Coffee Institute

Coffee Institute Coffee Brewing Bringing The World Closer Together.

03/07/2024
20/09/2023
ကော်ဖီသင်တန်းကို ဆိုင်မှာ မဖွင့်ဘူးလားမေးနေကြလို့ အခုဆိုင်မှာ ဖွင့်လိုက်ပါပြီခင်ဗျား🤗🤗ကော်ဖီဖျော်နည်းကို အခြေခံမှ စတင်လေ...
19/09/2023

ကော်ဖီသင်တန်းကို ဆိုင်မှာ မဖွင့်ဘူးလားမေးနေကြလို့
အခုဆိုင်မှာ ဖွင့်လိုက်ပါပြီခင်ဗျား🤗🤗

ကော်ဖီဖျော်နည်းကို အခြေခံမှ စတင်လေ့လာချင်သူများအတွက် Basic သင်တန်း 💯

ဆိုင်မှာ လာရောက်‌လေ့လာနိုင်ပါပြီခင်ဗျား
https://www.facebook.com/coffeestudiocafe?mibextid=ZbWKwL

🧾သင်တန်းကြေးကတော့ အပြီး အစီး တစ်ဦးကို = 250000ကျပ်

သင်တန်း ပြီးဆုံးပါက Certificate ချီးမြင့် ပေးအပ်သွားမှာ ဖြစ်ပါတယ်

📖ကော်ဖီ ပညာရပ်ကို အခြေမှ စတင်လေ့လာချင်သူများ

🤝ကော်ဖီနဲ့ ပတ်သက်လို့တစ်ပိုင်တစ်နိုင် စီပွားရေးလုပ်ချင်သူများ

☕ကော်ဖီသောက်ရတာ ကြိုက်တဲ့ သူများ

⛷️Professional Barista တစ်ယောက်အဖြစ် လေ့လာ ချင်သူများ

ပြည်တွင်း / ပြည်ပ တွင် Barista အလုပ် ဖြင့် အလုပ် လုပ်ချင်သူများ

ကော်ဖီဆိုင် ဖွင့်ချင်သူများ

ကော်ဖီဖျော်ရတာ ဝါသနာပါတဲ့ သူများ

📍ကမ္ဘာကျော် စက်ကြီးများကို အသုံးပြု၍ သင်ပေးမှာ ဖြစ်လို့

မဖြစ်မနေ တက်ရောက်သင့်တဲ့ သင်တန်းတစ်ခုဖြစ်ပါတယ်။

🤗အပူ/အအေး အမျိူး‌ပေါင်း ၆၀ ကျော်ကို သင်ကြားပေးမှာ ဖြစ်ပါတယ်

သင်ကြားပေးမဲ့ ဘာသာရပ်များ

☑️Coffee History

☑️Coffee packaging

☑️Coffee plantation production

☑️Coffee and health

☑️Areas where the coffee tree grows

☑️Myanmar coffee production

☑️Coffee Processing

☑️Coffee Roastings Level

☑️Arabica & Robusta ကွာခြားပုံ

☑️Coffee Bean & Accessories စနစ်တကျသိုလှောင်နည်း

☑️Coffee Bean & Roastings
Level အလိုက် Grinder Size Adjust လုပ်နည်း

☑️Coffee Machine ကို နည်းစနစ်ကျကျအသုံးပြုနည်း

☑️Milk forth ကို အခြေခံကျကျ နည်းစနစ်ကျကျရိုက်တက်နည်း

☑️Latte art (Basic Heart )ဆွဲနည်း

☑️HAND DRIP SERIES'
💧Moka Pot
💧V 60
💧Syphom
💧Aeropress
💧French Press
💧Chemxe
💧Vietnam Pin
💧Cold Brew

☑️ESPRESSO CLASSIC SERIES'
Espresso Single
Espresso Double
Espresso Ristretto
Espresso conpanna
Espresso Macchiato
Long Espresso

☑️HOT COFFEE CLASSIC SERIES'
Burmaccino
Cappuccino
Americano
Cafe Latte
Mocha
Vienna

☑️ICED COFFEE CLASSIC SERIES'
Espresso
Cappuccino
Macchiato
Americano
Mocha
Latte

☑️FRAPPE CLASSIC SERIES'
Espresso frappe
Cappuccino frappe
Latte Frappe
Mocha Frappe
Caramel Frappe
Matcha Frappe

☑️SMOOTHIE CLASSIC SERIES'
Chocolate Smoothie
Strawberry Smoothie
Blueberry Smoothie
Durian Smoothie
Taro Smoothie
Kiwi Smoothie

☑️HOW TEA CLASSIC SERIES'
Matcha
Shan Tea
Thai Tea
Lemon Tea
Green Tea
Lemon Green Tea

☑️ICED TEA CLASSIC SERIES'
Matcha
Thai Tea
Lemon Tea
Green Tea
Shan Tea
Block Tea

☑️FRUIT COFFEE SERIES'
Lemon Coffee
Durian Coffee
Sunkist Coffee
Orange Coffee
Blueberry Coffee
Strawberry coffee

သင်ကြားပေးသွားမှာ ဖြစ်ပါတယ် ခဗျား

🌄သင်တန်း ကာလ = ( 5ရက်. 25hr / mondy to Friday )
သင်တန်း ချိန် = 10am to 3pm ( Break time 1 hr)

