Transform Mya Page 2

Transform Mya Page 2 Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Transform Mya Page 2, Farm, တောင်ကြီးမြို့, Taunggyi.

♥ ဆောင်းသီးနှံမတ်ပဲ စိုက်ပျိုးချိန်နောက်ကျနေပြီဆိုလျင်မိမိထံသို့ ယခုတလော အမေးအများဆုံး မေးခွန်း​တွေကတော့ ♥ ဆောင်းသီးနှံစ...
10/11/2025

♥ ဆောင်းသီးနှံမတ်ပဲ စိုက်ပျိုးချိန်နောက်ကျနေပြီဆိုလျင်

မိမိထံသို့ ယခုတလော အမေးအများဆုံး မေးခွန်း​တွေကတော့
♥ ဆောင်းသီးနှံစိုက်ပျိုးချိန် နောက်ကျနေပြီလား၊
♥ နောက်ကျလျင်ဘယ်လိုလုပ်ရမလဲ၊
♥ ဘာမျိုးစိုက်ရမလဲ၊
ဆိုတဲ့ မေးခွန်းတွေလို့ ဆိုရပါမယ်။

မေးရင်လည်း မေးခြင်စရာဖြစ်ပါတယ်။
နိူဝဘ်ာလဆန်းမှာ ရွာသွန်းခဲ့၊ ရွာနေသောမိုး၊ ဆည်များမှ ရေများကြောင့် မစိုက်ရသေးသော၊ စိုက်ပြီး မတ်ပဲခင်းများမှာ ရေနစ်မြုတ်ခြင်း၊ ရေများခြင်းတို့ ဖြစ်ပေါ်ပြီး စိုက်ချိန်နောက်ကျရန် ဖန်လာခဲ့တာပါ။

♥♥ ဆောင်းသီးနှံမတ်ပဲ စိုက်ပျိုးချိန်နောက်ကျနေပြီလား။

ဆိုလျင် နောက်မကျသေးပါဘူးလို့ ဖြေဆိုရမှာဖြစ်ပြီး နိူဝဘ်ာလအတွင်း စိုက်၍ ရသလို ဒီဇဘာ်လ အထိ စိုက်၍ ရပါသေးတယ်။
ဆောင်းသီးနှံမတ်ပဲစိုက်ပျိုးနေသူများ သိထားသင့်တာက ဆောင်းသီးနှံ မတ်ပဲအား ဆောင်းရာသီ အပူချိန် (၂၀- ၃၀) ဒီဂရီ စင်တီဂရိတ်အတွင်း ရှိနေမယ်ဆိုလျင် စိုက်၍ရသဖြင့် ပွင့်သီးမှုအတွက်တော့ အပင်သက်တမ်းကုန်သည်အထိ မြေအစိုဓာတ်ကြာရှည်ထိန်းနိုင်တဲ့ မြေမျိုးဆိုလျင် (သို့) ရေပေးသွင်းနိူင်လျင် ဒီဇင်ဘာလထဲလဲ စိုက်ပျိုးလို့ ရနိုင်ပါတယ် ဒါပေမယ့် ၁၈ ဒီဂရီစင်တီဂရိတ်ထက် လျော့နည်းပြီး အအေးပိုတဲ့ ဒေသဆိုလျင်တော့
အပင်ပေါက်အားနည်းခြင်း၊ အပင်ကြီးထွားမှုအားနည်းခြင်းတို့ကြောင့် အထွက်နှုန်းကို ထိခိုက်နိူင်သဖြင့် မစိုက်သင့်တော့ပါဘူး။
ထိုအတူ စိုက်ပျိုးချိန် နောက်ကျလွန်းလျင်လည်း ပန်းပွင့်ချိန်မှစ၍ အပူချိန်မြင့်မားမှုကြောင့် အပွင့်အသီးအောင်မြင်မှုအား အခက်အခဲဖြစ်စေပါသည်။
ထို့ပြင် ရောဂါပိုးမွားဖျက်စီးမှုများ အထူးသဖြင့် ယင်ဖြူနှင့်အဝါရောင်မိုစိတ်(Yellow mosaic) Virus ရောဂါကျရောက်မှု ပြင်းထန်ခြင်းကြောင့် အထွက်နှုံး ထိခိုက်နိူင်ခြင်းကြောင့် မစိုက်သင့်ပါ ထိုပြဿနာများကို ဖြေရှင်းရန်အတွက်မူ ရေပေးသွင်းခြင်းဖြင့်သာ ကျော်ဖြတ်နိူင်မည်ဖြစ်ပါတယ်။

♥♥ စိုက်ပျိုးချိန်မှာ နိူဝဘ်ာလအတွင်း မဝင်ဘဲ ဒီဇဘ်ာလ ပထမပါတ် နောက်ပိုင်း နောက်ကျတဲ့ အချိန်မှာ ဘယ်မျိုးတွေစိုက်သင့်လဲ။

♥ ပထမအချက်အနေဖြင့်

လင်းတာတုန့်ပြန်မှုရှိ/လင်းတာတုန့်ပြန်မှု အနည်းငယ်ရှိ၊ အပူချိန်တုန့်ပြန်မှုနည်းငယ်ရှိသည့် ရာသီလိုက်သော သက်လတ်မျိုး၊ သက်ကြီးမျိုးများကို ရွေးချယ်စိုက်ပျိုးသင့်ရာ ပထမဦးစားပေးအနေဖြင့် ရေဆင်း ၂၊ ရေဆင်း ၃၊ ရေဆင်း ၅၊ ရေဆင်း ၆၊ ပုလဲထွန်း၊ ပဲကန်ဇွန်း၊ စာပစပ်၊ မိုးညိုလုံးကြီးတို့လိုမျိုးများအားစိုက်ပျိုးသင့်ပါတယ်။

♥ ဒုတိယအချက်အနေဖြင့် မိုစိတ်ရောဂါခံနိူင်ရည်ရှိပြီး လင်းတာတုန့်ပြန်မှု အနည်းငယ်ရှိ၊ အပူချိန်တုန့်ပြန်မှုရှိသည့် အသက် ၇၅- ၉၀ ရက်သက်တမ်းရှိပြီး အမြစ်အားကောင်းသောမျိုး၊ မြေအမျိုးအစားမရွေး အပင်ဖြစ်ထွန်းသောမျိုး၊ အထွက်နှုန်းကောင်းသောမျိုးများဖြစ်သည့်
စီပင် ၁၊ ရေဆင်း ၇၊ ထန်းညီနောင် ၁၊ ထန်းညီနောင် ၃ နှင့် GSR မှ ထုတ်လုပ် ရောင်းချနေသော ရေဆင်း(၄) တို့ ကို ရွေးချယ်စိုက်ပျိုးရန် လိုအပ်ပါတယ်။

♥♥ မေးစရာရှိလာပါတယ်။
စိုက်ချိန်နောက်ကျနေလို့ သက်ငယ်မျိုးစိုက်ရမှာကို ဘာဖြစ်လို့ အသက်ကြီးတဲ့မျိုးတွေ ရာသီလိုက်တဲ့မျိုးတွေကို စိုက်ဘို့အကြံပေးရတာလဲလို့။

သက်လျင်မျိုး အများစုသည် လင်းတာတုန့်ပြန်မှု အပူချိန်တုန့်ပြန်မှုအနည်းငယ်ရှိခြင်းကြောင့် နေတာတိုသော ဆောင်းရာသီတွင် အပင်ကြီးထွားမှုအလွန်နည်းပြီး ပင်ပိုင်းဆိုင်ရာကြီးထွားမှုအားနည်းပြီး အပင်များထိုင်နေပြီး အပင်အတွက် လိုအပ်သော အပူချိန်ရရှိသော အချိန်ကာလရောက်မှသာ ပွင့်သီးခြင်းဖြစ်ပေါ်ကြ၍ အထွက်နှုန်းမိတ်ဘက်များဖြစ်သည့် တစ်ပင်ပါအကိုင်း၊ တစ်ပင်ပါသီးတောင့်၊ တစ်တောင့်ပါအစေ့၊ အစေ့(၁၀၀) အလေးချိန်(ဂရမ်) အရေအတွက် မဏာမမှာ နည်းပါးသဖြင့် လိုအပ်သည့် အထွက်နှုံးမရရှိနိူင်သလို ရာသီဥတု ဆိုးဝါးမှုဒါဏ် ကိုလည်း မခံနိူင်သည့်အပြင် လင်းတာတုန့်ပြန်မှုမရှိ အပူချိန်တုန်ပြန်မှု အနည်းငယ်ရှိဆိုသော်လည်း နေတာတိုလျင်မူ အပင်ကြီးထွားမှု ရပ်တန့်ခြင်း ရပ်ဆိုင်းခြင်းဖြစ်ပေါ်နိူင်ပါသည်။
ပဲတီစိမ်း မတ်ပဲ စပါး အထွက်တိုး မျိုးများသည်အေးသောရာသီဥတုတွင် အပင်မလုပ်နိူင်ခြင်း အပွင့်အသီး မအောင်မြင်နိူင်ခြင်းတို့ကြောင့် အထက်မြန်မာပြည်တွင် ဆောင်းသီးနှံအဖြစ် မစိုက်ပျိုးနိူင်ခြင်းက သက်သေပြနေပါတယ်။

♥♥ ကျွန်တော်ကတော့ အဝါရောင်မိုစိတ်(Virus)ရောဂါကြောက်လို့ ရောဂါဒါဏ်ခံနိူင်ရည်ရှိတဲ့ မျိုးကိုသာ စိုက်လိုတယ်ဆိုလျင်တော့

~ အမြစ်အားကောင်းသောမျိုး၊
~ မြေအမျိုးအစားမရွေး အပင်ဖြစ်ထွန်းသောမျိုး၊
~ အထွက်နှုန်းကောင်းသောမျိုး
များကို ရွေးချယ်စိုက်ပျိုးရန် လိုအပ်ရာ မိမိအနေဖြင့် အစေ့အရောင်ဆီပြောင်တစ်ခုသာ အားနည်းချက်ရှိပြီး အားသာချက်များသည့် ရေဆင်း (၇)နှင့် အစေ့အရောင်ပုံမှန်ဖြစ်ပြီး အထက်တွင်ဖော်ပြသည့် အထွက်ကောင်းမျိုးများဖြစ်သည့် စီပင် ၁၊ ထန်းညီနောင် ၁၊ ထန်းညီနောင် ၃ နှင့် GSR မှ ထုတ်လုပ် ရောင်းချနေသော ရေဆင်း(၄) ကို စိုက်ပျိုးပါလို့ အကြံပြုလိုပါတယ် DAR မှ ထုတ်လုပ်သော ရေဆင်း ၄ မှာ ဆောင်းရာသီအတွက် အဆင်မပြေပါဘူး။
♥ ကျွန်တော်ကတော့ အမြစ်ဆင်းအားညံ့တာ၊ အပင်မဖြစ်တာမသိဘူး အရင်စိုက်နေကျ DAR ရေဆင်း ၄၊ TBL 9 ကိုသာစိုက်လိုတယ် ဆိုလျင်တော့ စိုက်ပါ၊ ဒါကတော့ မိမိရဲ့ ရွေးချယ်မှုသာ လို့ဆိုရမှာပါ။

