Pathein Store

Pathein Store ပုသိမ်မြို့ရဲ့ အကောင်းဆုံး Online Shopping နှ?

ပုသိမ် မြို့ကသားသားမီးမီးတို့အတွက် နွေရာသီ ကရာတေးသင်တန်းစဖွင့်တော့မယ်နော်။Ikak Myanmar Pathein Branch Aka Hoshi Dojo နွေ...
08/02/2026

ပုသိမ် မြို့က
သားသားမီးမီးတို့အတွက်
နွေရာသီ ကရာတေးသင်တန်းစဖွင့်တော့မယ်နော်။

Ikak Myanmar Pathein Branch
Aka Hoshi Dojo နွေရာသီသင်တန်းအား (2.3.26)နေ့စတင်ဖွင့်ပါမည်။

သင်တန်းသားအသစ်များအောက်ပါလိပ်စာတွင်သင်တန်းအပ်လို့ရပါသည်။ Mon.Tue.Wed. (3)လအပြည့်တက်ရပါမည်။

သင်တန်းချိန်ပြည့်မှီမှသာလျှင်တဆင့်မြင့်စာမေးပွဲဖြေဆိုခွင့်ရပါမည်။

(အသက် 7 နှစ်မှစတင်လက်ခံပါမည်ခင်ဗျာ)


စိတ်သောကများနေရင် ပြေးပါ။စိတ်အတက်အကျဖြစ်နေရင် တရေးအိပ်ပါ။ဒေါသထွက်နေရင် ဝိတ်မပါ။ဝမ်းနည်းနေရင် နေဆာလှုံပါ။စိုးရိမ်နေရင် လမ...
29/01/2026

စိတ်သောကများနေရင် ပြေးပါ။
စိတ်အတက်အကျဖြစ်နေရင် တရေးအိပ်ပါ။
ဒေါသထွက်နေရင် ဝိတ်မပါ။
ဝမ်းနည်းနေရင် နေဆာလှုံပါ။
စိုးရိမ်နေရင် လမ်းထွက်လျှောက်ပါ။

စိတ်ကျန်းမာရေးကို ကာယလှုပ်ရှားမှုဖြင့် ပိုကောင်းအောင်လုပ်နိုင်ပါတယ်။

Stressed? Run.
Moody? Take a nap.
Angry? Lift weights.
Sad? Get sunlight.
Anxious? Walk.

Your mental health can be improved by physical things.

Dr. James DiNicolantonio
(a cardiovascular research scientist and doctor of pharmacy at Saint Luke's Mid America Heart Institute in Kansas City, Missouri)

crd-

ပိုက်ဆံဆိုတာ လူကို အသစ်ပြောင်းလဲပစ်နိုင်တဲ့ "မှော်ဆေး" မဟုတ်ပါဘူး။ ပိုက်ဆံဆိုတာ မင်းရင်ထဲမှာ ရှိပြီးသား "ဗီဇ" တွေကို ပို...
25/01/2026

ပိုက်ဆံဆိုတာ လူကို အသစ်ပြောင်းလဲပစ်နိုင်တဲ့ "မှော်ဆေး" မဟုတ်ပါဘူး။ ပိုက်ဆံဆိုတာ မင်းရင်ထဲမှာ ရှိပြီးသား "ဗီဇ" တွေကို ပိုပြီး ထင်ထင်ရှားရှား ပေါ်လာအောင် လုပ်ပေးတဲ့ "မှန်ဘီလူး" တစ်ခု သက်သက်ပဲ။

လူတစ်ယောက်ရဲ့ စရိုက်အစစ်ကို သိချင်ရင် သူ့ကို အာဏာနဲ့ ပိုက်ဆံ ပေးကြည့်လိုက်ပါ အဲဒီအခါမှာ သူဖုံးကွယ်ထားတဲ့ ဇာတိရုပ်ဟာ ဝုန်းခနဲ ပေါ်လာလိမ့်မယ်။

မင်းတို့က "ဟိုလူကတော့ ချမ်းသာလာမှ စိတ်ဓာတ်တွေ ပြောင်းသွားတာ၊ အရင်ကတော့ သိပ်ကောင်းတာ" လို့ ပြောနေသလား။ အဲဒါ မင်းက "ဇာတ်လမ်း" ကို အစကနေ အဆုံးထိ မကြည့်လို့ပဲ။

သူက အရင်ကတည်းက အဲဒီလို စိတ်ဓာတ်ရှိတာ၊ ဒါပေမဲ့ အရင်က ဆင်းရဲနေလို့ အဲဒီစိတ်ဓာတ်ကို ထုတ်ပြဖို့ အခွင့်အရေး (သို့) အင်အား မရှိခဲ့လို့ ဖုံးထားရတာ။

မင်းက ခွေးအတစ်ကောင်ကို အင်္ကျီဝတ်ပေးပြီး လူလိုနေခိုင်းရင် သူက ငြိမ်နေမှာပဲ။ ဒါပေမဲ့ သူ့ရှေ့ကို အသားတစ်တုံး ချပေးလိုက် (ပိုက်ဆံပေးလိုက်) တဲ့အခါကျမှ သူက ဟောင်မှာလား၊ ကိုက်မှာလား ဆိုတာ ပေါ်လာတာ။

အသားက သူ့ကို ခွေးအဖြစ် ပြောင်းလဲလိုက်တာမဟုတ်ဘူး၊ သူက မူလကတည်းက ခွေးအဖြစ်မို့လို့ အသားမြင်တဲ့အခါ သူ့ဗီဇအတိုင်း ဟောင်တာပဲ။ ပိုက်ဆံဆိုတာ မင်းရင်ထဲက 'နတ်ဆိုး' ဒါမှမဟုတ် 'နတ်သား' ကို အပြင်ထွက်လာအောင် တံခါးဖွင့်ပေးလိုက်တဲ့ သော့ပဲ။

လူတစ်ယောက်က မူလကတည်းက စေတနာကောင်းတဲ့သူဆိုရင် သူချမ်းသာလာတဲ့အခါ အရင်ကထက် ပိုပြီး ပေးကမ်းလှူဒါန်းမယ်၊ သူများတွေကို ကူညီမယ်။ သူ့ရဲ့ ကောင်းကွက်တွေက ပိုတောက်ပလာမယ်။

လူတစ်ယောက်က မူလကတည်းက တစ်ကိုယ်ကောင်းဆန်ပြီး မာနကြီးတဲ့သူဆိုရင်တော့ သူချမ်းသာလာတဲ့အခါ သူတစ်ပါးကို ပိုနှိမ်မယ်၊ ပိုရိုင်းစိုင်းမယ်။ ပိုက်ဆံက မင်းရဲ့ စိတ်ဓာတ်ကို "လမ်းကြောင်းဟောင်း" အတိုင်းပဲ ပိုပြီး မြန်မြန်ဆန်ဆန် သွားစေတာ။

လူတွေက ဘာမှမရှိတဲ့အချိန်မှာတော့ အားလုံးက ယဉ်ကျေးသယောင်၊ ရိုးသားသယောင် ရှိနေတတ်ကြတယ်။ ဘာလို့လဲဆိုတော့ မရိုးသားလို့လည်း မရဘူး၊ မယဉ်ကျေးလို့လည်း မရဘူးလေ။

ပိုက်ဆံရှိလာတဲ့အခါကျတော့ "ငါ ဘယ်သူ့ကိုမှ ဂရုစိုက်စရာမလိုတော့ဘူး" ဆိုတဲ့ စိတ်ဝင်လာပြီး ကိုယ့်ရဲ့ စရိုက်အစစ်ကို ရဲရဲကြီး ထုတ်ပြလာကြတာ။ ဒါကြောင့် ချမ်းသာလာမှ ပြောင်းလဲသွားတယ်ဆိုတာ မဟုတ်ပါဘူး။ ချမ်းသာလာမှ "မျက်နှာဖုံး" ချွတ်လိုက်တာပါ။

ဒါ့ကြောင့် "ငါသာ ချမ်းသာလာရင် ဘယ်လိုလူ ဖြစ်မလဲ" ဆိုတာကို အခုကတည်းက သိနိုင်ပါတယ်။ အခု မင်းမှာ ရှိတဲ့ ဆယ်သိန်း၊ သိန်းတစ်ရာကို မင်းဘယ်လို သုံးနေလဲ? မင်းထက် နိမ့်ကျသူတွေကို မင်းဘယ်လို ဆက်ဆံနေလဲ? အခု မင်းလုပ်နေတဲ့ ပုံစံဟာ နောက်ပိုင်း မင်းမှာ သိန်းတစ်သောင်း ရှိလာတဲ့အခါ မင်းလုပ်မယ့် ပုံစံရဲ့ "အကြမ်းထည်" ပဲ။ ပိုက်ဆံနောက်ကို လိုက်နေရင်းနဲ့ မင်းရဲ့ "နှလုံးသား" ကိုလည်း သေချာ ပြုပြင်ထားစမ်းပါ။

မင်း လူတစ်ယောက်ရဲ့ အကျင့်ကို သိချင်ရင်၊ သူ ပိုက်ဆံရှိလာတဲ့အခါ ဘယ်သူတွေကို ဘယ်လို ဆက်ဆံလဲဆိုတာ စောင့်ကြည့်ပါ။ ပီးရင် ကိုယ့်ကိုယ်ကိုယ် အမြဲသတိပေးပါ။ "ငါ့မှာ ပိုက်ဆံတွေ အများကြီး ရှိလာရင်တောင် ငါ့ရဲ့ မူလစေတနာကို မပျောက်စေရဘူး" လို့။အရေးကြီးဆုံးကတော့ ပိုက်ဆံကို "အသုံးအဆောင်" လို့ပဲ သတ်မှတ်ပါ၊ "သခင်" လို့ မသတ်မှတ်ပါနဲ့။

ပိုက်ဆံက လူတစ်ယောက်ကို "ပြောင်းလဲ" ပစ်တာ မဟုတ်ပါဘူး။ သူတကယ် "ဘယ်လိုလူစားလဲ" ဆိုတာကို ကမ္ဘာကြီးကို "ဖွင့်ပြ" လိုက်တာပဲ ဖြစ်ပါတယ်။

