20/03/2024
သူတော်စင် တစ်ပါးကို
မတရားသော မင်းတစ်ပါးက
မီးပုံထဲပစ်ချထားချိန်တွင်
ခိုတစ်ကောင်က ပါးစပ်ထဲရေငုံပြီး
မီးပုံထဲအခါခါ လာလာ သွန်ချနေလေသည်
ထိုအခါ နံဘေးမှ ရပ်ကြည့်နေသော
လူတို့က ၎င်းခိုသတ္တဝါအား
" အသင်၏ ဤမျှလောက်သော ရေဖြင့်
မီးငြိမ်းသွားမည် ထင်ပါသလား " ဟု မေးကြရာ...
ခိုသတ္တဝါမှ...
" အိုလူသားတို့ ...
ကျွန်ုပ်ပါးစပ်တွင်းရှိ ငုံထားသောရေသည်
ဤမျှကြီးမားသောမီးအား
မငြိမ်းသတ်နိုင်သည်ကို ကောင်းစွာ သိရှိပါသည်
သို့သော် ဘုရားသခင် ရှေ့မှောက်ရောက်သည့်အခါ
♦ ကျွန်ုပ်သည်မီးရှို့သူအဖြစ် မရပ်တည်လိုပါ
♦ ထို့ပြင် မတရားမှုကို လက်ပိုက်ကြည့်နေသော
အသင်တို့လို စာရင်းထဲလည်းမပါချင်ပါ
♦ မတရားမှုကို လက်မခံသော
မီးငြိမ်းပေးသူ စာရင်းတွင်သာ ပါဝင်လိုသည့်အတွက်
မိမိ တတ်နိုင်သမျှဖြင့် မီးငြိမ်းပေးနေခြင်းပဲ ဖြစ်သည် "
ဟုပြောလေသည်
မိမိရပ်တည်ချက်ကို မြင်၍
သံဝေဂ ယူတတ်သူများအဖို့ လုံလောက်ပါသည်...
ဟုတ်ကဲ့ ကျွန်တော် ခိုငယ်တစ်ကောင်ပါ...