📌သင်တန်းသားဦးရေး ကန့်သတ်ထားတာဖြစ်လို့

📋ကြိုတင်စာရင်းပေး အပ်နှံသူများကို ဦးစားပေး ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်

📮Page messenger သော်၎င်း
Viber or phone . 09784890045/09695785493 ဆက်သွယ်/စာရင်းပေးသွင်းနိုင်ပါသည်။

📲Wave or KBZ Pay ဖြင့်ငွေပေးခြေနိုင်ပါသည်။

လူကြီးမင်းတို့ အားလက်ရက်အချိန်များကိုလဲ ညှိနှိုင်း သင်ကြားပေးပါတယ် ခဗျား

သင်တန်းပြီးဆုံးသွားပါက ဆက်လက်လေ့ကျင့်ချင်သူများ အနေ့ဖြင့် ကုန်ကြမ်းပစ္စည်းဝယ်လာပြီး

လေ့ကျင့်သင်ကြားနိုင်ပါသည် (free)

🏠လိပ်စာ / အမှတ် / 150 D အောက်ကြည့်မြင့်တိုင်းလမ်းမကြီး အလုံမြို့နယ် (ဒုတိယသီရီရိပ်သာ)

🚍(ဂျန်မခန်ဒါမှတ်တိုင် or အလုံစာတိုက် မှတ်တိုင်နဲ့ နီးပါတယ် )



Congratulations ခဗျား👏🥳☑️ကော်ဖီ ဖျော်နည်းကို အခြေခံမှ Professional Level ထိ စတင်လေ့လာ ချင် သူများတွက် လူကြီးမင်းတို့ Hot...
17/09/2023

Congratulations ခဗျား👏🥳

☑️ကော်ဖီ ဖျော်နည်းကို အခြေခံမှ Professional Level ထိ စတင်လေ့လာ ချင် သူများတွက်

လူကြီးမင်းတို့ Hotel /Coffee Shop / Restaurant မှာ Coffee Machine & Grinder ကောင်းကောင်း ရှိယုံနဲ့အလွယ်တကူ လေ့လာ သင်ယူလို့ ရပါပြီး ခဗျား 🤩

သင်ကြားပေးသွားမည်ဘာသာရပ်များ

☑️Coffee History
☑️Coffee Growing
☑️Coffee Processing
☑️Coffee Roastings Level

☑️Coffee Bean & Accessories များ‌သိုလှောင်နည်း

☑️Coffee Bean & Roastings
Level အလိုက် Grinder Size Adjust လုပ်နည်း

☑️Coffee Machine ကို နည်းစနစ်ကျကျအသုံးပြုနည်း

☑️Milk foame ကို အခြေခံကျကျ နည်းစနစ်ကျကျရိုက်နည်း

☑️Latte art (Basic Heart )ဆွဲနည်း
☑️Espresso Classic Series
☑️Hot Coffee Classic Series
☑️Iced Coffee Classic Series

လူကြီးမင်းတို့ရဲ့ Coffee Shop / Hotel / Restaurant/ Office သို့အရောက် သင်ကြား ပို့ချပေးမှာ ဖြစ်လို့

🤝အချိန်ကုန်သက်သာခြင်း
🌞 အပြင်ထွက်ရင်.. နေပူဒဏ် / YBS တိုးစီးရခြင်း / မိုးမိခြင်းတွေကို ခံစားစရာ မလိုတော့ဘဲ

မိမိတို့ Room မှာ အေးအေးဆေးဆေး သင်ကြားခွင့်ရမှာ ဖြစ်ပါတယ် ခဗျား 😍

🧾 သင်တန်းကြေး တစ်ဦး= 150000ကျပ်
📌 သင်တန်းပြီး ဆုံးပါက Certificate ချီးမြင့် ပေးအပ်သွားမှာ ဖြစ်ပါတယ် ခဗျား

လူကြီးမင်းတို့ အားလက်ရပ် ချိန်များကိုလဲ ညှိနှိုင်း သင်ကြားပေးပါတယ် ခဗျား

သင်တန်းလေကို စိတ်ဝင်စားပါက

Page messenger သော်၎င်း
ဖုန်း . Viber. 09784890045 ၎င်း ဆက်သွယ်မေးမြန်းနိုင်ပါတယ်ခင်ဗျား။ 🤗🤗

Congratulations Nyaie 👏🥳☑️ကော်ဖီ ဖျော်နည်းကို အခြေခံမှ Professional Level ထိ စတင်လေ့လာ ချင် သူများတွက် လူကြီးမင်းတို့ Ho...
14/09/2023

Congratulations Nyaie 👏🥳

☑️ကော်ဖီ ဖျော်နည်းကို အခြေခံမှ Professional Level ထိ စတင်လေ့လာ ချင် သူများတွက်

လူကြီးမင်းတို့ Hotel /Coffee Shop / Restaurant မှာ Coffee Machine & Grinder ကောင်းကောင်း ရှိယုံနဲ့အလွယ်တကူ လေ့လာ သင်ယူလို့ ရပါပြီး ခဗျား 🤩