မင်းချမ်းသာလာတဲ့နေ့ဟာ မင်းရဲ့ "စရိုက်အစစ်" ကို သက်သေပြရမယ့်နေ့ပါပဲ။ "ပိုက်ဆံရှိလာတဲ့အခါမှာလည်း လေးစားစရာကောင်းတဲ့ လူတစ်ယောက်အဖြစ်ပဲ ရှိနေပါစေ"မိတ်ဆွေ။
crd-MediaOne

ဒီနေ့ပဲ စလုပ်လိုက်ပါ။ဘဝမှာ အရာတိုင်းအတွက် သီးသန့်အချိန်ကာလ ရှိပါတယ် - ဝါသနာပါတာတွေ၊ ပျော်ရွှင်မှုတွေ၊ ရင်ထဲ နွေးထွေးစရာ ...
19/01/2026

ဒီနေ့ပဲ စလုပ်လိုက်ပါ။

ဘဝမှာ အရာတိုင်းအတွက် သီးသန့်အချိန်ကာလ ရှိပါတယ် - ဝါသနာပါတာတွေ၊ ပျော်ရွှင်မှုတွေ၊ ရင်ထဲ နွေးထွေးစရာ အရာလေးတွေအတွက်ပါ။ အဲဒီအချိန်ကာလ ကုန်လွန်သွားပြီးမှ အိပ်မက်တွေကို အကောင်အထည်ဖော်နိုင်သေးပေမယ့် ရလာတဲ့အရသာက မူလကလို မဖြစ်နိုင်တော့ပါဘူး။

အသက် ၁၈နှစ်မှာ နတ်သုဓာလို အရသာရှိတဲ့ ပီဇာဟာ အသက် ၃၂နှစ်မှာတော့ အဲဒီလောက် အရသာထူးမနေတော့ပါဘူး။

အသက် ၁၈နှစ် မှာ ရွယ်တူချင်းနဲ့ စက်ဘီးစီးတာ၊ ပန်းခြံထဲ လမ်းလျှောက်တာတွေက အချစ်ရသ ပေါ်လွင်နေပေမယ့် အသက် ၃၆နှစ် မှာတော့ အဲဒီလို စိတ်ကူးယဉ်ဆန်မှုမျိုး မရှိတော့ပါဘူး။

အသက် ၂၁နှစ် မှာ ကောလိပ်က သူငယ်ချင်းတွေနဲ့ ခရီးထွက်တာဟာ အသက် ၄၀ မှာတော့ အရသာ လုံးဝ ကွာခြားသွားပါပြီ။

"တစ်ချိန်မှာ လှပတဲ့ နောက်ဖေးခြံလေး ပိုင်ဆိုင်မယ်" လို့ မိမိရဲ့ လသာဆောင်မှာတောင် ပန်းပင်တစ်ပင် မစိုက်ရသေးတဲ့သူက ပြောတတ်ပါတယ်။ နောက်ဖေးခြံ တကယ်ရလာတဲ့အချိန်မှာတော့ ဥယျာဉ်ခြံ ပြုစုဖို့ အချိန်ရော၊ ခွန်အားရော မရှိတော့ပါဘူး။

မိဘတွေကို တန်ဖိုးကြီး လက်ဆောင်တွေ ဝယ်ပေးနိုင်အောင် ငွေရှာမယ်လို့ အိပ်မက်မက်နေသလား။ လှပတဲ့ အိပ်မက်ပါပဲ။ ဒါပေမယ့် အဲဒါတွေ ဝယ်နိုင်လောက်တဲ့အချိန် ရောက်လာတော့ မိဘတွေက လက်ဆောင်လက်ခံဖို့ ရှိမနေကြတော့ပါဘူး။

ဘဝရဲ့ သာယာမှုလေးတွေဟာ တန်ဖိုးမဖြတ်နိုင်ပါဘူး။ သူတို့က နှလုံးသားကို သွေးခုန်စေပြီး ရှင်သန်တက်ကြွစေပါတယ်။ မပြည့်ဝနိုင်တဲ့ ဆန္ဒတွေရဲ့ တိတ်ဆိတ်တဲ့ ညည်းညူသံတွေကြားမှာ နှလုံးသားဟာ ညှိုးချုံ့သွားတတ်ပါတယ်။ ဒါ့ကြောင့် အချိန်ရှိနေစဉ်မှာ ကိုယ်ပါတဲ့ ဝါသနာတွေ၊ ပျော်ရွှင်စရာတွေကို လက်မလွှတ်သင့်ပါဘူး။

"တစ်နေ့မှာ စားမယ်" ဆိုပြီး စျေးကြီးတဲ့အစားအစာအတွက် စုနေမယ့်အစား၊ ဒီနေ့မှာပဲ တတ်နိုင်တဲ့ပမာဏလေးနဲ့ အရသာရှိတာလေး စားကြည့်ပါ။ ယုံပါ၊ ဘဝရဲ့ အကောင်းဆုံး အရသာတွေကို ခံစားရမှာပါ။

သင်ချစ်တဲ့သူနဲ့ တွေ့ဆုံဖို့ စောင့်မနေပါနဲ့။ ကော်ဖီသောက်ဖို့ ဖိတ်လိုက်ပါ၊ ဒါမှမဟုတ် ပင်လယ်ကမ်းခြေမှာ အတူတူ လမ်းလျှောက်ကြည့်ပါ။ သင့်အကြိုက်ဆုံး အဝတ်အစားကို ဝတ်ပြီး မိုးရေထဲမှာ၊ နေဝင်ဆည်းဆာအလှမှာ ပျော်ရွှင်စွာ နေထိုင်ပါ။ မှတ်ထားပါ - ဒီအချိန်တွေဟာ သင့်ဘဝရဲ့ မမေ့နိုင်စရာ အကောင်းဆုံး အချစ်ဇာတ်လမ်းလေးတွေ ဖြစ်လာမှာပါ။

ပိုက်ဆံ အနည်းငယ် ပိုလျှံလာရင် သင့်အချစ်ဆုံး သူငယ်ချင်းကို ပွေ့ဖက်ပြီး "ခရီးထွက်ကြရအောင်လား" လို့ ပြောလိုက်ပါ။ ခရီးဆောင်အိတ် ပြင်ဆင်ပြီး ဒီနေ့ချက်ချင်းပဲ လမ်းမပေါ် ထွက်လိုက်ပါ။
အိပ်မက်ထဲက ဥယျာဉ်ခြံအတွက် စောင့်မနေပါနဲ့ - သင့်အခန်းထဲမှာ အိုးစိုက်ပန်းပင်လေး တစ်ပင်တည်းကနေ စတင်လိုက်ပါ။

အချိန်ကောင်းကို စောင့်မနေတော့ဘဲ လက်ရှိရှိတဲ့ ပိုက်ဆံလေးနဲ့ မိဘတွေအတွက် သူတို့ကြိုက်မယ့် လက်ဆောင်လေး ယခုပဲ ဝယ်ပေးလိုက်ပါ။
မှတ်ထားပါ - "တစ်နေ့" ဆိုတဲ့အချိန် ရောက်လာနိုင်ပါတယ်။ ဒါပေမယ့် သူတို့ရဲ့ အိပ်မက်တွေကို အမြဲတမ်း ရွှေ့ဆိုင်းနေသူတွေအတွက်တော့ ဘာတစ်ခုမှ တကယ် ဖြစ်မလာပါဘူး။ သူတို့ရဲ့ဘဝတွေဟာ နောင်တရမှုတွေ၊ စိတ်ပျက်အားငယ်မှုတွေနဲ့ အဆုံးမရှိ စောင့်စားနေရုံသာ ဖြစ်သွားပါလိမ့်မယ်။

There’s a time for everything in life — hobbies, joys, and small pleasures. Once that time passes, you may still fulfill your dreams, but the satisfaction may not be the same.

The pizza that tastes like heaven at 18 may not taste as divine at 32.

At 18, riding a bike or walking through the park with someone your age feels romantic. At 36, it might not carry the same magic.

The joy of a road trip with college friends at 21 may not feel the same at 40.

“I’ll have a beautiful backyard garden one day,” says someone who hasn’t even planted a single flower on their balcony. By the time they get the backyard, they might find they no longer have the time or energy to garden.

Dreaming of earning money to buy expensive gifts for your parents? It’s a beautiful thought, but by the time you can afford it, your parents might no longer be here to receive them.

Life’s little pleasures are precious. They keep the heart alive, fresh, and vibrant. A heart withers in the silent moan of unmet desires. That’s why it’s so important to embrace hobbies and joys while there’s still time.

If you’re saving for a fancy meal someday, consider saving just a little and treating yourself to something delicious today. Believe me, you’ll savor the best flavors of life.

Don’t wait to find the person you love. Invite them out for coffee, or enjoy a walk along the beach. Put on your favorite outfit, and soak in the rain or sunset. Write it down: these moments will give you the most unforgettable romance of your life.

If you have a little extra cash, grab your best friend, throw your arm around them, and say, “Let’s go on a road trip.” Pack your bags and hit the highway today.

Don’t wait for a dream garden—start with a single potted plant in your apartment. And instead of waiting for the perfect moment, buy your parents a thoughtful gift with whatever you have now.

Remember: “One day” may come, but for those who keep delaying their dreams, nothing truly happens. Their lives become an endless wait, filled with regret and despair.

