Panda's Collection

Panda's Collection My Perfume Inspired Perfume!

07/10/2023

မြန်မာမှာက ''ရေမွှေး'' လို့ တစ်လုံးတည်း ဝေါဟာရနဲ့အကုန်ပြည့်စုံပါတယ်။
တကယ်တမ်းဝယ်ကြတဲ့အခါ ရေမွှေးဗူးအောက်ခြေက အမျိုးအစားကို ကျနော်ပိုစိတ်ဝင်စားပါတယ်။ အဆီအနှစ်ပါဝင်နှုန်းကို များရာကနေ နည်းရာကို အစဉ်လိုက်အတိုင်းပြောရရင်

Perfume > Eau de Perfume > Eau de Toilette > Eau de Cologne အစရှိသဖြင့် သွားပါတယ်။

Perfume က နည်းနည်းလေးဆွတ်ရုံနဲ့လုံလောက်ပြီး ပုလင်းလည်း သေးသေးလေးပါပဲ. . .ဒါတောင်သူက စျေးအကြီးဆုံးပါ။

Eau de Perfume က တော့ အဆီပါဝင်မှု % က Perfume လောက်မများဘူး။ ဒါ့ကြောင့် Perfume လောက် ရနံ့မစွဲဘူး။

Eau de Toilette က ပိုရနံ့ပျယ်လွယ်တယ်။ ပမာဏ ပိုများများဆွတ်ဖို့လိုတာကြောင့် ပုလင်းခပ်ကြီးကြီးမှာ တစ်ခါမှုတ်လိုက်ရင် တော်တော်များများပါလာအောင် Spray အနေနဲ့ရောင်းတာများတယ်။ ရနံ့ဆီပါဝင်မှုနည်းပြီး ကျဲလည်းကျဲတာကြောင့် Spray လို ဖျန်းရတာ ပိုအဆင်ပြေတာလည်း ပါတယ်။

Eau de Cologne ကတော့ ပိုကျဲသလို အနံ့လည်းသိပ် မစွဲတတ်ပါဘူး။

Eau de Cologne အနောက်မှာ Body Spray နဲ့ Body Mist တွေ ရှိပါသေးတယ်။ အားကစားလုပ်တဲ့သူတွေ ချွေးထွက်သန်တဲ့လူတွေက ဒါမျိုးတွေနဲ့ပိုကိုက်တယ်။
-----------------------------------------
ရေမွှေးတစ်ခု ဆွတ်ပြီးတဲ့အခါ အနံ့(၃)ကြိမ် ထုတ်လွှတ်လေ့ရှိပါတယ်။ ဆွတ်ဆွတ်ချင်း ထွက်လာတာကို Head လို့ခေါ်တယ်။ ကိုယ့်အတွက်ကိုယ်ဆွတ်တဲ့သူတွေအတွက် Head အပိုင်း အားသာတဲ့ဟာမျိုးသင့်လျော်တယ်။ ရေမွှေးဆွတ်တဲ့အချိန် ထွက်လာတဲ့အနံ့ကို ကိုယ့်ဟကိုယ်ရှုရှိုက်စိတ်ရွှင်လန်းပြီး ကျေနပ်နေမယ့်သူမျိုးတွေပေါ့။ ဆိုင်မှာဝယ်တဲ့အခါ စမ်းလို့အလွယ်ဆုံးပါပဲ။

Heart လို့ခေါ်တဲ့ ဆွတ်ပြီး နည်းနည်းကြာမှထွက်တဲ့ အနံ့က သူများအတွက် ရည်ရွယ်တာပါ။ မိမိဆွတ်ထားကြောင်း လူသိစေလိုသူတွေကတော့ Heart အပိုင်းအားသာတဲ့ဟာမျိုး ရွေးဝယ်ကြတယ်။ ဆိုင်မှာဝယ်တဲ့အခါ ဆွတ်ပြီး နာရီဝက်လောက်ကြာမှ ထွက်တတ်လို့ စမ်းရအဆင်သိပ်မပြေဘူး။

Bottom ကတော့ ရနံ့တွေ ပြယ်ပြီး Vaporise ဖြစ်ချိန်မှာမှ ထွက်တတ်တာမျိုး။ ရုံးဆင်းချိန်တွေမှာ ရနံ့သင်းသင်းလေးနဲ့ ရေမွှေးရောကိုယ်ပါ တစ်ယောက်ကိုတစ်ယောက်အမှီသဟဲပြ ုရင်း အိမ်တူတူပြန်ကြမယ့် သူတွေက Bottom ပိုင်း အားသာတဲ့ ရေမွှေးမျိုးကို ဝယ်ကြတယ်။

Heart နဲ့ Bottom notes တွေ စမ်းချင်တဲ့ အခါ ရေမွှေးဆိုင်က Sample လေးတွေကို အရင်ဆွတ်ယူကြည့်ပြီး Shopping ပတ်ရင်းနဲ့ အချိန်ကြာလာတာနဲ့ အနံ့ခံလို့ ရပါပြီ
-----------------------------------------
ဝတ်မယ့် အင်္ကျီအမျိုးအစားပေါ်မူတည်ပြီး ရေမွှေးနံ့ရွေးချယ်တတ်ရင် ပို Smart ဖြစ်ပါတယ်။ အလွယ်ဆုံးနည်းကတော့ ရေမွှေးနာမည်ထဲမှာ အဖြေရှာလိုက်တာပါ။ Perfume အများစုက Designer တွေ နာမည်နဲ့များတယ်. . သူတို့ချုပ်တဲ့ အင်္ကျီဒီဇိုင်းလိုမျိုးက သူတို့အနံ့နဲ့အလိုက်ဆုံးပါပဲ
---------------------------------------