သင်ကြားပေးသွားမည်ဘာသာရပ်များ

☑️Coffee History
☑️Coffee Growing
☑️Coffee Processing
☑️Coffee Roastings Level

☑️Coffee Bean & Accessories များ‌သိုလှောင်နည်း

☑️Coffee Bean & Roastings
Level အလိုက် Grinder Size Adjust လုပ်နည်း

☑️Coffee Machine ကို နည်းစနစ်ကျကျအသုံးပြုနည်း

☑️Milk foame ကို အခြေခံကျကျ နည်းစနစ်ကျကျရိုက်နည်း

☑️Latte art (Basic Heart )ဆွဲနည်း
☑️Espresso Classic Series
☑️Hot Coffee Classic Series
☑️Iced Coffee Classic Series

လူကြီးမင်းတို့ရဲ့ Coffee Shop / Hotel / Restaurant/ Office သို့အရောက် သင်ကြား ပို့ချပေးမှာ ဖြစ်လို့

🤝အချိန်ကုန်သက်သာခြင်း
🌞 အပြင်ထွက်ရင်.. နေပူဒဏ် / YBS တိုးစီးရခြင်း / မိုးမိခြင်းတွေကို ခံစားစရာ မလိုတော့ဘဲ

မိမိတို့ Room မှာ အေးအေးဆေးဆေး သင်ကြားခွင့်ရမှာ ဖြစ်ပါတယ် ခဗျား 😍

🧾 သင်တန်းကြေး တစ်ဦး= 150000ကျပ်
📌 သင်တန်းပြီး ဆုံးပါက Certificate ချီးမြင့် ပေးအပ်သွားမှာ ဖြစ်ပါတယ် ခဗျား

လူကြီးမင်းတို့ အားလက်ရပ် ချိန်များကိုလဲ ညှိနှိုင်း သင်ကြားပေးပါတယ် ခဗျား

သင်တန်းလေကို စိတ်ဝင်စားပါက

Page messenger သော်၎င်း
ဖုန်း . Viber. 09784890045 ၎င်း ဆက်သွယ်မေးမြန်းနိုင်ပါတယ်ခင်ဗျား။ 🤗🤗

☑️ကော်ဖီ ဖျော်နည်းကို အခြေခံမှ Professional Level ထိ စတင်လေ့လာ ချင် သူများတွက် လူကြီးမင်းတို့ Hotel /Coffee Shop / Resta...
08/09/2023

☑️ကော်ဖီ ဖျော်နည်းကို အခြေခံမှ Professional Level ထိ စတင်လေ့လာ ချင် သူများတွက်

လူကြီးမင်းတို့ Hotel /Coffee Shop / Restaurant မှာ Coffee Machine & Grinder ကောင်းကောင်း ရှိယုံနဲ့အလွယ်တကူ လေ့လာ သင်ယူလို့ ရပါပြီး ခဗျား 🤩

သင်ကြားပေးသွားမည်ဘာသာရပ်များ

☑️Coffee History
☑️Coffee Growing
☑️Coffee Processing
☑️Coffee Roastings Level

☑️Coffee Bean & Accessories များ‌သိုလှောင်နည်း

☑️Coffee Bean & Roastings
Level အလိုက် Grinder Size Adjust လုပ်နည်း

☑️Coffee Machine ကို နည်းစနစ်ကျကျအသုံးပြုနည်း

☑️Milk foame ကို အခြေခံကျကျ နည်းစနစ်ကျကျရိုက်နည်း

☑️Latte art (Basic Heart )ဆွဲနည်း
☑️Espresso Classic Series
☑️Hot Coffee Classic Series
☑️Iced Coffee Classic Series

လူကြီးမင်းတို့ရဲ့ Coffee Shop / Hotel / Restaurant/ Office သို့အရောက် သင်ကြား ပို့ချပေးမှာ ဖြစ်လို့

🤝အချိန်ကုန်သက်သာခြင်း
🌞 အပြင်ထွက်ရင်.. နေပူဒဏ် / YBS တိုးစီးရခြင်း / မိုးမိခြင်းတွေကို ခံစားစရာ မလိုတော့ဘဲ

မိမိတို့ Room မှာ အေးအေးဆေးဆေး သင်ကြားခွင့်ရမှာ ဖြစ်ပါတယ် ခဗျား 😍

🧾 သင်တန်းကြေး တစ်ဦး= 150000ကျပ်
📌 သင်တန်းပြီး ဆုံးပါက Certificate ချီးမြင့် ပေးအပ်သွားမှာ ဖြစ်ပါတယ် ခဗျား

လူကြီးမင်းတို့ အားလက်ရပ် ချိန်များကိုလဲ ညှိနှိုင်း သင်ကြားပေးပါတယ် ခဗျား

သင်တန်းလေကို စိတ်ဝင်စားပါက
ချစ်ခင်ရင်းနီးစွာဖြစ်

Page messenger သော်၎င်း
ဖုန်း . Viber. 09784890045 ၎င်း ဆက်သွယ်မေးမြန်းနိုင်ပါတယ်ခင်ဗျား။ 🤗🤗

