မုန့်ဟင်းခါး၊
စပိုက်စီထမင်းကြော်၊
ဒူရင်းသီးရေခဲမုန့်...
စသဖြင့် စားဖွယ်အစုံအလင်ကို လာရောက် အားပေးနိုင်ပါပြီ ခင်ဗျာ။

ဆိုင်ဖွင့်ချိန် - မနက်6:30မှ ညနေ4:00နာရီထိ။
လိပ်စာ - မြိတ်လေဆိပ်ရှေ့ ဆိုင်ခန်းတန်း။
ဖုန်း - 095132198, 0976404019။

စပ်ပြဲလန် ဘိတ် ကိုက်ကြေးကိုက် 🌶️🌶️🔥🔥😋ယုံ စားဖွယ်စုံမြိတ်လေဆိပ်ရှေ့09 513219809 898 278 025
20/08/2022

စပ်ပြဲလန် ဘိတ် ကိုက်ကြေးကိုက် 🌶️🌶️🔥🔥😋

ယုံ စားဖွယ်စုံ
မြိတ်လေဆိပ်ရှေ့
09 5132198
09 898 278 025

Healthy Egg Dish 🍳🌿(ကျန်းမာရေး ကြက်ဥကြော်)မင်မင် စားဖို့လုပ်ရင်း အရသာလေး သဘောကျလို့ shareပေးတာပါ ☺️☺️Dietသမားတွေ အဆင်ပြေ...
13/07/2022

Healthy Egg Dish 🍳🌿
(ကျန်းမာရေး ကြက်ဥကြော်)

မင်မင် စားဖို့လုပ်ရင်း အရသာလေး သဘောကျလို့ shareပေးတာပါ ☺️☺️

Dietသမားတွေ အဆင်ပြေစေဖို့ ရည်ရွယ်ပါတယ်။
Weight gain ပဲဖြစ်ဖြစ် Weight loss ပဲ ဖြစ်ဖြစ် dietထဲမှာ ကြက်ဥက အတော်အရေးပါပါတယ်။
ကြက်ဥ အများကြီးစားရတဲ့အခါ စားချင်စဖွယ်ဖြစ်အောင် ဒီလိုလေး ချက်ကြည့်ရအောင်နော် 😇😇

Ingredients (ပါဝင်ပစ္စည်းများ)
-ကြက်ဥ ၃လုံး
-ကြက်သွန်ဖြူ အနည်းငယ်
-ပဲပင်ပေါက် အနည်းငယ်
-ပဲပြုတ် အနည်းငယ်
-ကြက်သွန်မြိတ် အနည်းငယ်
-နေကြာဆီ အနည်းငယ်
-ပဲငံပြာရည် အနည်းငယ်
-ဆား အနည်းငယ်

ဆီကိုလျှော့မှာဖြစ်လို့ အိုးမကပ်အိုး သုံးဖို့အရေးကြီးပါတယ်နော်။
အိုးမကပ်အိုးမှာ ဆီလေး 2 teaspoon လောက် ထည့်ပြီး ကြက်သွန်ဖြူထောင်းထားတာလေးထည့်ပါ။
မွှေးလာပြီဆို ရေဆေးထားတဲ့ ပဲပင်ပေါက်လေးထည့်၊ ပဲငံပြာရည် အနည်းငယ်ထည့်ပြီး မွှေပါ။
ကြက်ဥ ၃လုံး ကို တလုံးချင်းစီ ထည့်ပေးပါ။
ပဲပြုတ် ဖြူးပါ။
ဆားအနည်းငယ်ပဲ ဖြူးပါမယ်။
ပြီးရင် အဖုံးခနဖုံးထားပါမယ်။
မီးကို medium lowပဲ ထားပါမယ်။
ကြက်ဥအနှစ် မိမိလိုသလောက် ကျက်တဲ့အခါ ကြက်သွန်မြိတ်ဖြူးပြီး ပန်းကန်ထဲထည့်စားလို့ရပါပြီ။
(မင်မင်ကတော့ တဝက်လောက် ကျက်တဲ့ လိမ္မော်ရောင် အနေအထားလေးကြိုက်ပါတယ်)
သခွားချဥ်လေးနဲ့ တွဲဖက်စားလည်း လိုက်ဖက်ပါတယ်။

ကဲ, ကြက်ဥပြုတ်ချည်းပဲစားရလို့ စိတ်မညစ်နဲ့တော့နော် 😉😉

ားဖွယ်စုံ

🙏 ဝါဆိုလပြည့် ဓမ္မစကြာအခါတော်နေ့အကြောင်း****************************************သိကောင်းစရာများ🙏🙏🙏🙏🙏🙏🙏🙏🙏****************...
11/07/2022

🙏 ဝါဆိုလပြည့် ဓမ္မစကြာအခါတော်နေ့အကြောင်း
****************************************
သိကောင်းစရာများ🙏🙏🙏🙏🙏🙏🙏🙏🙏
*****************

