Phyo Ei Ko - Food Service

Phyo Ei Ko - Food Service Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Phyo Ei Ko - Food Service, Food Delivery Service, Nyaungdon.

"ပျားရည်ကို ရေနွေးဖြင့် ရောသောက်ခြင်းကြောင့် ခံစားရရှိမယ့် ကျန်းမာရေးအကျိုးကျေးဇူးများ"မနက်အိပ်ရာနိုးလာတာနဲ့ တပြိုင်နက် ...
14/06/2025

"ပျားရည်ကို ရေနွေးဖြင့် ရောသောက်ခြင်းကြောင့် ခံစားရရှိမယ့် ကျန်းမာရေးအကျိုးကျေးဇူးများ"

မနက်အိပ်ရာနိုးလာတာနဲ့ တပြိုင်နက် ရေတစ်ခွက် အဝသောက်သုံးရမယ်ဆိုတဲ့ ကျန်းမာရေးဗဟုသုတကို လူအများစုသိရှိထားပြီးသားဖြစ်ပါတယ်။

ထိုကဲ့သို့ ရိုးရိုးရေတစ်ခွက်သောက်မယ့်အစား ရေနွေးနွေးကိုမှ ပျားရည်နဲ့ ရောသောက်ပေးမယ်ဆိုရင်ရော ဘယ်လိုအကျိုးကျေးဇူးတွေ ရရှိနိုင်သလဲဆိုတာကို စာဖတ်သူတို့ သိပြီးသွားပြီလား။

မသိသေးဘူးဆိုရင်တော့ အခုဖော်ပြပေးမယ့် အချက်အလက်တွေကို အတူတူဆက်လေ့လာကြည့်လိုက်ရအောင်။

😷ချောင်းဆိုးခြင်းနှင့် လည်ချောင်းနာခြင်းကို ကုသပေးခြင်း

မိုးရာသီနှင့် ဆောင်းရာသီတွေမှာ အဖြစ်များတတ်တဲ့ ချောင်းဆိုးခြင်း၊ လည်ချောင်းနာခြင်းတို့ကို ပျားရည်နွေးနွေးလေး သောက်သုံးပေးမယ်ဆိုရင် အမြန်ဆုံးသက်သာပျောက်ကင်းစေပါတယ်။ ဒါ့အပြင် ပျားရည်က အသက်ရှူလမ်းကြောင်းကိုလည်း ကောင်းမွန်စေတဲ့ သဘာဝဆေးစွမ်းကောင်းတစ်လက်ပါပဲ။

🚲ကိုယ်အလေးချိန်လျော့ချပေးခြင်း

ပျားရည်က သဘာဝအချိုစာဖြစ်တဲ့အတွက်ကြောင့် သကြားအစားထိုးအသုံးပြုနိုင်ပါတယ်။ ကိုယ်အလေးချိန်တက်စေတဲ့ ကိုယ်လက်စတောနှင့် အဆီပိုတွေကို စုပ်ယူပေးမယ့် အမိုင်နိုအက်ဆစ်၊ ဗီတာမင်နဲ့ သတ္တုဓာတ်များလည်း ကြွယ်ဝစွာပါဝင်ပါတယ်။

မနက်မိုးလင်းလင်းချင်း ဘာအစာမှ မစားရသေးခင်မှာ ပျားရည်ကို ရေနွေးနွေးနဲ့ ဖျော်သောက်ပေးမယ်ဆိုရင် တစ်နေ့တာလုံး အားအင်ပြည့်ဝမှာဖြစ်ပြီး အစား အလွန်အကျွံစားသုံးခြင်းကိုလည်း တားဆီးပေးပါတယ်။

🍇အသားအရေက တစ်နေ့တခြား ကြည်လင်ဝင်းပလာခြင်း
Source: Kienthucdinhduong.vn

ဘက်တီးရီးယားများကို ဖယ်ရှားပေးနိုင်တဲ့ အစွမ်းသတ္တိများ ပိုင်ဆိုင်ထားတာကြောင့် နေ့စဉ်မှန်မှန်သောက်သုံးပေးမယ်ဆိုရင် အသားအရည်က ကြည်လင်တောက်ပလာပါလိမ့်မယ်။ ဒါ့အပြင် သံပုယိုရည်ပါ ထပ်ပေါင်းထည့်လိုက်မယ်ဆိုရင်တော့ သွေးကို သန့်စင်ပေးပြီး သွေးဆဲလ်များ တိုးပွားလာအောင် ကူညီပေးပါတယ်။

🥢အစာချေစနစ်ကို ကောင်းမွန်စေခြင်း
Source: Dabur.com

ပျားရည်ကို ရေနဲ့ရောနှောလိုက်တဲ့အခါ မိမိစားသုံးလိုက်တဲ့အစားအစာရဲ့အက်ဆစ်ဓာတ်ကြောင့် ဗိုက်အောင့် ဗိုက်နာဖြစ်ခြင်း၊ အစာမကျေ ရင်ပြည့်ရင်ကယ်ဖြစ်ခြင်းတို့မှ ကာကွယ်ပေးပြီး အစာကြေလွယ်အောင် ကူညီပေးပါတယ်။
Source: Lifehack.org

ပျားရည်တစ်ပုလင်း-10500ကျပ်

Page မှာဈေးပြန်ရောင်းပါပြီနော်

Address

Nyaungdon

Website

Alerts

Be the first to know and let us send you an email when Phyo Ei Ko - Food Service posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share