နေ့ခင်းဘက်ဆို သစ်သီးနံ့နဲ့ Floral scent တွေ ကောင်းပြီး ညဘက်ဆိုရင်တော့ Woody လို့ခေါ်တဲ့ စန္ဒကူး, နံ့သာဖြ ူလို သစ်မွှေးကို အခြေခံတာတွေကောင်းတယ်။ ဆေးပြင်းလိပ်နံ့နဲ့ Musky တွေလည်း ညအတွက် ကောင်းတယ်။ Sexy ဖြစ်ချင်သူနဲ့ တပါးသူကို ဖမ်းစားချင်ရင်တော့ Woody, Musky နဲ့ ဆေးပြင်းလိပ်နံ့အခြေခံတာတွေ ညဘက်မှာ နားရွက်နောက်က သွေးကြောနေရာကို ဆွတ်ထားရင် သိသိသာသာ တန်ခိုးပြပါတယ်( Musky ဆိုတာ ဟိမဝန္တာက Musk သမင်ရဲ့ လိင်အင်္ဂါနားက Gland ကနေ ထုတ်ယူထားလို့ ဆွဲဆောင်ချင်သူတွေက ဒါကို အခြေခံတာတွေ ဆွတ်ကြတယ် ) 😛

ပြောင်းပြန်အားဖြင့် . . . Club ထဲမှာ Este Lauder လို ပန်းရနံ နဲ့ Bvlgari လို ချိုတဲ့အနံ့ဆွတ်ထားရင်တော့ ကိုယ့်နားဘယ်သူမှ ကပ်လာမှာ မဟုတ်ပါဘူး။
----------------------------------------
Pour Homme ကတော့ for men ဖြစ်ပြီး Pour Femme ကတော့ for ladies ပါ။ ဘာမှရေးမထားရင်တော့ unisex ပါ။ ( Homme ကို အသံထွက်ရခက်ရင် ရှေ့ဆုံးက H နဲ့ နောက်ဆုံးက e ကို ဖြ ုတ်ပြီး omm = ohm ဗမာလို ဂါထာရွတ်တဲ့အသံ '' ဥုံ'' လို့ ရဲရဲတင်းတင်း ထွက်နိုင်ပါတယ်)
----------------------------------------
Sillage ( see-yajj လို့အသံထွက်) တာက ကိုယ်ဆွတ်တဲ့ အခန်းအကျယ်ပေါ်မူတည်ပြီး ဘယ်လောက်ထိ အနံ့က ပျံ့မလဲ တွက်တာပါ။ Longevity က အနံ့သက်တမ်းပါ။ Perfume seller ကို ဒါတွေ အသေးစိတ်မေးဝယ်နိုင်ပါတယ်။ Sillage များလို့ စျေးများတာကြီး ပေးပြီး Taxi မောင်းတဲ့ အလုပ်လုပ်ရရင်တော့ မတန်ဘူးလေ. . Taxi ကား သေးသေးလေးထဲမှာ ကိုယ့် Target က အလွန်ဆုံးရှိ လူ ၄ ယောက်ပါ
----------------------------------------
ရေမွှေးတွေ တစ်ခုပြီး တစ်ခု အနံ့ခံရင်း အားလုံးက တစ်နံ့တည်းလိုလို ဇဝေဇဝါ ဖြစ်လာတဲ့အခါ ကော်ဖီစေ့လေးတွေ ထည့်ထားတဲ့ ပုလင်းကို ရှူပေးနိုင်ပါတယ်။
----------------------------------------
အားကစားလိုက်စားတဲ့ လူငယ်များကတော့ Nike နဲ့ Polo လိုမျိုး fresh and active ဖြစ်တာတွေ ကြိုက်ကြတယ်
----------------------------------------
နွေလို ပူအိုက်တဲ့အခါ Citrus fruit အမျိုးအစားတွေဖြစ်တဲ့ လိမ္မော် , သံရာလို အချဉ်သီး အနံ့တွေနဲ့ ပန်းပွင့်ရနံ့တွေ, သကြားလုံးလို ရနံ့တွေက လူကို အေးမြလန်းဆန်းစေပြီး ငြီးငွေ့ပျင်းရိနေမှုကို ပပျောက်စေပါတယ်။ အင်္ကျီစွပ်ကျယ် . . ဘောင်းဘီတို ဝတ်တတ်ကြလို့ အဝတ်မဖုံးတဲ့ ကိုယ်လက်ခန္ဓာကိုယ်မှာ Body Mist နဲ့ Body Spray လို အမျိုးအစားကို ဆွတ်ဖျန်းလိမ်းကျံရတာကို