♥♥ ယခုအချိန်အထိ မိမိတို့၏ လယ်ထဲမှာ ရေတွေ ရှိသေးလို့ မြေစိုသေးလို့ စိုက်လို့ရာသီအချိန် မှီပါအုံးမလားလို့ မေးလာမှုများ ရှိနေရာ

မိမိမှ ပြန်လည်မေးမိတဲ့ မေးခွန်းကတော့ ရာသီအချိန်မမှီလျင် မစိုက်တော့ဘူးလား ဆိုတာပါဘဲ။
~ ဆောင်းသီးနှံ မစိုက်ဘဲ မနေကြပါဘူး။
~ မနေနိူင်ကြပါဘူး။
~ နေနိူင်တဲ့သူကတော့ နေကြပေါ့။

ဟုတ်ပါတယ် တောင်သူများ ပြောနေကြသလို တန်ဆောင်မုန်းလထဲ မစိုက်နိူင်လျင်၊ နိူဝဘ်ာလထဲ မစိုက်နိူင်လျင်၊ ဒီဇဘ်ာလထဲရောက်လျင် မစိုက်ဘဲ နေကြတော့မှာလား ဆိုတာပါဘဲ။
မိမိအတွေ့အကြုံအရပြောရလျင် ယခုအချိန်အထိ စိုက်ပျိုးချိန် နောက်မကျသေးပါဘူး၊ ယခုရာသီဥတုအတိုင်းဆိုလျင် အချို့ဒေသများ၌ ဒီဇဘ်ာ ၁၅ ရက်တွင်ပင် စိုက်ပြီးဘို့ရာမမြင်သေးပါဘူး။
ဒါပေမယ် မိမိတို့မှာ ဆောင်းသီးနှံမစိုက်ဘဲနေမှာမဟုတ်သလို စိုက်ပျိုးဘို့နောက်ကျနေပြီလို့လည်း မိမိအတွေ့အကြုံအရ မမြင်သေးပါဘူး ဘာဖြစ်လို့လည်းဆိုတော့ အထက်မြန်မာပြည်မှာရော အောက်မြန်မာပြည်မှာပါ ဆောင်းသီးနှံကို ဒီဇဘ်ာ ၂၅ ရက်နေ့အထိ စိုက်ပျိုးခဲ့ဘူး ခဲ့၍ ဖြစ်ပါတယ်။

မနေနိူင်လျင်၊ မနေနိူင်လို့ စိုက်ကြရမှာပါ၊စိုက်ပျိုးမှတော့ အထွက်ကောင်းပြီး အကျိုးအမြတ်ရရှိအောင် စိုက်ပျိုးကြရမှာပါ။

♥♥ သို့ဖြစ်၍ တောင်သူလယ်သမားများ အနေဖြင့်

~ မျိုးစေ့ရွေးချယ်ချိန်တွင် မှန်ကန်သော မျိုးစေ့ဖြစ်ရန်။
~ မျိုးစေ့ကြဲပက်ချိန်တွင် အလေအလွင့်မရှိရန်။
~ ထွန်ယက်ချိန်တွင် စနစ်တကျထွန်ယက်ရန် မလိုအပ်သော ကုန်ကျမှုမဖြစ်ရန်။(မလိုအပ်သော ထွန်ယက်မှုမျိုး မလုပ်တောင်မိပါစေနှင့်)
~ ပြုစုထိမ်းသိမ်းချိန်တွင် မလိုအပ်သောကုန်ကျမှုများ မဖြစ်စေဘဲ ထိရောက်မှုရှိစေရန်။(မှိုဆေး ပိုးသတ်ဆေး ကာဖြန်းထားဆိုတဲ့ ဂျင်းမမိပါစေနဲ့)
စဥ်းစားချင်ချိန်၍ လုပ်ဆောင်ရမည့် အချိန်ရောက်ရှိလာပါပြီ။

♥ အကျိုးအမြတ်ရရှိဘိုဆိုရာ

ကုန်ကျစရိတ်နည်းရမယ်၊ အထွက်တိုးရမယ်ဆိုတော့
ရှေးယခင်နှစ်ကလို ဆေးဆိုင်ဝန်ထမ်းပြောလို့၊ ဘေးနားကတောင်သူ လုပ်နေလို့ ဆိုတဲ့ အလေ့အကျင့်များမလုပ်ဆောင်ရန်လိုသလို ခပ်ပေါ့ပေါ့ နေလို့ လုပ်လို့မရနိူင်တော့ဘဲ၊ လယ်ယာလုပ်ငန်းခွင်သို့ အလည်သွားတဲ့ လည်သမား အဖြစ် နေလို့မရဘဲ လယ်ထဲမှာ တလယ်လယ်ဖြင့် သွားလာလုပ်ကိုင်နေသော လယ်သမား ဖြစ်ရန် လယ်သမားလို လုပ်ကိုင်ရန် လိုအပ်လာပါပြီ။

♥ တောင်သူလယ်သမားများအနေဖြင့်

ဒီနှစ်တော့ စိုက်ချိန်နောက်ကျနေပြီ၊ သူများတွေဖြင့် အပင်ဘယ်လောက်တောင်ရှိနေပြီ(ခုတ်ပဲသမားများ မြစ်ရေကျသမားများက သီးပွင့်စပြုနေပြီလေ)
ငါတို့ဒီနှစ် စိုက်မှစိုက်ရပါ့မလား၊
အရင်းတောင်ရပါ့မလား.ဆိုတဲ့ အတွေး မဝင်ရန်တော့လိုအပ်ပါတယ်။
ငါတို့ဒီနှစ် အရင်းတောင်ရပါ့မလား ဆိုတဲ့ အတွေးဝင်နေလျင်တော့ မစိုက်ဘဲနေတာကမှ လူသက်သာ၊ ငွေကုန်သက်သာဖြစ်မှာပါ။

♥ စိုက်မယ်ဆိုလျင်တော့ဖြင့်

အမြတ်ရအောင် စိုက်ပျိုးရမှာ ဖြစ်တဲ့အတွက် မလုပ်ခင်က ဖြစ်ပေါ်နေသော အားလျော့စိတ်များမရှိဘဲ လုပ်ကိုင်ဆောင်ရွက်ကြရမှာ ဖြစ်တဲ့အတွက် ဆောင်းသီးနှံစိုက်ပျိုးရန် အချိန်မှီသေးတယ် နောက်မကျသေးတဲ့အတွက် ကြိုးစားစိုက်ပျိုးကြပါလို့ တိုက်တွန်းအပ်ပါတယ်။

ချမ်းမြေ့ပါစေ

ဦးသက်လွင်(ထန်းညီနောင်)
♥ ၁၇.၁၁.၂၀၂၄ နေ့တွင် ရေးသားခဲ့သော ဆောင်းပါးအား ပြင်ဆင်ဖြည့်စွက်ထားပါသည်။

Big shout out to my newest top fans! 💎 Wai Yan Tun, Koko KokoDrop a comment to welcome them to our community,
29/01/2025

Big shout out to my newest top fans! 💎 Wai Yan Tun, Koko Koko

Drop a comment to welcome them to our community,

 #ကျန်းမာရေးကောင်းပြီးဘာ​ကြောင့် ရုတ်တရက်သေဆုံးသွားရတာလဲ...?-ဒီတခေါက် အအေးလှိုင်းကြောင့် ထိုင်ဝမ်မှာ လူတချို့ရုတ်တရက်သေဆ...
14/01/2025

#ကျန်းမာရေးကောင်းပြီးဘာ​ကြောင့် ရုတ်တရက်သေဆုံးသွားရတာလဲ...?

-ဒီတခေါက် အအေးလှိုင်းကြောင့် ထိုင်ဝမ်မှာ လူတချို့ရုတ်တရက်သေဆုံးသွားကြတယ်။

အားလုံး အံ့သြနေတာက
တချို့ဆို နှလုံးရောဂါမရှိ
ဆေးလိပ်၊ အရက်လည်း မသောက်ပဲနဲ့ အကောင်းကြီး
ဘာလို့ရုတ်တရက် သေဆုံးသွားရတာလဲ ဆိုတာပါပဲ။

တချို့က အေးလွန်းလို့
ညအိပ်ရင် အဝတ်တွေအများကြီးဝတ်ပြီးအိပ်တာတောင်
ရုတ်တရက် သေဆုံးသွားကြတယ်။တကယ်ဆို အဝတ်အများကြီး ဝတ်တာထက်
မှန်ကန်တဲ့ အလေ့အကျင့်ကိုသိဖို့နဲ့ လုပ်ဆောင်နိုင်မှသာ ရုတ်တရက်သေဆုံးခြင်းက ကာကွယ်နိုင်မှာပါ။

ဘာပဲဖြစ်ဖြစ်..ဒီလိုရုတ်တရက်အဖြစ်က ကာကွယ်နိုင်အောင်
အောက်ပါအချက် (၆)ချက်ကို သတိပြုသင့်တယ်။

(၁)..အရမ်းအေးရင် အိပ်ယာနိုးတာနဲ့ ခနပဲ မှေးပြီး စောင်ကိုဖယ်ကာ ဖြေးဖြေးထရပါ့မယ်။
ပြီးတာနဲ့ အနွေးထည်တစ်ထည် ချက်ချင်းဝတ်ပြီး ခန္တာကိုယ် အနွေးဓာတ်ကို ဆက်ထိန်းထားရမယ်။ဒါမှ အရေပြားအောက်က သွေးကြောတွေ ကျုံ့ပြီး ဖြစ်မယ့်အန္တရာယ်က ကာကွယ်နိုင်မယ်။

(၂)...ပြီးရင် မျက်နှာသစ် သွားတိုက်တဲ့အခါမှာ ရေနွေးလေးနဲ့ သုံးရပါ့မယ်။မျက်နှာသစ်တာ ခနပဲဆိုပြီး ရေအေးသုံးရင် မျက်နှာက သွေးကြောတွေ ရေအေးကြောင့် ခဲသွားနိုင်ပြီး
ရုတ်တရက် အန္တရာယ် ရှိနိုင်တယ်။

(၃)..အေးလွန်းလို့ ရေနွေးစိမ်မယ်၊ ရေချိုးကြမယ်ဆိုရင်လည်း ပြီးရင် ကိုယ်ပေါ်က ရေစက်တွေကို တဘက်နဲ့ ချက်ခြင်းသုတ်ပစ်ရမယ်။အဲ့ဒီရေစက်ကလေးတွေက လေအေးနဲ့တွေ့ပြီး ခန္ဓာကိုယ်ကို အန္တရာယ်ဖြစ်စေနိုင်တယ်။

(၄)...ပြီးတော့ နားရွက်နဲ့လည်ပင်းကိုလည်း နွေးနွေးထွေးထွေး ထားရပါ့မယ်။ရုတ်တရက်သေဆုံးသွားတဲ့ လူတွေထဲမှာ များသောအားဖြင့်က လည်ပင်း နဲ့ နားရွက်ကို
နွေးထွေးအောင် မထား ထားကြ​တာ တွေ့ရတယ်။လည်ပင်းမှာ ဦးဏှောက်နဲ့ခန္ဓာကိုယ်ကို
ဆက်သွယ်ပေးထားတဲ့အာရုံကြောနဲ့ သွေးကြောတွေ
အများကြီးရှိနေပါတယ်။ဒါကြောင့် လည်ပင်းနဲ့နားရွက်ကို နွေးထွေးစွာထားရပါ့မယ်။

(၅)...အေးရင် ဘယ်လိုဝတ်တာ အကောင်းဆုံးလဲဆိုတော့ အတွင်းဆုံးက ချည်သားလက်ရှည်၊အလယ်က သိုးမွေးလက်ရှည်နဲ့ အပြင်က လေကာ အနွေးထည် ဖြစ်ရပါ့မယ်။အကယ်၍ ဝတ်ပုံ မမှန်ရင်လည်း နှလုံးသွေးကြောတွေ အေးပြီး ရုတ်တရက် အန္တရာယ်ဖြစ်စေနိုင်ပါတယ်။

(၆)...အားကစားလုပ်တာ ကောင်းပါတယ်။ဒါပေမယ့် သိထားရမှာက အားကစားလုပ်နေချိန်မှာ နှလုံးဟာ ပုံမှန်ထက် 6~17 ဆ ပိုအလုပ်လုပ်နေတာရယ်၊ကြွက်သားထဲက သွေးတွေက ပုံမှန်ထက် 25 ဆ ပိုစီးဆင်းနေတာကြောင့် အားကစားမလုပ်ခင် သွေးပူလေ့ကျင့်ခန်းလုပ်ပြီးမှ လုပ်တာကရုတ်တရက် အန္တရာယ်ကို ကာကွယ်နိုင်မယ်...

