24/11/2022
ကျွန်တော်တို့ Betta fish ဝါသနာရှင်တွေမှာပါမက တစ်ခြားသော အလှမွေးငါး (Pet Fish) လောက မှာပါ တွေ့မြင်နေရတဲ့ ပြဿ နာက
Import & Local. ဆိုတဲ့ ပြသနာပဲ ဖြစ်ပါတယ် ဗျ
Import မို့လို့ စျေးမြောက်ရမယ်
Local မို့လို့ စျေးနည်းရမယ် ဆိုတဲ့ အမြင်လေးတွေ ကို ဒီ post လေး ကိုမြင်ပြိီး ပြောင်းစေချင်တဲ့ ဆန္ဒ နဲ့ တင်ခြင်းဖြစ်ပါတယ်ဗျ
Import. ဖြစ်ဖြစ် Local ဖြစ်ဖြစ် အဓိက အရေးကြီးတာက Quality ဘဲ ဖြစ်ပါတယ်ဗျ
Quality ကောင်းတဲ့ ငါးတစ်ကောင်ဟာ ဘယ်သောအခါမှ စျေးပေါပေါနဲ့ မရပါဘူး
Quality ကောင်းရုံတစ်ခုနဲ့ ပြည့်စုံသွားပြီလားဆို လဲ မပြည့်စုံသေးပါဘူးဗျ
ငါးတစ်ကောင်ရဲ့အချိုးအစား ( Form / Fin raties / Body Frame / Color) အစရှိတဲ့ သတ်မှတ်ချက်တွေနဲ့ ကိုက်ညီဖို့လိုအပ်ပါတယ်ဗျ
ဒီလို သတ်မှတ်ချက်တွေ ကိုက်ညီ တဲ့ အလှမွေးငါး(Pet Fish) တွေဟာ Local ထဲမှာတောင် စျေးတန်း ကောင်းကောင်း တစ်ခုထဲ မှာရှိနေ မှာပါပဲဗျ
ကျွန်တော်တို့ နယ်ဘက်မှာဆို Quality ကောင်း ကောင်
အလှမွေးငါး ( Pet Fish) တစ်ကောင် ကိုရဖို့ အရမ်းခက်ပါတယ်ဗျ အဲ့ဒါကြောင့် ကျွန်တော်တို့က Quality ကောင်းတဲ့ ငါးတစ်ကောင်ကို ရဖို့ ရန်ကုန် / မန္တလေး အစရှိတဲ့ မြို့နယ်တွေက (............) တွေစည်က မှာယူရပါတယ်ဗျ အဲ့လို မှာယူတဲ့အခါမှာလဲ ကိုယ်မှာ ယူတဲ့ ငါးရဲ့ တန်ဖိုး ထပ် deli - တန်ဆာခ. တို့က ပို၍ များပါတယ်ဗျ
Import သွင်းခြင်းကလဲ ဒီလိုပါပဲဗျ Quality. အကောင်းဆုံးသော ငါးတွေကို သာ သေသေချာချာ ရွေးပြီး မှာယူတဲ့အတွက် တန်ဆာခ တွေအကုန်ရှင်းပြီး မြန်မာ နိုင်ငံ ရောက်တဲ့အခါမှာ စျေးကွက်ကောင်းကောင်းတစ်ခု ထဲမှာရှိနေရတာပါဗျ
ကျွန်တော်တို့ရဲ့ အလှမွေးငါး ( Pet fish)လောကမှာ လွန်ခဲ့သော ဆယ်စုနှစ် တွေက
အဆင်ပြေသလို Breeding. လုပ်ပြီး စျေးကွက်ထဲ ရောင်းချခဲ့တာတွေ ကို အခုချိန်မှာ ရပ်တန့်ပြီး Quality ပိုင်းကို ဂရုတစိုက်နဲ့ Local ရဲ့ တန်ဖိုးကို မြင့်တင်စေချင်တဲ့ စိတ်နဲ့ ဖော်ပြခြင်းဖြစ်ပါတယ်ဗျ
Import မှာယူ၍ ရောင်းချသော စီနီယာ အကိုများ ၏ စီးပွားရေးကို ထိခိုက်စေလိုသော စိတ်လုံးဝမရှိပါဗျ
Local ရဲ့ တန်ဖိုးကို မြှင့်တင် ချင်သောစိတ်တစ်ခုထဲနဲ့ ဖော်ပြခြင်းဖြစ်ပါတယ်
လေ့လာသင်ယူနေသူတစ်ယောက်မို့
အမှားများပါရင် ခွင့်လွှတ်ဖို့ တောင်းပန်ပါတယ်ဗျ