09/09/2026
🍌🍌🍌 ငှက်ပျောသီး အချဉ်ဖောက်သဘာဝမြေသြဇာ (အပွင့်နဲ့ အသီး မြန်မြန်ပွင့်/သီးစေရန်) 🍌
ပါဝင်ပစ္စည်းများ -
ငှက်ပျောသီးမှည့် - ၃ လုံး (အခွံရော အသားပါ သေးသေးလေးတွေ လှီးထားပါ)
သကြား - ထမင်းစားဇွန်း ၃ ဇွန်း (သို့မဟုတ်) တင်လဲရည် ( ထမင်းစားဇွန်း ၂ ဇွန်း
ပြုလုပ်နည်း -
ဒီနည်းမှာ ဖောက်စပ်စဉ်အတွင်း ရေထည့်စရာမလိုပါ၊ ငှက်ပျောသီးထဲတွင် ရေဓာတ်ပါဝင်ပြီးသားဖြစ်သောကြောင့် ဖြစ်ပါသည်။
ရောစပ်ပြီးပါက အရိပ်ရသောနေရာတွင် ၇ ရက်မှ ၁၄ ရက်အထိ အချဉ်ဖောက်ထားပါ။
အသုံးပြုနည်း -
ငှက်ပျောသီးအချဉ်ဖောက်ရည် ထမင်းစားဇွန်း ၂ ဇွန်း မှ ၃ ဇွန်းကို ရေ ၁ လီတာနှင့် ရောစပ်ပါ။
သစ်ပင်အရွက်များကို ဖြန်းပေးနိုင်သလို အပင်ခြေရင်းသို့လည်း လောင်းပေးနိုင်ပါသည်။ (တစ်ပတ်လျှင် ၁ ကြိမ် အသုံးပြုပါ)
#ခေတ်မှီစိုက်ပျိုးမွေးမြူရေးဘာသာပြန်ဆောင်းပါး
စိုက်ပျိုးရေး by