လူငယ်တွေ နှစ်သက်ကြတယ်။ ကျနော်နှစ်သက်မိတာတော့ BodyShop က ထုတ်တဲ့ Body Mist နဲ့ Kanebo က ထုတ်တဲ့ Spray တွေပါ. . BodyShop တံဆိပ်ကတော့ ကြာပန်းနဲ့ Vanilla လို ချိုမြိန်ပြီး စိတ်ကြည်စေတဲ့ရနံ့တာတွေထုတ်ပြီး Kanebo အနံ့ကတော့ ကော်လာအင်္ကျီနဲ့Style Pant ကို စမတ်ကျကျဝတ်ပြီး အလုပ်လုပ်တတ်တဲ့ IT နယ်ပယ်နဲ့ Hospitality ပိုင်းက လူငယ်တွေ အရမ်းကြိုက်ကြပါတယ်။ Victoria Secret ကတော့ မိန်းကလေးအများစုနှစ်သက်ကြတဲ့ အမွှေးနံ့သာ liquid အရည်မှာ နာမည်ကြီးပါတယ်။
ဆောင်းလို အေးမြတဲ့အခါမှာတော့ အထက်က ပြောခဲ့တဲ့ Woody နဲ့ Musky တို့လို heavy ဖြစ်တာတွေနဲ့ သစ်ကြမ်းပိုးခေါက်အဆီအခြေခံတာတွေက ရေမွေးဆွတ်သူကိုကော ရနံ့ရမိသူကို ရှေးဆန်ဆန် အုတ်နီတိုက်အိမ်ထဲက မီးလင်းဖိုနားရောက်သွားသလို နွေးပြီးအတိတ်ဆန်တဲ့ အာရုံမျိုးဖြစ်ပေါ်စေပါတယ်။
----------------------------------------
တခြားနိုင်ငံမှာဝယ်တဲ့အခါ Immigration လို့ခေါ်တဲ့ Line ကို ဖြတ်ပြီးတဲ့အခါမှ ဝယ်တာပိုသက်သာပါတယ်။ အခွန်လွတ်စျေးသဘောမျိုးပါ. . .duty free. . tax free လို့ ခေါ်ပါတယ်။ မိမိသည် မကြာခင် လေယာဉ်နဲ့သူတို့နိုင်ငံထဲက ထွက်ခါတော့မယ့် သက်သေအနေနဲ့ Boarding Pass ပြပြီး ဝယ်ရပါတယ်။ မိမိနဲ့တစ်ပါတည်း လေယာဉ်ပေါ်သယ်မယ့် HandCarry အနေနဲ့စိတ်ကြိုက်ဝယ်နိုင်ပါတယ်. . .လေယာဉ်လုံခြုံရေးအတွက် အရည်တွေကို Plastic အိတ်အကြည်နဲ့ ထုတ်သယ်သွားဖို့ ဆိုင်က ကူညီပေးပါတယ်။ ဒါမှ အားမရသေးဘူးဆိုရင်. . လေယာဉ်ပေါ်မှာ ထပ်ဝယ်နိုင်ပါသေးတယ်. . ဒါကတော့ သူတို့List ထဲမှာရှိတာပဲ လက်ညှိုးထိုးဝယ်ရုံပါပဲ . . . . ထိုင်ရာက ထရာမလို. . ကောင်းကင်ပေါ်မှာ ပျူငှာတဲ့ Crew များရဲ့ စျေးရောင်းပေးတာကို ဝယ်ဖူးချင်သူတွေအတွက် ကိုက်သလို စျေးလည်းပိုသက်သာပါတယ်။ Meal time ပြီးတာနဲ့ Shopping time စပြီမို့လို့လေယာဉ်စစီးကတည်းက မိမိမှာချင်တဲ့ Product ကို စာအုပ်မှာ ခေါက်ပြီးမှတ်သားထားခါ မြန်မြန်မှာနိုင်ရင် ပိုကောင်းပါတယ်။ မှာတဲ့သူချင်းတူပြီး ပစ္စည်းက တစ်ခုတည်းကျန်တဲ့အခါ အရင်မှာသူက ရပါတယ်။
---------------------------------------
ဗူးကြီး ဝယ်ရမှာ မရဲရင် miniature လို့ခေါ်တဲ့ ပုလင်းသေးသေးလေး (၅)မျိုးလောက်ပေါင်းတာလေးတွေဝယ်နိုင်ပါတယ်။ New Arrival တွေနဲ့ စျေးကြီး Brand တွေကတော့ အမြဲဗူးကြီးသာ ရောင်းတတ်ပါတယ်
----------------------------------------
မြန်မာလူမျိုးအများစုကြိုက်နှစ်သက်ကြတဲ့ ရေမွှေး Brand များကတော့ . .

