13/02/2025
,,,,,,,,,,လူဘဝပဲ,,,,,,,,
အောင်မြင်ဖို့ ကြိုးစားချင်ရင်ရှုံးနိမ့်ခြင်းကို
မငြိုငြင်ရဘူးလေ
ပျော်ရွှင်ဖို့ ကြိုးစားချင်ရင်ဝမ်းနည်းခြင်းကို
မငြိုငြင်ရဘူးလေ
သူများထက် သာချင်ရင်မိမိထက်သာသူ အပြောကို
ခံနိုင်ရမယ်လေ
ဘဝဆိုတာ ကြမ်းတမ်းပါတယ်လိုအပ်ချက်တွေများစွာနဲ့ပါမိမိက အဲ့ဒီလိုအပ်ချက်ကို ဖြည့်ဆွတ်နိုင်ရမယ်လေ
မိမိသွားနေတဲ့ ပန်းတိုင်ကို ရောက်ချင်ရင်
မိမိမသွားချင်တဲ့ ပန်းတိုင်ကိုလည်း လျှောက်ရမှာပဲလေ
အမြှင့်ကို ရောက်ချင်ရင်အောက်ခြေကို ခိုင်အောင်
အရင်လုပ်သင့်တယ်
ရည်ရွယ်ချက်ရှိနေရင်သည်းခံနိုင်ရမယ်လေ
ရှင်သန်ချင်ရင်သေဆုံးရမှာလည်း မကြောက်ရဘူးလေ
ချမ်းသာချင်ရင်ဆင်းရဲတဲ့ ဒဏ်ခံနိုင်ရမှာပေါ့
အရာရာတိုင်းကို ပိုင်ဆိုင်ခြင်းရင်စွန့်လွှတ်ဖို့လည်း
ဝန်မလေးပါနဲ့
ဂုဏ်တစ်ခုအတွက်နဲ့လည်းမိမိဘဝကို မရင်းလိုက်ပါနဲ့
အသိုင်းအဝိုင်းကြီးတဲ့ဆီကို သွားချင်ရင်
အသိုင်းအဝိုင်းငယ်လေးတွေ ကြားမှာလည်း
အလိုက်ထိုက်နေသင့်တယ်
သူများကို မတုချင်ပါနဲ့မိမိကိုယ်တိုင်ကိုပဲ
အရင်တုနိုင်အောင်ကြိုးစားပါ
ကံကောင်းတာကို မစောင့်ပါနဲ့ကံမကောင်းတာကို
အရင်ဖြေရှင်းပါ
ဒီလိုပါပဲ ဘဝဆိုတာ ကြိုးစားအားထုတ်ခြင်းပါပဲ
မိမိတစ်ယောက်တည်း ကြုံတွေ့နေရတာမှ
မဟုတ်တာပဲ လူတိုင်းအလိုလိုပါ ဒါနဲ့ပဲ ဖြေသိပ့်ပေါ့
ဘဝအတွေ့အကြုံများလာလေလေ
ရင့်ကျက်မှုဆီကို ရောက်လာလေလေပဲ
ရင့်ကျက်လာလေလေမိမိဘဝကိုမိမိ
နားလည်လာလေလေပဲ
ရင်ဆိုင်ဖို့ သတ္တိသာဘဝကြားထဲမှာ ညှပ်ထားသင့်တယ်
ဘယ်အရာမှ မမက်ပါနဲ့ရနေတဲ့ဘဝလေးနဲ့ ကျေနပ်ပါ
ဘဝဆိုတာ ဒီလိုပါပဲနေတတ်ရင်တော့
ဘဝဆိုတာ ကျေနပ်စရာကြီးပါပဲ
ဘဝထဲက ဘဝပါပဲ