(ဒါကြောင့် မိသားစုကိုချစ်ရင် မိမိကိုယ်ကို ဂရုစိုက်ပါ)

ရာသီဥတုအေးရင်နွေးနွေးထွေးထွေးနေဖို့ မမေ့ပါနဲ့။

(ဒီဆောင်းပါးကို မိတ်ဆွေများဆီ မျှဝေနိုင်ပါတယ်)

🎉(12.1.2025) ယနေ့ကားကြီးဆုကြီးနှင့်မော်တော်ဆိုင်ကယ်🛵🛵၆ စီးနဲ့အခြားဆုမဲပေါင်းမျာစွာဘယ်သူပိုင်ဆိုင်မလဲဆိုတာ ရင်ခုန်နေပါပီ ...
12/01/2025

🎉(12.1.2025) ယနေ့ကားကြီးဆုကြီးနှင့်မော်တော်ဆိုင်ကယ်🛵🛵၆ စီးနဲ့အခြားဆုမဲပေါင်းမျာစွာဘယ်သူပိုင်ဆိုင်မလဲဆိုတာ ရင်ခုန်နေပါပီ 🚘

🏆 ထံ ဝယ်ယူကြတဲ့ ချစ်မိတ်ဆွေကြီးများအားလုံး

🚘 ကား 🚘 ဆုကြီးပေါက်ကြပါစေ 🙏🙏🙏❤

ွက်ဖျန်းမြေသြဇာဖြန့်ချီရေး

လေ့လာမိသလောက် ပဲမျိုးစုံမြစ်ခြောက်ဆွေး ပြဿနာ (၁)ပဲမျိုးစုံတွင် ဒေသအများအပြားတွင် စိုက်ပျိုးသူ တောင်သူလယ်သမားများ ကြုံတွေ...
10/01/2025

လေ့လာမိသလောက် ပဲမျိုးစုံမြစ်ခြောက်ဆွေး ပြဿနာ (၁)

ပဲမျိုးစုံတွင် ဒေသအများအပြားတွင် စိုက်ပျိုးသူ တောင်သူလယ်သမားများ ကြုံတွေ့နေရသော ပြဿနာများကို အခြေပြု၍ မိမိလေ့လာမိသလောက် အပိုင်းအလိုက် ရေးသား​ပေး
သွားပေးမည်ဖြစ်ရာ ပညာရှင်၊ တောင်သူ၊ ရှုဒေါင့်တို့မှ ကြည့်လျင်မူ ကွဲလွဲမှု သွေဖည်မှုများ ရှိကောင်း ရှိနေမှာပါ။

ဒါပေမဲ့ စိုက်ပျိုးသူအများစုသည် ဆောင်းသီးနှံ စိုက်ချိန်ရောက်တိုင်း ကြုံတွေ့နေရသည့် ပဲသေဆုံးချိန်ရောက်လျင် ဘယ်လောက်ကုန်ကုန် အသေတန့်လျင်ပြီးရော၊ မသေလျင်ပြီးရော စိတ်တွေဝင်ပြီး ငွေကုန်ကြေးကျခံပြီး လုပ်ကြ၊ လုပ်ခြင်စိတ် ဝင်တတ်ပေမယ့်
ရိတ်သိမ်းပြီးသွားချိန်မှ စ၍ နောက်နှစ် ဆောင်းသီးနှံ စိုက်ချိန် ကာလတိုင်အောင် ပဲသေဆုံးခြင်း ပြဿနာအတွက် ခေါင်းထဲမှာမရှိတော့ဘဲ ကြိုတင်ပြင်ဆင်ရမည့် ကိစ္စများကို လုပ်ဆောင်ရန် မစဥ်းစားတတ်ကြတာက စိုက်ပျိုးသူအများစုရဲ့ အလေ့အကျင့်ပါ။

တောင်သူလယ်သမား စိုက်ပျိုးသူအများစုသည် နှစ်စဥ်ကြုံတွေ့နေရသည့် Rhizoctonia spp ကြောင့်ဖြစ်သော မြေဆောင်ရောဂါ မြစ်ခြောက်ဆွေးအား သက်သာနိူင်စေသည့် နည်းလမ်းများအား နှစ်ကာလ ကြာရှည်စွာ ရှာဖွေနေခဲ့ကြသူ များသော်လည်း အမှန်တကယ် သက်သာအောင် ကုသနိူင်သည့် ဆေးကိုအသာထား ကြိုတင်ကာကွယ်နိူင်သည့် ရောဂါကာကွယ်နိူင်သည့် ဆေးကိုပင် ရှာဖွေမတွေ့နိူင်ကြဘဲ သက်သာလောက်တယ်၊ သက်သာလိမ့်မယ် ဆိုပြီး ရောင်းချနေကြသော ဆေးများကိုသာ သုံးစွဲနေကြရပြီး လမ်းမှန်ကမ်းမှန်နှင့် အမှန်တကယ် သက်သာစေနိူင်သည့် ဆေးကိုမူ စေတနာဖြင့် လမ်းညွန်ပေးသူ၊ လမ်းမညွန်နိူင်သည်ကို တွေ့နေရပါတယ်။

ဘာဖြစ်လိုလဲဆိုတော့ ပဲမျိုးစုံတွင် ကျရောက်နေသော မြစ်ခြောက်ဆွေးရောဂါသည်

♥ ဘယ်လို သီးနှံစိုက်ခင်းတွေမှာ ပိုပြီးအဖြစ်များနေတာလဲ။
♥ ဘာကြောင့် ဖြစ်ရတာလဲ။၅
♥ ဘယ်လို ကုသလျင် ရနိူင်သလဲ။
♥ အလွယ်တကူ ကုသလို့ရနိူင် မရနိူင်။
♥ ကုသလို့ ရသည်ရှိသော် အချိန်ပေးနိူင်ပါရဲ့လား။

ဆိုတာကို သိရှိရန် လိုအပ်ပြီး မေးမြန်းလိုပါတယ်။

မိမိတို့ တောင်သူအများစုသည်
~ ငါးပွက်မြင်ရာ ငါးစာချခြင်စိတ်။
~ ဆူလွယ် နပ်လွယ်စိတ်။
~ ကောက်ရိုးမီး စိတ်ရှိသူ။
များနေလေတော့ လွယ်လွယ်နှင့် ကာကွယ်ကုသ၍ မရဘဲ အချိန်ပေးပြီး ဇွဲရှိရှိဖြင့် စနစ်တကျ လုပ်ဆောင်နေရန် လိုအပ်သည့် Rhizoctonia spp ကြောင့်ဖြစ်သော မြေဆောင်ရောဂါ မြစ်ခြောက်ဆွေးသည် ထိုစိတ်ရှိသူ များအတွက် ကုသရန်ခက်ခဲသည့် ရောဂါအဖြစ် ရှိနေမှာပါ။

တကယ်လည်း ရှိနေပါတယ်။
အချို့ဒေသများဆိုလျင် မတ်ပဲသေဆုံးခြင်း ပြဿနာကြုံတွေ့ရသည်မှာ(၅- ၁၀) နှစ်အထိပင် ရှိနေကြပြီး ပဲတီစိမ်းပြောင်းစိုက်ခြင်း၊ မတ်ပဲထွက်သလောက် စိုက်နေကြသည်ကို စိတ်မကောင်းဘွယ်ရာ တွေ့နေရပါတယ်။

ဒီတော့ ပဲမျိုးစုံ သေနေတာဟာ မြစ်ခြောက်ဆွေးရောဂါကြောင့် သေနေတာလို့ မတွေးတော့ဘဲ မြေကြောင့် ဆိုတဲ့အတွေ့နဲ့ မြေကို နည်းမျိးစုံပြင်လာကြတာကို တွေလာရပါတယ်။

♥ မြေချဉ်လို့ ပဲသေနေရတာ ဆိုတဲစကားကို အကြွင်းမဲ့ ယုံကြည်ပြီး ထိုသိုပြောသူများ ညွန်ပြရောင်းချနေသော ပစ္စည်းများကို ဝယ်ယူသုံးစွဲနေကြတာ။

♥ ပဲသေတာက မြေကြီးမှာကို ဖြစ်နေလို့ ဆိုပြီး သီးနှံစိုက်ရာမှာ တန်ဘိုးရှိလှတဲ့ အပေါ်ယံမြေတွေကို ဖယ်ထုတ်နေကြတာ။

♥ မြေချဥ်တာ ပြင်နိူင်တယ်ဆိုပြီး ဆား ကို ထုံး နဲ့ အချိုးကျ ပက်နေကြတာ။

♥ ဘာမတ်ပဲမျိုး စိုက်လျင် မတ်ပဲမသေတော့ဘူးဆိုပြီး ပြောဆိုနေကြတာ။

♥ သဘာဝမြေဩဇာ၊ မြေဆွေး၊ Organic Matter ထည့်ဘို့ ပျက်ကွက်နေကြတာ။

♥ မြေ၏ဖွဲစည်းပုံ ပြင်ဆင်ဘို့ မကြိုးစားတာ(နွေထယ်ရေးထိုးဘို့မစဉ်းစားတာ)

♥ မြေကြီးမှာ လိုအပ်နေသော အဟာရမျာကို ဖြည့်တင်းစိုက်ပျိုးရန် မစဉ်းစားဘဲ သူများအပြောတွင် လမ်းဆုံးနေကြတာ။