05/09/2023
22/08/2023

Espresso Machine ကို ကြာရှည်ခံအောင် ဘယ်လို ထိန်းသိမ်းမလဲ ?
ပျက်နေတဲ့ espresso machine ညစ်ပတ်နေတဲ့ espresso machine ကနေ ကော်ဖီကောင်းတစ်ခွက်ထွက်လာဖို့ မဖြစ်နိုင်ပါဘူး။ ဒါကြောင့် သင့်ဟာ barista တစ်ယောက်၊ ကော်ဖီဆိုင်ပိုင်ရှင်တစ်ယောက်ဆိုရင် သင့် espresso machine ကို cleaning & maintenance ဟာ မရှိမဖြစ်လုပ်ရမယ့် အရာဖြစ်ပါတယ်။
ကိုယ်အသုံးပြုတဲ့ espresso machine ရဲ့ brand နဲ့ model ပေါ်မူတည်ပြီး ၈နှစ် ကနေ ၁၀နှစ် ထိ အသုံးခံနိုင်ပါတယ်။ ပုံမှန်သေချာ cleaning & maintenance လုပ်မယ်ဆိုရင်ပေါ့။

ဘယ်လိုလုပ်ရမလဲ? ဘယ်လောက်ကြာကြာ တစ်ခါ လုပ်သင့်လဲ?
နေ့စဉ်၊ လစဉ်၊ နှစ်စဉ်လုပ်သင့်တာတွေရှိပါတယ်။ အဲ့လိုသေချာမလုပ်ဘူးဆိုရင် စက်ပျက်ပြီး ဆိုင်ပိတ်ထားရတဲ့အထိဖြစ်နိုင်ပါတယ်။

နေ့စဉ်ဘာတွေလုပ်ရမလဲ?
- Steam wand ကို အသုံးပြုပြီးတိုင်း အဝတ်နဲ့ သန့်ရှင်းရေးလုပ်ပေးပါ။ အသုံးမပြုခင်နဲ့ အသုံးပြုပြီးတိုင်း purge လုပ်ပေးပါ။ ဆိုလိုတာက ရေငွေ့အနည်းငယ် ထုတ်ပေးပါ။ ဒီလိုတွေလုပ်ခြင်းအားဖြင့် နွားနို့တွေ ကပ်ပြီး bacteria တွေပေါက်ဖွားတာကနေ ကာကွယ်ပေးပါလိမ့်မယ်
- Group head ကိုလည်း espresso မချခင် flush လုပ်ပေးပါ။ ရေနွေးခနထုတ်ပေးတာကို ဆိုလိုတာဖြစ်ပါတယ်။ ဒီလိုလုပ်ခြင်းအားဖြင့် ကော်ဖီရဲ့ အဆီတွေ၊ ကော်ဖီအမှုန့်အဟောင်းတွေ ကပ်နေတာကို ဖယ်ရှားပေးပြီး မလိုအားအပ်တဲ့ အနံ့အရသာတွေ ကော်ဖီထဲပါလာခြင်းကနေ ကာကွယ်ပေးပါလိမ့်မယ်
- အသုံးပြုမယ့် သန့်ရှင်းရေး အဝတ်တွေကိုလည်း တစ်နေ့ (3)ကြိမ်လောက် လျှော်ပြီး လဲလှယ်ပေးပါ။ ရေနွေးနဲ့ detergent အသုံးပြုပြီး လျှော်ပေးရင် ပိုကောင်းပါတယ်
တစ်နေ့တာ ဆိုင်ပိတ်ခါနီးတိုင်း အောက်ပါအချက်တွေကိုလုပ်ပေးပါ
- Full backflush: group head ကို machine brush သုံးပြီး တိုက်ဆေးပေးပါ။ ပတ်ပတ်လည် သေချာတိုက်ဆေးပါ။ ပြီးလျှင် portafilter မှာ blind filter တပ်ပြီး machine detergent ထည့်ကာ flush လုပ်ပေးပါ။ group head တစ်ခုကို တစ်ကြိမ်ကို 10 second ဖြင့် အနည်းဆုံး (5)ကြိမ်ပြုလုပ်ပေးပါ။ group head က ထွက်လာတဲ့ ရေ ကြည်သွားတဲ့အထိ လုပ်ပေးသင့်ပါတယ်။ နောက်ရက် ပြန်အသုံးပြုတဲ့အခါ detergent တွေ မပါလာအောင် ကော်ဖီမှုန့် အဟောင်းဖြင့် espresso အနည်းငယ် ချပြီးမှ အသုံးပြုပေးပါ။
- Steam wand ကို ရေနွေးနှင့် detergent ရောနှောထားတဲ့ထဲ စိမ်ပေးပါ။ အနည်းဆုံး မိနစ် (20) ကနေ ညလုံးပေါက်ထိစိမ်ထားနိုင်ပါတယ်။
- ကျန်တဲ့ draining hose, portafilters, filter basket, drip tray တို့ကိုလည်း ဖြုတ်ပြီး သေချာဆေးပေးဖို့ လိုပါတယ်။