English text - Remember

credit -
ဒေါက်တာစိုးသန်း

ကျွန်တော့်ကို လူတွေက မေးကြတယ်။ "ခင်ဗျားက ကမ္ဘာ့အချမ်းသာဆုံး စာရင်းဝင်ပဲ။ ဘာလို့ ၁၉၅၈ ခုနှစ်တုန်းက ဝယ်ခဲ့တဲ့ အိမ်အဟောင်းက...
17/12/2025

ကျွန်တော့်ကို လူတွေက မေးကြတယ်။ "ခင်ဗျားက ကမ္ဘာ့အချမ်းသာဆုံး စာရင်းဝင်ပဲ။ ဘာလို့ ၁၉၅၈ ခုနှစ်တုန်းက ဝယ်ခဲ့တဲ့ အိမ်အဟောင်းကြီးမှာပဲ ဆက်နေတာလဲ။ ဘာလို့ မနက်စာကို McDonald's မှာ ဒေါ်လာနည်းနည်းလောက်ပဲ သုံးပြီး စားတာလဲ" တဲ့။

သူတို့ နားမလည်တာ တစ်ခုရှိတယ်။ အဲ့ဒါကတော့ "ငွေကြေးရဲ့ သဘောသဘာဝ" ပါပဲ။

"ရှိရင် မလွယ်နဲ့၊ မရှိရင် မလွယ်ဘူး" တဲ့။ ဒီစကားက တိုပေမယ့် ငွေကြေးပညာတစ်ခုလုံးရဲ့ အနှစ်ချုပ်ပဲ။

၁။ "ရှိရင် မလွယ်နဲ့" (Don't be careless just because you have it)

လူတော်တော်များများက ပိုက်ဆံလက်ထဲ ရောက်တာနဲ့ စိတ်ကြီးဝင်လာကြတယ်။ "ငါ့မှာ ရှိတာပဲ၊ သုံးလိုက်မယ်ကွာ" ဆိုတဲ့ စိတ်ဝင်လာတယ်။ အဲ့ဒါ အန္တရာယ်အကြီးဆုံးပဲ။

ကျွန်တော် အမြဲပြောဖူးတဲ့ စကားတစ်ခွန်းရှိတယ်။ "မင်း မလိုအပ်တဲ့ ပစ္စည်းတွေကို ဝယ်နေမယ်ဆိုရင်၊ မကြာခင်မှာ မင်း လိုအပ်တဲ့ ပစ္စည်းတွေကို ပြန်ရောင်းရလိမ့်မယ်" တဲ့။

ငွေရှိတိုင်း လွယ်လွယ် မသုံးပါနဲ့ - ပိုက်ဆံဆိုတာ သုံးလိုက်ရင် ပျောက်သွားတဲ့ အရာပါ။ ဒါပေမဲ့ ရင်းနှီးမြှုပ်နှံလိုက်ရင် ပွားလာမယ့် အရာပါ။ ရှိတယ်ဆိုပြီး အပျော်အပါး၊ အဆောင်အယောင်တွေမှာ "လွယ်လွယ်" သုံးလိုက်ရင်၊ အဲ့ဒီငွေက မင်းအတွက် အလုပ်လုပ်ပေးမယ့် အခွင့်အရေး ဆုံးရှုံးသွားတာပဲ။

ကြွားဝါဖို့ မသုံးပါနဲ့ - ကျွန်တော်က လူတွေအထင်ကြီးဖို့ ဇိမ်ခံကားတွေ၊ တိုက်တွေ မဝယ်ဘူး။ ဘာလို့လဲဆိုတော့ တခြားလူတွေ ဘယ်လိုထင်လဲဆိုတာက ကျွန်တော့် ဘဏ်စာရင်းကို တိုးမလာစေလို့ပဲ။ "ရှိရင် မလွယ်နဲ့" ဆိုတာ ရှိနေတဲ့အချိန်မှာ မာနမကြီးဘဲ၊ စည်းစိမ်ကို မဖြုန်းတီးဘဲ ထိန်းသိမ်းတတ်ဖို့ ပြောတာပါ။

၂။ "မရှိရင် မလွယ်ဘူး" (Life is hard without money)

ဒါကတော့ ငြင်းမရတဲ့ အမှန်တရားပဲ။ ငွေက အရာရာ မဟုတ်ပေမယ့်၊ အောက်ဆီဂျင် လိုပဲ။ ရှိနေတုန်းက သတိမထားမိပေမယ့် ပြတ်လပ်သွားတဲ့အခါ အသက်ရှုကြပ်လာလိမ့်မယ်။

ငွေမရှိခြင်းက အတိုးပေးရတယ် - သတိထားမိလား။ ဆင်းရဲတဲ့အခါ ကျန်းမာရေးမကောင်းရင် ကုဖို့ပိုခက်တယ်၊ အရေးပေါ်ကိစ္စကြုံရင် ဖြေရှင်းဖို့ ပိုခက်တယ်။ ပိုက်ဆံမရှိတဲ့ ဘဝက "မလွယ်ဘူး" ဆိုတာ အဲ့ဒါကို ပြောတာ။ ဒုက္ခရောက်တဲ့အချိန်မှာ ငွေကြေးက မင်းကို ကာကွယ်ပေးမယ့် ဒိုင်းလွှား (Shield) တစ်ခုပဲ။

လွတ်လပ်မှု ပျောက်ဆုံးခြင်း - ငွေမရှိရင် မင်း မကြိုက်တဲ့အလုပ်ကို လုပ်ရမယ်။ မင်း မသွားချင်တဲ့ နေရာကို သွားရမယ်။ မင်းရဲ့ "ရွေးချယ်ပိုင်ခွင့်" (Freedom of Choice) ဆုံးရှုံးသွားမယ်။

ဒါကြောင့် လူငယ်တွေကို ကျွန်တော် မှာချင်တာက ရိုးရိုးလေးပါ။

သုံးပြီးမှ မစုပါနဲ့၊ စုပြီးမှ ကျန်တာကို သုံးပါ (Save first, spend later): ရှိတုန်းမှာ မလွယ်ပါနဲ့။ ဝင်ငွေရလာရင် အရင်ဆုံး ကိုယ့်အတွက် (စုငွေ/ရင်းနှီးငွေ) ဖယ်ထားပါ။

ကိုယ့်ကိုယ်ကို ရင်းနှီးမြှုပ်နှံပါ (Invest in yourself): ငွေကြေးဖောင်းပွမှု (Inflation) က မင်းပိုက်ဆံတွေကို တန်ဖိုးကျအောင် လုပ်နိုင်ပေမယ့်၊ မင်းရဲ့ ပညာနဲ့ အရည်အချင်းကိုတော့ ဘယ်သူမှ တန်ဖိုးကျအောင် မလုပ်နိုင်ဘူး။

မှတ်ထားပါ။ "ငွေကြေးချမ်းသာမှုဆိုတာ ပိုင်ဆိုင်မှု ပစ္စည်းတွေ များနေတာ မဟုတ်ဘူး၊ စိုးရိမ်ပူပန်မှုတွေ နည်းနေတာ" ဖြစ်တယ်။

ဒါကြောင့်... ငွေရှိတဲ့အခါ လွယ်လွယ်မသုံးနဲ့။ ဒါမှ ငွေလိုတဲ့အခါ မင်းဘဝ မခက်ခဲမှာ ဖြစ်တယ်။

ရင်းနှီးမြှုပ်နှံမှုရဲ့ ပထမဆုံး စည်းမျဉ်းက မရှုံးပါစေနဲ့။ ဒုတိယ စည်းမျဉ်းက ပထမဆုံး စည်းမျဉ်းကို မမေ့ပါနဲ့။ စည်းမျဉ်းဆိုလ...
12/12/2025

ရင်းနှီးမြှုပ်နှံမှုရဲ့ ပထမဆုံး စည်းမျဉ်းက မရှုံးပါစေနဲ့။ ဒုတိယ စည်းမျဉ်းက ပထမဆုံး စည်းမျဉ်းကို မမေ့ပါနဲ့။ စည်းမျဉ်းဆိုလို့ ဒါပဲရှိပါတယ်။
ဆိုလိုတာက၊ တန်ဖိုးရှိတာထက် အများကြီး လျှော့ပြီး ရောင်းနေတဲ့ ပစ္စည်းတွေကို ဝယ်မယ်၊ ပြီးတော့ အဲဒီပစ္စည်းတွေကို အစုလိုက်ဝယ်မယ်ဆိုရင် အခြေခံအားဖြင့် ပိုက်ဆံ မရှုံးပါဘူး။
ဝါရင်ဘတ်ဖတ်ဟာ ဒေါ်လာ ဘီလီယံတစ်ရာကျော် ကြွယ်ဝချမ်းသာတယ်လို့ သတင်းရရှိပါတယ်။
ရှက်တတ်တဲ့ ကောင်လေးတစ်ယောက်အနေနဲ့ ကိုကာကိုလာကို အိမ်တိုင်ရာရောက် လိုက်ရောင်းရာကနေ၊ Berkshire Hathaway ကို ဘီလီယံပေါင်းများစွာတန်တဲ့ အင်ပါယာတစ်ခုအဖြစ် ပုံသွင်းခဲ့တဲ့ "Oracle of Omaha" လို့ခေါ်တဲ့ သူဟာ ကမ္ဘာပေါ်မှာ အချမ်းသာဆုံး ပုဂ္ဂိုလ်တွေထဲက တစ်ဦးအဖြစ် ဆက်လက်တည်ရှိနေပါတယ်။ ဒါပေမယ့် သူဌေးတွေထဲမှာ သူ့ကို ထူးခြားစေတာကတော့ သူဟာ ဒီချမ်းသာမှုကို အမွေဆက်ခံခဲ့တာ မဟုတ်သလို နည်းပညာ တီထွင်ဆန်းသစ်မှုနဲ့ ရရှိခဲ့တာလည်း မဟုတ်ပါဘူး။ သူဟာ စတော့ဈေးကွက်မှာ အစဉ်တစိုက် အောင်ပွဲခံခြင်းဖြင့်သာ သူရဲ့ စည်းစိမ်ဥစ္စာကို တိုးပွားစေခဲ့တာ ဖြစ်ပါတယ်။
ဒါဆို သူ ဘယ်လိုလုပ်ခဲ့တာလဲ။ တခြားလူတွေ အများကြီး မအောင်မြင်ခဲ့ကြတဲ့အရာကို သူက ဘယ်လို ကွဲပြားစွာ လုပ်ခဲ့တာလဲ။
ဒီဗီဒီယိုမှာ ဝါရင်ဘတ်ဖတ်ဟာ စတော့ဈေးကွက်ကို ဘယ်လို အနိုင်ယူခဲ့ပြီး ကိုယ်တိုင်ကြိုးစားခဲ့တဲ့ ရင်းနှီးမြှုပ်နှံမှု ဘီလီယံနာတစ်ဦး ဖြစ်လာခဲ့တယ်ဆိုတာကို အစကနေ စပြီး လေ့လာသွားမှာ ဖြစ်ပါတယ်။

