Nito Finn & Max Pyay Distributor

Nito Finn & Max Pyay Distributor Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Nito Finn & Max Pyay Distributor, Grocers, Pyay.

ပန်းဖြိုင်ဖြိုင်ပွင့်ချိန် ပိုးသတ်ဆေးဖျန်းခြင်းကြောင့် ဝတ်မှုန်ကန်းခြင်းအန္တရာယ် """"""""""""""""""""""""""သီးနှံပင်များ...
11/01/2024

ပန်းဖြိုင်ဖြိုင်ပွင့်ချိန် ပိုးသတ်ဆေးဖျန်းခြင်းကြောင့် ဝတ်မှုန်ကန်းခြင်းအန္တရာယ်
""""""""""""""""""""""""""

သီးနှံပင်များမှာ ကြီးထွားမှု အဆင့် ၃ ဆင့်ရှိပါတယ်။

၁။ အပင်ကြီးထွားမှုအပိုင်း
၂။ မျိုးပွားအင်္ဂါကြီးထွားမှုအပိုင်းနဲ့
၃။ ရင့်မှည့်မှု အပိုင်းပဲဖြစ်ပါတယ်။

ဒီလိုမျိုးကြီးထွားမှု ၃ ပိုင်းမှာ မျိုးပွားအင်္ဂါဖွံ့ဖြိုးတဲ့အချိန်ဟာ အရေးကြီးဆုံး အနူးညံ့ဆုံး အသိမ်မွေ့ဆုံး အပိုင်းလို့ဆိုပါရစေ...။

ဘာကြောင့်လည်းဆိုတော့....အပွင့်မှ အသီး၊ အစေ့အဆံအောင်မြင်ဖို့ဆိုတာ ဝတ်မှုန်ကူးခြင်း(Polination)နဲ့ သန္ဓေအောင်ခြင်း (Fertilisation) အဆင့်ကို ကျော်ဖြတ်ရပါတယ်။

ဒီလိုကျော်ဖြတ်ရာမှာ သီးနှံအမျိုးအစားလိုက်ပြီး အဖိုဝတ်မှုန်နဲ့ အမဝတ်မှုန်ခံပေါ် ကျရောက်ဖို့ရာ ပျား၊ ပိတုန်း၊ လိပ်ပြာနဲ့ လေ အကူအညီ ရယူကြရပါတယ်။

ဒီနေရာမှာ စာလေးမှာစိုးတာရယ် လိုရင်းအဓိပ္ပာယ် မရောက်မှာစိုးတာရယ်ကြောင့် ပင်တည်းဝတ်မှုန်ကူးခြင်း၊ ပင်ခြားဝတ်မှုန်ကူးခြင်းနဲ့ ပန်းပွင့်တွေရဲ့ မျိုးပွားအင်္ဂါအစိတ်အပိုင်းများအကြောင်းကို ချန်လှပ်ခဲ့ပါရစေ။

အပွင့်တွေပွင့်ပါလျက်နဲ့ ဘာကြောင့်အသီးမတင်တာလဲ?

အထက်ပါမေးခွန်းကို တောင်သူတွေ မေးလေ့မေးထရှိပြီး တကယ်လည်း ကြုံတွေ့နေရတဲ့ ဖြစ်ရိုးဖြစ်စဉ်တစ်ခုပါ။

စာရေးသူအတွေ့အကြုံအရ ကောက်နုတ်ဖော်ပြရရင်...

၁။ ပန်းပွင့်ချိန် အပူချိန်မြင့်မားလွန်းခြင်း

၂။ ရာသီဥတု အေးလွန်းခြင်း

၃။ ပန်းပွင့်ချိန်မိုးရွာခြင်း၊ လေပြင်းတိုက်ခြင်း

၄။ ပိုးမွှား/ရောဂါကျရောက်ခြင်း

၅။ အာဟာရဓာတ် မလုံလောက်ခြင်း

၆။ ရေနဲ့ အစိုဓာတ်များခြင်း

၇။ ပန်းပွင့်ချိန် ဆေးဖျန်းခြင်းကြောင့် သန္ဓေအောင်မှု အဟန့်အတားဖြစ်ခြင်းတို့ကြောင့်ပဲဖြစ်ပါတယ်။

ဆိုတော့ ဒီနေ့ဆောင်းပါးမှာ နောက်ဆုံးအချက်တစ်ခုတည်းကို အသားပေးပြီးဖော်ပြချင်ပါတယ်။

ဘာကြောင့်ပိုးသတ်ဆေးတွေက ပန်းပွင့်တွေကို သန္ဓေအောင်မှု ဟန့်တားစေတာလဲ?

