26/01/2023
Ranchu Goldfish Care Guide
အခုဒီစာကိုဖတ်နေတဲ့ ငါးချစ်သူတွေတော့မသိဘူး ကျွန်တော်ကတော့ Goldfish ဆိုရင် Lionhead နဲ့ Ranchu လိုကောင်တွေကိုအကြိုက်ဆုံးပဲ သူတို့ရဲ့ dorsal fin မပါတဲ့ ကျောပြောင်ကြီးတွေ ခါးကုန်းကုန်းကြီးတွေနဲ့ အမြှီးတုတ်တုတ်တိုတိုလေးတွေ နဲ့ ရေထဲမှာ ဖင်လေးတုန်တုန်နဲ့ ကူးတာကိုသဘောအကျဆုံးပဲ😊
ဒီတော့ ကျွန်တော်နဲ့ အကြိုက်တူတဲ့ Ranchu lovers တွေအတွက် ယေဘူယျ မွေးမြူနည်း တွေကိုရှင်းပြပေးပါမယ်
အရင်ဆုံးသူတို့ရဲ့ background နဲ့ ပုံပန်းသဏ္ဌန်လေးတွေကိုပြောပြပေးပါမယ်
Ranchu ဆိုတာကတော့ Lionhead တွေကို ထပ်ပြီး upgrade လုပ်ထားတဲ့ မျိုးဆက်သစ်တွေလို့ဆိုနိုင်ပါတယ်
ဘယ်သူတွေကလုပ်ခဲ့တာလဲဆိုတော့ ထုံးစံအတိုင်း အလှမွေးငါးတွေကို သားဖောက်စပ်ယူခဲ့ရာမှာ နာမည်ကြီးခဲ့တဲ့ ( ယခုချိန်ထိလဲ ထင်ပေါ်စဲ ) ဖြစ်တဲ့ ဂျပန်ကbreeders တွေပဲဖြစ်ပါတယ်
ဒါဆို Lionhead ရဲ့ မျိုးရင်း က china လို့ပြောရင် Ranchu ကိုလဲ Japan source လို့ ပြောနိုင်ပါတယ်
ဒါကတော့ အကျဉ်းချုပ်ပြီး ပြောပြတာပါ ဒီထက်ပိုအသေးစိပ်တဲ့ စတင်ဖောက်ယူသူနာမည် ခုနှစ် ဘယ်နေရာ စတာတွေကိုတော့ Google မှာ ရှာကြည့်ရင်သိနိုင်ပါတယ်
ကျွန်တော်တို့ ဒီ Ranchu ရဲ့ body အမျိုးအစားကနေ စပြောရမယ်ဆိုရင် သူ့ရဲ့ ပုံပန်းသဏ္ဌာန်ဟာ ကြက်ဥကို ရေယက်တပ်ပေးထားသလိုပါပဲ ထိပ်ပိုင်းရှုးပြီး အလယ်ဗိုက်အိုးက ဝိုင်း၍ဖောင်းကားနေပါတယ် ဒါဆို နောက်ကနေ ရေယက်ခပ်ကွေးကွေးလေး တပ်ပေးလိုက်ရင် ranchu ပုံစံပါပဲ ဒါကတော့မျက်စိထဲမြင်နိုင်အောင်အကြမ်းဖျင်းပြောပြတာပါ
အသေးစိတ်ပြောပြရရင်တော့ ခေါင်းပိုင်းက ခန္ဓာကိုယ်ပိုင်းထက်သေးပြီး ဗိုက်အိုးက အောက်ကို တင်းပြီး တွဲကျနေပါတယ်
ဗိုက်အိုးအပေါ်က ကျောရိုးဟာ ကြီးမားကျယ်ပြန့်ပြီး နောက်ပိုင်းရောက်လေ ခပ်ကွေးကွေးလေးဖြစ်လာလေပါပဲ
Ranchu နဲ့ Lionhead ကွဲပြားပုံက Ranchu ရဲ့ နောက်မြှီးက dorsal နဲ့ တစ်တန်းထဲနည်းပါးရှိပါတယ်
နောက်ပြီး ranchu က lionhead ထက် ခန္ဓာကိုယ်ပိုကွေးပါတယ် Ranchuမှာ