♥ ပဲသေဆုံးတာ သက်သာနိူင်ပါတယ်လို့ ပြောပြီး ရောင်းချနေကြတဲ့ ဂျင်းမြေဩဇာများကို ယုံကြည်အားကိုးစွာ သုံးစွဲနေကြတာ။
(ဂျင်းမြေဇာဆိုသည်မှာ မိမိတို့မြေဩဇာသည် မြေဆောင်ရောဂါများကြောင့် သေဆုံးနေသော ပြဿနာများအား ကာကွယ် ကုသနိူင်တဲ့ ပိုးသတ်ဆေး လိုလို ပြောဆိုရောင်ချနေသော မြေဩဇာများကို ဆိုလိုပါတယ်)

တွေကို စိတ်ပျက်စရာ ကောင်းလောက်အောင် တွေ့လာရပါတယ်။

ဒီတော့ တောင်သူလယ်သမားများ၊ ပညာရှင်များအထဲတွင် သတိထားမိသူ၊ မထားမိသူ ရှိနေကြမည့် အကြောင်းအရာ အချို့ကို တင်ပြရလျင်

♥ ဘယ်လို သီးနှံစိုက်ခင်းတွေမှာ ပိုပြီးအဖြစ်များနေတာလဲ။

ဘယ်လိုသီးနှံစိုက်ခင်းတွေမှာ Rhizoctonia spp ကြောင့်ဖြစ်သော မြစ်ခြောက်ဆွေးရောဂါ အဖြစ်များနေတာလဲ ဆိုလျင်

♥ အပိုင်း(၂)အား ဆက်လက်ရေးသားပါမည်။

ချမ်းမြေ့ပါစေ
ဦးသက်လွင်(ထန်းညီနောင်)
မင်းလှမြို့
ပဲခူးတိုင်းဒေသကြီး
၁၅.၃.၂၀၂၄

ကျန်းမာရေး အတွက် အသည်းကိုဆေးပေးခြင်း•••••▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎လူ့ကိုယ်ခန္ဓာမှာ အသည်...
10/01/2025

ကျန်းမာရေး အတွက် အသည်းကိုဆေးပေးခြင်း•••••
▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎

လူ့ကိုယ်ခန္ဓာမှာ အသည်း ကျန်းမာရေး ဟာ အရေးကြီးဆုံးပါ•••••

ဒါကြောင့် တစ်ပတ်တစ်ကြိမ်အဆိပ်အပုပ်ထုတ်တဲ့အစီအစဉ်အရအခုအပတ်မှာအလှည့်ကျတာကတော့အသည်းကိုဘယ်လို ဆေးမလဲ ဆိုတာ မျှဝေပေးမှာဖြစ်ပါတယ်•••••

ခန္ဓာကိုယ်မှာအသည်းဟာအရေးကြီးတဲ့အင်္ဂါတစ်ခုဖြစ်သလိုအလုပ်အများဆုံးသောကလီစာလည်းဖြစ်ပါတယ်။စားအမျှအစာတွေကအဆိပ်တွေကိုဖြေပေးရပါတယ်။နေ့စဉ်စားနေတဲ့အစာတွေထဲမှာအဆိပ်တွေကအများကြီးပဲ။ဒါကြောင့်အသည်းကောင်းဖို့သိပ်အရေးကြီးပါတယ်•••••

အသည်းကိုဆေးဖို့အကောင်းဆုံးကတော့မန်ကျည်းဖျော်ရည်ဖြစ်ပါတယ်။မန်ကျည်းသီးဟာအသည်းအတွက်သဘာဝကပေးထားတဲ့ဆေးလည်းဖြစ်ပါတယ်။အသည်းကိုနုပျိုစေပါတယ်။အသည်းခြောက်ခြင်း၊ကျုံ့ခြင်း၊ကြွပ်ခြင်း၊ဆတ်ခြင်း၊ပုပ်ခြင်းတွေမဖြစ်အောင်ကာကွယ်ပေးပါတယ်။

အခုခေတ်မှာBပိုးCပိုးHပိုးစသည်ဖြင့်ဖြစ်ကြတာဟာအသည်းပုပ်လို့ပါ။ပိုးဆိုတာပုပ်မှတွယ်တာပါ။မပုပ်ရင်မတွယ်ပါဘူး။အဲ့လိုပိုးမတွယ်အောင်အသည်းကိုဆေးကြောပေးဖို့လိုပါတယ်။ရိုးရိုးလေးပါပဲ၊မန်ကျည်းဖျော်ရည်သောက်ပေးရုံပဲဖြစ်ပါတယ်။

မန်ကျည်းမှည့်လက်တစ်ဆုပ်၊ထန်းလျှက်သင့်ရုံ၊ဆားအနည်းငယ်ကိုမတ်ခွက်ထဲမှာထည့်ပြီးရေနွေးဆူကိုလောင်းထည့်ပါ။မနက်ထဲကနှပ်ထားရင်ညနေဆိုသောက်လို့ရပါပြီ။ဆန်ကာနဲ့စစ်လိုက်ရင်အရသာရှိတဲ့မန်ကျည်းဖျော်ရည်ကိုရပြီပေါ့။သံပရာသီးကြိုက်ရင်ညှစ်ထည့်၊အေးအေးလေးသောက်ချင်ရင်ရေခဲထည့်သောက်ပါ။

အသည်းကအဆိပ်အပုပ်တွေသာမကဝမ်းဗိုက်ထဲကအပူအပုပ်တွေလည်းထွက်သွားပြီးလူကပေါ့ပါးလန်းဆန်းသွားပါလိမ့်မယ်။အဆိပ်အပုပ်အပူအစပ်တွေကင်းရှင်းသွားတော့သွေးသားသန့်စင်ပြီးအလှတွေလည်းတိုးပြီပေါ့။

ဒါကြောင့် ကျန်းမာဖို့အတွက် အသည်းဆေးပေးခြင်းကို
စာဖတ်သူများ ဗဟုသုတ ရရှိစေရန်ပြန်လည်မျှဝေပေးပါသည်။

မိတ်ဆွေများအားလုံးကျန်းမာသုခနဲ့ပြည့်စုံကြပါစေ

ဆောင်းရာသီမှာ "ချင်း" စားပါ ဘာလို့ပါလဲ ဖတ်ကြည့်ပေးနော်____________ဆောင်းဥတုသည် အပြင်ထွက်လျှင် အအေးပတ် လွယ်သော ဥတု ဖြစ်သည...
06/01/2025

ဆောင်းရာသီမှာ "ချင်း" စားပါ ဘာလို့ပါလဲ ဖတ်ကြည့်ပေးနော်
____________

ဆောင်းဥတုသည် အပြင်ထွက်လျှင် အအေးပတ် လွယ်သော ဥတု ဖြစ်သည်။ အဝတ်အစား လုံခြုံအောင် ဝတ်ဆင် ထားသည့် ကြားကပင် ဦးခေါင်းနှင့် လည်ပင်းကို အအေးပတ်ပြီး အသံဝင်ခြင်း၊ လည်ချောင်း နာခြင်း၊ သွားနာနှင့် သွားဖုံးများ အပူကန်ခြင်း၊ အာသီး ရောင်ခြင်းများ ဖြစ်လေ့ရှိသည်။

ထိုသိုအအေးပတ် ခြင်းကို ချင်း လက်ဖက်ရည် သောက်ခြင်းဖြင့် ကာကွယ် နိုင်သည်။ မိမိအိမ်တွင် သောက်နေကျ ရေနွေးကြမ်း ထဲသို့ ချင်းပါးပါး နှစ်လွှာ သုံးလွှာ လှီးထည့်ပြီး ပူပူလေး သောက်ခြင်းဖြင့် ကာကွယ် နိုင်သည်။

အအေးပတ်ပြီး အဖျားဝင်လျှင်၊ ကိုယ်လက်များ ညောင်းညာ ကို-က်ခဲလျှင် ချင်းပါးပါး ခုနစ်လွှာ၊ ထန်းလျက် သုံးခဲ၊ ကွမ်းရွက် တစ်ရွက်ကို ခြေ၍ မတ်ခွက်တွင် ထည့်ပြီး ရေနွေးအဖြူ ပူပူလောင်း ထည့်ပါ။ ၁၅ မိနစ်ခန့် အငွေ့လုံအောင် အုပ်ထားပါ။ ထို့နောက် အဖုံးဖွင့်ပြီး မျက်နှာ နှာခေါင်းပေါက်ဖြင့် အငွေ့ကို ရှူရင်း ဖြည်းဖြည်းချင်း သောက်ပါ။

အအေးမိခြင်းမှ သက်သာ စေနိုင်သည်။
ချင်းသုပ်သည် မြန်မာလူမျိုးများ အကြိုက် ရိုးရာ အစားအစာ ဖြစ်သည်။ ချင်းကို အမြွှာလေးများ ခြစ်ပြီး ရှောက်ရည်ဖြင့် စိမ်ထားသော ချင်းနှပ်သည် ဝမ်းမီးတောက်ပြီး အစာကြေ စေသည်။ အအေးပတ် ခြင်းမှ ကာကွယ် ပေးသည်။ လူကြီးများ ကိုယ်ငွေ့ ကောင်းစေရန် ချင်းသုပ်ကို မကြာခဏ ကျွေးပေးခြင်းဖြင့် ကျန်းမာ စေနိုင်သည်။

ဆေ:ဖက်ဝင် အသုံးပြုပုံများ
+++++++++

၁။ ချင်းကိုပါးပါးလှီး (၇)လွှာ၊ သံပုရာသီးတစ်ခြမ်း၊ ပျားရည်တစ်ဇွန်း ရေနွေးစိမ်သောက်ပါ။ နေ့စဉ်တစ်နေ့မတ်ခွက်တစ်ဝက်သောက်ရုံဖြင့် အဆီကျပြီး ကျန်းမာစေသည်။

၂။ ခေါင်းကို-က်၊ မျက်ရိုးကို-က်၊အအေးမိ နှာစေး ဖြစ်လျှင် ချင်းတက်ကိုပါးပါးလှီး နထင်နှစ်ဘက်မှာကပ်ထားပါ။

၃။ ဇက်ကြောတက်လျှင် ချင်းတက်ပါးပါးလှိး ဇက်ရင်းနှင့် ပခုံးတလျှောက်မှာကပ်ပါ။

၄။ အဖျားအနာ မှန်သမျှ ချင်းပြုပ်ရည် သောက်ပေးလျှင် အခိုးပွင့်ပြီးသက်သာစေသည်။

၅။ ရှေးက မြန်မာလူမျိုးများ ဖျားလျှင်သောက်သုံးခဲ့သည့် အခိုးပွင့်ဆေ:မှာ ချင်း၊ကွမ်းရွက်၊ထန်းလျက်ပြုပ်ရည်ဖြစ်သည်။

၆။ ညှော်မိ၊အနာဝင် ငန်းမန်းတက်ဖျားလျှင် ချင်း၊ကွမ်းရွက်၊ကြပ်ခိုး၊ ဆားလှော်အနည်းငယ် ထည့် ပြုပ်သောက်လျှင် သက်သာသည်။

၇။ ချင်းသည် သွေ:ကျဲစေသောသတ္တိရှိသဖြင့် သွေ:တိုးရောဂါ၊ နှလုံးသွေ:ကြောကျဉ်းရောဂါ၊ ခြေထောက် သွေ:မလျှေက်ရောဂါရှိသူများ ချင်းတက်အစိုကို ထုထောင်း၍ အရည်ညှစ်ယူပြီး ဟင်းစားဇွန်းတစ်ဇွန်း သောက်ပေးပါ။ ပိန်စေလိုလျှင် သံပရာရည် ရောသောက်ပါ။ အစာကြေစေလိုလျှင် ပျားရည်တစ်ဇွန်း ရေားစပ်သောက်ပါ။

shareပေးကြပါနော်....တစ်ဆင့်ပြပြန်လည်မျှဝေခြင်းဖြစ်ပါသည်

++++++++++++
ကျွန်တော်တို့တင်ပြပေးထားသည်ဖတ်၍မိဘပြည်သူများအနေဖြင့်
ဗဟုသုတအဖြစ်မှတ်သားစရာတစ်ခုခုကျန်ခဲ့မယ်ဆိုရင် အလွန်ဝမ်းမြောက်မိမှာပါ။
အခြားသူများလည်းသိစေရန်ပြန်လည်မျှဝေခြင်းဖြင့်ကျန်းမာရေး ကုသိုလ်ယူပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။

လေးစားစွာဖြင့်မူရင်းရေးသားသူကို
ေးပါတယ်
🙏🙏🙏
ကျန်းမာရေးဗဟုသုတများကိုနေ့စဉ်နှင့်အမျှတင်ဆက်ပေးနေတာကြောင့် page ကိုlikeလုပ်ထားဖို့အကြံပေးပါရစေpageထဲလဲဝင်ရောက်လေ့လာဖို့ဖိတ်ခေါ်ပါတယ်ခင်ဗျာ...