သတိမထားမိလို့သာပါ။ တောင်သူအများစု ကြုံဖူးကြပြီးသားပါ။ လွန်ခဲ့သောနှစ်များက မြောင်မြို့နယ်ရှိ ကျွန်းမြေပဲတွေမှာ စွယ်ပွင့်ပွင့်ချိန် အပွင့်ထဲ လှေးတွေကျပါတယ်။

ပင်လုံးပျံ့ ဆေးတွေအပြင် ထိသေဆေးတွေပါ ရောပြီး ၂-၃ ရက်ခြား ဖျန်းကြရပါတယ်။

အဲဒီနှစ်က အပင်တွေကောင်း အပွင့်ပွင့်ပါလျက် ဘာကြောင့်မြေပဲမထွက်/မဥတာလဲ?..ဆိုတဲ့ မေးခွန်း စာရေးသူ မဖြေခဲ့မိဘူး။

(ဘာကြောင့် မဖြေခဲ့မိမှန်းလည်း စဉ်းစားမရခဲ့ဘူး။ အဖြေက မသေချာမှာ စိုးလို့ထင်ပါရဲ့)

နောက်ထပ်ဖြစ်စဉ်တစ်ခုက ပြီးခဲ့တဲ့ မိုခါမုန်တိုင်းကြောင့် ဧရာဝတီတိုင်းဒေသ၊ နွေစပါးခင်း ပန်းပွင့်ချိန် မိုးကြီး ၂ ရက် မိလိုက်တာကြောင့်စပါးတွေ အထွက်နှုန်းလျော့စေခဲ့တာရယ်။

၂၀၀၈ မတိုင်မီက ပဲခူးတိုင်းဒေသကြီး သနပ်ပင်မြို့နယ်ထဲမှာ ပဲတီစိမ်းခင်း အပွင့်တွေတန်းလန်းနဲ့ ငမြှောင်တောင်ကျလို့ ထိသေဆေး အပြင်းတွေ ၂ မျိုးပေါင်းပြီး တွယ်လိုက်တာကြောင့် ပိုးမသေဘဲ အပွင့်တွေကြွေတာမျိုးရှိခဲ့ပါတယ်။

ဖော်ပြပါ ဖြစ်စဉ်တွေကို သုံးသပ်ကြည့်ရင်..

ပန်းပွင့်ချိန် မိုးမိခြင်း၊ လေပြင်းတိုက်ခတ်ခြင်းအပြင် ဆေးပူ၊ ဆေးပြင်းတွေ ဖျန်းတာကြောင့်လည်း ဝတ်မှုန်ကန်းပြီး(မျိုးမအောင်)စေတယ်ဆိုတာ သိသာစေပါတယ်။

ပိုးသတ်ဆေးတိုင်း ဝတ်မှုန်ကန်းစေပါသလား?

အထူးသဖြင့်ကတော့ EC formulation ဆေးမျိုးတွေကို ပန်းပွင့်ချိန် ရှောင်သင့်ပါတယ်။

EC ဖော်မြူလာမှာပါဝင်တဲ့ Inertကို Petrolium Oilလို့ခေါ်တဲ့(ဓာတ်ဆီ၊ ဒီဇယ်ကဲ့သို့) ရေနံဓာတုပစ္စည်းကို emulsifierအဖြစ်ထည့်ရပါတယ်။

ဓာတ်ဆီ၊ဒီဇယ်ဆိုတာ အပူတွေပါ။ ရေနဲ့ဖျော်ရင် နို့နှစ်ရောင်ပြောင်းပါတယ်။

ဒီလိုဆေးအပူတွေကို အလွန်နူးညံ့တဲ့ ပန်းဝတ်မှုန်လေးတွေပေါ်ကျရောက်ရင် သန္ဓေအောင်နိုင်ပါ့မလား?

ဝတ်မှုန်ကူးပေးတဲ့ ပျားပိတုန်းတွေရော ရှိနိုင်ပါဦးမလား?

ပန်းပွင့်ချိန်ဆိုတာ မျိုးဆက်သစ်တခုအတွက် အရေးအပါဆုံးနဲ့ အနူးညံ့ဆုံး ဇီဝကမ္မဖြစ်စဉ်တခုပါ။

ဖြစ်နိုင်ရင် ဆေးဖျန်းဖို့မပြောနဲ့ နှင်းဖြိုင်ဖြိုင် မိုးလှိုင်လှိုင်ရွာတာတောင်မကြိုက်ပါဘူး။

(စပါး၊ ပဲတီ၊ သရက်..ကဲ့သို့ ဖော်ပွင့်တဲ့ အပင်တွေပိုထိခိုက်ပါတယ်)

ဒီလိုဆိုပန်းပွင့်ချိန် ဆေးမဖျန်းရတော့ဘူးလား?