ဦးခေါင်းပိုင်း ဂျယ်ဖုံးတာက ၃နေရှိပါတယ်
1. ဦးခေါင်းရဲ့ထိပ်ပိုင်းတစ်ခုလုံးဂျယ်ဖုံးပါတယ်
2. ပါးနေရာတွေလဲဂျယ်ဖုံးထားပါတယ်
3. အောက်မေးစေ့တစ်ဝိုက်ကိုလဲ ဂျယ်ဖုံးထားပါတယ်
ဒီလို ခန္ဓာကိုယ်ဦးခေါင်းပိုင်း Dorsal ကွေးတဲ့ပုံစံ အမြှီး ဖြာထွက်တဲ့ပုံစံတွေကိုကြည့်ပြီး ဘယ်ဟာက Lionhead ဘယ်ဟာက Ranchu စသည်ဖြင့် ခွဲနိုင်ပါတယ်
* မူလဇာတိ = Lionhead ကနေ တစ်ဆင့်ထပ်ပြီး upgrade လုပ်ထားတာဖြစ်ပါတယ်
ဒါကြောင့် lionhead ရဲ့ မူလဇာတိဖြစ်တဲ့ China ကိုပဲညွှန်းပြလိုက်ပါတယ်
* ရေအမျိုးအစား =Oxygen ပြည့်ဝစွာပါတဲ့ ရေချိုရေသွက်ကိုသဘောကျပါတယ်
* အပူချိန် / ph = 16 - 22C အတွင်းဆိုပိုသဘောကျပါတယ် / ph 6.5 - 7.5
* ကန်အရွယ်အစား = Goldfish တွေက oxygen လိုအပ်မှုများပါတယ် ဒါကြောင့် ကန်အရွယ်အစားကြီးမားဖို့လိုအပ်ပါတယ်
အနည်းဆုံးသတ်မှတ်ချက်တော့ ဆိုဒ် 1 - 3လက်မ အရွယ်အစားရှိတဲ့ငါးတစ်ကောင်အတွက် 10gal ဆန့်ကန်လိုအပ်ပါတယ် ဒါပေမဲ့ ဒီထက်ပိုကြီးတဲ့ 20 - 30gal ဆန့်တဲ့ကန်အရွယ်အစားကပိုကောင်းပါတယ်
ငါးအရွယ်ကြီးလာလေ ကန်အရွယ်အစားပိုကြီးရန်လိုအပ်လေပဲဖြစ်ပါတယ်
* အကြီးဆုံးရောက်နိုင်သောဆိုဒ် = မှန်ကန်ထဲမှာဆိုရင်တော့ အထွားနှေးပါတယ် 5 လက်မ လောက်နဲ့ အရွယ်ရပ်တန့်နေနိုင်ပါတယ်
ဒါပေမဲ့ အုတ်ကန်မြေကန်ထဲမှာဆိုရင်တော့ ၈ လက်မအထိကြီးနိုင်ပါတယ်
ဒါကခန္ဓာကိုယ်ရဲ့ ခေါင်းကနေအမြှီးထိအရွယ်အစားဖြစ်ပါတယ် သူတို့ရဲ့ ဗိုက်အိုးက ခန္ဓာကိုယ်ရဲ့ ၃ပုံပုံ ၄ပုံ နီးပါးထိ ကြီးပါတယ်
* သက်တမ်း = ပုံမှန်သက်တမ်းကတော့ 10 - 15 yrsအထိနေနိုင်ပါတယ်
ကောင်းမွန်တဲ့အစာရေအပူချိန် ကန်အကျယ်ကို ဂရုစိုက်ပေးနိုင်ရင် အသက်နှစ်၂၀ကျော်အထိနေနိုင်ပါတယ်
* အစားအစာ = Ranchu တွေက အစုံစားသတ္တဝါထဲမှာပါပါတယ် ဒါကြောင့် အသီးအရွက် ရေပိုး ရေတီ အစာခြောက် အာတီးမီးယား စသည်ဖြင့်ကျွေးနိုင်ပါတယ် Protein ဓာတ်က ဦးခေါင်းကဂျယ်ကို ပိုကြီးထွားစေပါတယ် ဒါပေမဲ့ protein လွန်ကျူးစွာ ကျွေးမိပါက မလိုအပ်သောအဆီများပိုက အဝလွန်စေပြီး ငါးကိုအသက်တိုစေနိုင်ပါတယ်