လစဉ်ဘာတွေလုပ်သင့်လဲ?
- Group head ရဲ့ shower scream နှင့် portafilter filter baskets တွေကို စစ်ဆေးပေးပါ။ လိုအပ်လျှင် လဲလှယ်ပေးပါ။
- နောက်တစ်ချက်က ကိုယ်သုံးတဲ့ ရေဟာ hardness များနေရင် limescales တွေဖြစ်မဖြစ် လအနည်းငယ်ကြာတိုင်း စစ်ဆေးပေးပါ။ limescales တွေဖြစ်နေပါက service ခေါ်ပြီး ရှင်းပေးပါ။ service ခေါ်လို့မရရင် vinegar အရည်နှင့် ဆေးလို့ရပါတယ်။ သို့ပေမယ့် vinegar အနံ့ပျောက်အောင်တော့ သေချာ ပြန်ဆေးကြောပေးရပါမယ်။ ဆေးလို့မရရင်တော့ parts တွေလဲလှယ်ပေးရပါမယ်။ ဒါပြီးရင် ကိုယ့်ရေကို hardness နည်းအောင် treatment လုပ်ပေးပါ။

နှစ်စဉ်ဘာတွေလုပ်သင့်လဲ?
Small parts တွေကို စစ်ဆေးပြီး လိုအပ်လျှင် လဲလှယ်ပေးသင့်ပါတယ်
- The steam and hot water valve or rings
- Shoulder bolt shims
- The Expansion valve (ဒီ valve လေးဟာ tank ထဲမှာ temperature loss ဖြစ်ခြင်းကနေ ကာကွယ်ပေးပါတယ်)
- The anti-suction valve
- The brew actuator bearing
- The waste pipe
- The portafilter baskets

ဒီလိုလဲလှယ်ပေးခြင်းဟာ တခါတလေ အကုန်အကျများနိုင်ပါတယ်။ သို့ပေမယ့် စက်တစ်ခုလုံးပျက်သွားပြီး ဆိုင်ပိတ်ထားရတဲ့အခြေအနေနဲ့ယှဉ်ရင် အများကြီးသက်သာပါလိမ့်မယ်

အထက်က အချက်လေးတွေကို သေချာအချိန်စာရင်းလုပ်ပြီး စစ်ဆေး ပြုလုပ်ဖို့ မမေ့ပါနဲ့နော်။ ကော်ဖီကောင်းကောင်းလေးတွေ နေ့စဉ် ဖျော်နိုင်ကြပါစေဗျာ

#ကော်ဖီစစ်စစ်မှအရသာစစ်စစ်ဆီသို့

👍
20/07/2023

👍

Coffee Brew Ratio အကြောင်း သေချာမလေ့လာမိပဲ ကော်ဖီဖျော်နေတဲ့အထဲ သင်မပါမိပါစေနဲ့

ကော်ဖီတစ်ခွက်ဆိုတာ အရိုးရှင်းဆုံးပြောရရင် ရေနဲ့ကော်ဖီမှုန့်ပါဝင်သော အရည်တစ်ခွက်ပါ။ ကော်ဖီသောက်တဲ့အခါ မွှေးပျံ့သော ကော်ဖီနံ့မျိုးစုံရယ် ချိုခြင်း၊ချဉ်ခြင်း၊ခါးခြင်း တို့ဟာ ကော်ဖီ quality၊ ရေ quality နှင့် သူတို့ ဘယ်လိုအချိုးပေါင်းစပ်ထားလဲဆိုတဲ့ အပေါ် များစွာ မူတည်ပါတယ်။
ကော်ဖီအမှုန့်ဘယ်လောက်သုံးတယ်၊ ရေဘယ်လောက်သုံးထားတယ်ဆိုတဲ့ အချိုးကို Brew Ratio လို့ခေါ်ပါတယ်။
ကိုယ်ဖျော်လိုက်တဲ့ကော်ဖီတစ်ခွက် အရသာဘယ်လိုဖြစ်သွားမလဲဆိုတာ ဒီ Brew Ratio အပေါ်မူတည်ပါတယ်။ (အခြားသော အရသာအပေါ်သက်ရောက်နိုင်တဲ့အချက်တွေအကြောင်းကိုတော့ အရင် post တွေမှာ ဖော်ပြပြီးခဲ့ပြီဖြစ်ပါတယ်)

ဒါကြောင့် specialty coffee တစ်ခွက်ဖျော်တဲ့အခါ Barista တွေအနေနှင့် ကိုယ်ထည့်လိုက်တဲ့ ကော်ဖီမှုန့်ရဲ့ ပမာဏနှင့် ရေပမာဏကို တိုင်းတာဖို့ weight scale သုံးဖို့အရေးကြီးပါတယ်။ နောက်ပြီး espresso တို့ pour-over တို့ ဖျော်တဲ့အခါ ကိုယ်သုံးမယ့် ရေပမာဏက ကော်ဖီမှုန့်ကို ဖြတ်ဖို့ အချိန်ဘယ်လောက်ယူရလဲဆိုတာပါ တိုင်းဖို့ အရေးကြီးကြောင်း လက်တို့ထားပါရစေဗျာ...

