Pann Moh

Pann Moh Good food warms the heart and feed the soul.

ဝက်သုံးထပ်သားမုန့်ညှင်းချဥ်ကြော်တယောက်နဲ့တယောက် ဟင်းချက်နည်းကြော်နည်းတွေမတူကြပါဘူးနော် ဒါလေးကတော့ ညီမကြော်နေကျ လွယ်လွယ်က...
08/09/2021

ဝက်သုံးထပ်သားမုန့်ညှင်းချဥ်ကြော်

တယောက်နဲ့တယောက် ဟင်းချက်နည်းကြော်နည်းတွေမတူကြပါဘူးနော်
ဒါလေးကတော့ ညီမကြော်နေကျ လွယ်လွယ်ကူကူကြော်နည်းလေးမျှဝေပေးပါမယ်

**လိုအပ်တဲ့ပစ္စည်း**

ဝက်သုံးထပ်သား ၃၀သါး

မုန့်ညှင်းချဥ်ချိုချဥ် ၅၀သါး

ခရမ်းချဉ်သီးမာမာရဲရဲလေး ၄လုံး

ကြက်သွန်နီ ၁၅ကျပ်သား (အလုံးအကြီးသေးဖြစ်မှာစိုးလို့နော်)ကြိုက်ရင်ပိုထည့်လို့ရ

ကြက်သွန်ဖြူ ၅မွှာ

ကြက်သွန်မှိတ်

ခရုဆီ ဟင်းချက်ဇွန်း တဇွန်း
ပဲငံပြာရည်အကြည် ဟင်းချက်ဇွန်းတဇွန်း

ဝက်သားနှပ်တဲ့ချိန်ထည့်ဖို့ ရှောက်ကော ပါ့ကော မုန့်နည်းနည်းစီ

ချက်နည်းကိုပုံလေးတွေမှာကြည့်ပေးနော်
👎🏻👇🏻👇🏻👇🏻

ဒီနေ့ အုန်းဆီအကြောင်းလေးရှင်းပြအုံးမယ် ကျွန်မရဲ့ သိမ့်ခေါင်းလိမ်းဆီက အုန်းဆီဖြစ်ပြီး ၄၅၀၀တောင်ပေးရတာ စျေးကြီးလိုက်တာတဲ့ ...
07/09/2021

ဒီနေ့ အုန်းဆီအကြောင်းလေးရှင်းပြအုံးမယ်

ကျွန်မရဲ့ သိမ့်ခေါင်းလိမ်းဆီက အုန်းဆီဖြစ်ပြီး ၄၅၀၀တောင်ပေးရတာ စျေးကြီးလိုက်တာတဲ့

လူတွေရဲ့စိတ်ပါပဲ
နိုင်ငံခြားကလာတဲ့အုန်းဆီဆို
ဗူးပါကင်လှလှလေးထုပ်
netural coconut oil လို့ရေးလိုက်တာနဲ့ ၉၀၀၀ပေးရလဲဝယ်တယ် ၁၀၀၀၀ ကျော်ပေးရလဲဝယ်သုံးနိုင်တယ်

ဟုတ်ပါတယ် မြန်မာမှာလဲ ရှိပါတယ် တချို့စျေးကွက်ထဲစျေးပေါပေါနဲ့ရတဲ့အုန်းဆီရှိသလို(ဂျင်းတွေများလို့သူများနိုင်ငံအထင်ကြီးမိတာလဲပါမှာပေါ့နော့ ) သဘာဝအုန်းဆီစစ်စစ်တွေလဲရှိတယ် (စျေးထဲကရိုးသားတဲ့တောသည်လေးတွေမှာရတတ်တယ် )

အဓိကတော့ ဘယ်ဟာဝယ်သုံးသုံး အုန်းဆီစစ်ဖို့ပဲလိုတယ် အုန်းဆီစစ်စစ်ကဆံပင်အတွက် တကယ်ကောင်းကျိုးတွေများတယ် မစစ်ပဲအရောတွေသုံးမိရင်တော့ ဆံပင်ကျွတ်ဖို့ပိုသေချာနေပြီနော်

အုန်းဆီစစ်ရင် အရောင်ကအဖြူဖက်ပိုသန်ပါတယ်နော် အဝါရောင်ဆိုအုန်းဆီမစစ်ပါ စျေးကွက်ထဲအုန်းဆီဘယ်ဟာကအစစ် ဘယ်ဟာကအတုလို့တော့ကျွန်မလဲသိပ်မခွဲတတ်ပါဘူး

ဒါကြောင့်သိမ့်ပဲသုံးဖြစ်တာ

သိမ့်ခေါင်းလိမ်းဆီကတော့ ရခိုင်ကလာတဲ့အုန်းဆီစစ်စစ်မို့အားမခံပါတယ်နော် ကိုယ်သုံးနေတာမို့ပါ

Address

Naypyidaw

Opening Hours

Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00

Website

Alerts

Be the first to know and let us send you an email when Pann Moh posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share