👶 အစောပိုင်းဘဝနှင့် ရင်းနှီးမြှုပ်နှံမှုစတင်ခြင်း (1930s-1940s)
• ဝါရင်ဘတ်ဖတ်ကို နီဘရာစကာပြည်နယ်၊ အိုမားဟားမြို့မှာ ၁၉၃၀ ပြည့်နှစ်၊ သြဂုတ်လမှာ မဟာ စီးပွားပျက်ကပ် (Great Depression) ဖြစ်ပြီး တစ်နှစ်အကြာမှာ မွေးဖွားခဲ့ပါတယ်။
• သူ့ရဲ့ ငယ်ဘဝမှာ လူတွေ စီးပွားရေးအကျပ်အတည်းကြောင့် ဘဝရပ်တည်ဖို့ ရုန်းကန်နေရတာကို သတိထားမိပြီး ငွေရဲ့ အရေးပါပုံကို လျင်မြန်စွာ သင်ယူခဲ့ပါတယ်။
• သူ့ဖခင်က စတော့ရှယ်ယာနဲ့ ငွေချေးစာချုပ်တွေ ရောင်းချတဲ့ သူ့ရဲ့ ကိုယ်ပိုင်ကုမ္ပဏီကို ဖွင့်လှစ်ခဲ့ပြီး သူ့မိသားစုအတွက် လုံလောက်အောင် ထောက်ပံ့နိုင်ခဲ့ပါတယ်။
• ဝါရင်ဟာ ငယ်စဉ်ကတည်းက ရှက်ပြီး တိတ်ဆိတ်တဲ့ ကောင်လေးတစ်ယောက်ဖြစ်ပြီး ဖခင်ရဲ့ စာကြည့်တိုက်က စာအုပ်တွေကို ဖတ်ရင်း ရင်းနှီးမြှုပ်နှံမှုနဲ့ စီးပွားရေးလုပ်ငန်းအပေါ် စွဲလမ်းမှုကို စတင်ခဲ့ပါတယ်။
• အသက် ၆ နှစ်အရွယ်မှာ Coca-Cola ကို အိမ်တိုင်ရာရောက် လိုက်ရောင်းတဲ့ သူရဲ့ ပထမဆုံး စီးပွားရေးလုပ်ငန်းကို စတင်ခဲ့ပြီး တစ်နှစ်အကြာမှာတော့ ပီကေ၊ မဂ္ဂဇင်းနဲ့ ကိုကာကိုလာတွေ ရောင်းချပြီး အမြတ်အစွန်းကောင်းကောင်း ရရှိခဲ့ပါတယ်။

📉 ပထမဆုံး စတော့ရှယ်ယာနှင့် သင်ခန်းစာ
အသက် ၁၁ နှစ်အရွယ်မှာ စုဆောင်းထားတဲ့ ငွေအားလုံးကိုသုံးပြီး Cities Service လို့ခေါ်တဲ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့ကုမ္ပဏီရဲ့ ရှယ်ယာ ၃ ခုကို ဝယ်ယူခဲ့ပြီး တစ်ခုလျှင် $38.25 တန်ဖိုးရှိပါတယ်။

ရှယ်ယာတွေရဲ့ တန်ဖိုးဟာ $27 ကို ကျဆင်းခဲ့ပေမယ့် သူဟာ ဆုပ်ကိုင်ထားပြီး တန်ဖိုး $40 အထိ တက်လာမှ ရောင်းချခဲ့ပါတယ်။

အမြတ်ရခဲ့ပေမယ့် နောက်ပိုင်းမှာ အဲဒီရှယ်ယာတွေဟာ $200 ကျော်အထိ တက်သွားတာကို မြင်လိုက်ရတဲ့အတွက် သူ့ရဲ့ အခွင့်အရေး လွတ်သွားမှုက နာကျင်စရာ သင်ခန်းစာတစ်ခုကို ပေးခဲ့ပါတယ်။

"၇၅ နှစ်ကြာခဲ့ပါပြီ။ နောက်နေ့ ဈေးကွက် ဘာဖြစ်မယ်ဆိုတာကို ကျွန်တော် ဘယ်တော့မှ မသိခဲ့ပါဘူး။ အဲဒါ ကျွန်တော့်ရဲ့ ဂိမ်းမဟုတ်ဘူး။ ကျွန်တော့်ရဲ့ ဂိမ်းကတော့ ကျွန်တော် မှန်ကန်တဲ့ စီးပွားရေးနယ်ပယ်မှာ ရှိနေသလား၊ ပြီးတော့ ကောင်းမွန်တဲ့ ကုမ္ပဏီတွေကို ရေရှည် ပိုင်ဆိုင်ခြင်းဖြင့် ဆုံးဖြတ်ဖို့ပါပဲ။"

ဒီအတွေ့အကြုံတွေကြောင့် ဝါရင်ဟာ သူ့အသက်အရွယ် ပျမ်းမျှ ကောင်လေးတွေထက် ပိုမို ဉာဏ်ပညာရှိလာခဲ့ပါတယ်။

📰 သတင်းစာပို့ခြင်းနှင့် ပထမဆုံး အိမ်ခြံမြေ
• အသက် ၁၄ နှစ်မှာ ဖခင်က U.S. ကွန်ဂရက်အမတ်အဖြစ် ရွေးကောက်တင်မြှောက်ခံရပြီးနောက် ဝါရင်တို့ မိသားစုဟာ ဝါရှင်တန်ဒီစီကို ပြောင်းရွှေ့ခဲ့ပါတယ်။
• ဝါရင်ဘတ်ဖတ်ဟာ Washington Post သတင်းစာပို့တဲ့ သူ့ရဲ့ ပထမဆုံး အလုပ်ကို စတင်ခဲ့ပြီး နောက်ပိုင်းမှာ ပြိုင်ဘက် Times-Herald မှာလည်း ပို့ခဲ့တာကြောင့် တစ်လကို $179 (ယနေ့ခေတ် ဒေါ်လာ ၃,၀၀၀ ကျော်) ရရှိခဲ့ပါတယ်။
• သူဟာ စုဆောင်းငွေတွေနဲ့ သူ့သူငယ်ချင်းနဲ့အတူ ဆံပင်ညှပ်ဆိုင်တစ်ဆိုင်မှာ pinball စက်တစ်လုံး ဝယ်ထည့်ခဲ့ပြီး နောက်ပိုင်းမှာ စက်နှစ်လုံး ထပ်ဝယ်ခဲ့ပါတယ်။
• အဲဒီစက်တွေကို $1,200 နဲ့ ပြန်ရောင်းချခဲ့ပြီး အဲဒီငွေနဲ့ နီဘရာစကာမှာ ဧက ၄၀ ရှိတဲ့ မြေကွက်ကို ဝယ်ယူခဲ့ပါတယ်။
• သူ လယ်ယာမြေကို ဝယ်တုန်းက အသက် ၁၅ နှစ်ပဲ ရှိပါသေးတယ်။
🎓 ပညာရေးနှင့် ဘင်ဂျမင် ဂရေဟမ် (Benjamin Graham)
• အထက်တန်းကျောင်းပြီးနောက် သူဟာ အီကော်နောမစ် မဟာဘွဲ့အတွက် ဟာဗတ်ဒ် (Harvard) ကို လျှောက်ခဲ့ပေမယ့် အပယ်ခံခဲ့ရပါတယ်။
• ဒီငြင်းပယ်မှုဟာ သူ့ကို ကိုလံဘီယာ စီးပွားရေးကျောင်း (Columbia Business School) မှာ တက်ရောက်ဖို့ ဦးတည်စေခဲ့ပြီး အဲဒီမှာ သူ့ရဲ့ဘဝကို ပြောင်းလဲပေးမယ့် ဆရာဖြစ်သူ ဘင်ဂျမင် ဂရေဟမ်နဲ့ တွေ့ဆုံခဲ့ပါတယ်။
• ဂရေဟမ်ဟာ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ စာအုပ်ကျော်တစ်အုပ်ဖြစ်တဲ့ "The Intelligent Investor" ကို ထုတ်ဝေခဲ့သူဖြစ်ပြီး၊ အဲဒီစာအုပ်က တန်ဖိုးလျော့နေတဲ့ စတော့ရှယ်ယာများကို ဝယ်ယူခြင်းဖြင့် ခန့်မှန်းချက်မပါဘဲ အောင်မြင်စွာ ရင်းနှီးမြှုပ်နှံနည်းကို လမ်းညွှန်ထားပါတယ်။
• ဘတ်ဖတ်ဟာ ဂရေဟမ်ရဲ့ အကောင်းဆုံး တပည့်တွေထဲက တစ်ဦးဖြစ်လာခဲ့ပါတယ်။
🎤 ကိုယ်တိုင် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း စတင်ခြင်း

မဟာဘွဲ့ရပြီးနောက် ဘတ်ဖတ်ဟာ Wall Street မှာ အလုပ်လုပ်ဖို့ စိတ်အားထက်သန်ခဲ့ပေမယ့် လူသစ်တွေနဲ့ စကားပြောဖို့ ကြောက်ရွံ့ပြီး ဝမ်းနုတ်လောက်အောင် စိတ်လှုပ်ရှားတတ်တဲ့ အလွန် introvert (လူရှောင်) တစ်ဦး ဖြစ်နေခဲ့ပါတယ်။

ဒါပေမယ့် သူဟာ လူမှုစကားပြော လေ့ကျင့်ခန်း (public speaking course) တစ်ခုအတွက် စာရင်းပေးခဲ့ပြီး ဒါဟာ သူလုပ်ခဲ့တဲ့ အကောင်းဆုံး ရင်းနှီးမြှုပ်နှံမှုတွေထဲက တစ်ခု ဖြစ်လာခဲ့ပါတယ်။

"သင့်ကိုယ်သင် ရင်းနှီးမြှုပ်နှံခြင်းဟာ သင်လုပ်နိုင်တဲ့ အကောင်းဆုံးအရာပါပဲ။ သင် ပိုသင်ယူလေ၊ ပိုရရှိလေပါပဲ။"

မကြာခင်မှာပဲ ဘင်ဂျမင် ဂရေဟမ်က သူ့ကို နယူးယောက်က ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီမှာ အလုပ်ခန့်ခဲ့ပြီး အဲဒီမှာ လုံခြုံရေးဆိုင်ရာ ခွဲခြမ်းစိတ်ဖြာခြင်း (security analysis) အတတ်ပညာကို ကျွမ်းကျင်လာခဲ့ပါတယ်။

