Shwe Thiha Rice & Trading - ရွှေသီဟ ရွှေဘိုပေါ်ဆန်းမွှေး

  • Home
  • Myanmar
  • Shwebo
  • Shwe Thiha Rice & Trading - ရွှေသီဟ ရွှေဘိုပေါ်ဆန်းမွှေး

Shwe Thiha Rice & Trading - ရွှေသီဟ ရွှေဘိုပေါ်ဆန်းမွှေး Shwe Thiha Rice Mill and Rice Shop, Shwebo City

🌾 "ထမင်းအိုးလေး ဖွင့်လိုက်တာနဲ့ တစ်အိမ်လုံး သင်းပျံ့သွားမယ့် ရွှေသီဟ ရွှေဘိုပေါ်ဆန်းမွှေး" 🌾 ချစ်ရတဲ့ မိသားစုကို နေ့စဉ် ...
23/08/2026

🌾 "ထမင်းအိုးလေး ဖွင့်လိုက်တာနဲ့ တစ်အိမ်လုံး သင်းပျံ့သွားမယ့် ရွှေသီဟ ရွှေဘိုပေါ်ဆန်းမွှေး" 🌾

ချစ်ရတဲ့ မိသားစုကို နေ့စဉ် အကောင်းဆုံးနဲ့ အာဟာရ အပြည့်ဆုံး ထမင်းပွဲလေး ပြင်ဆင်ပေးချင်တယ်ဆိုရင်တော့ "ရွှေသီဟ" ရှိပါတယ်ရှင်။ 🥰

ရွှေဘိုဒေသထွက် ပေါ်ဆန်းမွှေးစစ်စစ်ဖြစ်လို့:

• ချက်လိုက်ရင် ဘေးအိမ်ကတောင် လှမ်းမေးရလောက်တဲ့ သဘာဝမွှေးရနံ့။

• အစေ့အဆန် ရှည်မြောပြီး စေးစေးပိုင်ပိုင်နဲ့ နူးညံ့လွန်းတဲ့ အရသာ။

• ထမင်းအေးသွားရင်တောင် မာမသွားဘဲ နူးညံ့အိစက်နေဆဲ။

ဟင်းကောင်းကောင်း မလိုဘဲ ထမင်းဆီဆမ်းလေးနဲ့တင် မြိန်ယှက်စွာ စားလို့ရတဲ့ ဆန်ကောင်းဆန်သန့် ဖြစ်ပါတယ်။ 🍚✨

လိုချင်တဲ့kgနဲ့ရရှိနိုင်မယ့် ဆန်အမျိုးအစားများကို page messenger (သို့ ) 092100979 viberကိုလည်း ဆက်သွယ်မေးမြန်းနိုင်ပါတယ်ရှင်

ပင်ရင်းဖြန့်ချီရေး
ရွှေသီဟဆန်စက်
အမှတ် အေ-၇(၁၇၉)၊ သီရိသိင်္ခလမ်းနှင့်ရွှေမာလာလမ်းထောင့် ၊ စက်မှုဇုန် ၊ ရွှေဘိုမြို့။
ဖုန်း - 092100979
#ဆန် #ပေါ်ဆန်းမွှေး

ဝါဆိုလပြည့်နေ့ ရုံးပိတ်ရက်ကြေညာခြင်းချစ်ခင်လေးစားရပါသော  ရွှေသီဟ ရွှေဘိုပေါ်ဆန်းမွှေး customerများနှင့် မိဘပြည်သူအပေါင်း...
28/07/2026

ဝါဆိုလပြည့်နေ့ ရုံးပိတ်ရက်ကြေညာခြင်း

ချစ်ခင်လေးစားရပါသော ရွှေသီဟ ရွှေဘိုပေါ်ဆန်းမွှေး customerများနှင့် မိဘပြည်သူအပေါင်းတို့ခင်ဗျာ -

လာမည့် ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၂၈ ရက် (ယနေ့) သည် မြန်မာတို့၏ နေ့ထူးနေ့မြတ်ဖြစ်သော ဝါဆိုလပြည့်နေ့ (ဓမ္မစကြာအခါတော်နေ့) ဖြစ်ပါသည်။

ထို့ကြောင့် ဝါဆိုလပြည့်နေ့ အထိမ်းအမှတ်အဖြစ် ရွှေသီဟ စက်ရုံ၊ ရုံးခန်း ၊ အရောင်းဆိုင် များကိုအောက်ပါအတိုင်း ခေတ္တပိတ်ထားမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။

• ရုံးပိတ်ရက် - ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၂၉ ရက် ( ဗုဒ္ဓဟူးနေ့)

• ရုံးပြန်ဖွင့်မည့်ရက် - ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၃၀ ရက် (ကြာသပတေးနေ့)