စိုက်ပျိုးသီးနှံတွေ ဖြစ်ထွန်းအောင်မြင်နိုင်မဲ့ မြေချဥ်ငံဓာတ် အနေအထားသီးနှံပင်တွေကို စိုက်ပျိုးတဲ့အခါ စိုက်ပျိုးမြေ ချဥ်င...
06/01/2025

စိုက်ပျိုးသီးနှံတွေ ဖြစ်ထွန်းအောင်မြင်နိုင်မဲ့ မြေချဥ်ငံဓာတ် အနေအထား

သီးနှံပင်တွေကို စိုက်ပျိုးတဲ့အခါ စိုက်ပျိုးမြေ ချဥ်ငံကိန်းပေါ်မူတည်ပြီး သီးနှံပင်မှ အပင်အာဟာရ စားသုံးရရှိနိုင်မှု ကွာခြားနိုင်ပါတယ်။ အက်ဆစ်မြေတွေမှာ အငံဒဏ်များတဲ့ မြေတွေထက် ပိုတက်စီယမ်ဓာတ်နှင့် ကယ်လစီယမ် ရရှိနိုင်မှု လျော့နည်းနိုင်ပါတယ်။ အပြန်အလှန်အားဖြင့် မြေငံဒေသတွေမှာတော့ ဇင့်ဓာတ်၊ အိုင်းယွန်း၊ ကော့ပါးနဲ့ မန်းဂနိစ်ဓာတ်ချို့တဲ့မှုတွေ ဖြစ်ပေါ်နိုင်ပါတယ်။ မြေချဥ်ငံဓာတ် သဘောတရားကို သေချာနားလည်တဲ့အခါ သီးနှံပင်တွေကို မှန်ကန်စွာ လိုအပ်တဲ့ အာဟာရဓာတ်ကို ဖြည့်တင်းပေးနိုင်မှာဖြစ်ပါတယ်။

အဓိက စိုက်ပျိုးသီးနှံတွေ ဖြစ်ထွန်းအောင်မြင်နိုင်မဲ့ မြေချဥ်ငံဓာတ် အနေအထားများမှာ
- မြေချဥ်ဓာတ်မှာ (ခန့်မှန်းခြေမြေချဥ်ငံညွှန်းကိန်း ၆အောက်) ဖြစ်ထွန်းနိုင်တဲ့ သီးနှံတွေကတော့ ဝါပင်၊ ပဲလွမ်း၊ မြေပဲနှင့် စပါး၊ အာလူး၊ နာနတ်၊ ဖရုံ၊ ကြက်သွန်မြိတ်၊ ကန်စွန်းဥ၊ ပန်းသီး၊ ထောပတ်၊ လိုင်ချီး၊ သရက်၊ မင်းဂွတ်၊ ကြက်မောက်၊ ကော်ဖီပင် တို့ ဖြစ်ပါတယ်။

- မြေချဥ်ဓာတ်မှ ပုံမှန်မြေအနေအထား(ခန့်မှန်းခြေမြေချဥ်ငံညွှန်းကိန်း ၄မှ၇ကြား) မှာ ဖြစ်ထွန်းအောင်မြင်နိုင်တဲ့ သီးနှံတွေကတော့ ပြောင်း၊ ကိုက်လန်၊ ပဲတီစိမ်း၊ နှံစားပြောင်း၊ ပဲပုပ်၊ ကြံ၊နေကြာ၊ ဂျုံ၊ သကြားမုန်လာ၊ ဂျုံ၊ ခရမ်းသီး၊ ကြက်သွန်ဖြူ၊ မုန်ညင်း၊ ငရုတ်၊ သခွား၊ ခရမ်းချဥ်၊ မုန်လာဥ အနီ၊မုန်လာဥအဖြူ၊ သစ်တော်၊ စပျစ်၊ ရှောက်၊သံပုရာ၊ ဂန္ဓမာ၊ ခြောက်လပန်း၊ နှင်းဆီတို့ပဲ ဖြစ်ပါတယ်။
- ပုံမှန်မြေအနေအထားမှ မြေငံဓာတ်မှ (ခန့်မှန်းခြေမြေချဥ်ငံညွှန်းကိန်း ၆-၈ကြား) မှာ ဖြစ်ထွန်းအောင်မြင်နိုင်တဲ့ သီးနှံတွေကတော့ ကုလားပဲ၊ ကညွှတ်၊ မုန်ညင်းမုန်လာအုပ်စုဝင် ဟင်းသီးဟင်းရွက်များ၊ ဆလတ်၊ ဖရဲသခွား၊ ကြက်သွန်နီ၊ ကန်စွန်း၊ ဟင်းနုနွယ်၊ ရုံးပတီး သီးနှံတို့ပဲ ဖြစ်ပါတယ်။
ထွက်တိုး
✦✦✦✦✦✦✦✦✦
ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe
စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -https://htwettoe.com/download ထွက်တိုးမေးဖြေကဏ္ဍတွင် ဝင်ရောက်မေးမြန်းနိုင်ပါကြောင်း သတင်းကောင်းပါလိုက်ပါတယ်။
စိုက်ခင်းပြဿနာ အဖြေရှာနည်းလေ့လာရန် - https://htwettoe.com/post/38752

🇨🇭ကိုယ်တစ်ခြမ်းမလှုပ်နိုင်တော့ဘူး၊မျက်နှာပါရွဲ့သွားတယ်။စကားလည်းမပြောတော့ဘူး။================================= , ဘုန်းစည်...
06/01/2025

🇨🇭ကိုယ်တစ်ခြမ်းမလှုပ်နိုင်တော့ဘူး၊မျက်နှာပါရွဲ့သွားတယ်။
စကားလည်းမပြောတော့ဘူး။
=================================
, ဘုန်းစည်သူလွင်

ဆောင်းတွင်းဆိုတော့ လေဖြတ်ကြတယ်။

​ကျွန်တော်တို့လူမျိုးက ဆေးပညာမှာ "လေ" ဆိုတဲ့ စကားအရမ်းသုံးပါတယ်။

- ဗိုက်အောင့်ရင် လေထိုးတယ်၊ လေ​ပွတယ်၊ လေအောင့်တယ်

- ရင်ပတ်အောင့်ရင်တောင် လေခိုတယ်

- အခု Stroke ကိုလည်း လေဖြတ်တယ်တဲ့

- TIA ( Transient Ischaemic Attack ) mini-stroke ကို
လေဖြန်းတယ်ပေါ့လေ
ကျွန်တော် သိပ်နားမလည်တာက

- Facial Palsy ဆိုပြီး အာရုံကြောရောင်လို့ ခန္ဓာကိုယ်မပါပဲ မျက်နှာတစ်ခုပဲ ရွဲ့သွားတာကိုလည်း လေဖြန်းတယ် ပဲ

- ကိုယ်တစ်ခြမ်းသေပြီး တစ်ရက်အတွင်းပြန်ကောင်းသွားတဲ့ TIA ( Transient Ischaemic Attack ) mini-stroke ကို လည်း လေဖြန်းတယ် ပဲ ခေါ်ကြပါတယ်။

ဆေးပညာနည်းအရဆိုရင် CVA (Cerebrovascular Accident)
ဦးနှောက်ထဲမှာရှိတဲ့သွေးကြောတွေရဲ့ပြဿနာပါ

- သွေးကြောထဲကို သွေးခဲပိတ်တာဖြစ်နိုင်သလို

- သွေးကြောပေါက်သွားတာလည်း ဖြစ်နိုင်ပါတယ် (ဦးနှောက်သွေးကြောပြတ်တယ်ပေါ့)

Stroke ဆိုတာက သွေးကြောပြဿနာဖြစ်လို့
အခုအချိန် ဆောင်းတွင်းရောက်တော့ #ရာသီဥတု အေးတဲ့အတွက်......

- သွေးကြောလေးတွေ ကျဉ်းပါတယ် (Vaso-spasm)

- သွေးတွေကလည်း ပိုပြီးခဲလွယ်ပါတယ် (သွေးခဲဖြစ်လွယ်ပါတယ်)

- လူတွေကလည်း အေးလို့ဆိုပြီး လေ့ကျင့်ခန်းထလုပ်နေကြတာမဟုတ်ပဲ (စောင်ပုံထဲပဲ ကွေးနေကြတဲ့အတွက်) လှုပ်ရှားမှုနည်းတော့ သွေးက ပိုပြီး ခဲလွယ်ပါတယ်

- အေးတဲ့အတွက်ရေသောက်ဖို့ မေ့နေတတ်တော့ ရေဓာတ်ခမ်းခြောက်ပြီး သွေးပြစ်တဲ့အတွက် သွေးခဲဖို့လွယ်ပါတယ်။

အထက်ပါအချက်များကြောင် ဆောင်းတွင်းမှာ လေပိုဖြတ်ကြရခြင်း ဖြစ်ပါတယ်

🔷 မိမိကိုယ်ကိုယ် နဲ့ လူကြီးမိဘများ ကို စောင့်ရှောက်ဖို့အတွက်.......