သို့သော်လည်း ကုမ္ပဏီရဲ့ စီမံခန့်ခွဲမှုကို ထည့်သွင်းစဉ်းစားချင်တဲ့ ဘတ်ဖတ်ရဲ့ အတွေးအခေါ်နဲ့ ကိန်းဂဏန်းတွေကိုသာ စိတ်ဝင်စားတဲ့ ဂရေဟမ်တို့ရဲ့ အတွေးအခေါ်တွေ မတူညီခဲ့ပါဘူး။

၁၉၅၆ ခုနှစ်မှာ ဂရေဟမ် အနားယူပြီး ဖက်စပ်လုပ်ငန်းကို ဖျက်သိမ်းလိုက်တဲ့အခါ ဘတ်ဖတ်ဟာ သူ့ရဲ့ စုဆောင်းငွေ $9,800 ကနေ $175,000 အထိ တိုးပွားလာခဲ့ပြီး ကိုယ်ပိုင် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းကို စတင်ဖို့ အသင့်ဖြစ်နေခဲ့ပါတယ်။

🚬 Buffett Associates Limited နှင့် "Cigar Butt" နည်းဗျူဟာ
• ၁၉၅၆ ခုနှစ်မှာ အသက် ၂၅ နှစ်အရွယ် ဘတ်ဖတ်ဟာ Buffett Associates Limited ကို အိုမားဟားကို ပြန်ပြီး စတင်တည်ထောင်ခဲ့ပါတယ်။
• သူဟာ ရုံးခန်းငှားခြင်း၊ ဝန်ထမ်းခန့်ခြင်းတို့ကို ရှောင်ပြီး သူ့အိမ်ရဲ့ အိပ်ခန်းတစ်ခန်းကို အသုံးပြုခဲ့ပါတယ်။
• သူ့သူငယ်ချင်းတွေနဲ့ မိသားစုတွေက စုစုပေါင်း $105,000 ကို ရင်းနှီးမြှုပ်နှံခဲ့ကြပါတယ်။
• ဂရေဟမ်ရဲ့ လွှမ်းမိုးမှုနဲ့ ဘတ်ဖတ်ဟာ တန်ဖိုးလျော့နေတဲ့ စတော့ရှယ်ယာတွေကို ဆက်လက်ရင်းနှီးမြှုပ်နှံခဲ့ပေမယ့်၊ ဖျက်သိမ်းလိုက်ရင်တောင် တန်ဖိုးပိုများနေတဲ့၊ ဒေဝါလီခံဖို့ အသင့်ဖြစ်နေတဲ့ စွမ်းဆောင်ရည် အလွန်ညံ့ဖျင်းသော ကုမ္ပဏီများကို ဝယ်ယူခြင်းဖြင့် ဒီအတွေးအခေါ်ကို အစွန်းရောက်အောင် လုပ်ဆောင်ခဲ့ပါတယ်။
• ဒီနည်းဗျူဟာကို သူက "Cigar Butt" (စီးကရက်တို) လို့ ခေါ်ဆိုခဲ့ပါတယ်။ စွန့်ပစ်ထားတဲ့ စီးကရက်တိုကို ကောက်ယူသူတိုင်း အခမဲ့ ဖွာရှိုက်နိုင်သလို၊ အလွန်တန်ဖိုးလျော့နေတဲ့ စတော့ရှယ်ယာကို ရှာပြီး သင့်တော်တဲ့စျေးနဲ့ ပြန်ရောင်းတဲ့အခါ ပထမဆုံး ဝယ်ယူမှုက ရရှိတဲ့ အကျိုးအမြတ်က အခမဲ့ ဖြစ်သွားပါတယ်။
• ဒီနည်းလမ်းဟာ အလွန်အောင်မြင်ခဲ့ပြီး ၆ နှစ်အတွင်း သူ့ရဲ့ ဖက်စပ်လုပ်ငန်းဟာ $105,000 ကနေ $7.2 သန်း အထိ တိုးတက်လာခဲ့ပါတယ်။
• ၁၉၅၆ ခုနှစ်မှ ၁၉၆၉ ခုနှစ်အတွင်း သူဟာ ပျမ်းမျှ ၂၉.၅% စုစုပေါင်း နှစ်အလိုက် အမြတ်ရရှိခဲ့ပြီး စတော့ဈေးကွက်ထက် လေးဆ ပိုသာလွန်ခဲ့ပါတယ်။
• ၁၀ နှစ်အတွင်း ဘတ်ဖတ်ဟာ ဒေါ်လာ ၄၄ သန်းကျော်ကို စီမံခန့်ခွဲနေပြီး ၃ နှစ်အကြာမှာ ၁၀၄ သန်းအထိ တိုးလာခဲ့ပါတယ်။
🛑 ဖက်စပ်လုပ်ငန်း ဖျက်သိမ်းခြင်းနှင့် ရင်းနှီးမြှုပ်နှံမှု အတွေးအခေါ်

ဈေးကွက် တက်နေသော်လည်း ဘတ်ဖတ်ဟာ စတော့ဈေးနှုန်းတွေ တက်လာတာကို စိုးရိမ်ခဲ့ပါတယ်။

ဝါရင်ဘတ်ဖတ် လက်စွဲထားတဲ့ ဆောင်ပုဒ်တစ်ခုကတော့ "တခြားသူတွေ လောဘကြီးနေချိန်မှာ ကြောက်ရွံ့ပါ၊ တခြားသူတွေ ကြောက်ရွံ့နေချိန်မှာ လောဘကြီးပါ" ဖြစ်ပါတယ်။

ဈေးနှုန်းတွေ အလွန်မြင့်မားနေတဲ့ ဈေးကွက်မှာ "Cigar Butt" ရင်းနှီးမြှုပ်နှံမှုတွေ ဆက်လုပ်ဖို့ ခက်ခဲလာပြီး စွန့်စားမှုများလာတယ်လို့ သူယူဆခဲ့ပါတယ်။

ဒါကြောင့် ၁၉၆၉ ခုနှစ်ကုန်မှာ သူဟာ လုပ်ငန်းကို ဖျက်သိမ်းပြီး သူ့ရဲ့ မိတ်ဖက်တွေကို အမြတ်တွေနဲ့ ပြန်လွှတ်ပေးခဲ့ပါတယ်။

ဒီအချိန်မှာ သူဟာ အသက် ၃၉ နှစ်အရွယ်နဲ့ ကိုယ်ပိုင် စည်းစိမ်ဥစ္စာ $25 သန်းကို တည်ဆောက်ပြီးခဲ့ပါပြီ။

🧵 Berkshire Hathaway သို့ အသွင်ပြောင်းခြင်း
• Berkshire Hathaway ဟာ မအောင်မြင်နိုင်တဲ့ အထည်အလိပ်ကုမ္ပဏီတစ်ခုဖြစ်ပြီး ၁၉၆၅ မှာ စတော့ရှယ်ယာတစ်ခုကို $7 နဲ့ အရောင်းအဝယ် လုပ်နေခဲ့ပါတယ်။
• ဘတ်ဖတ်ဟာ $7.50 နဲ့ ရှယ်ယာများစွာကို Cigar Butt အဖြစ် ဝယ်ယူခဲ့ပြီး နောက်ပိုင်းမှာ $11.50 နဲ့ ရောင်းဖို့ သဘောတူခဲ့ပါတယ်။
• ဒါပေမယ့် ပိုင်ရှင်က $11.37 နဲ့ ဝယ်ဖို့ ကြိုးစားခဲ့တာကြောင့် ဘတ်ဖတ်ဟာ ဒေါသထွက်ပြီး ကုမ္ပဏီတစ်ခုလုံးကို ဝယ်ယူလိုက်ပြီး ပိုင်ရှင်ကို ထုတ်ပယ်ခဲ့ပါတယ်။
• ကုမ္ပဏီကျဆင်းနေတာကို ပိုင်ဆိုင်ခဲ့ရပေမယ့် ဘတ်ဖတ်ဟာ Berkshire Hathaway ကို အထည်အလိပ်လုပ်ငန်းကနေ ရင်းနှီးမြှုပ်နှံမှုတွေ ပြုလုပ်ဖို့အတွက် ** holding firm (ပိုင်ဆိုင်မှု စီမံခန့်ခွဲသည့် ကုမ္ပဏီ)** အဖြစ် အသုံးပြုဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
🛡️ "ကြီးမြတ်သော ကုမ္ပဏီများကို သင့်တင့်သော စျေးနှုန်းဖြင့် ဝယ်ယူခြင်း" (Economic Moat)

သူ့ရဲ့ လုပ်ငန်းမိတ်ဆွေကောင်းဖြစ်တဲ့ ချာလီ မန်ဂါ (Charlie Munger) ရဲ့ လွှမ်းမိုးမှုကြောင့် ဘတ်ဖတ်ဟာ သူ့ရဲ့ ရင်းနှီးမြှုပ်နှံမှု အတွေးအခေါ်ကို ပြောင်းလဲခဲ့ပါတယ်။

"ကောင်းမွန်သော စျေးနှုန်းဖြင့် သင့်တင့်သော ကုမ္ပဏီများကို ဝယ်ယူခြင်း" မှ "သင့်တင့်သော စျေးနှုန်းဖြင့် ကြီးမြတ်သော ကုမ္ပဏီများကို ဝယ်ယူခြင်း" သို့ ပြောင်းလဲခဲ့ပါတယ်။

သူဟာ economic moat (စီးပွားရေး ရေကျုံး) ရှိတယ်လို့ သူယုံကြည်တဲ့ ကုမ္ပဏီတွေကို ရှာဖွေစတင်ခဲ့ပါတယ်။ Moat ဆိုတာက ကုမ္ပဏီတစ်ခုက စက်မှုလုပ်ငန်းရှိ ကျန်တဲ့ ပြိုင်ဘက်တွေအပေါ် ယှဉ်ပြိုင်မှု အားသာချက်ကို ထိန်းသိမ်းထားနိုင်ပြီး သူ့ရဲ့ ဈေးကွက်ဝေစုကို ထိန်းထားနိုင်တဲ့ စွမ်းရည်ကို ဆိုလိုပါတယ်။

