Htun Tauk Feedshop

Htun Tauk Feedshop Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Htun Tauk Feedshop, Chaung Twin Road, Pyapon.

အူလမ်းကြောင်းကျန်းမာရေးအတွက် အရေးကြီးတဲ့ အားဖြည့်ဆေး PROBIO-P နဲ့ PROBIO-S 20မြန်မာနိုင်ငံအတွင်း ကြက်နဲ့ဝက် မွေးမြူရေးလု...
22/03/2025

အူလမ်းကြောင်းကျန်းမာရေးအတွက် အရေးကြီးတဲ့ အားဖြည့်ဆေး PROBIO-P နဲ့ PROBIO-S 20

မြန်မာနိုင်ငံအတွင်း ကြက်နဲ့ဝက် မွေးမြူရေးလုပ်ငန်းရှင်အများစုဟာ မိမိမွေးမြူတဲ့ကြက်နဲ့ဝက်တွေမှာ ဝမ်းရောဂါဖြစ်ပွားခြင်း၊ အစာစားနှုန်းနည်းခြင်းတို့ကြောင့် နောက်ဆက်တွဲအနေဖြင့် အသားတိုးကြက်တွေမှာ အလေးချိန်မတက်ခြင်း၊ ဥစားကြက်တွေမှာ ကြက်ဥအလေးချိန်လျော့နည်းခြင်း၊ အသားတိုးဝက်တွေမှာ အလေးချိန်မတက်ခြင်း စသည့် ပြသနာတို့ကို ရင်ဆိုင်နေရဆဲဖြစ်ပါတယ်။

စီးပွားဖြစ်မွေးမြူရေးမှာ စုစုပေါင်းကုန်ကျစရိတ်၏ (၆၀) ရာခိုင်နှုန်းဟာ အစာကြောင့် ကုန်ကျခြင်းဖြစ်ပါတယ်။ ဒါ့ကြောင့် ကျွေးသမျှအစာကို ကောင်းမွန်စွာခြေဖျက်စုပ်ယူနိုင်ရန် အူလမ်းကြောင်းကျန်းမာရေးကို အထူးဂရုစိုက်ပေးရန်လိုအပ်ပါတယ်။

နိုင်ငံတကာမွေးမြူရေးကဏ္ဍမှာ ကြက်နဲ့ဝက် အူလမ်းကြောင်းကျန်းမာရေးအတွက် မွေးမြူရေးလုပ်ငန်းရှင်များ လက်ခံအသုံးပြုနေတဲ့ ပစ္စည်းမှာ Probiotics ပဲဖြစ်ပါတယ်။

Myanmar Innovative Life Sciences အနေဖြင့် အူလမ်းကြောင်းကျန်းမာရေးအတွက် အရေးကြီးတဲ့ အူလမ်းကြောင်းအားဖြည့်ဆေး PROBIO ကို မြန်မာ FDA ၏ ခွင့်ပြုချက်လိုင်စင်နှင့်အညီ ကြက်နှင့်ဝက်အတွက် ပြည်တွင်း၌ ထုတ်လုပ်ကာ မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်းရှင်များကို ကူညီနိုင်ရန်အသင့်ရှိနေပါတယ်။

စီးပွါးဖြစ် ကြက်မွေးမြူရေးလုပ်ငန်းတွေမှာ PROBIO အူလမ်းကြောင်းအားဖြည့်ဆေး တစ်မျိုးဖြစ်တဲ့ Probio-P ကို အသုံးပြုခြင်းဖြင့်-