ပန်းပွင့်ချိန် ပိုးကျလို့ မဖြစ်မနေ ဖျန်းရမယ်ဆိုရင် ညနေချိန်မှာ ဆေးဖျန်းသင့်ပါတယ်။

ဘာလို့လဲ ဆိုတော့..သီးနှံပင်အတော်များများမှာ မနက် ၆ နာရီ-၁၀ နာရီအတွင်း ပန်းဝတ်မှုန်ကူးကြတယ်လို့ ပညာရှင်များ ဆိုထားပါတယ်။

ပြီးတော့ ပျား၊ ပိတုန်း၊ လိပ်ပြာများကလည်း နံနက်ခင်းအချိန်မှာ လှုပ်ရှားကြပါတယ်။

(ပန်းပွင့်အချိန်ကာလသည် သီးနှံအမျိုးအစားအလိုက် ရာသီအလိုက် အချိန်ကွာခြားနိုင်ပါသည်)

မှတ်ချက်။ ။နဂါးမောက် ပင်သည် ညအခါတွင် ဝတ်မှုန်ကူးကြပြီး သန္ဓေအောင်ဖို့ ၄ရက်ကြာတတ်ပါတယ်။

ဆိုတော့ကား..

EC formula (ရေဖျော်ဆေးရည်) မဟုတ်တဲ့ ကျန် Soluble Powder (ပျော်ဝင်ဆေးမှုန့်), Wettable Powder(ရေဖျော်ဆေးမှုန့်), Water Dispersable Granules(ရေပျော်ဆေးခဲ),Suspension Concentrate (ဆိုင်းတွဲဆေးရည်ပြင်း) စသော

ပိုးသတ်ဆေး ဖော်မြူလာများကိုတော့ ဆေးပူမဟုတ်တဲ့အတွက် သတ်မှတ်နှုန်းထားအတိုင်းဖျန်းနိုင်ပါတယ်။ ပန်းဖြိုင်ချိန်မှာတော့ ညနေချိန်ဖျန်းရင် ပိုအန္တရာယ်ကင်းစေပါတယ်။

ပန်းပွင့်ချိန် ပိုးမကျရောက်အောင် အဖူးဝင်စဉ်ကတည်းက ကြိုတင်ကာကွယ်ဆေးဖျန်တာဟာ အသင့်လျော်ဆုံး အမှန်ကန်ဆုံးလို့ ယူဆနိုင်ပါတယ်။

သို့ဖြစ်ပါ၍ တောင်သူမိတ်ဆွေများ သီးနှံတိုင်း ပန်းပွင့်ပြီး ပန်းပွင့်တိုင်း အသီးတင်ကာ တင်သမျှဈေးကောင်းရကြပါစေကြောင်း ရေးသားတင်ပြလိုက်ရပါတယ်ခင်ဗျာ။



ဖြည့်စွက်ချက်။ ။ EC formula ai နမူနာများ

၁။ ဖန်သိုအိတ် ၅၀ အီးစီ
၂။ မာလာသီယွန် ၅၀ အီးစီ
၃။ ဒယ်တာမီသရင်၂.၅အီးစီ

၄။ ဆိုက်ပါ ၁၀အီးစီ
၅။ အယ်လ်ဖာ ၅အီးစီ
၆။ လမ်ဒါဆိုင်ဟေလိုသရင်၂.၅အီးစီ
၇။ ကာဘိုဆာလဖန် ၂၅အီးစီ

၈။ ထရိုင်ယာဇိုဖော့ ၂၀အီးစီ
၉။ အဘာမက်တင် ၁.၈အီးစီ
၁၀။ ပရိုဖီနိုဖော့ ၄၀အီးစီ
၁၁။ ပိုင်ရီဒါဘင် ၁၅အီးစီ

၁၂။ အေမီထရက် ၂၀အီးစီ
၁၃။ ကလိုပိုင်ရီဖော့ ၅၀အီးစီ
၁၄။ ဒိုင်မီသိုအိတ် ၄၀အီးစီ
စေတနာများစွာဖြင့်