ဒါကြောင့်အစာကို အစာစို အစာခြောက် မျှတအောင်ကျွေးသင့်ပါတယ်
တစ်ခုသတိထားရမှာက Goldfish တိုင်းက အစာအရမ်းမက်ပါတယ် အစာမမက်တဲ့ရွှေငါး အစာမစားတဲ့ ရွှေငါးက နေမကောင်းဖြစ်နေလို့ပါပဲ
Goldfish တွေက အစာအိမ်မပါကြပါဘူး ပါးစပ်ကနေစအိုထိ အူနဲ့ဆက်သွယ်ထားပါတယ် ဒါကြောင့်စားသမျှအစာတွေကို သိုလှောင်စရာ အစာအိမ်မရှိတော့ ဗိုက်ကအမြဲဆာနေတတ်ပါတယ်
ဒါပေမဲ့ အူနံရံတွေက လိုအပ်တဲ့အာဟာရကိုစုပ်ယူထားပြီးဖြစ်ပါတယ် ရွှေငါးတွေအညစ်အကြေးများတာကလဲ ဒီလိုစားသမျှကသိုမှီခြင်းမရှိဘဲ မစင်အဖြစ် တိုက်ရိုက်စွန့်ထုတ်ခြင်းကြောင့်ဖြစ်နိုင်ပါတယ်
အပေါ်ကပြောခဲ့သလို အမြဲဆာနေတတ်တယ် ဆိုပြီး အစာကိုတစ်ခါထဲနဲ့အများကြီးကျွေးစရာမလိုပါဘူး တစ်ခါစားရင်ကုန်နိုင်တဲ့ပမာဏနဲ့
အကြိမ်ရေသတ်မှတ်လိုက်ပါ
ဥပမာ ပုံမှန် လက်ဖတ်စားဇွန်းတစ်ဝက်စာကို တစ်နေ့ ၃ကြိမ်ကျွေးတယ်ဆိုရင် တစ်ခါကျွေးလက်ဖတ်စားဇွန်း တစ်ဝက်အစား ထိုတစ်ဝက်စာကို ထက်ပြီးတစ်ဝက်ဝက်ပါ ဒါဆို တစ်နေ့ ၆ကြိမ်စာရပါမယ်
ဒါဆို မနက် ၈နာရီအိပ်ယာထချိန်တစ်ကြိမ်
၁၀နာရီတစ်ကြိမ်
၁၂နာရီတစ်ကြိမ်
၂နာရီတစ်ကြိမ်
၄နာရီတစ်ကြိမ်
၆နာရီတစ်ကြိမ် (နာရီနောက်ပိုင်းကျွန်တော်ကတော့အစာမကျွေးတော့ပါဘူး ) ဒီလိုမျိုး အကြိမ်ရေခွဲကျွေးတာက ငါးအတွက်ပိုအကျိုးရှိပါတယ်
လက်ဖတ်စားဇွန်းတစ်ဝက်ဆိုတာ ဥပမာအနေနဲ့ပြောပြတာပါ မိမိပုံမှန်ကျွေးနေကျပမာဏကိုအစားထိုးအသုံးပြုနိုင်ပါတယ်
* အုပ်စုဖွဲ့နေထိုင်မှုရှိမရှိ = Goldfish တွေကိုအများအားဖြင့် ဧည့်ခန်းရုံးခန်း စသည်ဖြင့် အဲ့လိုနေရာလေးတွေမှာ မျိုးတူအုပ်စုလေးတွေအလိုက်မွေးကြပါတယ် ဘာဖြစ်လို့လဲဆိုတော့ ရွှေငါးလေးတွေ အစုအဖွဲ့နဲ့ တိုက်ခိုက်ခြင်းမရှိဘဲ မြူးပြီး ပျော်နေကြတာကိုကြည့်ချင်လို့ပါပဲ ဒါကြောင့်သူတို့ရဲ့ပျော်ရွှင်မှုကို ခံစားချင်တဲ့ ဝါသနာရှင်တွေက အုပ်စုလိုက်လေးတွေမွေးကြပါတယ်
( အခြား monster တွေကျတော့ အခန့်မသင့်ရင် မျိုးစိပ်မတူရင် တိုက်ခိုက်ကြလို့ တစ်မျိုးထဲ တစ်ကောင်တည်း သီးသန့်မွေးကြတာပါ )