•BVLGARI(Omina/Aqva-marine & amara/Jasmin noir)

•DIESEL(Fuel for life)

•MONT BLANC(Emblem/Legend)

•TOM FORD

•IDOLE d'Armani

•ARMANI(Aqua di gio/Emporio diamonds/Code/Attitude/Mania)

•CALVIN KLEIN(ck free sport/Truth for men/Eternity/Encounter fresh/ck one/Euphoria/Beauty/Summer)

•KoKorico by JEAN PAUL

•ESTEE LAUDER(Beautiful/Pure white linen/Modern muse/Sensuous nude/Pleasure)

•SELVATORE FERRAGAMO(Acqua essenziale/Emozione/Attimo/Signorina)

•HUGO BOSS

•YVES ROCHER(Evidence)

•GUCCI(Premiere/Guilty/Rush 2)

•PRADA

•BURBERRY(Brit rhythm/Body/Weekend/Touch/My)

•ABERCROMBIE & FITCH

•TOMMY HILFIGER(Summer)

•FCUK(Friction)

•SHISEIDO(Zen)

•DOLCE & GABBANA(light blue/Energy)

•PARIS HILTON(Jordache/Tease)

•DKNY(City/Pink)

•CHANEL(Allure homme sport/CoCo/Bleu)

•DAVIDOFF(the game/the brilliant game)

•ISSEY MIYAKE

•LACOSTE

•KUZNETSKY MOST

•BODY SHOP(Fiji lotus)

•LOVE FURY ( Nine west)

•VERSACE(Bright crystal/Eros/Man)

•GRACEFUL

•ZARA(collection/sport)

•PROVOCATIVE WOMAN

•LANCOME(Tresor in love/Miracle)

•ELIZEBATH ARDEN(5th Avenue)

•CHLOE

•MADAME GLAMOUR(Suddenly)

•DIOR(Forever/J'dore)

•CLIVE CHRISTIAN

•MARC JACOBS(Daisy)

•RALF LAUREN

•BLACK XS

ရေမွှေးနံ့ဟာ ငယ်စဉ်ဘဝကို ပြန်သတိရစေတတ်တာရှိသလို . . .အူမြ ူးစေတယ်. . .ညှို့အားပြင်းစေတဲ့ အစွမ်းသတ္တိတွေ လည်း ရှိပါတယ်။ ပျော်စရာ အမှတ်တရ လို. . .မင်္ဂလာရှိတဲ့အချိန်တွေမှာ သီချင်းအသစ်တစ်ပုဒ်နဲ့ ရေမွှေးနံ့အသစ်တစ်မျိုးနဲ့မှတ်ထားနိုင်ပါတယ်။ ဒီသီချင်းနားထောင်ပြီး ဒီရနံ့ရတဲ့ အခါတိုင်း အတိတ်မြိ ု့ကို လည်ပတ်ပြီး ကြည်နူးရတာကလည်း ပျော်ရွှင်မှုတစ်ခုပါ

Welcome & feel free to discuss your Perfume Experience in comments 🙂 '''''
Credit kyaw han thar myint

Louis Vuitton Meteor (Unisex)----------------------ရေမွှေးပျင်းပျင်းတွေ မခံနိုင်ပါဘူးဆိုတဲ့ ပုရိသ တို့အတွက်  Fresh and R...
23/09/2023

Louis Vuitton Meteor (Unisex)
----------------------
ရေမွှေးပျင်းပျင်းတွေ မခံနိုင်ပါဘူးဆိုတဲ့ ပုရိသ တို့အတွက် Fresh and Relax Feeling ကို အပြည့်အဝ ခံစားမှု့ကို လိုချင်ရင်တော့ LV ရဲ့ Meteore ကိုရွေးချယ်ဖို့ အဆင့်သင့်ဘဲနော် ..👩‍❤️‍💋‍👩

- Louis Vuitton Météore ဟာ Louis Vuitton luxury ရေမွှေးစုဆောင်းမှုရဲ့ ဆဌမမြောက် ရေမွှေးပုလင်းဖြစ်ပြီး ရနံ့သခင် Jacques Cavallier Belletrud ရဲ့လက်ကနေဖြစ်ပါတယ်။ မီတီယာ. နာမည်က အလင်းရောင်ကနေ ရောင်ခြည်ထွက်လာတဲ့ စွမ်းအားနဲ့ ဆွဲဆောင်မှုရှိတယ်၊ ဘယ်တော့မှ မပြီးဆုံးနိုင်တဲ့ ခရီးတွေအတွက် စိတ်အားထက်သန်မှုကို မီးတောက်စေတယ်၊ ကောင်းကင်ကို ရုတ်တရက် မီးတောက်သွားစေတဲ့ တိမ်တိုက်တွေလိုပဲ။

- Louis Vuitton's Météore for men for men ကို ၂၀၂၀ အစောပိုင်းမှာ မိတ်ဆက်ပါမယ်။ ရေမွှေးပုလင်းမှာ ထိပ်ဆုံးအရသာ ဘာဂါမော့ ကယ်လာဘရီယာ၊ tangerine နဲ့ Sicilian လိမ္မော်သီးတို့ပါတယ်။ အလယ်က တူနီးရှား လိမ္မော် ပန်းဆီ၊ ငရုတ်ကောင်း၊ ပန်းရောင်ငရုတ်ကောင်း၊ အင်ဒိုနီးရှားကတ်ဒမ်နဲ့ guatemala cardamom တို့ဖြစ်ပါတယ်။ နောက်ဆုံးရနံ့ကတော့ vetiver java ဆီဖြစ်ပါတယ်။

10 ml - 6000 Kyats
30 ml - 17000 Kyats

အမြန်ဝယ်မှ စိတ်ချရမယ်နော် ❤️

သူမအတွက် မရှိ မဖြစ် Burberry Her ❤️💐ပန်းနဲ့အသီးနံ့ရော မဆိုစလောက်လေးချိုပြီး smokyဖြစ်တဲ့ အနံ့ကိုရတယ် ပြီးတော့  still.. a...
23/09/2023

