15/09/2026
မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီးနှင့်အဖွဲ့မှ တာချီလိတ်နယ်စပ်ကုန်သွယ်ရေး ကုန်သည်များအသင်း အဖွဲ့ဝင်များအား ညစာဖြင့်တည်ခင်းဧည့်ခံခဲ့ပြီး နယ်စပ်ကုန်သွယ်ရေးဆိုင်ရာ ကိစ္စအရပ်ရပ်များကို အချင်းချင်း ဖလှယ်ခဲ့ကြပါတယ်။ တာချီလိတ်နယ်စပ်မှတဆင့် 🇲🇲🥑 ထိုင်းနိုင်ငံသို့ ထောပတ်သီးပို့ဖို့ကိစ္စအတွက် ဥက္ကဌကြီး ဦးစိုင်းစိုင်းနှင့်တကွ အဖွဲ့ဝင်များမှ ဝိုင်းဝန်းကြိုးစား မေတ္တာရပ်ခံပေးထားပါကြောင်း .. ထောပတ်သီးများအတွက် ရလာဒ်ကောင်းများ ရရှိခဲ့ပါတယ်ခင်ဗျ။ နှစ်နိုင်ငံရှိ တာဝန်ရှိပုဂ္ဂိုလ်အသီသီးများမှ ချိတ်ဆက်ဆောင်ရွက် နေကြပြီဖြစ်ကြောင်း.. စိတ်ရှည်ကြဖို့လိုကြောင်း ထိုင်းနိုင်ငံသို့ ထောပတ်သီးတရားဝင် တင်ပို့ခွင့်ရတဲ့ (၄)နိုင်ငံပြီးရင်၊ နံပါတ်(၅)မြောက်နိုင်ငံကို 🇲🇲🤝 မြန်မာဖြစ်စေရမည်၊ ဝိုင်းဝန်းကြိုးစားကြမည်ဖြစ်ကြောင်း ထိုင်းနိုင်ငံ သံအမတ်ကြီးမှ ထောပတ်စိုက်ပျိုးတောင်သူများနှင့်ကုန်သည်များသို့ စကားလက်ဆောင် ပါးလိုက်ပါတယ်ခင်ဗျ 🙏🙏🙏🇲🇲🇲🇲🇲🇲🥑🥑🥑💚💚💚💚🇹🇭🇹🇭🇹🇭✅✅✅🤝🤝🤝