ဝါဆိုလပြည့် ဓမ္မစကြာအခါတော်နေ့မြတ်တွင် ကျွန်ုပ်တို့၏ Customer မိတ်ဟောင်းမိတ်သစ်များအားလုံး -

• ကိုယ်စိတ်နှစ်ဖြာ ကျန်းမာရွှင်လန်းကြပါစေ။

• ဘေးဥပဒ်အန္တရာယ်ခပ်သိမ်းမှ ကင်းဝေးကြပါစေ။

• တရားဓမ္မအသိများ တိုးပွားနိုင်ကြပါစေ။

• လိုအင်ဆန္ဒဟူသမျှ ပြည့်ဝကြပါစေကြောင်း ဆုမွန်ကောင်းတောင်းလိုက်ရပါသည်ခင်ဗျာ။

#ဝါဆိုလပြည့်နေ့ #ပေါ်ဆန်းမွှေး #ရွှေသီဟ

🌾 ဆန်ပိုးမွှားဒဏ်ကနေ ကင်းဝေးစေမယ့် - ရွှေသီဟ ရွှေဘိုပေါ်ဆန်းမွှေး လေစုပ်အိတ် (Vacuum Pack) ရဲ့ လျှို့ဝှက်ချက် 🌾 ဆန်ဝယ်ပြ...
25/07/2026

🌾 ဆန်ပိုးမွှားဒဏ်ကနေ ကင်းဝေးစေမယ့် - ရွှေသီဟ ရွှေဘိုပေါ်ဆန်းမွှေး လေစုပ်အိတ် (Vacuum Pack) ရဲ့ လျှို့ဝှက်ချက် 🌾

ဆန်ဝယ်ပြီးရင် ပိုးကောင်တွေ ကျလာတတ်လို့ စိတ်ညစ်နေရတဲ့ အိမ်ရှင်မတွေ ရှိလားရှင့်။ 🙋‍♀️

အိမ်မှာ ဆန်ပိုးမကျအောင် နည်းလမ်းမျိုးစုံနဲ့ ကာကွယ်နေရတဲ့ အချိန်ကုန်တဲ့ အလုပ်တွေကို ရွှေသီဟ ရွှေဘိုပေါ်ဆန်းမွှေး က အပြီးတိုင် ဖြေရှင်းပေးလိုက်ပါပြီ။ ကျွန်မတို့ရဲ့ လေစုပ်အိတ် (Vacuum Bag) နည်းပညာနဲ့ ထုပ်ပိုးထားတဲ့ ဆန်အိတ်အသေးလေးတွေက ဆန်ပိုးတွေကို ဘယ်လို ကာကွယ်ပေးလဲဆိုတာ ကြည့်လိုက်ရအောင်နော်။ 👇

✨ လေစုပ်ထုတ်ထားခြင်း (Vacuum) ကြောင့် ဆန်ပိုးမကျနိုင်ခြင်း

• အိတ်ထဲမှာရှိတဲ့ လေထုကို အကုန်စုပ်ထုတ်ထားတာကြောင့် ပိုးကောင်တွေ ရှင်သန်ပေါက်ဖွားဖို့ လိုအပ်တဲ့ အောက်စီဂျင် လုံးဝမရှိတော့ပါဘူး။ ဒါကြောင့် အိတ်မဖောက်မချင်း ဆန်ပိုးမွှား လုံးဝမကျအောင် ရာနှုန်းပြည့် ကာကွယ်ပေးပါတယ်။

✨ စိုထိုင်းဆကို တားဆီးပေးပြီး အနံ့အသက် မပြောင်းလဲခြင်း

• လေစုပ်အိတ်စနစ်က အပြင်က စိုထိုင်းဆနဲ့ အစိုဓာတ်တွေကို အတွင်းထဲ ပေးမဝင်တဲ့အတွက် ဆန်တွေ မှိုတက်ခြင်း၊ ဝါခြင်းနဲ့ အနံ့ဆိုးထွက်ခြင်းတို့ကနေ ကာကွယ်ပေးပြီး ဆန်ရဲ့ မူလသဘာဝအတိုင်း ခြောက်သွေ့သန့်ရှင်းနေစေပါတယ်။

✨ ရွှေဘိုပေါ်ဆန်းရဲ့ မွှေးပျံ့အိစက်မှုကို ရေရှည်ထိန်းသိမ်းပေးခြင်း

• ပေါ်ဆန်းမွှေးရဲ့ ထူးခြားတဲ့ အနံ့နဲ့ အရသာကို လေလုံအိတ်ထဲမှာ အလုံပိတ် သိမ်းဆည်းထားတဲ့အတွက် ဆန်သက်တမ်း ဘယ်လောက်ကြာကြာ အိုးဖွင့်လိုက်တာနဲ့ အသစ်အတိုင်း မွှေးပျံ့အိစက်စေပါတယ်။