သူမအတွက် မရှိ မဖြစ် Burberry Her ❤️

💐ပန်းနဲ့အသီးနံ့ရော မဆိုစလောက်လေးချိုပြီး smokyဖြစ်တဲ့ အနံ့ကိုရတယ် ပြီးတော့ still.. alcoholic ဖြစ်တဲ့အနံ့ တချက် တချက်ထွက်လာတယ် ဘာနဲ့တူလဲဆို ဆေးလိပ်နဲ့အရက် သောက်ထားတဲ့သူတယောက်အနားကို ရောက်သွားသလိုပဲ

သူ့အနံ့အပြည့်အစုံကိုရလိုက်တဲ့အချိန်မှာ very britishလို့ ကိုယ်မှတ်ချက်ချမိတယ်။ တကယ်... အဲ့အနံ့ရလိုက်တဲ့အချိန် လန်ဒန်က regent streetကိုရောက်သွားသလို စိတ်ထဲခံစားရတယ်။ I just dont know why 🙂

ပြီးတော့ ရှူနေရင်း ဘယ်လို personalityနဲ့လိုက်မလဲတွေးတော့ စိတ်ထဲမှာ ရုတ်တရက်သတိရသွားတာက မယ်လွင့်ရဲ့ ရိုဆယ်လာ...
တကယ် ... ရိုဆယ်လာသာ အသက်ရှိရင် ဒီရေမွှေးက သူ့signature scent ဖြစ်မှာပဲ (ဝတ္ထုထဲမှာတော့ တခြားတခုကိုသူ့scentလို့ပြောထားပေမယ့်လေ)

သိတယ်ဟုတ် ?
ချေတယ်၊ လိုက်ရင်ပြေးတယ် ... သူ့ကိုမေ့ဖို့ကြိုးစားနေရင်လဲ အနားကိုပြန်ရောက်လာပြီး မေ့မရအောင် ဖမ်းစားတတ်ပြန်တယ်။ လွတ်လပ်တယ် boldဖြစ်တယ် ဆွဲဆောင်မှုပြင်းတယ် မဆိုစလောက်ချစ်စရာကောင်းသလို အကြောလဲတင်းတယ် ကိုယ့်ruleနဲ့ကိုယ်နေတတ်တယ် အဲ့ဒီရိုဆယ်လာ့vibeတွေအကုန် ဒီရေမွှေးမှာ တွေ့ရတယ်

အနံ့ရနေတဲ့အချိန် မွှန်လိုက်တာ smoky and alcholic ဖြစ်တယ် ဘယ်လိုဟာမှန်းမသိဘူးဆိုပြီးတွေးမိပေမယ့် အနံခနလောက်ပျောက်သွားရင်လဲ သတိရနေပြန်ရော... ရှူချင်နေပြန်ရော တချက်တချက်ကျတော့လဲ မဆိုစလောက်အချိုလေးနဲ့ ကိုယ့်ကို ဆွဲဆောင်ထားပြန်ရော damn amazingပဲ

ဒီရေမွှေးကိုဆွတ်ထားတဲ့အချိန် ခံစားချက်က tight dressလေးဝတ်ထားပြီး နှုတ်ခမ်းရဲရဲလေးတွေနဲ့ ဖန်ခွက်ထဲက ပယင်းရောင်လဲ့လဲ့တွေမော့ရင်း mevius caster ဖွာနေတဲ့ ရိုဆယ်လာကို ရင်ခွင်ထဲထည့်ဖက်ထားရတဲ့ feeling မျိုး

လုံးဝAddictive ဖြစ်တယ် ဒါပေမယ့် အမြဲတမ်းအနံ့ရနေချင်တာလဲ မဟုတ်ဘူး။ သူ့အနံ့ရတာကြာလာရင် ခေါင်းနောက်လာတယ် မရရင်လဲ လိုက်sniffမိတယ် အဲ့လို ...

Si နဲ့ဆင်တယ် ဒါပေမယ့် Siက ပို sparkling, juicy and syrupy ဖြစ်တယ် ပိုချိုတယ် ခနခနရှူချင်တယ် ပြီးတော့ သူ့လို alcoholicဖြစ်တယ်လို့ မခံစားရဘူး ပိုလေးပင်တယ် warma and cozyဖြစ်တယ်
Siက ချိုဆိမ့်ဆို Burberry Herက ပေါ့ကျပဲ

Longivity 5-6 hrs
Sillage - poor

ကဲ အဲ့တော့ စမ်းကြည့်ပြီး ကိုယ်နဲ့အမြင်တူမတူ ပြောကြပါဦး

💦🌊BVLGARI AQUA POUR HOMME 🌊  For men ကို အနံ့ပြင်းတာလဲ မကြိုက် Fresh လေးဘဲကြိုက်တယ်ဆိုတဲ့ အကိုတွေတွက် Aqua Pour Homme ကိ...
08/09/2023

💦🌊BVLGARI AQUA POUR HOMME 🌊

For men ကို အနံ့ပြင်းတာလဲ မကြိုက် Fresh လေးဘဲကြိုက်တယ်ဆိုတဲ့ အကိုတွေတွက် Aqua Pour Homme ကိုရွေးလို့ရတယ်နော် ...