ဥပမာအနေနဲ့ Coca-Cola လိုမျိုး ရာစုနှစ်တစ်ခုကျော် ရှိနေပြီး ကမ္ဘာတစ်ဝန်းက ဘီလီယံပေါင်းများစွာသော လူတွေနဲ့ ချိတ်ဆက်ထားတဲ့ အမှတ်တံဆိပ်ဟာ အခြားအမှတ်တံဆိပ်တွေ ယှဉ်ပြိုင်ဖို့ ခက်ခဲစေတဲ့ အားသာချက်တစ်ခု ဖြစ်ပါတယ်။

ဒီအတွေးအခေါ်အသစ်ကို အသုံးပြုပြီး American Express နဲ့ The Washington Post လိုမျိုး Grade A ကုမ္ပဏီတွေရဲ့ ရှယ်ယာအမြောက်အများကို Berkshire Hathaway ကနေတစ်ဆင့် ဝယ်ယူခဲ့ပါတယ်။

💰 အာမခံလုပ်ငန်း၏ အစွမ်း (The Power of Insurance)
• ဘတ်ဖတ်ရဲ့ စည်းစိမ်ဥစ္စာ အမှန်တကယ် တိုးတက်စေခဲ့တဲ့ အရာကတော့ အာမခံလုပ်ငန်းထဲကို ဝင်ရောက်ခဲ့ခြင်း ဖြစ်ပါတယ်။
• အာမခံကုမ္ပဏီတွေဟာ ဘဏ်တွေနဲ့ ပိုတူပါတယ်။ လူတွေက ပုံမှန် ပရီမီယံကြေး ပေးဆောင်တဲ့အတွက် ကုမ္ပဏီပိုင်ရှင်တွေဟာ များပြားတဲ့ ငွေသားပမာဏ (cash on hand) ကို ရရှိလေ့ရှိပါတယ်။
• ဘတ်ဖတ်က အဲဒီငွေသားကို သတိထားပြီး စီးပွားရေးလုပ်ငန်းတွေထဲ ရင်းနှီးမြှုပ်နှံနိုင်တယ်၊ ဆိုလိုတာက အဲဒီရင်းနှီးမြှုပ်နှံမှုတွေကနေ ပိုပြီး အမြတ်အစွန်း ရရှိနိုင်တယ်ဆိုတာကို သိရှိခဲ့ပါတယ်။
• ၁၉၆၇ ခုနှစ်ကတည်းက သူဟာ National Indemnity နဲ့ GEICO လိုမျိုး အာမခံလုပ်ငန်းတွေကို ဝယ်ယူခဲ့ပါတယ်။
• အဲဒီအာမခံကုမ္ပဏီတွေကနေ ဒေါ်လာ ဘီလီယံပေါင်းများစွာကို အသုံးပြုပြီး Coca-Cola ရဲ့ စုစုပေါင်း စတော့ရှယ်ယာရဲ့ ၇% ကို ရယူခဲ့ခြင်းအပါအဝင် Moat ရှိတယ်လို့ ယုံကြည်တဲ့ လုပ်ငန်းတွေမှာ ရင်းနှီးမြှုပ်နှံခဲ့ပါတယ်။
• ဒီလိုနဲ့ Berkshire ရဲ့ ရင်းနှီးမြှုပ်နှံမှု ပမာဏဟာ အရှိန်အဟုန်နဲ့ တိုးတက်လာခဲ့ပြီး ၁၉၉၀ ပြည့်နှစ်မှာ စတော့ရှယ်ယာတစ်ခုရဲ့ တန်ဖိုးဟာ $7,000 ဝန်းကျင်မှာ အရောင်းအဝယ် လုပ်ခဲ့ပါတယ်။
• အသက် ၆၀ နှစ်အရွယ်မှာ ဝါရင်ဘတ်ဖတ် ကိုယ်တိုင်ရဲ့ ပုဂ္ဂလိက စည်းစိမ်ဥစ္စာဟာ ဒေါ်လာ ဘီလီယံတစ်ရာကျော် သွားခဲ့ပါတယ်။
👑 နိဂုံးချုပ်
• ယခုအခါ Berkshire Hathaway ဟာ ကမ္ဘာပေါ်မှာ အစွမ်းအထက်ဆုံးနဲ့ အမြတ်အစွန်း အများဆုံး ကုမ္ပဏီတွေထဲက တစ်ခုဖြစ်ပြီး ဘတ်ဖတ်ဟာ ၂၀၀၈ ခုနှစ်မှာ ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ်ဖြစ်လာခဲ့ပါတယ်။
• ဒီလို ကြွယ်ဝချမ်းသာမှုတွေ ရှိနေပေမယ့်လည်း ဘတ်ဖတ်ဟာ ခြိုးခြံချွေတာတဲ့သူအဖြစ် ဆက်လက်တည်ရှိနေပြီး၊ ၂၀၁၄ ခုနှစ်ထုတ် Cadillac XTS ကားကို မောင်းနှင်နေတာနဲ့ မနက်စာကို McDonald's မှာ စားနေတာကို မြင်တွေ့နိုင်ပါသေးတယ်။
Oracle of Omaha ဟာ သူရဲ့ ကိုယ်ပိုင်မူတွေနဲ့ သမာဓိရှိရှိ နေထိုင်ခဲ့တဲ့သူတစ်ဦး ဖြစ်တယ်ဆိုတာ ရှင်းပါတယ်။ ဒါပေမယ့် ဘယ်အရာထက်မဆို သူဟာ စီးပွားရေးနဲ့ ရင်းနှီးမြှုပ်နှံမှုဂိမ်းကို တခြားသူတွေထက် ပိုမိုနားလည်ခဲ့တဲ့သူအဖြစ် အမှတ်ရနေမှာ ဖြစ်ပါတယ်။

🏦 ဝါရင်ဘတ်ဖတ် (Warren Buffett)
crd-GD Seven up

ကွာရှင်းဟိုတယ် ❤️‍🩹သူနဲ့သူမ မင်္ဂလာဆောင်တာ (၁ဝ)နှစ်တင်းတင်း ပြည့်ခဲ့ပြီ။ လင်မယားနှစ်ယောက်ကြားမှာ ဘာစိတ်လှုပ်ရှားမှုမှ မရ...
27/10/2025

ကွာရှင်းဟိုတယ် ❤️‍🩹

သူနဲ့သူမ မင်္ဂလာဆောင်တာ (၁ဝ)နှစ်တင်းတင်း ပြည့်ခဲ့ပြီ။ လင်မယားနှစ်ယောက်ကြားမှာ ဘာစိတ်လှုပ်ရှားမှုမှ မရှိတော့သလို စိတ်ဝင်စားမှုလည်း မရှိတော့ဘူး။ အချိန်ကြာလေ သူမကို တာဝန်နဲ့ဝတ္တရားအရ သူဆက်ဆံနေရတယ်လို့ သူထင်လာလေ။

သူမအပေါ် သူငြီးငွေ့လာတယ်။ အထူးသဖြင့် သူ့အလုပ်မှာ အသစ်ဝင်လာတဲ့ သွက်သွက်လက်လက် ကောင်မလေးတစ်ယောက်ကြောင့် ဖြစ်တယ်။ ကောင်မလေးက သူ့ကို ရှုးသွပ်စေတယ်။ ဒါဟာ သူ့ရဲ့ဒုတိယအရွယ် စိတ်လှုပ်ရှားမှုလို့ သူထင်တယ်။

အကြိမ်ကြိမ် တွေးတောဆုံးဖြတ်ပြီးနောက် သူမနဲ့ကွာရှင်းဖို့ သူဆုံးဖြတ်လိုက်တယ်။ ဒီလိုခံစားချက်မျိုးက သူမအတွက် ထုံကျင်နေပါပြီ။ တည်တည်ငြိမ်ငြိမ်နဲ့ သူ့တောင်းဆိုချက်ကို သူမခေါင်းညိတ်လိုက်တယ်။

နှစ်ဦးသား တရားရုံးသွားပြီး ကွာရှင်းကြတယ်။ ကွာရှင်းစာချုပ်ပေါ်မှာ လက်မှတ်ထိုးပြီး ရုံးကနေ သူတို့ထွက်လာကြတယ်။ နှစ်ယောက်စလုံး သူတစ်လမ်း ကိုယ်တစ်လမ်း လွတ်လပ်သူတွေ ဖြစ်သွားကြပြီ။

ဒါပေမယ့် ဘာကြောင့်မှန်းမသိ သူ့စိတ်ထဲမှာ ဟာတာတာ ခံစားနေရတယ်။ သူမကို သူတစ်ချက်ကြည့်ပြီး....