Pour Over (သို့) Filter ကော်ဖီအတွက် ကမ္ဘာတစ်ဝှမ်း barista များစွာက brew ratio အမျိုးမျိုးသုံးကြပေမယ့် အသုံးအများဆုံးနဲ့ အခြေခံကျ safe အဖြစ်ဆုံး အချိုးက 1:15 ပါ။ ကော်ဖီမှုန့် 1g အတွက် ရေ 15g သုံးတဲ့ အချိုးဖြစ်ပါတယ်။ တစ်နည်းအားဖြင့် ရေ 15ဆ နဲ့ ဖျော်တာဖြစ်ပါတယ်။ ဥပမာ ကော်ဖီမှုန့် 20g သုံးမယ်ဆိုရင် ရေ 300g ကို dripper ထဲက ကော်ဖီမှုန့်အပေါ် လောင်းချပြီးဖျော်တာဖြစ်ပါတယ်။ 300g လောင်းထည့်လိုက်ပေမယ့် ဖျော်ထွက်လာတဲ့ အရည်ကတော့ 300g ရှိမှာမဟုတ်ပါဘူး။ ကော်ဖီမှုန့်တွေက ရေကိုစုပ်ယူထားတဲ့အတွက်ဖြစ်ပါတယ်။

Espresso အတွက် အသုံးများပြီး အခြေခံကျတဲ့ အချိုးကတော့ 1:2 ဖြစ်ပါတယ်။ ကော်ဖီမှုန့် 1g အတွက် ရေ 2g ဖြစ်ပါတယ်။ ဒီနေရာမှာ တစ်ခုမှတ်ထားရမှာက espresso အတွက် ရေ 2 ဆ သုံးတယ်ဆိုတာက ကော်ဖီမှုန့်ကို ဖြတ်ပြီး ကျလာတဲ့ အရည် 2 ဆ ကို ဆိုလိုတာဖြစ်ပါတယ်။ ကော်ဖီလောက အသုံးအနှုန်းနဲ့ဆို Yield လို့ခေါ်ပါတယ်။ ဖျော်ထွက်လာတဲ့ ကော်ဖီအရည်ကို ပြောတာဖြစ်ပါတယ်။ ဥပမာ espresso တစ်ခွက်အတွက် ကော်ဖီမှုန့် 20g သုံးတယ်ဆိုပါစို့။ အဲ့အတွက် espresso machine ကနေ ဖျော်ထွက်လာတဲ့အရည် 40g ထိ ယူတာဖြစ်ပါတယ်။ ဒါဟာ espresso တစ်ခွက်ရဲ့ brew ratio ဖြစ်တဲ့ 1:2 ကို ရှင်းရှင်းလင်းလင်း သိအောင် ဖော်ပြတာဖြစ်ပါတယ်။

ကမ္ဘာတစ်ဝှမ်းမှာတော့ ခုနောက်ပိုင်း brew ratio ကို မျိုးစုံစမ်းသပ်လာကြပြီး သင်ကိုယ်တိုင်လည်း စမ်းသပ်နိုင်ပါတယ်။
Brew ratio မှာ (၂)ပိုင်းရှိပါတယ်။ ကော်ဖီမှုန့် နှင့်ရေ ပါ။
ကော်ဖီ (၂)ခွက်ဖျော်ကြည့်မယ်။ (၂)ခွက်လုံးအတွက် ရေကို တူတူပဲသုံးပြီး တစ်ခွက်မှာကော်ဖီမှုန့်ကို ပိုသုံးမယ်ဆိုရင် ကော်ဖီ ရဲ့ body ပိုကောင်းလာနိုင်ပြီး flavor တွေလည်း ပိုပြီး ပေါ်လွင်လာမှာဖြစ်ပါတယ်။
(၂)ခွက်လုံးအတွက် ကော်ဖီမှုန့်ကိုတူတူသုံးပြီး တစ်ခွက်မှာရေကို ပိုသုံးမယ်ဆိုရင် ကော်ဖီရဲ့ strength ကျသွားမှာဖြစ်ပြီး နောက်ပိုင်းရောက်လေလေ body လည်း ကျသွားမှာဖြစ်ပါတယ်။
ဒါတွေကလည်း ကော်ဖီလှော်ထားတဲ့အဆင့်၊ သုံးထားတဲ့ကော်ဖီစေ့အမျိုးအစားပေါ်မူတည်ပြီး ပြောင်းလဲနိုင်သေးတာမို့ ဒီနေရာမှာ အသေးစိတ်မပြောတော့ပါဘူး။

ကော်ဖီတစ်ခွက်ဖျော်တဲ့အခါ ပြောင်းလဲနိုင်တဲ့ အခြားသော အချက်များကိုလည်း သေချာသိထားဖို့လိုပါတယ်။ အဲ့အတွက် အရင်က ပို့စ်တွေမှာ လေ့လာကြည့်ဖို့ တိုက်တွန်းလိုပါတယ်။ Brew ratio ဟာ လည်း အဲ့အချက်တွေထဲက တစ်ချက် အပါအဝင်ဖြစ်တဲ့အတွက် ကိုယ့်ကော်ဖီအတွက် အကောင်းဆုံးဖြစ်မယ့် recipe ကို စမ်းသပ်ပြီး ထုတ်ကြည့်ဖို့ တိုက်တွန်းလိုက်ပါတယ်...

#ကော်ဖီစစ်စစ်မှအရသာစစ်စစ်ဆီသို့

18/07/2023

Espresso Machine အမျိုးအစားများအကြောင်း လေ့လာကြည့်ခြင်း

Espresso machines တွေဟာ ခုခေတ်မှာ အတော်လေးရင်းနှီးလာပြီး အသုံးများလာကြပါတယ်။ ဆိုင်မှာအသုံးပြုရုံတင်မဟုတ်ပဲ အိမ်များ ရုံးများမှာပါ တွေ့လာရပြီဖြစ်ပါတယ်။
ခုလိုအသုံးများလာတာနဲ့အမျှ စက်အမျိုးအစားတွေလည်း ခေတ်အဆက်ဆက်မျိုးစုံထုတ်လုပ်လာကြပါတယ်။ ကျွန်တော်တို့လေ့လာကြည့်ရအောင်ဗျာ...