Bvlgari လို့ ပြောလိုက်တာနဲ့ အေးဆေးတည်ငြိမ်ပြီး အဆင့်တန်းရှိတဲ့ ရနံ့မှန်း တန်းသိမှာပါနော်...

ရေမွှေးစွတ်လိုက်တာနဲ့တင် လန်းဆန်းမှု့ရော တည်ငြိမ်မှု့ပါ ပေးစွမ်းနိုင်မယ် အနံ့လေးပါ
Aquatic ဆန်ဆန် ခပ်အေးအေး "ရေ" အနံ့လေးကိုမှ
seaweed လို့ခေါ်တဲ့ပင်လယ်ရေညှိ note လေးနဲ့ဆိုတော့ Aquatic fresh ဖြစ်မယ် ၊ ပင်လယ်ကမ်းခြေဘေးမှာလမ်းလျှောက်နေရင်ရတတ်တဲ့ခပ်အေးအေးရေအနံ့လေးတွေလည်းရမယ် ၊ တော်တော်လေးစိတ်ကြည်စေတဲ့ရေမွှေးလို့လည်းပြောလို့ရတယ်။

10 ml - 6000
30 ml - 17000

အမြန်ဆက်သွယ်မှာယူလိုက်တော့နော်...

Lv ထဲကဆို ဒီ၂ မျိုး instockရပါမယ်နော်...My perfume inspired perfume 10ml -600030ml -17000 ( pre order ပဲရပါမယ်)
07/09/2023

Lv ထဲကဆို ဒီ၂ မျိုး instockရပါမယ်နော်...

My perfume inspired perfume
10ml -6000
30ml -17000 ( pre order ပဲရပါမယ်)

Escada Sorbetto Rosso🍉🍓🌊🍉ရခဲလှတဲ့ ရှားပါးပစ္စည်းလေးးဖရဲသီးနံ့ အေးအေးကြည်ကြည်လေးရယ်🍓စတော်ဘယ်ရီနံ့သင်းသင်းလေးရယ်ကိုမှWater...
07/09/2023

Escada Sorbetto Rosso🍉🍓🌊

🍉ရခဲလှတဲ့ ရှားပါးပစ္စည်းလေးး
ဖရဲသီးနံ့ အေးအေးကြည်ကြည်လေးရယ်

🍓စတော်ဘယ်ရီနံ့သင်းသင်းလေးရယ်ကိုမှ
Watery notesလေးတွေလည်းပါတော့

Freshဖြစ်ပြီးလန်းဆန်းတက်ကြွနေစေတယ် ဆယ်ကျော်သက်မိန်းကလေးတစ်ယောက်အသွင် ဖန်ဆင်းပေးနိုင်ပြီး

💃တနေကုန်ဖလန်းဖလန်းထနေစေမယ့် အနံ့လေးပါ
နွေရာသီလေးနဲ့ ပိုလိုက်ဖက်ပြီး
Watery notesလေးတွေ ပါတာကြောင့်

🌊ကမ်းခြေရောက်နေသလို
ခံစားမှုအပြည့်ပေးစွမ်းနိုင်ပါတယ်
ရေမွှေးနံ့ကို ပြင်းတာတွေ ပန်းအနံ့တွေ
မကြိုက်တက်တဲ့သူဆို ဒါလေးသာယူ
အသီးနံ့လေးတွေနဲ့ sweetဖြစ်တယ်
တက်ကြွပြီး အားအင်အပြည့်ရှိတဲ့

မိန်းမငယ်​လေး တစ်ယောက်အသွင်နဲ့
ကိုယ့်ကိုယ်ကို ယုံကြည်မှုအပြည့်ဝရှိနေစေမယ့်အနံ့လေးပါ❤️

➊⓿ 🅜🅛 - 6000 🅚🅨🅐🅣🅢
➌⓿ 🅜🅛 - 17000 🅚🅨🅐🅣🅢 (Pre-Order)

09 989521236

နာမည်ကြီး Niche Perfume တစ်ခု ဖြစ်တဲ့ Maison Francis Kurkdjian Paris Baccarat 540 Eau de Parfum 😍😍😍MFK ရဲ့ ရေမွှေးတိုင်း...
07/09/2023

နာမည်ကြီး Niche Perfume တစ်ခု ဖြစ်တဲ့ Maison Francis Kurkdjian Paris Baccarat 540 Eau de Parfum

😍😍😍
MFK ရဲ့ ရေမွှေးတိုင်းက Long-Lasting & Unique ဖြစ်လို့လူသုံးအရမ်းများပါတယ်။

အဲ့ထဲမှာမှ ဒီ '' Baccarat Rouge 540 '' ကတော့ ''Love at First Sniff" ဖြစ်သွားစေမဲ့အထိ တအားကိုကောင်းပါတယ်။

သူ့ရဲ့အနံ့လေးက ချိုချိုချဥ်ချဥ်လိုအနံ့လေးကိုမှ ဘယ်သူနဲ့မှမတူ Unique ဖြစ်တဲ့အနံ့လေး ❤❤❤
Longevity & Sillage အရမ်းကောင်းတော့အသုံးခံ၊သုံးရတန်တယ်။ (wow wow wow 😎😎😎 တစ်ချက်လောက်ပဲ