တစ်ကောင်ထဲမွေးလို့မရဘူးလားဆိုတော့လဲမဟုတ်ပါဘူး
ရပါတယ် ဒါပေမဲ့ ပျော်ပျော်နေတတ်တဲ့ လူတစ်ယောက်ကို အပေါင်းအသင်းမရှိဘဲပစ်ထားရင် သူပျော်မှာမဟုတိပါဘူး ကြောက်ရွံအားငယ်နေမိမှာပါ
ဒါကြောင့် မိမိကန်အနေအထားပေါ်မူတည်ပြီး goldfish တွေကို အကောင်ရေများများထည့်နိုင်ပါတယိ
* Tankmates = Goldfish ဆိုတာက အလွန်ကို ရန်လို်မှုနည်းပါးပြီး အထိအခိုက်မခံနိုင်တဲ့ငါးပါ ဒါကြောင့် tankmate ရွေးတဲ့အခါ Goldfish လိုရန်လိုမှုမရှိတဲ့ငါးကိုရွေးချယ်ပေးရပါတယ်
ဒီလို Goldfish တွေထဲမှာပါ Ranchu / lionhead / bubbleeye / pearlscale စတာတွေကအခြား goldfish တွေထက်ပိုနုတာကြောင့် နုတဲ့ကောင်တွေအချင်းချင်းပဲတွဲမွေးသင့်ပါတယ်
* ထိန်းသိမ်းဂရုစိုက်မှု = Ranchu တွေက ရောဂါနဲ့ bacteria ကူးစက်နိုင်ခြေ လွယ်ကူပါတယ် ဒါကြောင့် ကန်ရေကိုအမြဲသန့်နေအောင်ထားပေးပြီး oxygen ပြည့်ဝအောင်ထားပေးရပါမယ် Ranchu တွေက ရေကူးနှေးတဲ့အတွက်ကြောင့် Filter စနစ်ရွေးချယ်တဲ့အခါမှာ မှုတ်ထုတ်နိုင်တဲ့ filter ကိုရှောင်သင့်ပါတယ်
Canister filter / hand on filter / biofilter စတာတွေကို ရွေးချယ်သင့်ပါတယ် filter boxထဲမှာလဲ ရေစစ်ကိရိယာအပြည့်အစုံနှင့် filter media အပြည့်အစုံတပ်ထားသင့်ပါတယ်
filter စနစ်ဘယ်လောက်ကောင်းကောင်း ရေကို ၃ရက်တစ်ခါ ဒါမှမဟုတ် ၇ရကျတဈခါ 30% - 50% လှဲပေးရပါမယ်
* ကန်အပြင်အဆင် = ကျွန်တော်ကတော့ Goldfish ကန်ထဲကို အလှဆင်ပစ္စည်းတွေ ကျောက်ခဲတွေ သဲတွေထည့်တာမကြိုက်ပါဘူး
ထည့်ချင်တယ်ဆိုရင်တော့ ပလတ်စတစ်အပင်တုထက် ပိုးသတ်ထားတဲ့ရေမှော်အပင်ကြမ်းတွေကိုထည့်စေချင်ပါတယ် မြေကြီးမှာစိုက်ရတဲ့အပင်ဆိုပါက အမြစ်တွေဆွဲနှုတ်လို့အပင်သေနိုင်ပါတယ် အောက်ခံအနေနဲ့ ကျောက်စရစ် သဲကြမ်း စတာတွေကိုစင်ကြယ်အောင်ဆေးထည့်စေချင်ပါတယ်
အလှဆင်မီးကတော့ မလိုအပ်ပါဘူး ဒါပေမဲ့ အပင်ကန်ထဲရွှေငါးထည့်ထားရင်တော့ အပင်ကန်မီးလိုအပ်ပါတယ်
* အထီးအမခွဲနိုင်ခြင်း = အရွယ်ရောက် အထီးရဲ့ ရှေ့