"မိုးတောင်ချုပ်နေပြီ။ ငါတို့ညစာအတူသွားစားရအောင်"

"ကောင်းပြီလေ... "ကွာရှင်းဟိုတယ်" ဆိုတဲ့ စားသောက်ဆိုင်အသစ် ဖွင့်ထားတယ်လို့ ကြားတယ်။ အဲဒီ"ကွာရှင်းဟိုတယ်"က ကွာရှင်းပြတ်စဲပြီးစ ဇနီးမောင်နှံတွေ နောက်ဆုံးတစ်နပ်အတွက် သီးသန့်ဖွင့်ထားတဲ့ ဟိုတယ်ပါတဲ့။ အဲဒီမှာ သွားစားရအောင်" သူ့ကိုတစ်ချက်ကြည့်ပြီး သူမပြောတယ်။

သူခေါင်းညိတ်ပြီး နှစ်ယောက်သားနှုတ်ဆိတ်လို့ ဟိုတယ်ထဲ ရှေ့ဆင့်နောက်ဆင့် ဝင်သွားကြတယ်။

"ကောင်းသော ညနေခင်းပါ"

အခန်းထဲထိုင်လိုက်တာနဲ့ ဟိုတယ်ဝန်ထမ်းက ရောက်လာတယ်။

"ဘာများ သုံးဆောင်ကြမလဲရှင်"

"မင်း မှာကွာ" သူမကို ကြည့်ပြီး သူပြောလိုက်တယ်။

"ကျွန်မ အပြင်သိပ်မထွက်တော့ ဒါတွေကို မသိဘူး။ ရှင်ပဲ မှာပါ" သူမခေါင်းခါပြီး ပြောတယ်။

"ဆောရီး..... ကျွန်မတို့ ကွာရှင်းဟိုတယ်မှာ စည်းကမ်းတစ်ခုရှိတယ်။ ဒီညစာကို မိန်းမဖြစ်သူက ယောက်ျားကြိုက်တတ်တာတွေ မှာပေးရသလို ယောက်ျားဖြစ်သူကလည်း မိန်းမကြိုက်တတ်တာတွေကို မှာပေးရပါတယ်။ ဒါကို "နောက်ဆုံးအမှတ်တရ" လို့ ခေါ်ပါတယ်"

"ကောင်းပြီလေ" ဆံပင်ကို သူမ သပ်
တင်ပြီး ဟင်းတွေ မှာလိုက်တယ်။

"ငါးပေါင်းတစ်ပွဲ၊ မှိုကြော်တစ်ပွဲ၊ မှိုနားရွက်သုပ်တစ်ပွဲ.. ဒီဟင်းတွေအားလုံး ဂျင်း၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ မထည့်နဲ့နော်။ ကျွန်မအမျိုးသား....အော်.. ဒီအမျိုးသားက အဲတာတွေ မစားဘူး"

"လူကြီးမင်းကရော ဘာမှာမလဲ" ဝန်ထမ်းက သူ့ကိုကြည့်ပြီး မေးတယ်။

တခဏလောက် သူငေးကြောင်သွားမိတယ်။ လက်ထပ်ပြီး (၁၀)နှစ်မှာ ကိုယ့်မိန်းမ ဘာကြိုက်တတ်မှန်း သူမသိခဲ့ဘူး။ ပါးစပ်ကြီးဟပြီး သူဘာပြောရမှန်း မသိဖြစ်နေတယ်။

"ဒါတွေပဲ လုပ်ပါ။ အဲဒီဟင်းက ကျွန်မတို့နှစ်ယောက်စလုံးကြိုက်တဲ့ ဟင်းပါ" သူ့အဖြစ်ကို သူမက အမြန် ဝင်ကယ်တယ်။

ဝန်ထမ်းကောင်မလေးက ရယ်ပြီး "တကယ်တမ်းပြောရရင် ကျွန်မတို့ ကွာရှင်းဟိုတယ်ကို နောက်ဆုံးအကြိမ် ညစာလာစားကြတဲ့ ဇနီးမောင်နှံတွေက ဘာမှ စားချင်စိတ်ရှိကြတော့တာ မဟုတ်ဘူး။ ဒါကြောင့် ဒီ"နောက်ဆုံးအမှတ်တရ" ကို မစားကြတော့ဘဲ ကျွန်မတို့ဟိုတယ်က ကွာရှင်းသူတွေအတွက် အထူးစီမံထားတဲ့အအေးကိုပဲ သောက်ကြရအောင်၊ ကျွန်မတို့ဟိုတယ်ကို ရောက်လာသူတိုင်းက ဒါကို မငြင်းဘဲ မှာကြတယ်"

"အင်း.. ဒါဆိုလည်း အအေးပဲ မှာကြတာပေါ့" သူတို့နှစ်ဦးစလုံး ခေါင်းညိတ်ပြီး ပြောတယ်။

သိပ်မကြာဘူး။ ဝန်ထမ်းကောင်မလေးက အအေးနှစ်ခွက်လာပို့တယ်။ တစ်ခွက်က ရေခဲပါတဲ့ အပြာနုရောင်အရည်ဖြစ်ပြီး တစ်ခွက်က အငွေ့ထောင်းထောင်းထနေတဲ့ အနီရောင်အရည်ဖြစ်တယ်။

"ဒီအအေးတွေကို "မီးတောက်တစ်ဝက်၊ ပင်လယ်ရေတစ်ဝက်" လို့ခေါ်တယ်။ သုံးဆောင်နိုင်ပါပြီ"

ဝန်ထမ်းကောင်မလေးက ပြောပြောဆိုဆို နေရာက ခွာတယ်။ အခန်းတစ်ခုလုံး တိတ်ဆိတ်နေတယ်။ နှစ်ယောက်သား မျက်နှာချင်းဆိုင်ထိုင်ပြီး ဘာပြောရမှန်းမသိ ဖြစ်နေကြတယ်။

"တောက်... တောက်.. တောက်"

တံခါးခေါက်သံနဲ့အတူ ဝန်ထမ်းကောင်မလေး ဝင်လာပြန်တယ်။

"လူကြီးမင်း... သူ့ကို ပထမဆုံးအကြိမ် ပန်းစည်းလက်ဆောင်ပေးတဲ့အဖြစ်ကို မှတ်မိသေးလား၊ အခု အရာအားလုံးက ပြီးဆုံးသွားခဲ့ပြီ။ လင်မယား မဟုတ်တော့လည်း သူငယ်ချင်းမိတ်ဆွေအဖြစ် အသိအမှတ်ပြုလို့ရတယ်။ သူ့ကို နှင်းဆီတစ်ပွင့် လက်ဆောင်ပေးလိုက်ပါဦး"

သူမတစ်ကိုယ်လုံး တုန်လှုပ်သွားမိတယ်။ လွန်ခဲ့တဲ့(၁၀)နှစ်က သူပန်းစည်းပေးတဲ့ ပုံရိပ်တွေကို သူမ မြင်ယောင်လာမိတယ်။

အဲဒီတုန်းက ဆွေမရှိ၊ မျိုးမရှိတဲ့ သူစိမ်းမြို့မှာ သူတို့ ဘာမှမရှိခဲ့ဘူး။ အရာအားလုံး သုညက စခဲ့ကြတယ်။ နေ့လယ်နေ့ခင်းမှာ နေရာအနှံ့ သူတို့အလုပ်လိုက်ရှာကြတယ်။ ရုန်းကန်ကြတယ်။ ညရောက်တော့ ညစျေးမှာ သူမစျေးရောင်းထွက်သလို သူက စားသောက်ဆိုင်မှာ ပန်းကန်ဆေးတယ်။ ညနက်သန်းခေါင်ရောက်မှ ငှားနေတဲ့ ၁ဝပေပတ်လည် အခန်းကျဉ်းထဲ သူတို့ပြန်ခဲ့ကြတယ်။ နေ့ရက်တွေကို ခက်ခက်ခဲခဲ ပင်ပင်ပန်းပန်း ဖြတ်ကျော်ခဲ့ရလည်း သူတို့ပျော်ရွှင်ခဲ့ကြတယ်။

အဲဒီမြို့ကိုရောက်တဲ့ ပထမဆုံးအကြိမ် ချစ်သူများနေ့မှာ သူမအတွက် သူ ပထမဆုံးအကြိမ် နှင်းဆီအနီရဲရဲတစ်ပွင့် လက်ဆောင်ပေးတယ်။ သူမ မျက်ရည်ကျအောင် ပျော်ခဲ့တယ်။

(၁၀)နှစ်တိုင်ခဲ့ပါပြီ။ သူတို့ဘဝ အရာအားလုံး ပြည့်စုံလာချိန် လမ်းခွတစ်နေရာမှာ သူတို့ရောက်နေကြတယ်။ အတိတ်ကအကြောင်းတွေ တွေးရင်း သူမ မျက်ရည်ကျလာတယ်။

"မလိုတော့ပါဘူး..." လက်ကာပြပြီး သူမပြောတယ်။

လွန်ခဲ့တဲ့(၁၀)နှစ်အဖြစ်ကို သူလည်း မြင်ယောင်နေမိတယ်။ သူမအတွက် နှင်းဆီပန်း မပေးမိတာ ၅နှစ်၊ ၆နှစ်ရှိခဲ့မှန်း အခုမှ သူသတိရတယ်။

"လိုတယ်.. ပန်းယူမယ်" လက်ပြပြီး သူပြောတယ်။

ဝန်ထမ်းကောင်မလေးက နှင်းဆီတစ်ပွင့်ကိုယူပြီး နှစ်ပိုင်းခွဲလိုက်တယ်။ ပြီးနောက် ပွင့်ဖပ်တွေကို သူတို့ရဲ့အအေးခွက်ထဲ ပစ်ထည့်လိုက်တယ်။ ပွင့်ဖပ်တွေက အအေးထဲ ပျော်ဝင်ကုန်တယ်။

"ဒီနှင်းဆီပွင့်က ကျွန်မတို့ ဟိုတယ်က ကောက်ညှင်းနဲ့ အထူးပြုလုပ်ထားတဲ့ နှင်းဆီတွေပါ။ ဒါဟာလည်း လူကြီးမင်းတို့အတွက် တတိယမြောက် စားစရာတစ်ခုပါပဲ။ ဒါကို "ရောင်ပြန်အလှ" လို့ခေါ်တယ်။ လူကြီးမင်းတို့ ဖြည်းဖြည်းသုံးဆောင်ကြပါ။ လိုအပ်ရင် ကျွန်မကိုခေါ်လိုက်ပါ"

ဝန်ထမ်းကောင်မလေးက ပြောပြောဆိုဆို လှည့်ထွက်သွားတယ်။

"xx...ဟို.... မောင် ......"