စွတ်လိုက်တာနဲ့ တစ်ခန်းလုံးမွှေးနေတာ ပြီးတော့ရေချိုးချရင်တောင်အနံ့ကစွဲကျန်နေတာ 💞💞💞)

Luxurious Vibes ရစေပြီး Unisex သုံးလို့ရတယ်နော်။
အနံ့ကောင်းလားလို့ လာမေးနေရင်းနဲ့ကို stock ကုန်သွားတော့မှာမို့ တွေဝေ မနေပါနဲ့တော့နော်😊

မင်မင် Highly recommend ပေးတယ်ဆို ယုံလိုက်တော့နော် 😃😃😃

10 ML - 6000 Kyats
30 Ml - 17000 Kyats (Pre-Order)

အမြန်ဝယ်မှစ်ိတ်ချရမယ်နော် ...

အသစ်သစ်တွေ သိရဖို့ ... Like & Share လေးလုပ်ထားနော်..

မြန်မာငွေ 6000 ကျပ်ထဲ နဲ့ ကမ္ဘာနာမည်ကြီး Branded ရေမွှေးများ ရွေးချယ် ဝယ်ယူ နိုင်ပြီ.....‼️My Perfume နဲ့အတူ သင်ရဲ့ တစ်န...
03/09/2023

မြန်မာငွေ 6000 ကျပ်ထဲ နဲ့ ကမ္ဘာနာမည်ကြီး Branded ရေမွှေးများ ရွေးချယ် ဝယ်ယူ နိုင်ပြီ.....‼️

My Perfume နဲ့အတူ သင်ရဲ့ တစ်နေ့တာ ကို မွှေးရနံ့ တွေနဲ့အတူ ယုံကြည်မှု့ရှိ စွာဖြတ်သန်း လိုက်ပါ...😍

𝑴𝒚 𝑷𝒆𝒓𝒇𝒖𝒎𝒆 𝒊𝒔 𝒎𝒚 𝑪𝒐𝒏𝒇𝒊𝒅𝒆𝒏𝒄𝒆 !💯

- ပစ္စည်းအရည်အသွေး 100% ကောင်းမွန်ခြင်း✅

- Branded ရေမွှေး 95% ဆင်တူခြင်း✅

- ရေမွှေးမှာအဓိကကြတဲ့ Long Lasting (ကြာရှည်ခံချိန်

(5-6hrs) ကြာရှည် အနံ့ စွဲခြင်း✅

- Budget အနေဖြင့် အသုံးပြုနိုင်ခြင်း✅

- အလွယ်တကူ သယ်ဆောင်သွားနိုင်ခြင်း✅

- ထုတ်ပိုးမှု့ပုံစံကောင်းမွန်ခြင်း ✅

- လက်ဆောင် ပေးလို့လွယ်ခြင်း✅

- အသုံးပြုသူ/သုံးစွဲသူများရဲ့ အခိုင်အမာ ထောက်ခံမှု့ကိုရရှိထားခြင်း✅

- မိမိကြိုက်နှစ်သက်သည့် Branded အနံ့ ၅၀ ကျော် ကို ရွေးချယ်ဝယ်ယူနိုင်ခြင်း ✅

စတဲ့အချက်များ ကြောင့် My Perfume ကို ရွေးချယ် ဝယ်ယူ သုံး စွဲခြင်းဖြင့် အဆင်ပြေမှုများနှင့်အတူ ယုံကြည်မှု့/ ပျော်ရွင်မှု့များ ကိုရယူလိုက်ရအောင် 😍

My Perfume inspired perfume
10ml -6000
30ml -17000 ( pre order ပဲရပါမယ် instock မထားပါ )

Panda Collection မှ Instoke ရရှိနိုင်တဲ့ အမျိုးအစားများကို Comment မှာ ဖော်ပြပေးထားပါတယ်...

Miss Dior Blooming Bouquet ❤ပန်းခင်းကြီးထဲရောက်နေသလို….Surprise Bouquet 💐 လေးရောက်လာသလို… တနေကုန် ပန်းနံ့လေးသင်းပြီး စိတ...
31/08/2023

Miss Dior Blooming Bouquet ❤

ပန်းခင်းကြီးထဲရောက်နေသလို….
Surprise Bouquet 💐 လေးရောက်လာသလို… တနေကုန် ပန်းနံ့လေးသင်းပြီး စိတ်ကိုလန်းဆန်းစေတဲ့ perfume လေးပါ….😍🥰
Crd

My perfume inspired perfume
10ml -6000
30ml -17000 (pre order ပဲရပါမယ်)

💦🌊BVLGARI AQUA POUR HOMME 🌊  For men ကို အနံ့ပြင်းတာလဲ မကြိုက် Fresh လေးဘဲကြိုက်တယ်ဆိုတဲ့ အကိုတွေအတွက် Aqua Pour Homme က...
31/08/2023

💦🌊BVLGARI AQUA POUR HOMME 🌊

For men ကို အနံ့ပြင်းတာလဲ မကြိုက် Fresh လေးဘဲကြိုက်တယ်ဆိုတဲ့ အကိုတွေအတွက် Aqua Pour Homme ကိုရွေးလို့ရတယ်နော် ...