#ဝါဆိုလပြည့်နေ့ ကို ဓမ္မစကြာအခါတော် နေ့ အထိမ်းအမှတ်အဖြစ် ကျင်းပရခြင်းမှာ...ထိုနေ့၌ ဓမ္မစကြာတရားတော်ကို မြတ်စွာဘုရားက ဟောကြားတော်မူသည်ကို အကြောင်းပြု၍ ကျင်းပရခြင်းဖြစ်ပါသည်။

#ဓမ္မစကြာတရားတော် ကို မြတ်စွာဘုရားသည် အိန္ဒိယနိုင်ငံ ဗာရာဏသီပြည် မိဂဒါဝုန်တော၌ မဟာသက္ကရာဇ် ၁၀၃ ခုနှစ် ဝါဆိုလပြည့်နေ့ နေဝင်လထွက်အချိန်၌ ပဉ္စဝဂ္ဂီငါးဦးတို့အား ဘုရားအဖြစ်ကို ဝန်ခံသောအားဖြင့် ဟောကြားတော်မူခဲ့ပါသည်။

#ဓမ္မစကြာတရားတော် သည် ဝိနည်းမဟာဝါ ပါဠိတော်၌ ``ပဉ္စဝဂ္ဂိယကထာ´´အမည်ဖြင့် လာရှိပါသည်။ ပဋိသမ္ဘိဒါမဂ္ဂ ပါဠိတော်၌ ``ဓမ္မစက္က ပဝတ္တနဝါရ´´အမည်ဖြင့် လာရှိပါသည်။ မဟာဝဂ္ဂသံယုတ် ပါဠိတော်၌ ``ဓမ္မစက္က ပဝတ္တနသုတ္တ´´အမည်ဖြင့် လာရှိပါသည်။

#ဓမ္မစက္ကပဝတ္တန ၏အဓိပ္ပါယ်မှာ- တရားတည်းဟူသော အသိစက်ကို ဖြစ်စေ၊ လည်စေတော်မူခြင်းဟု အဓိပ္ပါယ်ရပါသည်။ [ ဓမ္မစက္က = တရားတော် + ပဝတ္တန = ဖြစ်စေ၊ လည်စေခြင်း]

#ဓမ္မစကြာတရားတော် သည် သစ္စာလေးပါးတရားကို ညွှန်းဆိုဟောကြားသော ဒေသနာဖြစ်၍ ပိဋကတ်သုံးပုံ၏ အနှစ်ချုပ်တရားဟု ဆိုထိုက်ပါသည်။

#ဓမ္မစကြာတရားတော် ကို စိစစ်သုံးသပ်ကြည့်ပါလျှင် လမ်းစဉ်မှား ``အစွန်း ၂ခု´´ကို ရှောင်ကြဉ်ရေး၊ မဇ္စျိမ ပဋိပဒါ လမ်းစဉ်မှန်ကို ကျင့်သုံးရေးတို့ကို ညွှန်ကြားထားပြီး သစ္စာလေးပါးတရားကို သိမြင်စေရန် ဟောကြားထားသောကြောင့် ဗုဒ္ဓဝါဒ၏ တိကျခိုင်မာသော သဘောတရားကို တွေ့မြင်နိုင်ပါသည်။

ဝါဆိုလပြည့်နေ့၏ ထူးခြားချက်များ
***************************

မြန်မာ့ရိုးရာ ၁၂ လ ရှိသည့်အနက် ဝါဆိုလပြည့်နေ့သည် -

၁။ ဂေါတမဘုရားလောင်း ပဋိသန္ဓေနေသော နေ့ဖြစ်၍ ထူးခြားခြင်း၊
၂။ ဂေါတမဘုရားလောင်း တောထွက်တော်မူသောနေ့ဖြစ်၍ ထူးခြားခြင်း၊
၃။ ဂေါတမဘုရားလောင်း ဓမ္မစကြာတရား စတင်ဟောတော်မူသောနေ့ဖြစ်၍ ထူးခြားခြင်း၊
၄။ ရေမီး အစုံစုံတို့ဖြင့် တန်ခိုးပြာဋိဟာကို ပြတော်မူသောနေ့ဖြစ်၍ ထူးခြားခြင်း၊
၅။ ဘုရားအဖြစ်ကို ဝန်ခံတော်မူသောနေ့ဖြစ်၍ ထူးခြားခြင်း၊
၆။ တရားရတနာ စတင်ပေါ်ပေါက်သောနေ့ဖြစ်၍ ထူးခြားခြင်း၊
၇။ သံဃာရတနာ စတင်ပေါ်ပေါက်သောနေ့ဖြစ်၍ ထူးခြားခြင်း၊
၈။ ``ဧဟိ ဘိက္ခု´´ဟူသောစကားကို စတင်ကြားရသောနေ့ဖြစ်၍ ထူးခြားခြင်း။