Credit -ဒို့ဦးလေး🙏🙏

စမ်းသပ်စိုက်ပျိုးထားတဲ့ကိုင်းတရာမတ်ပဲNito Finn ၂ကြိမ်Nito Max ၁ကြိမ် ဖြန်းပီး ပဲအခြေအနေလေးပါ
09/01/2024

စမ်းသပ်စိုက်ပျိုးထားတဲ့ကိုင်းတရာမတ်ပဲ

Nito Finn ၂ကြိမ်
Nito Max ၁ကြိမ် ဖြန်းပီး ပဲအခြေအနေလေးပါ

ပြည်မြို့နယ် ပေါင်းဇူးကျေးရွာက   ၂ကြိမ်  ၁ကြိမ်ဖြန်းပီမြင်တွေရတဲ့ ကိုအောင်မျိုးရဲ့သံပုရာခြံပါသံပုရာခြံအကိုက ဆေးသုံးပီးကထ...
03/01/2024

ပြည်မြို့နယ် ပေါင်းဇူးကျေးရွာက

၂ကြိမ်
၁ကြိမ်ဖြန်းပီမြင်တွေရတဲ့ ကိုအောင်မျိုးရဲ့သံပုရာခြံပါ

သံပုရာခြံအကိုက ဆေးသုံးပီးကထည်းကအပင်က
အရွက်အသစ်တွေလည်းထက်ထွက်လာတယ်အရောင်လည်းစိမ်းစိုလာတယ် အပွင့်အသီးကင်းတွေလည်းများလာလို့ အရမ်းကိုသဘောကြပါတယ်တဲ့


ရွက်​ဖြန်းအားဆေးက စပါး/ ပဲ /နှမ်း/ သံပုရာ/ ငရုပ် /ခရမ်းပင်/ ခရမ်းချဥ်သီးအပြင်အပင်မှန်သမျှအကုန်အသုံးပြုလိုရပါတယ်ရှင့်

ယုံကြည်စွာနဲ့ သုံးပေးလို့ အရမ်းကိုကျေးဇူးတင်ပါတယ်ရှင့်

#ဆက်သွယ်မှာယူလိုပါက
📞09454804211
📞09785629391

ပေါင်းတလည်အပိုင် ရွာသစ်ကြီးရွာက တောင်သူအကိုရဲ့ Niti Finn ၂ကြိမ်ဖြန်းထားတဲ့ ၁လနဲ့ ၅ရက်သား မတ်ပဲခင်း TBL 9 တပြန်မျိုးစိုက်...
02/01/2024

ပေါင်းတလည်အပိုင် ရွာသစ်ကြီးရွာက
တောင်သူအကိုရဲ့
Niti Finn ၂ကြိမ်ဖြန်းထားတဲ့ ၁လနဲ့ ၅ရက်သား မတ်ပဲခင်း
TBL 9 တပြန်မျိုးစိုက်ထားတဲ့အခင်းပါ

ကျမခြံသေးသေးလေးမှာ ကိုယ်တိုင်စိုက်ထားတဲ့မတ်ပဲခင်း17 ရက်သားပဲခင်းရှိတဲ့ခြံက စပျစ်ပင်အောက်စိုက်ရတော့ လိုင်းအတိုင်းသွားရ အဓ...
28/12/2023

ကျမခြံသေးသေးလေးမှာ ကိုယ်တိုင်စိုက်ထားတဲ့
မတ်ပဲခင်း

17 ရက်သားပဲခင်း

ရှိတဲ့ခြံက စပျစ်ပင်အောက်စိုက်ရတော့ လိုင်းအတိုင်းသွားရ အဓိကက ကိုယ်ရောင်းတဲ့ဆေးကို လက်တွေချပြချင်လို့ပါရှင့်

Nito Finn ၁ကြိမ်ဖြန်းပီး ပဲခင်းအခြေအနေ

ငရုပ်ကိုပထမအခင်းထည်းကဒီဆေးသုံးလာတာခုနောက်တစ်ခင်းလည်းဆက်သုံးလက်တွေ့သုံး လက်တွေ့ရသူတွေကတော့ လက်မလွတ်တမ်းသုံးနေကြပီNito Fin...
28/12/2023

ငရုပ်ကိုပထမအခင်းထည်းကဒီဆေးသုံးလာတာ
ခုနောက်တစ်ခင်းလည်းဆက်သုံး
လက်တွေ့သုံး လက်တွေ့ရသူတွေကတော့ လက်မလွတ်တမ်းသုံးနေကြပီ