1. သောက်နေကျဆေးများကို အချိန်မှန်မှန်၊ မပျက်မကွက်သောက်ကြပါ

2. အစားရှောင်ဖို့က တော့ အထူးတလယ်မှာစရာမလိုဘူးထင်ပါတယ် (အဆီ၊ အငန်) လျှော့စားပါ {မုန့်ဟင်းခါး/အုန်းနို့ခေါက်ဆွဲ ရှောင်ကြပေမယ့် အီကြာကွေးတို့ ၊ နံပြားတို့ကလည်း ဒုက္ခပေးပါတယ်}

3. ဆေးလိပ်ကတော့လုံးဝ (လုံးဝ) မသောက်ရပါဘူး

4. အရက်အလွန်အကျွံသောက်သုံးမှုကို ရှောင်ကြဉ်ရပါမယ် (ဒီကာလမှာ ပျော်ပွဲတွေဆက်နေပါတယ် - ဆိုင်တွေကလည်း ပေါ်တင်ဖွင့်တာလား/ပေါ်တင်ခိုးဖွင့်တာလား မသိပဲ ဖွင့်နေကြပါပြီ)

5. ကိုယ်အလေးချိန်များနေရင် လျှော့ဖို့ကြိုးစားပါ

6. ရေများများသောက်ပါ ရေနွေးသောက်သောက်/ရေအေးသောက်သောက်ကြိုက်ရာသောက်ပါ (သတိတရနဲ့ သောက်ပေးကြပါ)

7. ကိုယ်လက်လှုပ်ရှားမှုလုပ်ပါ (ချွေးလေးနည်းနည်းစို့ရုံ ကြိုက်တဲ့ လှုပ်ရှားမှုလုပ်ပါ)

8. စိတ်ဖိစီးမှု၊ ပူပန်သောက တတ်နိုင်သလောက်လျှော့ချကြပါ (ငါဒီလောက် ဘုရားတရားလုပ်တာ ငါ့လောက်ဘယ်သူမှလုပ်နိုင်ကြမယ်မထင်ပါဘူး၊ ငါဒီလောက်စိတ်ကောင်းရှိတာ ငါ့ကို ဝိုင်းပြီး မနာလိုနေကြတယ် အဲ့လိုဆို မဟုတ်သေးဘူးထင်ပါတယ်)

9. သွေးကျဆေး၊ နှလုံးဆေး သောက်နေကြတဲ့ လူများအနေနဲ့ သွေးပေါင်ကျအောင်ဆိုပြီး ***သံပရာရည် မသောက်ကြပါနဲ့

သံပရာရည်သောက်တာဟာ သွေးပေါင်ကျတယ် မဟုတ်ဘူးလား ဆိုတော့ "ဟုတ်ပါတယ် - သံပရာရည်သောက်တဲ့ အခါ သာမန်လူတွေမှာ သွေးပေါင်မှန်တတ်တယ်လို့ ဆိုပါတယ်"

ဒါပေမယ့် သံပရာရည်ဟာ အသည်းမှာရှိတဲ့ Enzymes (ဆေးတွေကို ဖျက်ဆီးပစ်တဲ့ Enzymes) တွေပေါ်မှာ သက်ရောက်မှုရှိတဲ့ အတွက် သောက်နေကျဆေးတွေရဲ့ ရလဒ်တွေ အပြောင်းအလဲရှိသွားနိုင်ပါတယ်။

***အရေးတကြီး မှာချင်တာက သွေးပေါင်ဘယ်လောက်ရှိရင် လေဖြတ်တယ်ဆိုတာ မဟုတ်ပါဘူး (ဥပမာ သွေးပေါင် ၁၈၀/၁၂၀ ရှိရင်လေဖြတ်ပြီ အဲ့လိုမဟုတ်ပါဘူး)
သွေးပေါင်များလေလေ လေဖြတ်ဖို့ များလေလေ ဖြစ်ပေမယ့် (အသက်အရွယ်၊ သွေးတွင်းအဆီပမာဏ၊ သွေးကြောအရွယ်အစား၊ ရောဂါအခံ စတာတွေအပေါ်မူတည်ပါတယ်)

သွေးပေါင်တွေတက်လို့ဆိုပြီး သွေးကျဆေးတွေ ကိုယ့်သဘောနဲ့ကိုယ် ထပ်ခါထပ်ခါ သောက်လိုက် သွေးပေါင်ချိန်လိုက် လုပ်နေတာဟာ သွေးပေါင်ကျမှာ မဟုတ်ပါဘူး

- သွေးကျဆေးဆိုတာတွေက အခုသောက် အခုသွေးပေါင်ကျတဲ့ဆေး မဟုတ်ပါဘူး (သူ့ရဲ့ Action လာမှ ကျတာဖြစ်လို့ နာရီနဲ့ချီပြီးကြာတတ်ပါတယ်)

- စိတ်ပူပြီး ထပ်ခါထပ်ခါ တိုင်းနေသမျှ သွေးပေါင်ကျမှာ မဟုတ်ပါဘူး

​စိတ်အေးသွားတဲ့အချိန် သောက်ထားတဲ့ ဆေးတွေရဲ့ Action တွေ စုပြီး ပြတဲ့ အချိန် သွေးပေါင်ထိုးကျတတ်ပါတယ် 💥(( သွေးပေါင်တရားလွန်ကျတာကလည်း လေဖြတ်တတ်ပါတယ် သတိထားကြဖို့ပါ))

အခုလောက်ဆိုရင် ဆောင်းတွင်းမှာ ဘာလို့ လေဖြတ်ကြရတာလဲ
လေမဖြတ်စေဖို့ ဆောင်ရန် ရှောင်ရန်တွေ သိကြပြီထင်ပါတယ်။

ကျန်းမာရေးဗဟုသုတ တိုးပြီး
သက်ရှည်ကျန်းမာ စိတ်ချမ်းသာကြပါ​ေစ...

Dr.,ဘုန်းစည်သူလွင်

မေတ္တာဖြင့် မျှဝေပါသည်
ကျန်းမာ ပျော်ရွှင်ကြပါစေ..

သွေးတိုးရောဂါကို အနောက်တိုင်း ဆေးပညာရဲ့ အဓိပ္ပယ်ဖွင့်ဆိုချက်က ရှင်းပါတယ်။နှလုံးညှစ်နေချိန်မှာရှိတဲ့:: ( systolic pressur...
06/01/2025

သွေးတိုးရောဂါကို အနောက်တိုင်း ဆေးပညာရဲ့ အဓိပ္ပယ်ဖွင့်ဆိုချက်က ရှင်းပါတယ်။နှလုံးညှစ်နေချိန်မှာရှိတဲ့

:: ( systolic pressure) 120 နဲ့ နှလုံးနားချိန်မှာရှိတဲ့သွေးဖိအား

(diastolic pressure) 80 ထက်ကျော်ရင် သွေးတိုးလို့သတ်မှတ်ပါတယ်။တစ်ကြိမ် စာ တစ်ရက်စာ ကျော်ရုံနဲ့ သွေးတိုးလို့ပြောတာ မဟုတ်ပါဘူး။ ၃ ရက်လောက်ဆက်တိုင်းလို့ ကျော်နေမှသာ သွေးတိုးရောဂါ စာရင်းသွင်း ပါတယ်။

အသက်အရွယ်ရလာလို့ သွေးပေါင်တက် လာတဲ့အပေါ် အနောက်တိုင်းကအကြောင်းရင်း တိတိကျကျ မပြောပါဘူး။သဘာဝဆေးပညာ မှာပြောပါတယ်။အဓိက အကြောင်းရင်းက သွေးလွှတ်ကြောတွေကျဉ်းကုန်လို့ ဒါမှမဟုတ် သွေးလွှတ်ကြောတွေထိခိုက်ပျက်စီးလို့ ဖြစ် ပါတယ်။အဆီချိုး ထုံးချိုးကပ်လို့ သွေးလွှတ်ကြောတွေကျဉ်းနိုင်သလို ကိုယ် တွင်းရောင်ရမ်းမှုနဲ့ ဓာတ်စုလွတ် Reactive oxygen species တွေရဲ့ တိုက်ခိုက်မှုကြောင့် သွေးလွှတ်ကြောတွေ ထိခိုက်ပျက်စီးနိုင်ပါတယ်။ သွေးတိုးရောဂါရှိပြီလို့ ဆိုလိုက်ရင် သွေးလွှတ်ကြောတွေ အတိုင်းအတာတစ်ခုထိ ထိခိုက်ခဲ့ပြီဆိုတာ သဘောပေါက်ရပါမယ်။ ဘာဆေးဝါးဓာတ်စာ အကူအညီမှမပါပဲ သွေးပေါင်ထိန်းဖို့မလွယ်ဘူးဆိုတာ သိရပါမယ်။သွေးတိုးရောဂါ ပျောက်ဖို့ ဆိုတာ သွေးလွှတ်ကြောတွေ မူလအနေအထား အတိုင်းပြန်ကောင်းနိုင်မှသာ ဖြစ်နိုင်မယ် ဆိုတာလည်း သဘောပေါက်သင့်ပါတယ်။

သွေးတိုးရောဂါရှိပြီဆိုတာ သေချာရင် ဆရာဝန်သောက်ခိုင်းတဲ့ သွေးကျဆေးကို မှန်မှန်စားပါ။ သွေးကြောတွေရဲ့ ကြံ့ခိုင်မှုကို အထောက်အကူပေးမဲ့ အစာတွေကိုလည်း စားပါ။ကိုယ်လက်လှုပ်ရှားမှုလည်း မှန်မှန် လုပ်ပါ။ဒါတွေတွဲဖက်မှသာ သွေးတိုးရောဂါ ကိုအသေအချာ ထိန်းနိုင်ပြီး အနာဂတ်မှာ ကိုယ်တွင်းအင်္ဂါတွေ မပျက်စီးအောင်

စောင့်ရှောက်နိုင်ပါမယ်။သွေးကြော ကြံ့ခိုင်မှု အထောက်အကူပေးမဲ့ နေ့စဉ်အစာ ၃မျိုး ရှိပါတယ်။အဲဒါတွေက…

ကြက်သွန်နီ

-ကြက်သွန်နီမှာ ဓာတ်တိုးဟန့်တားပစ္စည်းတွေ ကြွယ်ဝတယ်၊သူ့မှာပါတဲ့ ကာစီတင် ဓာတ်ဟာ သွေးပေါင်ချပေးနိုင်ပါတယ်။

- ကြက်သွန်နီဟာ ကိုယ်တွင်းရောင်ရမ်းမှုကို ချပေးနိုင်တယ်။ ဒီနည်းနဲ့ သွေးပေါင်ကျစေ ပါတယ်။

- ကြက်သွန်နီမှာ ပိုတက်ဆီယမ်ဓာတ် ကြွယ်ဝ တယ်။ဒါကြောင့် ဆိုဒီယမ် မျှခြေကိုရစေပြီး သွေးပေါင်ကျစေပါတယ်။

- ကြက်သွန်နီမှာပါတဲ့ ကန့်ဓာတ်ဟာ နှလုံးနဲ့ သွေးကြောတွေကို ကြံ့ခိုင်စေပြီး သွေးပေါင်ကျစေပါတယ်။

ကြက်သွန်နီကို ရေဆေးအငွေ့သတ်ပြီး အစိမ်းစားတာ သုတ်စားတာ ကောင်းပါတယ်။ တစ်ခါစားရင် အရွယ်တော် တစ်ဥ တစ်နေ့ ၂ကြိမ် စားနိုင်ပါတယ်။