မာဂဓီ (သာစည်)
မူရင်း post မှ ထပ်မံကူးယူဖေါ်ပြပါသည်။

ဝါဆိုလပြည့် "ဓမ္မစကြာနေ့" သည် မြန်မာ ဗုဒ္ဓဘာသာတို့၏ အရေးကြီးလှသော ဘာသာရေး အထွဋ်အမြတ် နေ့ထူးနေမြတ်ဖြစ်ပြီး ဝါဝင်သောနေ့လည်း ဖြစ်ပါတယ်။
ထူးမြတ်လှတဲ့ " ဓမ္မာစကြာ"
နေ့မှာ ဗုဒ္ဓဘာသာဝင် သူတော်စင်များအားလုံး စိတ်အေးချမ်းသာစွာနဲ့ ဥပုသ် သီလ ဆောက်တည်ပြီး ကုသိုလ်များပွားများနိုင်ကြပါစေလို့ YONG စားဖွယ်စုံ မိသားစုမှ ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်ခင်ဗျာ 🙏🙏🙏

12/7/2022 (ဝါဆ်ိုလပြည့်နေ့) ဆိုင်တစ်ရက် ပိတ်ပါသည် ခင်ဗျာ။

YONG ICECREAM TOASTS are finally here!!!!ပေါင်မုန့်မီးကင်ရေခဲမုန့် - အချိုပွဲမီနျူးအသစ်တွေ ရပါပြီ ခင်ဗျာ🤗🤗🤗မင်မင့်favour...
23/06/2022

YONG ICECREAM TOASTS are finally here!!!!
ပေါင်မုန့်မီးကင်ရေခဲမုန့် - အချိုပွဲမီနျူးအသစ်တွေ ရပါပြီ ခင်ဗျာ🤗🤗🤗

မင်မင့်favourite ဒီအချိုပွဲလေးမှာ...
နူးညံ့နေတဲ့ YCပေါင်မုန့်ထောပတ်ကင်၊
ကိုယ်တိုင်ရှယ်ထိုးထားတဲ့ ရေခဲမုန့်တို့ကို ပေါင်းစပ်ပြီး...
ချိုချိုမွှေးမွှေး အိကြွပ်ဆိမ့်လေးဖြစ်အောင် ဖန်တီးထားပါတယ်🥰🥰🥰
ပေါင်မုန့်ချစ်သူ/ sweet toothသမား တို့အတွက် အကြိုက်တွေ့စေမှာ အမှန်ပါပဲ 😋😋😋

🍓Strawberry ICT - 2600ks
🍫Chocolate ICT - 2900ks
💛Durian ICT - 2900ks

ယုံစားဖွယ်စုံ
မြိတ်လေဆိပ်ရှေ့။

ဖုန်း - 09 513 2198
09 9650 22246

ဒူးရင်းကြိုက်တဲ့ ကာကာတို့အတွက် Durian Ice Creamကို မင်မင်ကိုယ်တိုင် ဒူရင်းအသီးအစစ်တွေနဲ့ ပျစ်ပျစ်နှစ်နှစ်လေး ရှယ်ထိုးပေး...
22/06/2022

ဒူးရင်းကြိုက်တဲ့ ကာကာတို့အတွက်
Durian Ice Creamကို မင်မင်ကိုယ်တိုင် ဒူရင်းအသီးအစစ်တွေနဲ့ ပျစ်ပျစ်နှစ်နှစ်လေး ရှယ်ထိုးပေးထားပါတယ်နော် 🥰🥰🥰

"နူးညံ့ ပျစ်နှစ် ချိုဆိမ့်မွှေး, Yong Durian Icecreamလေး" 😋😋😋

ယုံစားဖွယ်စုံ
မြိတ်လေဆိပ်ရှေ့။

ဖုန်း - 09 513 2198
09 9650 22246

Thai Style Grilled Chicken - Available now!🚨ယိုးဒယားကြက်ကင်လေးက ကြွပ်မွှေးမွှေးလေးနဲ့ ရှယ်ပါပဲ။စပါယ်ရှယ်ဆော့လေးနဲ့တွဲစား...
20/06/2022

Thai Style Grilled Chicken - Available now!🚨

ယိုးဒယားကြက်ကင်လေးက ကြွပ်မွှေးမွှေးလေးနဲ့ ရှယ်ပါပဲ။
စပါယ်ရှယ်ဆော့လေးနဲ့တွဲစားကြည့်.. အလွန့်အလွန် လိုက်ဖက်ပါတယ်နော် 😋😋😋

💵ပွဲကြီး - 3000ks
ပွဲသေး - 2000ks

🏡ယုံ စားဖွယ်စုံ
မြိတ်လေဆိပ်ရှေ့။

☎️09 513 2198
09 9650 22246

🕕Opening 6am - 6pm

Address

Myeik Airport Road
Myeik

Website

Alerts

Be the first to know and let us send you an email when Yongစားဖွယ်စုံ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Yongစားဖွယ်စုံ:

Shortcuts

Share