Steam-Driven Machines
1884 ခုနှစ်မှာ Angelo Moriondo က steam pressure (ရေနွေးငွေ့ဖိအား) နဲ့ဖျော်တဲ့ ကော်ဖီစက်ကို တီထွင်မိတ်ဆက်ခဲ့ပါတယ်။ ဒါဟာ ခုခေတ်မှာ espresso machine လို့ခေါ်တဲ့ စက်တွေရဲ့ မူလပထမ မွေးဖွားလာခြင်းပဲဖြစ်ပါတယ်။ အလုံပိတ်အိုးထဲမှာ ရေနွေးကို ပွက်ပွက်ဆူအောင်တည်ထားတဲ့အခါ ထွက်လာတဲ့ ရေနွေးငွေ့တွေဟာ စုပေါင်းလာပြီး ဖိအားတစ်ခုဖြစ်ပေါ်လာပါတယ်။ အဲ့လိုဖြစ်လာတဲ့ ဖိအားကိုသုံးပြီး ကော်ဖီထဲက အရသာကို အချိန်တိုအတွင်း အများကြီးဆွဲထုတ်တဲ့နည်းစနစ်ဖြစ်ပါတယ်။ စက္ကန့်ပိုင်းအတွင်းကော်ဖီတစ်ခွက်ဖြစ်လာတဲ့ espresso ရဲ့ အစဖြစ်ပါတယ်။ ခုနောက်ပိုင်းစက်တွေမှာတော့ pressure ကို ရေနွေးငွေ့ကနေ အားမကိုးတော့ပဲ pressure pump နဲ့ထုတ်လွတ်ပေးတာဖြစ်ပါတယ်။ ဒါပေမယ့် ယနေ့ခေတ်ထိလည်း steam driven mahcine တွေဟာရှိနေဆဲဖြစ်ပါတယ်။ Moka pot တွေမှာလည်း steam driven စနစ်ကို တွေ့ရမှာဖြစ်ပါတယ်။ Steam driven တွေရဲ့ အားနည်းချက်ကတော့ pressure ကို 1-1.5 bar ထိသာထုတ်လွတ်နိုင်ပြီး ယနေ့ခေတ် espresso ရဲ့ 9 bar ထိတော့ မထုတ်ပေးနိုင်ပါဘူး။

Lever-Driven Machines
Lever-driven တွေဟာ lever ကိုဖိပြီး လူရဲ့အားနဲ့ pressure ထုတ်လွတ်ပေးတဲ့ စက်မျိုးဖြစ်ပါတယ်။ manual နဲ့ spring-loaded ဆိုပြီး (၂)မျိုးလာပါတယ်။
manual တွေမှာတော့ lever မောင်းတံဟာ အစမှာ ရေပြင်ညီပုံစံရှိပြီး ဖျော်တော့မယ်ဆိုရင် မောင်းတံကို အပေါ်ကိုမ,တင်ပေးရပါတယ်။ အဲ့အချိန် pressure မပါတဲ့ ရေတွေဟာ ကော်ဖီမှုန့်ပေါ်ကိုစီးဆင်းလာပါတယ်။ ဒါဟာ pre-infusion or blooming ဖြစ်ပါတယ်။ ကိုယ်ထားချင်တဲ့ အချိန်တစ်ခုထိထားပြီး အောက်ကိုဖိချရတာဖြစ်ပါတယ်။ ဖိချတဲ့အချိန်မှာတော့ pressure နဲ့ စီးဆင်းတာဖြစ်ပါတယ်။
spring-loaded ဆိုတာကတော့ နာမည်အတိုင်း စပရင်ကိုဖိချပြီး pressure ထွက်လာကာ ဖျော်ရတဲ့ စနစ်ဖြစ်ပါတယ်။ သူ့မှာတော့ အစပိုင်းမှာ lever တံက အပေါ်မှာ ထောင်မတ်နေတဲ့အနေအထားမှာဖြစ်ပြီး ဖျော်တော့မယ်ဆိုရင် ဖိချပေးရတာဖြစ်ပါတယ်။
lever-driven တွေရဲ့အားသာချက်တွေကတော့ ဖျော်တဲ့ barista ရဲ့ control အပြည့်လုပ်နိုင်စွမ်းပဲဖြစ်ပါတယ်။ pre-infusion ဘယ်လောက်ထားမလဲ? pressure profile ကို ဘယ်လိုစိတ်ကြိုက်သတ်မှတ်မလဲ? စတာတွေကို control လုပ်လို့ရတာဖြစ်ပါတယ်။ သို့ပေမယ့် physical ခွန်အားကို အသုံးပြုရတာဖြစ်တဲ့အတွက် ခွက်ရည်အများကြီးဖျော်မယ့် ဆိုင်မျိုးမှာဆိုရင် Barista တွေ gym သွားစရာမလိုပဲ လက်မောင်းတွေကြီးနေမှာအမှန်ပါပဲ။ နောက်တစ်ခုအားနည်းချက်က barista တွေ တစ်ခွက်နဲ့ တစ်ခွက်ကြား၊ တစ်ယောက်နဲ့တစ်ယောက်ကြား consistent ဖြစ်ဖို့ ထိန်းချုပ်ရခက်လွန်းတာဖြစ်ပါတယ်။ pressure profile ဟာ ဖျော်တဲ့ barista ရဲ့ ဖိအားပေါ်မူတည်နေတဲ့အတွက် အတိအကျ တိုင်းတာထိန်းသိမ်းဖို့ ခက်ခဲတာဖြစ်ပါတယ်။