✨ သယ်ဆောင်ရလွယ်ကူပြီး အိမ်တိုင်းနဲ့ ကိုက်ညီခြင်း

• 10kg(၅ပြည်) 6kg(၃ပြည်) 4kg(၂ပြည်) 2kg(၁ပြည်) 1kg(၄ဗူး) ထိလေစုပ်ပေးထားတာဖြစ်လို့ ဆန်အိတ်ကြီးတွေလို နေရာအများကြီး ပေးစရာမလိုဘဲ မိသားစုအလိုက် အလွယ်တကူ ချက်စားနိုင်တဲ့ အိတ်အသေးလေးတွေမို့ သိမ်းဆည်းရတာ သပ်ရပ်ပြီး အဖိတ်အစင်လည်း မရှိတော့ပါဘူး။

🔒 ဆန်အိုးထဲ ငရုတ်သီးခြောက်တွေ၊ အရွက်တွေ လိုက်ထည့်ပြီး စိတ်ပူနေရမယ့်ခေတ် မဟုတ်တော့ပါဘူး။

ခေတ်မီနည်းပညာနဲ့ သေသပ်စွာ ထုပ်ပိုးထားပြီး၊ စားလိုက်ရင်လည်း ရွှေဘိုဆန်စစ်စစ်ရဲ့ အိစက်၊ မွှေးပျံ့မှုကို ပေးစွမ်းနိုင်တဲ့ "ရွှေသီဟ ရွှေဘိုပေါ်ဆန်းမွှေး လေစုပ်အိတ်" လေးတွေကိုပဲ အိမ်တိုင်းမှာ အလှဆင်လိုက်ရအောင်နော်။ 💚

💡 သတိပြုရန်
လေစုပ်အိတ် ဂျပ်ဖာလေးတွေကို ဖိမိတာ၊အချွန်နဲ့ထိုးမိတာမျိုးမရှိအောင် သတိထားရမယ်နော်။ လေလျော့သွားရင် လေစုပ်ထားတဲ့ဆန်ရဲ့ အရည်အ သွေး တာရှည်ခံမှာမဟုတ်ဘူးနော်။

ပင်ရင်းဖြန့်ချီရေး
ရွှေသီဟဆန်စက်
အမှတ် အေ-၇(၁၇၉)၊ သီရိသိင်္ခလမ်းနှင့်ရွှေမာလာလမ်းထောင့် ၊ စက်မှုဇုန် ၊ ရွှေဘိုမြို့။
ဖုန်း - 092100979

#ရွှေသီဟဆန် #ရွှေဘိုပေါ်ဆန်းမွှေး #လေစုပ်အိတ် #ဆန်ပိုးမကျတဲ့ဆန်

ရွှေဘိုမြို့က ရွှေသီဟ ဆန်ရောင်းဝယ်ရေးမှာအိမ်တိုင်ရာရောက် ဆန်ကောင်းလေးတွေအသင့်ရှိပြီနော်... 🍚 အိမ်ရှင်မတို့ရေ... အိမ်မှာဆ...
19/07/2026

ရွှေဘိုမြို့က ရွှေသီဟ ဆန်ရောင်းဝယ်ရေးမှာအိမ်တိုင်ရာရောက် ဆန်ကောင်းလေးတွေအသင့်ရှိပြီနော်... 🍚

အိမ်ရှင်မတို့ရေ... အိမ်မှာဆန်ကုန်နေပြီလား?
ထမင်းမွှေးမွှေးစားချင်တဲ့နေ့အတွက် ရွှေသီဟ ဆန်ရောင်းဝယ်ရေးက မြန်မာတစ်နိုင်ငံလုံးက ကြိုက်နှစ်သက်ကြတဲ့ ဆန်မျိုးကောင်းလေးတွေကို လက်လီစျေးနှုန်းဖြင့် အချိန်မရွေးအော်ဒါယူပေးနေပါပြီ။

ယခုရရှိနိုင်သော ဆန်အမျိုးအစားများ
✔ ရွှေဘိုပေါ်ဆန်းမွှေး
✔ ရွှေဘိုဧရာမင်း
✔ ရွှေဝါထွန်း
✔ ရွှေမနော်

ဘာကြောင့် ကျွန်တော်တို့ဆီမှာ မှာသင့်တာလဲ?