သူ့အသံတွေ လည်ချောင်းဝမှာ ပျောက်နေတယ်။ သူမလက်ကို သူဖမ်းဆုပ်လိုက်တယ်။ သူမလက် လှုပ်သွားတယ်။ ဒါပေမယ့် မရုန်းမိဘူး။ နှစ်ဦးသား တစ်ယောက်ကိုတစ်ယောက် မျက်နှာချင်းဆိုင် ကြည့်နေကြတယ်။ ဘာမှ မပြောဖြစ်ကြဘူး။

"ဖပ်"

ရုတ်တရက် မီးမှိတ်သွားတယ်။ အခန်းတစ်ခုလုံး မှောင်အတိကျသွားတယ်။ အပြင်က အရေးပေါ်ခေါင်းလောင်းသံ မြည်လာပြီး အခန်းထဲ မီးခိုတွေ လှိမ့်ဝင်လာတယ်။

"ဘာဖြစ်တာလဲ"

နှစ်ယောက်လုံး အမြန်ထရပ်လိုက်ကြတယ်။

"ဟိုတယ် မီးလောင်နေတယ်ဗျို့။ အားလုံး လုံခြုံရေးလမ်းညွှန်ဘက် အမြန်သွားကြပါ"

အပြင်က အသံကုန်အော်ဟစ်သံကို ကြားလိုက်တယ်။

"မောင်.... ကျွန်မကြောက်တယ်" သူ့ရင်ခွင်ထဲ သူမတိုးဝင်လိုက်တယ်။

"မကြောက်နဲ့... မောင်ရှိတယ်။ လာ... အပြင်ကို ထိုးထွက်ရအောင်" သူမကို တင်းတင်းပွေ့ပြီး သူပြောတယ်။

အပြင်ကိုရောက်တော့ အပြင်ကမီးရောင်နဲ့လင်းနေတာကို တွေ့လိုက်တယ်။ ဘာမှမဖြစ်ပျက်ခဲ့သလို အရာတိုင်းက သူ့နေရာနဲ့သူ ရှိနေတယ်။ အဲဒီအချိန်မှာ ဝန်ထမ်းကောင်မလေး ရောက်လာပြီး...

"ဆောရီး... လူကြီးမင်းတို့ကို လန့်အောင် လုပ်လိုက်မိပြီ။ ဟိုတယ် မီးမလောင်ပါဘူး။ အခန်းထဲ မီးခိုးတွေကို တမင်လွတ်လိုက်တာပါ။ ဒါဟာ ကျွန်မတို့ရဲ့ စတုတ္ထမြောက်ဟင်းပါပဲ။ ဒါကို "ရင်ထဲက ရွေးချယ်ခြင်း" လို့ ခေါ်တယ်။ အခန်းထဲ ပြန်ဝင်နိုင်ပါပြီ"

အခန်းထဲ သူတို့ပြန်ဝင်လာခဲ့ကြတယ်။ အခန်းထဲမှာ ပကတိအတိုင်း မီးရောင်နဲ့လင်းနေတယ်။ သူမကို သူဆွဲပွေ့ပြီး...

"ဟန်နီ... ဝန်ထမ်းကောင်မလေး ပြောတာမှန်တယ်။ အခုနက ဟန်နီနဲ့မောင်ရဲ့ တကယ့်ရင်ထဲက ရွေးချယ်တာတွေဖြစ်တယ်။ တကယ်တော့ မောင်တို့နှစ်ယောက် တစ်ယောက်ကိုတစ်ယောက် မခွဲနိုင်ကြဘူး။ မနက်ဖြန် မောင်တို့မင်္ဂလာပြန်ဆောင်ကြရအောင်ကွာ"

"မောင် ဆန္ဒရှိလို့လား" နုတ်ခမ်းကိုက်ပြီး သူမမေးတယ်။

"ဆန္ဒရှိတာပေါ့။ အခု ဘာမဆို မောင်နားလည်သဘောပေါက်လာပြီ ဟန်နီ။ မောင်တို့ မနက်ဖြန် အစောကြီး မင်္ဂလာဆောင်ရအောင်ကွာ။ ရှင်းမယ်ဟေ့...." ပြောပြောဆိုဆို ဝန်ထမ်းကောင်မလေးကို သူလှမ်းအော်လိုက်တယ်။

ဝန်ထမ်းကောင်မလေးဝင်လာပြီး အနီရောင် ငွေတောင်းခံလွှာကို ကမ်းပေးတယ်။

"လူကြီးမင်းတို့နှစ်ယောက်အတွက် ဒါဟာ ဒီဟိုတယ်ရဲ့နောက်ဆုံးလက်ဆောင်ပါ။ ဒါကို "ထာဝရတောင်းခံလွှာ" လို့ခေါ်တယ်။ နှစ်ယောက်လုံး ထာဝရသိမ်းထားပေးပါ"

စာရွက်ကို သူကြည့်လိုက်တယ်။ သူ့မျက်လုံးအိမ်မှာ မျက်ရည်တွေ ပြည့်လျံလာတယ်။

"ဘာဖြစ်တာလဲ" သူမ စိုးရိမ်တကြီးမေးတယ်။

"ဟန်နီ... မောင်မှားပါတယ်။ မောင်တောင်းပန်ပါတယ် ဟန်နီ" စာရွက်ကို ကမ်းပေးရင်း သူပြောတယ်။

စာရွက်ကို သူမကြည့်လိုက်တယ်။ စာရွက်ပေါ်မှာ ရေးထားတာက.......

နွေးထွေးတဲ့ မိသားစုတစ်စု၊
ကြိုးစားရုန်းကန်ခဲ့တဲ့ လက်တစ်စုံ၊
သင့်ပြန်အလာကို ညနက်သန်းခေါင်အထိစောင့်နေတဲ့ မငြိမ်းတဲ့ မီးတစ်ပွင့်၊
ကျန်းမာရေးဂရုစိုက်ပါလို့
၁၂ ရာသီလုံး မှာတဲ့စကား၊
အနှိုင်းမဲ့တဲ့ ဂရုစိုက်မှု၊
ယောက္ခမအတွက် အပြုအစု၊
ကလေးအတွက် မိုးလင်းမိုးချုပ်စောင့်ရှောက်မှု၊
သင်ကြိုက်တဲ့အစားအစာအတွက် အချက်အပြုတ်၊
သင့်အတွက် ဆုံးရှုံးလိုက်ရတဲ့ နုပျိုခြင်းတွေ....
ဒါဟာ သင့်ဇနီးမယားပဲဖြစ်တယ်။

"မောင်.... မောင်လည်း ပင်ပန်းပါတယ်။ ဒီနှစ်တွေမှာ မောင်ကို ကျွန်မ လျစ်လျူရှူမိခဲ့တယ်"

လက်ထဲကစာရွက်ကို သူမကမ်းပေးပြီး ပြောတယ်။ စာရွက်ကို သူကြည့်လိုက်တယ်။ စာရွက်ပေါ်မှာ ရေးထားတာက....

ယောက်ျားတစ်ယောက်ရဲ့တာဝန်၊
ကြီးလေးတဲ့တာဝန်ကို ပခုံးနှစ်ဘက်နဲ့ ထမ်းထားတယ်၊
ညနက်သန်းခေါင်မှ ပင်ပင်ပန်းပန်းပြန်လာတယ်၊
စားဝတ်နေရေးအတွက် နေရာအနှံ့ပြေးလွှားရတယ်၊
ပြောမထွက်ခဲ့တဲ့ စိတ်ဆင်းရဲခြင်းတွေ၊
မျက်နှာပေါ်က ရင့်ရော်ခြင်းတွေ၊
ခယ်မ၊ ယောက္ခမတွေအတွက် တာဝန်တွေ၊
ကျရှုံးခြင်း၊ ဆုံးရှုံးခြင်းနဲ့ ရုန်းကန်မှုတွေ၊
မိသားစုအတွက်၊ သားသမီးအတွက် မေတ္တာတွေ....
ဒါဟာ သင့်ခင်ပွန်းပဲဖြစ်တယ်။

နှစ်ယောက်သား တစ်ယောက်ကိုတစ်ယောက် ပွေ့ဖက်ပြီး သူတို့ငိုမိကြတယ်။ ငွေရှင်းပြီး ဟိုတယ်မန်နေဂျာကို သူတို့ကျေးဇူးတင် စကားပြောကြတယ်။ အဲဒီနောက် တစ်ယောက်လက်ကိုတစ်ယောက်တွဲပြီး ဟိုတယ်က သူတို့ထွက်ခဲ့ကြတယ်။ ပျော်ရွှင်သွားကြတဲ့ သူတို့နောက်ကျောပုံရိပ်ကို ကြည့်ပြီး ဟိုတယ်မန်နေဂျာ ခေါင်းတဆတ်ဆတ် ညိတ်နေခဲ့တယ်။

"သိပ်ပျော်စရာကောင်းတာပဲ။ ကျွန်တော်တို့ ကွာရှင်းဟိုတယ်က မိသားစုတစ်စုကို ကယ်တင်လိုက်ပြန်ပြီ"

-- ဘာသာပြန်ဖြစ်ခဲ့တဲ့ စာတစ်ပုဒ်..
ဒီစာနဲ့ မိသားစုဘယ်နှစု နားလည်မှုတွေတိုးပြီး အချင်းချင်း ဂရုစိုက်မှုတွေ တိုးခဲ့ကြမလဲ...

နိုင်းနိုင်းစနေ (Wednesday, August 25, 2010)

Address

No. 27, Padin Tan Street
Pathein

Opening Hours

Monday 07:00 - 18:00
Tuesday 07:00 - 18:00
Wednesday 07:00 - 18:00
Thursday 07:00 - 18:00
Friday 07:00 - 18:00
Saturday 07:00 - 18:00
Sunday 07:00 - 18:00

Website

Alerts

Be the first to know and let us send you an email when Pathein Store posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Pathein Store:

Share

ပုသိမ်စတိုး (Pathein Store)

ပုသိမ်စတိုး(Pathein Store) ဆိုတာ ပုသိမ်မြို့ရဲ့ အကောင်းဆုံး Online Shopping ဝန်ဆောင်မှုလုပ်ငန်းတစ်ခုဖြစ်ပါတယ်..

ပုသိမ်စတိုးကနေ

ကုန်ပစ္စည်းရောင်းချခြင်းနဲ့ ကုန်ပစ္စည်း ပို့ဆောင်ခြင်း ဝန်ဆောင်မှု (Delivery Service) ဆိုပြီး ၂ မျိုးကိုဆောင်ရွက်ပေးပါတယ်..

ဆိုလိုတာက ပုသိမ်စတိုးကနေ တိုက်ရိုက်ဝယ်ယူနိုင်တာရှိသလို ပုသိမ်စတိုးနဲ့ချိတ်ဆက်ထားတဲ့ အခြားသော စျေးဆိုင်တွေကပစ္စည်းတွေကို ဝယ်ယူမယ်ဆိုရင်လည်း ဝယ်ယူတဲ့ပစ္စည်းတွေကို ပို့ဆောင်ပေးတဲ့ လုပ်ငန်းကို လုပ်ပါတယ်..