Bvlgari လို့ ပြောလိုက်တာနဲ့ အေးဆေးတည်ငြိမ်ပြီး အဆင့်တန်းရှိတဲ့ ရနံ့မှန်း တန်းသိမှာပါနော်...

ရေမွှေးစွတ်လိုက်တာနဲ့တင် လန်းဆန်းမှု့ရော တည်ငြိမ်မှု့ပါ ပေးစွမ်းနိုင်မယ့် အနံ့လေးပါ

သူ့ရဲ့ ရနံ့လေးက for men ဆိုပေမဲ့လည်း ​အေးအေးတည်တည်ငြိမ်​ငြိမ်လေးနဲ့ အရမ်းမပြင်းဘူး ၊ long lasting ဖြစ်တယ်...💝

10 ml - 6000 MMK
30 Ml - 17000 MMK (Pre-Order ပဲရပါမယ်ခင်ဗျာ)

🍒🌸Jimmy Choo Blossom EDP🌸🍒အနံ့ ရတာနဲ့ တင် ကြွေသွားလောက်တဲ့ ရေမွှေးဆိုရင် မှားမယ်မထင်ဘူး....Raspberry, Res Berries, Citru...
31/08/2023

🍒🌸Jimmy Choo Blossom EDP🌸🍒

အနံ့ ရတာနဲ့ တင် ကြွေသွားလောက်တဲ့ ရေမွှေးဆိုရင်
မှားမယ်မထင်ဘူး....

Raspberry, Res Berries, Citrus အသီးလေးတွေနဲ့ Sweet Pea, Rose စတဲ့ပန်းလေးတွေကို အချိုးကျကျပေါင်းစပ်ထားတဲ့ Fruity, Floral, Sweet ဖြစ်ပြီး Fresh လဲ Fresh ဖြစ်စေတဲ့အနံ့လေးပါ 🥰🥰🥰 လုံးဝမအီဘူးနော် 😍😍

သူ့ notes က floral fruity အနံ့လေးပါ ချို"အီ"လေးကနေပြီးတော့ တဖြည်း" သင်းတဲ့ဖက်ကို ရောက်သွားတာ ဘာနဲ့တူလဲဆိုရင် dior love & love နဲ့တူတယ် 😍 လူကြီးတွေလဲကြိုက်ကြတယ် သူကျသွားတဲ့ အချိန် အနံ့လေးက နံ့သာနံ့ သင်းသင်း"လေးမို့လို့

Daily သုံးဖို့လုံးဝအဆင်ပြေပြီး အနံ့ရတာနဲ့ စိတ်ကိုလန်းဆန်းချိုမြိန်သွားစေတဲ့အနံ့လေးပါ 😍😍

10 ml - 6000 MMK
30 ml - 17000 MMK ( Pre-Order ပဲရပါမယ်ခင်ဗျာ)

comment ⬇️မှာ Note လေးတွေကြည့်လို့ရပါတယ်နော်

My Perfume ကို ကြိုက်နှစ်သက်ကြတဲ့ Customer များအတွက် My Perfume ရေမွှေး လေးများကို Panda Collection မှာ ပြန်လည်မှာယူလို့...
31/08/2023

My Perfume ကို ကြိုက်နှစ်သက်ကြတဲ့ Customer များအတွက် My Perfume ရေမွှေး လေးများကို Panda Collection မှာ ပြန်လည်မှာယူလို့ရပါပြီနော်🙏🤩

Branded ရေမွှေးများကဲ့သို့ 95% ထပ်တူကျသော inspired perfume လေးတွေဖြစ်ပြီး အနံ့ လဲ စွဲတဲ့ အတွက် သုံးစွဲတဲ့ customer တိုင်း စိတ်တိုင်း ကျ နှစ်သက်တဲ့ ရေမွှေးလေးတွေပါ🥰
10ml - 6000ks
30ml - 17000ks ပါ ခင်ဗျာ
30ml ကတော့ pre-order ပဲ ရနိုင်ပါမယ်။

မှာယူလိုပါက အမျိုးအစား၊ အရေအတွက်၊ အမည်၊ ဖုန်းနံပါတ်နဲ့ လိပ်စာ နှင့်တကွ page messanger မှာ မှာယူလို့ရပါတယ်ခင်ဗျာ...
ဆိုင်မှာ လာရောက်ဝယ်ယူလိုသူ Customer များ အတွက်လဲ အမှတ်၁၇၉၊ ၉လမ်း၊ ပုသိမ်မြေ ရပ်ကွက်၊ ဒေါပုံမြို့နယ် (ဂျပန်တံတားအနီး) မှာ လာ‌ရောက်ဝယ်ယူလို့ရပါတယ်ခင်ဗျာ....
Instoke ရရှိနိုင်တဲ့ အမျိုးအစားများကို Comment မှာ ဖော်ပြပေးထားပါတယ်...

Address

No. 179, Pathein Myay 9th Street
Pazundaung
11241

Telephone

+959420093641

Website

Alerts

Be the first to know and let us send you an email when Panda's Collection posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Panda's Collection:

Share