Pump-Driven Machines
Pump-driven တွေဟာ 1960 ခုနှစ်ဝန်းကျင်လောက်မှာ စတင်ပေါ်ထွက်လာပြီး စျေးကွက်မှာ အုပ်စိုးလာတာဖြစ်ပါတယ်။ ရေနွေးအိုးထဲမှာ အပူပေးထားတဲ့ ရေနွေးတွေကို pump pressure ကိုသုံးပြီး 9bar ပတ်ချာလည် ထုတ်လွတ်ကာ ဖျော်ရတဲ့ စနစ်ဖြစ်ပါတယ်။ ယနေ့ခေတ် ကျွန်တော်တို့အသုံးပြုနေတာ ဒီစနစ်မျိုးဖြစ်ပါတယ်။ ခုခေတ် pump-driven တွေမှာ semi-automatic, automatic နဲ့ super-automatic ဆိုပြီး (၃)မျိုးလာပါတယ်။ ဒီ(၃)မျိုးထဲမှာမှ တစ်မျိုးစီမှာ pump အမျိုးအစား၊ boiler အရေအတွက်၊ computer-aided programming စတဲ့အပိုင်းတွေထပ်ပြီး ကွဲပြားပါတယ်။ ဒါကတော့ စက်ဝယ်တော့မယ်ဆိုရင် specification တွေမှာ ပါတဲ့အချက်တွေဖြစ်ပါတယ်။
Semi-automatic machines တွေဟာ ကျွန်တော်တို့ ဆိုင်တွေမှာ အသုံးပြုနေတဲ့ professional espresso machine တွေဖြစ်ပါတယ်။ ဒီစက်တွေမှာ ရေအပူချိန် နဲ့ ထွက်လာမယ့် ရေ pressure ကို စက်က automatic ထိန်းထားပေးတာဖြစ်ပါတယ်။ grinding, tamping, extraction control နဲ့ အခြားသောအချက်တွေကို barista က လုပ်ရတာဖြစ်ပါတယ်။ စက်တစ်ဝက် လူတစ်ဝက်ဖြစ်တာကြောင့် semi-automatic လို့ခေါ်တာဖြစ်ပါတယ်။
Automatic machines တွေဟာ semi-automatic machines တွေနဲ့ အတော်များများတူပါတယ်။ သူ့မှာပိုလာတာကတော့ ရေဆင်းတဲ့ ပမာဏကို လိုချင်တဲ့ ပမာဏရောက်ရင် auto ရပ်သွားစေမယ့် program သွင်းတဲ့ စနစ်တွေပါတာဖြစ်ပါတယ်။ group head တစ်ခုချင်းစီမှာ များသောအားဖြင့် program ခလုတ် (၄)မျိုးစီ ပါဝင်ပါတယ်။ ဒီစက်တွေဟာ ကျွန်တော်တို့ ဆိုင်တွေမှာ သုံးနေတဲ့ စနစ်ဖြစ်ပါတယ်။
Super-automatic machines တွေကတော့ နာမည်အတိုင်းပဲ အစအဆုံးစက်ကပဲလုပ်သွားပေးတာဖြစ်ပါတယ်။ grinding ကအစ ကော်ဖီတစ်ခွက်ဖြစ်တဲ့အထိ စက်ကပဲလုပ်တာပါ။ လူကခလုတ်တစ်ချက်ပဲနှိပ်ပေးရုံပဲဖြစ်ပါတယ်။ ရုံးတွေမှာ အသုံးများပြီး လူရဲ့ တီထွင်ဖန်တီးမှု ထည့်လို့မရတဲ့ စက်မျိုးဖြစ်ပါတယ်။

ခုပြောခဲ့တဲ့ espresso machines အမျိုးအစားတွေဟာ အားသာချက်အားနည်းချက်ကိုယ်စီရှိကြပါတယ်။ ကိုယ်သုံးမယ့် ရည်ရွယ်ချက်၊ နေရာ၊ ဖျော်မယ့် ကော်ဖီအနေအထား၊ သုံးမယ့် budget ပေါ်မူတည်ပြီး အသင့်တော်ဆုံးကို ရွေးချယ်ရမှာဖြစ်ပါတယ်။ ကော်ဖီကောင်းများ ဖန်တီးနိုင်ကြပါစေဗျာ...

#ကော်ဖီစစ်စစ်မှအရသာစစ်စစ်ဆီသို့

Address

Rangoon Ahlone

Telephone

+959784890045

Website

Alerts

Be the first to know and let us send you an email when Coffee Institute posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Coffee Institute:

Share