Nito Finn ဆေးသုံးထားတဲ့

၄၅ရက်သား ငရုပ်ခင်း

ခုချိန်ငရုပ်စျေးမကောင်းပေမဲ့ တောင်သူအကိုကတော့

ဆေးရဲ့တန်ဖိုးနဲ့ အသီးနှုန်းကောင်းတော့ ကုန်ကျစရိတ်သက်သာတယ် ကျွန်တော့အတွက်ကတော့ အရမ်းတွေအဆင်ပြေပါတယ်တဲ့

ကျေးဇူးတင်ပါတယ်အကိုရေ ပထမအခင်းလိုပဲ
ခုငရုပ်ခင်းလည်းအသီးတွေ အထွက်နှုန်းတိုးပါစေ🙏🙏🙏

Nito Finn ဖြန်းထားတဲ့ ၁လသားပဲမိုးစပါးထည်းကသုံးလာတာ ခုမတ်ပဲချိန်လည်းဒီဆေးပဲသေချာစနစ်တကျနဲ့ သုံးစွဲပေးတဲ့အကိုကျေနပ်အားရလို...
28/12/2023

Nito Finn ဖြန်းထားတဲ့ ၁လသားပဲ

မိုးစပါးထည်းကသုံးလာတာ ခုမတ်ပဲချိန်လည်းဒီဆေးပဲသေချာစနစ်တကျနဲ့ သုံးစွဲပေးတဲ့အကိုကျေနပ်အားရလို့ မတ်ပဲခင်းလေးပုံရိုက်ပို့ပေးတာလေး ပြန်လည်မျှဝေပေးတာပါရှင့်

စနစ်တကျသုံးရင် တကယ်ကောင်း အထွက်တကယ်တိုးတဲ့ Nito Finn & Nito Max ရွက်ဖြန်းအားဆေးပါ

နွေအတွက် GW 11 မျိုးစပါးအိတ်အမှာလေးပို့ပေးလိုက်ပါပီမျိုးစပါးလိုချင်သူများဆက်သွယ်မှာယူလို့ရပါပီရှင့်☎09454804211☎09785629...
16/12/2023

နွေအတွက် GW 11 မျိုးစပါးအိတ်
အမှာလေးပို့ပေးလိုက်ပါပီ

မျိုးစပါးလိုချင်သူများဆက်သွယ်မှာယူလို့ရပါပီရှင့်
☎09454804211
☎09785629391

ဒီနေ့သဲကုန်းရွာက ကိုနေမျိုးအောင်ရဲ့စပါးရိတ်တာ ကျေနပ်အားရစရာ တစ်ယောက်စိုက်ကို ၂၅တင်းထွက်ပါတယ်တောင်သူအကို ကိုနေမျိုးအောင်လ...
10/12/2023

ဒီနေ့သဲကုန်းရွာက ကိုနေမျိုးအောင်ရဲ့စပါးရိတ်တာ ကျေနပ်အားရစရာ
တစ်ယောက်စိုက်ကို ၂၅တင်းထွက်ပါတယ်
တောင်သူအကို ကိုနေမျိုးအောင်လည်းအရမ်းတွေပျော်လို့ နွေစပါးကြရေပေးပီအသံကြားတာနဲ့ အမဆေးယူပီးရွာကိုလာခဲ့ပါတဲ့
ယုံယုံကြည်ကြည်နဲ့ ကျမတို့ညွှန်ကြားတဲ့အတိုင်းနည်းစနစ်လေးနဲ့တကယ်ကိုသုံးတဲ့တောင်သူပါ အရမ်းကိုကျေးဇူးတင်ပါတယ်ရှင့်

Nito Finn & Nito Max ကလက်တွေ့သုံးစွဲသူတွေကခုလိုတွေကောင်းကျိုးတွေခံစားနေရပါပီ

မဂ်လာပါ🙏🙏🙏ချစ်ရပါသောမိတ်ဆွေတောင်သူများခင်ဗျာ 🙏🙏🙏 -9မတ်ပဲအထုပ်မျိုးများရပါပြီနော်  #လိုအပ်သူများ #09785629391 #0945480421...
05/12/2023

မဂ်လာပါ🙏🙏🙏ချစ်ရပါသောမိတ်ဆွေတောင်သူများခင်ဗျာ 🙏🙏🙏
-9မတ်ပဲအထုပ်မျိုးများရပါပြီနော်
#လိုအပ်သူများ
#09785629391
#09454804211

04/12/2023

Address

Pyay

Website

Alerts

Be the first to know and let us send you an email when Nito Finn & Max Pyay Distributor posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Nito Finn & Max Pyay Distributor:

Share

Category