ကြက်သွန်ဖြူ

ကြက်သွန်ဖြူမှာပါတဲ့ အယ်လီစင် (allicin ) ဓာတ်ဟာ သွေးပေါင်ချပေးနိုင်ပါတယ်။

ဓာတ်တိုးဟန့်တားပစ္စည်းတွေ ကြွယ်ဝတဲ့ အတွက် သွေးကြောအပါအဝင် ခန္ဓာကိုယ်

ဆဲလ်တွေ ထိခိုက်ပျက်စီးမှုကို ကာကွယ်တယ်။ ဒီနည်းနဲ့ သွေးပေါင်ကိုထိန်းပါတယ်။

- ကြက်သွန်ဖြူက ရောင်ရမ်းမှုကို ကျစေ တယ်။ ဒီနည်းနဲ့ သွေးပေါင်ချပါတယ်။

ကြက်သွန်ဖြူဟာ သွေးကြောတွေကို ကျယ် စေပြီး သွေးပေါင်ကို ချပေးပါတယ်။

- သွေးတွင်းကိုလက်စထရောကို ကျစေလို့ နှလုံးနဲ့သွေးကြောတွေကိုကြံ့ခိုင်စေပြီး သွေးပေါင်ကျစေပါတယ်။

ကြက်သွန်ဖြူကို ပါးပါးလှီး ဒါမှမဟုတ် ဒါးပြားရိုက်ပြီး ၅ မိနစ် လေသလပ်ခံပါ။ အစာခံမရှိရင် ဗိုက်အောင့်တတ်လို့ အစာနဲ့ အတူ အစိမ်းစားပါ။တစ်ခါစားရင် အမွှာကြီး ၂မွှာ/ ဥတစ်လုံး ၂ ဥ ထက်မပိုသင့်ပါ။

လက်ဖက်ရည်ကြမ်း

ကိုယ်တွင်းရောင်ရမ်းမှုကို လက်ဖက် ရည်ကြမ်းကလျှော့ချပေးတယ်။ရောင်ရမ်းမှုဟာ သွေးတိုးခြင်းနဲ့ ဆက်စပ်တာမို့ ရောင်ရမ်းမှုကျတာဟာ သွေးတိုးရောဂါကို သက်သာစေတယ်။

- လက်ဖတ်ရည်ကြမ်းမှာပါတဲ့ ကက်တီချင် တွေဟာ အားကောင်းတဲ့ ဓာတ်တိုး ဟန့်တား ပစ္စည်းတွေဖြစ်တယ်။သွေးကြောတွေ ဓာတ်တိုး ပျက်စီးမှာကို ကာကွယ်တယ်။ ဒီနည်းနဲ့ သွေးပေါင်ကို ကျစေတယ်။

- လက်ဖက်ရည်ကြမ်းဟာ သွေးလွှတ်ကြောရဲ့ အတွင်းနံရံတွေ ကြံ့ခိုင်အောင် ကွညီတယ်။ ဒီနံရံတွေဟာ ကြံ့ဆန့်လုပ်ပြီး သွေးပေါင် ထိန်းပေးနေတာမို့ သူတို့ကြံ့ခိုင်ရင် သွေးပေါင် ကို ထိန်းပေးရာ ရောက်ပါတယ်။

- လက်ဖက်ရည်ကြမ်းဟာ ကိုယ်အလေးချိန် မတက်အောင် ထိန်းရာမှာ ကူညီတယ်။ သင့်တင့်လျောက်ပတ်တဲ့ ကိုယ်အလေးချိန် ဟာ သွေးပေါင်ထိန်းရလွယ်ကူစေပါတယ်။

- လက်ဖက်ရည်ကြမ်းမှာပါတဲ့ ဓာတ်တချို့က သွေးလွှတ်ကြောတွေ ဆန့်ပြီး သွေးကြော ကျယ်အောင်ကူညီတယ်။ဒါကြောင့် သွေး လည်ပတ်မှုပိုကောင်းပြီး သွေးပေါင်ကျစေပါ တယ်။

တစ်နေ့ကို လက်ဖက်ရည်ကြမ်း ၃-၄ ကြိမ် တစ်ကြိမ်မှာ ကော်ဖီပန်းကန် တစ်လုံးစာဟာ သင့်တော်တယ်လို့ ထောက်ခံထားပါတယ်။

ဒီအစာတွေရဲ့ အကျိုးသက်ရောက်မှုဟာ လူတိုင်းမှာ တစ်ထပ်တည်း မတူနိုင်တာကို သတိပြုစေလိုပါတယ်။

ဖြည့်စွက်စာတွေဝယ်မသောက်နိုင်လျှင်သော်လည်းကောင်း/ကျောက်ကပ်ထိမှာစိုး၍ဆေးအများကြီးမသောက်ချင်လျှင်သော်လည်းကောင်း  ဆရာမကြီး ဒ...
28/12/2024

ဖြည့်စွက်စာတွေဝယ်မသောက်နိုင်လျှင်
သော်လည်းကောင်း/ကျောက်ကပ်ထိမှာစိုး၍
ဆေးအများကြီးမသောက်ချင်လျှင်သော်လည်းကောင်း
ဆရာမကြီး ဒေါက်တာ ဒေါ်ခင်နွယ်ဝင်းက
(To A Better Health)
သဘာဝနည်းလေးတွေကို ဒီလို ပြောပြထားပါတယ်။

၁. Vitamin D အတွက် မနက်ခင်း နေရောင်ခြည်
ခံပေးပါ။ နေပူထဲမှာ နာရီဝက်လောက်နေပါ။
အိမ်အပြင်ထွက်ရမှာဖြစ်ပါတယ်။
အိမ်ထဲမှာနေပြီး လှမ်းမရပါ။
အိမ်ပြင်မှာUltra violet B ray
ရနိုင်လို့ ဖြစ်ပါတယ်။
Vitamin D ရဖို့ B ray လိုပါတယ်။
အိမ်ထဲမှာ ပြတင်းပေါက်ကနေတဆင့် ရသော
နေရောင်ခြည်မှာ A ray သာ ဖြစ်ပါတယ်။
B ray က ပြတင်းပေါက်ကို မဖောက်နိုင်ပါ။
A ray က Vitamin D မလုပ်နိုင်ပါ။

၂. အပြင်ထွက်ရင်း တလက်စတည်း မြေကြီးဓာတ်ကိုပါ
ယူလိုက်ပါ။ မြေကြီးမှာ electron ဓာတ်တွေ
အများကြီးရှိတာကတစ်ကြောင်း၊ သူတို့တွေက
ဝါယောဓာတ်တွေ ဖြစ်တာမို့ ရွေ့လျားနိုင်ပါတယ်။
များတဲ့နေရာကနေ နည်းတဲ့နေရာကို
ရွေ့လျားတတ်တာကြောင့် မြေကြီးကနေ
ခန္ဓာကိုယ်ထဲကိုဝင်နိုင်ပါတယ်။
စိုနေတဲ့မြက်ခင်းဆိုရင် အင်မတန်
သင့်တော်ပါတယ်။
အစိုဓာတ်ရှိရင် စီးဝင်ခြင်းဟာ ပိုပြီး
ထိရောက်ပါတယ်။
ဖိနပ် မစီးရပါ။ ဒီ electron ဓာတ်ဟာ ခန္ဓာကိုယ်
ယောင်ကိုင်းခြင်းကို သက်သာစေနိုင်ပါတယ်။
သဘာဝ antioxidants တွေ ဖြစ်ပြီး
သွေးကိုလည်းကျဲစေတတ်တာကြောင့်
လေဖြတ်ထားသူများ၊
နှလုံးသွေးကြောပိတ်သူများ အတွက်
အလွန်သင့်တော်ပါတယ်။

၃. D3 နဲ့ အတူသောက်ခိုင်းတဲ့ Vitamin K2 ကို
သဘာဝနည်းနဲ့ အရယူကြရအောင်။
- ရှမ်းတို့ဖူး (Natto)(Plant based MK7)
- ကလီစာဟင်း (Animal based MK4 )
- ကြက်ဥအနှစ် (Animal Based MK4)

၄. Probiotics အလှမ်း မမှီနိုင်ရင်
- ချဉ်ဖတ် စားပါ။
- ဒိန်ချဉ် စားပါ။
- ဗမာအချဉ်ရော၊ ရှမ်းချဉ်ရော အလွန်
ကောင်းပါတယ်။

၅. နနွင်းကို ( အုန်းဆီ/သံလွင်ဆီ ) နဲ့ သောက်ပါ။

၆. အသီးအနှံနှင့်အစိမ်းရောင်အရွက်များများစားပါ။

၇. အရိုးပြုတ်ရည် သောက်ပါ။
( ကြက်ရိုး၊ အမဲရိုး၊ ဆိတ်ရိုး..)

၈. ရှားစောင်းလက်ပတ် စားပါ။
အူလမ်းကြောင်းပြုပြင်ရေးအတွက်
ကောင်းပါတယ်။

၉. အုန်းရည် သောက်ပါ။
သတ္တုဓာတ်မျိုးစုံရမှာဖြစ်ပါတယ်။

၁၀. နွယ်ချိုက အူကျန်းမာရေးအတွက်
ကောင်းပါတယ်။

၁၁. ဆားခါးရေ စိမ်ပါ။ Magnesium
အလှမ်းမမှီသူများအတွက်ပါ။

၁၂. သစ်ကြားသီး စားပါ။
Plant based Omega3 ရပါတယ်။

၁၃. တတ်နိုင်ရင် တစ်ခါတရံ
အဆီများသော ငါး စားပါ။

၁၄. အချဉ်ဓာတ် VitaminC ရစေရန် ငရုတ်ပွသီး၊
သံပုရာသီး၊ ရှောက်သီး၊ ဆီးဖြူသီး၊ လိမ္မော်သီး၊
ကျွဲကောသီး၊ မာလကာသီး၊ ကီဝီသီး၊
ဘယ်ရီသီးအမျိုးမျိုး၊ပန်းဂေါ်ဖီစိမ်း၊
ကင်ပွန်း ချဉ်ချဉ်ပေါင်ရွက် အစရှိသည်
တို့ကို စားသုံအာလူးနဲ့ကန်စွန်းဥတို့မှာလည်း ဓာတ်တွေပါဝင်ပါတယ် )

၁၅. Zinc ဇင့်ဓာတ်ရရှိစေရန် ပင်လယ်စာနဲ့
အနီရောင်အသားများ၊ ကြက်ဥ၊ နို့နှင့်နို့ထွက်
ပစ္စည်းများ၊ အုတ်ဂျုံ၊ ပဲအမျိုးမျိုး၊ မှို၊ ကညွတ်၊
ကိုက်လန်၊ ရုံးပတီသီး၊ ပန်းပွင့်စိမ်း၊ ဟင်းနုနယ်၊
ပြောင်းဖူးစသောဟင်းသီးအရွက်များနှင့်ကွာစေ့၊
ဖရုံစေ့ ကဲ့သို့သော အစေ့အဆန်များ စားသုံးပါ။

၁၆. Anti-viral အနေဖြင့် ဂျင်း၊ ကြက်သွန်နီ၊
ကြက်သွန်ဖြူ၊ နနွင်း၊သစ်ကြံပိုးများစားသုံးပေး၍
ရေနွေးကြမ်း green teaသောက်ပါ။
ရေများများသောက်ပါ။
ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းများ နေ့စဉ်
အနည်းဆုံး ၁၅မိနစ် ပုံမှန် ပြုလုပ်ပါ။