• အစာချေဖျက်မှုကို ပိုမိုကောင်းမွန်စေတာကြောင့် အသားတိုးနှုန်း၊ ဥတိုးနှုန်းကောင်းမွန်ခြင်း
• အူလမ်းကြောင်းရောဂါများမှ အချိန်ပြည့်ကာကွယ်ပေးနိုင်ခြင်း
• စားသုံးသူများအား အန္တရာယ်ဖြစ်စေနိုင်တဲ့ Antibiotics အပါအဝင် အခြားဆေးဝါးများ အသုံးပြုမှု စားရိတ်လျှော့ချနိုင်ခြင်း
• အစာအသုံးပြုမှုစရိတ် လျှော့ချနိုင်ခြင်း
• ပဋိဇီဝဆေးအသုံးပြုမှုလျှော့ချနိုင်တာကြောင့် စားသုံးသူများတွင် ပဋိဇီဝဆေး ယဉ်ပါးမှုကို လျှော့ချနိုင်ခြင်း
• ကြီးထွားမှုကို အနှောင့်အယှက်ဖြစ်စေတဲ့ ကြက်မစင်မှ Ammonia ထုတ်လုပ်မှုအား ထိရောက်စွာ လျှော့ချနိုင်ခြင်း
• ဥစားကြက်များတွင် အူလမ်းကြောင်းကျန်းမာရေးမကောင်းမွန်တာကြောင့် ဖြစ်ပေါ်လာတဲ့ ကြက်ဥခွံမှာ အညစ်အကြေးများပေကျံခြင်းကို လျော့ကျစေခြင်း စတဲ့အကျိုးကျေးဇူးများရရှိနိုင်ပါတယ်။

စီးပွားဖြစ်ဝက်မွေးမြူရေးလုပ်ငန်းတွေမှာ PROBIO အူလမ်းကြောင်းအားဆေးတမျိုးဖြစ်တဲ့ PROBIO-S 20 ကို အသုံးပြုခြင်းဖြင့်-

• ဝမ်းနှင့်ဆိုင်တဲ့ ပြဿနာများနှင့် ကုန်ကျစရိတ်များနည်းပါးသွားခြင်း

• အူလမ်းကြောင်းမှအစာစုပ်ယူမှုပိုမိုအားကောင်းစေပြီး အသားတိုးလွယ်ခြင်း

• အူလမ်းကြောင်းတစ်လျှောက်တွင် အကျိုးပြုပိုးမွှားများသည် ရောဂါဖြစ်စေနိုင်တဲ့ ပိုးမွှားများနှင့် ယှဉ်ပြိုင်နေရာယူခြင်းဖြင့် ရောဂါဖြစ်စေနိုင်တဲ့ ပိုးမွှားများ တွယ်ကပ်မှုကို လျော့ကျစေခြင်း

• ကိုယ်ခံအားပိုမိုကောင်းမွန်လာခြင်း

• Natural Antibiotic များထုတ်ပေးပြီး ရောဂါဖြစ်စေတဲ့ ဘက်တီးရီးယားများအား သေစေခြင်းစတဲ့ အကျိုးကျေးဇူးများရရှိစေပါတယ်။

အူလမ်းကြောင်း အားဖြည့်ဆေး PROBIO-P နဲ့ PROBIO-S 20 ကို ဝယ်ယူလိုပါက နီးစပ်ရာကိုယ်စားလှယ်ဆိုင်များ (သို့မဟုတ်) Myanmar Innovative Life Sciences ရုံးချုပ်ကို အောက်ပါအတိုင်း ဆက်သွယ်ဝယ်ယူနိုင်ပါတယ်။

ဆက်သွယ်ရန်

အထက်မြန်မာပြည် အရောင်းတာဝန်ခံ
09 259061312/ 09 974344330

အောက်မြန်မာပြည် အရောင်းတာဝန်ခံ
09 770916892/ 09 442647210

Myanmar Innovative Life Sciences ရုံးချုပ်
09263709553

အမှတ် ၁၆၅ အောင်ဇေယျာလမ်းသွယ် ၁၊ သီရိမင်္ဂလာလမ်း၊ အင်းစိန်မြို့နယ်၊ ရန်ကုန်မြို့။

website: www.milsciences.com
email: [email protected]

23/02/2025
14/02/2025
မွေးမြူရေအစာ ကုမ္ပဏီများ၏ update price list
29/01/2025

မွေးမြူရေအစာ ကုမ္ပဏီများ၏ update price list

6.1.25 ကြက်ပေါက်စျေး
05/01/2025

6.1.25 ကြက်ပေါက်စျေး

Address

Chaung Twin Road
Pyapon

Opening Hours

Monday 06:00 - 18:00
Tuesday 06:00 - 18:00
Wednesday 06:00 - 18:00
Thursday 06:00 - 18:00
Friday 06:00 - 18:00
Saturday 06:00 - 18:00
Sunday 06:00 - 18:00

Telephone

+959777020621

Website

Alerts

Be the first to know and let us send you an email when Htun Tauk Feedshop posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share