✅ လိုအပ်တဲ့ KGအလိုက် ရွေးချယ်ဝယ်ယူနိုင်ခြင်း(24kg,12kg,6kg,4kg,2kg,1kg)
✅ အိမ်အရောက်အခမဲ့ပို့ဆောင် – 12kg(၆ပြည်) အိတ်နှစ်အိတ်နဲ့ နှစ်အိတ်အထက် ဝယ်ယူသူတိုင်း ရွှေဘိုမြို့တွင်း အခမဲ့ပို့ဆောင်ပေးခြင်း
✅ ဈေးကွက်ထက် မကျော်လွန်သော တိုက်ရိုက်ဈေးနှုန်းဖြင့်ရောင်းချပေးခြင်း
✅ သန့်ရှင်းလတ်ဆတ်တဲ့ဆန်ကောင်း ဆန်မွှေးများသာရောင်းချပေးခြင်း

အခုပဲကြိုက်နှစ်သက်ရာ ဆန်အမျိုးအစားနှင့် ပမာဏကိုရွေးချယ်ပြီး အိမ်အရောက်ပို့ ဝန်ဆောင်မှုလေး ခံစားလိုက်ကြရအောင်နော်

ဆက်သွယ်ရန်
📱 ဖုန်း – 09-789369693 (ရွှေသီဟလက်လီအရောင်းဆိုင်)
အမှတ်၁ရပ်ကွက်၊ ပြင်စျေးရပ်၊ ရွှေဘိုမြို့။
💬 Viber 09-789369693

#ဆန်လက်လီ #အိမ်အရောက်ပို့ #ရွှေသီဟ #ပေါ်ဆန်းမွှေး

ရွှေသီဟ ရွှေဘိုပေါ်ဆန်းမွှေး စားသုံးသူ မိတ်ဟောင်း၊ မိတ်သစ် Customerများအားလုံးမြန်မာနှစ်သစ်ကူး အခါသမယမှစ၍ ဘေးရန်ကင်း၊ အန...
12/04/2026

ရွှေသီဟ ရွှေဘိုပေါ်ဆန်းမွှေး စားသုံးသူ မိတ်ဟောင်း၊ မိတ်သစ် Customerများအားလုံးမြန်မာနှစ်သစ်ကူး အခါသမယမှစ၍ ဘေးရန်ကင်း၊ အန္တရာယ်ကင်း ရောဂါဘယကင်းဝေးပြီး စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာကာ ပျော်ရွှင်ကြပါစေ။
ဆန်စပါးပေါများ၍ အိုးတိုင်း အိမ်တိုင်း ဝပြောချမ်းသာကြပါစေ။
စားဖိုဆောင်တိုင်း မွှေးကြိုင်သောထမင်းနံ့နှင့် ပြည့်နှက်ကာ မိသားစုပျော်ရွှင်မှု အကြွင်းမဲ့ ရရှိကြပါစေကြောင်း
ရွှေသီဟ ရွှေဘိုပေါ်ဆန်းမွှေး မိသားစု မှ ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်ရှင်”

#ရွှေသီဟ #ရွှေဘိုပေါ်ဆန်း

ဒီနေ့ တောင်သူလယ်သမားနေ့လေး ဖြစ်တဲ့အတွက် မြန်မာ့ဆန်စပါးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ဖို့ အားထုတ်နေကြတဲ့ တောင်သူများအားလုံးကို...
02/03/2026

ဒီနေ့ တောင်သူလယ်သမားနေ့လေး ဖြစ်တဲ့အတွက် မြန်မာ့ဆန်စပါးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ဖို့ အားထုတ်နေကြတဲ့ တောင်သူများအားလုံးကို လေးစားဂုဏ်ပြုလိုက်ပါတယ်။
ရွှေသီဟ မိသားစုမှ တောင်သူတွေရဲ့ ချွေးတွေနဲ့ ဖြစ်ထွန်းလာတဲ့ ဆန်ကောင်းဆန်မွှေးလေးတွေကို စားသုံးသူတိုင်းဆီ ပို့ဆောင်ပေးနိုင်တဲ့အတွက် ဂုဏ်ယူမိပါတယ်။
တောင်သူများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ။

#တောင်သူလယ်သမားနေ့
#ဆန်

ယနေ့ ၂၀၂၆ခုနှစ် ဖေဖော်ဝါရီလ ၁၂ရက်နေ့မှာ ကျရောက်သည့် (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ ကို ရွှေသီဟ ရွှေဘိုပေါ်ဆန်းမွှေး မိသား...
12/02/2026

ယနေ့ ၂၀၂၆ခုနှစ် ဖေဖော်ဝါရီလ ၁၂ရက်နေ့မှာ ကျရောက်သည့် (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ ကို ရွှေသီဟ ရွှေဘိုပေါ်ဆန်းမွှေး မိသားစုမှ လှိုက်လှဲစွာ ဂုဏ်ပြုကြိုဆိုအပ်ပါသည်။

Address

Shwebo
02261

Telephone

+9592100979

Website

Alerts

Be the first to know and let us send you an email when Shwe Thiha Rice & Trading - ရွှေသီဟ ရွှေဘိုပေါ်ဆန်းမွှေး posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share