 #မြေဆီလွှာပြုပြင်ခြင်းနှင့်ပတ်သက်သောမှတ်ချက်များ✔✔✔""""""""""""""""""""""""""""""""""""""""""""""""""""""""""""""""""""...
21/12/2024

#မြေဆီလွှာပြုပြင်ခြင်းနှင့်ပတ်သက်သောမှတ်ချက်များ✔✔✔
"""""""""""""""""""""""""""""""""""""""""""""""""""""""""""""""""""""""""""""""
သက်ရှိသတ္တဝါအားလုံး မြေကြီးပေါ်မှာ နည်းမျိုးစုံဖြင့် မှီတည် အသက်ရှင်သန်နေကြပါတယ်။
အထူးသဖြင့် စိုက်ပျိုးရေးလုပ်ငန်းများ🌿🌿🌿
လုပ်ကိုင်ရာတွင် အခြေခံအကျဆုံး မူလ၊ ပဓာန အရာသည် မြေကြီး(တနည်းအားဖြင့်) မြေဆီလွှာ သာလျှင်ဖြစ်ပါတယ်။👈👈
အကြောင်းနဲ့ အကျိုးတရား(Cause and effect) သီအိုရီအရ မြေဆီလွှာကို အမှီပြုရတဲ့သီးနှံတွေ၊များများထွက်ပြီး ကောင်းကောင်းသီးပွင့်နိုင်ဖို့ အကြောင်းတရား(Cause)ကောင်းဖို့လိုအပ်တာ အမှန်ပါ။ အကြောင်းတရား (Cause) ကောင်းရင်၊
အကျိုးတရား (Effect )ကောင်းမှာ အသေအချာပါဘဲ။

#မြေဆီလွှာကောင်းခြင်းလက္ခဏာများ☑☑☑
"""""""""""""""""""""""""""""""""""""""""""""""""""""""""""""""""""""""""""""""
၁။ မြေအမျိုးအစား(soil type)

၂။ မြေချဥ်/ငံ ကိန်း (soil pH)

၃။ မြေကြီးအာဟာရ (soil nutrients)

အထက်ပါ အချက်များကိုကြည့်၍ မြေဆီလွှာ ကောင်းခြင်း၊ မကောင်းခြင်း လေ့လာအကဲခတ်နိုင်ပါတယ်။

၁။ #မြေဆီလွှာအမျိုးအစား
"""""""""""""""""""""""""""""""""""""""""""""""
- သဲမြေလား(sand)
- နုံးမြေလား (silt)
- မြေစေးမြေလား (Clay)
ယေဘုယျ ခြုံငုံသုံးသပ်ပါက..........
သဲ+ နုံး + မြေစေး = နုံးမြေနု (loam) မြေဟာ အပင်အတော်များများအတွက် အကောင်းဆုံးမြေလို့
ဆိုနိုင်ပါတယ်။🌱🌱🌱

၂။ #မြေကြီးpH
""""""""""""""""""""""""""""
မြေဆီလွှာကောင်းခြင်းလက္ခဏာထဲမှာ မြေချဥ်ငံ ကိန်းမျှတဖိူ့ လည်း အရေးပါပါတယ်။
pH 6 နဲ့ 8 အကြား ရှိနေမှ မြေဆီလွှာကောင်းခြင်းမည်ပါတယ်။

၃။ #မြေကြီးအာဟာရ
""""""""""""""""""""""""""""""""""""
မြေဆီလွှာ ကောင်းခြင်းလက္ခဏာတွေထဲမှာ သီးနှံပင်တွေကြိုက်နှစ်သက်တဲ့အာဟာရတွေရှိနေဖို့လည်း လိုအပ်ပါတယ်။✅✅✅
အပင်တွေကြိုက်တဲ့ အာဟာရ အမျိုး ၂၀ ရှိတယ်လို့ပညာရှင်တွေက ဆိုထားပါတယ်။

- နိုက်ထရိုဂျင်၊ ဖော့စဖရပ်၊ ပိုတက်စီယံ
- ကာဗွန်၊ ဟိုက်ဒြိုဂျင်၊ အောက်ဆီဂျင်
- ကယ်လ်စီယံ၊ မဂ္ဂနီစီယံ၊ ဆာလဖာ
- မင်းဂနိ၊ ဇင့်၊ သံ၊ ကော့ပါး၊ ဘိုရွန်၊ မိုလစ်ဒီနမ်၊
- ဆီလီကွန်၊ ကိုဘော့၊ နီကယ်၊ ဗာနာဒီယံ၊
စထရွန်တီယံ၊ (BAC, fertilizer)

သင့်မြေဟာ..........
မြေသေ (Dead soil)လား?
မြေရှင် ( Living soil) လား?🤔🤔🤔
""""""""""""""""""""""""""""""""""""""""""""""""""""""""""""""
မြေသေ (Dead soil) ဆိုတာ........
- သစ်ဆွေးဓါတ်ကင်းမဲ့ပြီး စိုလွယ်၊ ခြောက်လွယ်သော /ထယ်ထိုးလျှင် နှမ်းဖတ်တောင့်ထွက်သော/ပက်ကြားအက်သော/ အမြစ်ဆီသို့ ရေမစိမ့်နိုင်/လေမရှူနိုင်သော အထိန်းအသိမ်းမဲ့မြေမျိုးကိုခေါ်ပါတယ်။

- ရေတိုက်စားခံရပြီး အပေါ်ယံမြေဆီလွှာအာဟာရဓါတ်ကင်းမဲ့သောမြေ၊

- ဓါတုဗေဒပစ္စည်းများ(ပေါင်းသတ်ဆေး၊ ပိုးသတ် ဆေး၊ ဓါတ်မြေသြဇာ.....စသည်)အလွန်အကျွံသုံးစွဲထားပြီး ဓါတ်ကြွင်းများသောမြေ၊

- ပေါင်းမြက်များ၊ ဖျက်ပိုးများ၊ ရေဆိုးရေညစ်များ၊
စက်ရုံစွန့်ပစ်ရေဝင်မြေများ အဆိုပါ မြေအမျိုးအစား များကို မြေသေ (Dead soil)လို့ သတ်မှတ်နိုင်ပါတယ်။👈👈👈

သေချာတာကတော့........
အဆိုပါ အချက်တွေနဲ့ ကိုက်ညီနေသော မည်သည့်
လယ်ယာကိုင်းကျွန်းမြေမဆို စိုက်ပျိုးရေးလုပ်ငန်း ဖြစ်ထွန်းဖို့ဝေးစွ........အကြွေးကျရုံသာအဖတ်တင်ပါလိမ့်မယ်။

#မြေရှင်(Living soil)

မြေရှင်ဆိုသည်မှာ............

- တီကောင် ကဲ့သို့ အကောင်များ မြေတွင်းမှာရှိပြီး
သီးနှံပင်များ အာဟာရ စုပ်ယူနိုင်ရန် ကူညီပေးသော ပိုးကောင်များရှင်သန်သောမြေ.....🕷🐜🐞

- မှို၊ ဘက်တီးရီးယားကဲ့သို့ အကျိုးပြု အနုဇီဝများ
ရှင်သန်နိုင်သောမြေ.....🍄🍄

- ရိုးပြတ်များ၊ အပင်အကြွင်းအကျန် အဆွေးအမြေ့များ/သစ်ဆွေးများသောမြေ.......

- မြေဖုံးပင်များနှင့် သီးနှံပင်အမြစ်များထိ ရေစိမ့်ဝင်နိုင်သော၊ ရေစီးရေလာ/အစိုဓါတ်ထိန်းနိုင်သောမြေ.........

တနည်းအားဖြင့် ကျန်းမာသောမြေ ကို ရှင်သန်သောမြေ(Living soil)လို့သတ်မှတ်နိုင်ပါတယ်။

အပင်ကောင်းချင်......"မြေကိုပြင်"☑☑☑
လူကိုကောင်းချင်......."စိတ် ကိုပြင်"✅✅✅
""""""""""""""""""""""""""""""""""""""""""""""""""""""""""""""""""""""
"အပင်ကောင်းမှ အထွက်ကောင်းမယ်" ဆိုပြီး
မြေကြီးကိုမပြင်ဘဲ အပင်ပေါက်ပြီးမှ အားဆေး အကောင်းစားများ၊ ပိုးသတ်ဆေး/မှိုသတ်ဆေး/ဓါတ်မြေသြဇာ စျေးကြီးပေးပြီး ဝယ်သုံးနေကြရပါတယ်။
ကုန်ကျစရိတ်ကမသက်သာ အထွက်နှုန်းက
တက်မလာ ဆိုတော့ကား........

တောင်သူများအနေနဲ့.အထူးသတိပြုမိစေချင်တာကတော့ ..........

၁။ မြေကြီးတွေ ပျက်နေပါတယ်။
မကျန်းမာတော့ပါဘူး။ (အပေါ်ယံမြေလွှာရဲ့ ရုပ်ပိုင်း/ဓါတ်ပိုင်း ၂မျိုးလုံး ပြုပြင်ပြောင်းလဲပေးဖို့လိုအပ်နေပါပြီ။)

၂။ ရာသီဥတု၊ သဘာဝပတ်ဝန်းကျင်သိသာစွာ ပြောင်းလဲနေပါတယ်။ (နည်းစနစ်တွေလိုက်ပါ ပြောင်းလဲဖို့လိုပါပြီ။)

၃။ နောက်ဆက်တွဲဆိုးကျိုးတွေဖြစ်တဲ့ သီးနှံဖျက်ပိုးတွေ(ပေါင်းပင်/ပိုးမွှား/ရောဂါ) မနိုင်မနင်း ဖြစ်နေပါတယ်။ (ဓါတုဗေဒဆေးတစ်ခုတည်း အားကိုးနေလို့မရတော့ပါဘူး။ သဘာဝဆေးနည်းတွေ၊ ဘက်စုံကာကွယ်နည်းတွေကိုမဖြစ်မနေအသုံးပြုဖို့ လိုအပ်နေပါပြီ။)

သို့ဖြစ်ပါ၍........မိမိစိုက်ခင်းမြေအမျိုးအစား အလိုက်၊ လိုအပ်ချက်များကို အသိ၊ သတိဖြင့်ပြုပြင်ဆောင်ရွက်နိုင်ပါရန်နှင့် ဓါတ်မြေသြဇာ အသုံးပြုတိုင်း သဘာဝမြေသြဇာ တွဲဖက် အသုံးပြုပြီးးး သီးနှံပင်အမြစ်များ အစာရေစာ အလွယ်တကူစုပ်ယူစားသုံးနိုင်သော /ကျန်းမာသော/ ရှင်သန်သော(Living soil) များ ဖြစအောင် ပြုပြင် လုပ်ဆောင်ကြပါရန် တိုက်တွန်းရေးသားလိုက်ရပါတယ်ခင်ဗျာ👨‍💻👨‍💻

စေတနာ များစွာဖြင့်.........

ဦးသာပို


မူလရေးသားသူအားလေးစားစွာ crd ပေးပါသည်ခင်ဗျာ...

Address

တောင်ကြီးမြို့
Taunggyi
11111

Website

Alerts

Be the first to know and let us send you an email when Transform Mya Page 2 posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category