ရေယက်၂ဖက်လုံးရှေ့မှာ အဖြူဖုငယ်လေးတွေပါပါတယ် အမကတော့မပါဝင်ပါဘူး
အမရဲ့ခန္ဓာကိုယ်က အထီးထက်ပိုသွယ်ပါတယ်
* သားဖောက်ခြင်း = အထီးအမ ၂ကောင်လုံး အသက်၈ လအရွယ်မှာ သားဖောက်နိုင်ပါပြီ ဒီနေရာမှာ ငါးရဲ့ခန္ဓာကိုယ်အရွယ်အစားနဲ့ အရွယ်ရောက်မရောက်မသိနိုင်ပါဘူး
ကျန်းမာရေးကောင်းပြီး ငါးများထဲမှ အလှဆုံးငါးထီးငါးမကို ရွေးကာ တစ်ကောင်စီ သပ်သပ် တစ်ကန်စီခွဲထားပေးပါ ၂ပါတ်ကနေ ၄ပါတ်လောက်ခွဲခြင်းအားဖြင့် သားဆိပ်တက်နိုင်ပါတယ်
သားဆိပ်တက်နေတဲ့ ငါးထီးကို ဖောက်ကန်ထဲဦးစွာ လွှတ်ပြီး နာရီအနည်းငယ်ကြာပါက အမကိုလွှတ်ပေးပါ နောက်တစ်နေ့မနက် ခင်းပိုင်းမှာ ငါးများဥချပါပြီ ဥခါချိန် ၂နာရီကနေ ၃နာရီခန့်ကြာနိုင်ပါတယ်
ဥများအကုန်ကုန်ပါက ငါးထီးငါးမကို ဖယ်ကာ ဥများအား air pump ပေးထားရပါမယ် 3ရက်ကနေ 7 ရက်အတွင်း ဥအကုန်ပေါက်ပါမယ် သားလောင်းများ ဥမှာ အကုန်ကျွတ်ပြီး ရေကောင်းကောင်းကူးနိုင်ရင် မအောင်သောဥများကို ရှင်းပေးပြီး ရေတစ်ဝက်ခန့်လှဲပေးရပါမယ် ငါးသားပေါက်များ ပေါက်ခါစမှာ အမဲရောင် ငွေရောင်ရှိတတ်ပြီး ရက်ပေါင်း ၁၂၀ခန့်ကြာပါက အရောင်စဝင်ပါတယ်
* အခြားအရောင်များ = အတွေ့ရအများဆုံးကတော့ ရွှေရောင် အနီရောင် အဖြူရောင် စသည့်အရောင်ဆက်များ calico / metallic စသည့်အရောင်ကွဲများလဲတွေ့ရပါတယ်
* ဆောင်ရန်ရှောင်ရန် = မျက်လုံးဂျယ်ပိတ်နေသော ranchu များကို မကျွမ်းကျင်ဘဲ ခွဲထုတ်ခြင်း ဖြတ်ခြင်းမပြုလုပ်ရပါဘူး
ထိုဂျယ်ပိတ်နေသောအကောင်များအား အစာကျွေးရာတွင်အခြားငါးများနှင့် ရောမကျွေးဘဲသီးသန့်ကျွေးစေချင်ပါတယ် ဂျယ်ကမျက်လုံးကွယ်ထားတော့ အစာရှာရာမှာနှေးစေနိုင်ပါတယ်
#မှတ်ချက် ။ ။ Ranchu များဟာ goldfish ထဲမှာ နုနယ်သောငါးတွေဖြစ်တာကြောင့် မွေးမြူသူမှာ ငါးအကြောင်း ကောင်းစွာသိရပါမယ် ရေနဲ့အပူချိန် ကန်အရွယ်အစား
အစာကျွေးရာမှာ ဂရုစိုက်ပါမှ လှပသော Ranchu တစ်ကောင်ဖြစ်လာမှာပါ
ဒါကြောင့် ဒီငါးတွေကို Itermediate to Professional skill ရှိတဲ့သူတွေပဲ ရွေးချယ်မွေးမြူသင့်ပါတယ်
မူရင်းရေးသားသူအား Crd ပေးပါတယ်ခင်ဗျာ🙏