Aung Organic Farm& Recreation

Aung Organic Farm& Recreation living with nature

30/07/2026

ဝါဆို၊ဝါခေါင် မိုးဆက်တိုက်ရွာတော့ မျှစ်တွေစုံအောင်ထွက်ကြပါပြီ
အိမ်စားဖို့ တနှစ်စာ အရလှောင်ရပါပြီ

16/07/2026

Organic farm တွေမှာ ပိုးမွှားထိန်းချုပ်ဖို့အတွက် အရေးပါတဲ့
မိတ်ဆွေပိုး ရှစ်ခိုးကောင်၊နှံကောင်

2007 ခုနှစ်လောက်ကစခဲ့တဲ့နှစ်၂၀နီးပါးခရီးလေး
12/07/2026

2007 ခုနှစ်လောက်ကစခဲ့တဲ့
နှစ်၂၀နီးပါးခရီးလေး

07/07/2026

မြစ်ကမ်းဘေး၊ရေကန်ဘေး တွေမှာခြံစိုက်ရတာ နွေအခါ ရေအတွက်ပူစရာမလိုပေမဲ့
အခုလိုမိုးတွင်းအခါမှာတော့

ရေကြီးမဲ့ဒဏ်၊လေပြင်းတိုက်မဲ့ အန္တရာယ်တွေတော့
တော်တော်ကြုံရပါတယ်။



ရေမြုတ်ခံနိုင်တဲ့သစ်ပင်အမျိုးအစား၊ဝါးပင်အမျိုးအစားတွေကို ရေ၀ပ်တဲ့ နေရာမှာ
ဖြစ်အောင်စိုက်လို့ရတဲ့ အတွေ့အကြုံ့
လေကာပင်စိုက်တဲ့ အတွေ့အကြုံတွေကတော့
တော်တော်လေးရလိုက်ပါတယ်

မိုးကြီးလေကြီးကျပြီးရင်တော့
ဓားတချောင်းကိုင်ပြီးခြံပတ်ရတာပေါ့

တခါကဆို မိုးသက်လေပြင်းကျလို့
ဝါးပိုးရုံအမြစ်ကကျွတ်လဲတာ
တဲထဲထိုင်နေတဲ့ အမေ
အသဲအသန်ထွက်ပြေးရပါလေကော။၊😅😅

ဘုရားတရားမြဲတာပေါ့လေ😅😅

05/07/2026

နောက်နှစ်မိုးဦးကျအချိန်မှာ
တလက်လက်တောက်ပဖို့အတွက်
ပိုးစုန်းကြူးသားလောင်းလေးတွေ

မိုးစရွာတဲ့အချိန်ကနေပြီး အချိန်နှစ်ပတ်လောက်အထိပဲ ပိုးစုန်းကြူးလေးတွေ ရှင်သန်နိုင်ပါတယ်
ထို့နောက် သားလောင်းလေးတွေကိုမွေးထုတ်ပြီးတော့ နိဂုံးချုပ်သွားရရှာပါတယ်။သားလောင်းလေးတွေကတော့ မိုးတွင်းကာလတခုလုံး စိုစွတ်တဲ့
သစ်ရွက်ဆွေးတွေအောက်မှာ ရှင်သန်ရင်းနဲ့
မိုးကုန်တဲ့အခါ ရုပ်ဖုံးအဖြစ်ပြောင်းလဲကာ
နောက်နှစ်မိုးဦးကို ပြန်လည်‌ေစာင်င့်ဆိုင်းပါတော့တယ်

05/07/2026

မြယာသီး(သို့)ဘောင်ဘောင်သီး

ငယ်ငယ်တုန်း ကျောင်းသားဘ၀က ဝါးစိမ်းပြွတ်တံလေးနဲ့
ကျောင်းမှာလာရောင်းတော့
ဆော့ခဲ့ဖူးကြတာ

ယခုခေတ်ကလေးတွေတော့
သိမယ်မဟုတ်တော့ပါဘူး

အကြောမာတဲ့ သစ်အမျိုးအစားထဲပါပါတယ်
အပင်တပင်ရှိရင် အနားပတ်၀န်းကျင်
အလွယ်တကူ စေ့ကနေပွားများပါတယ်

ခုတ်လိုက်ရင်လဲ အတက်ထွက်လွယ်လို့
ထင်းအဖြစ်လဲအသုံး၀င်တဲ့
အကြမ်းခံ သက်ရင့်ပင်မျိုးတွေပါ

ကွမ်းခြံတွေမှာဆိုရင် နွေအခါ အပင်ခြေကို
တကူးတက အုပ်ပေးပြီး ခြစာကျွေး
မြေသားအသစ်တင်တဲ့အခါမှာလဲ
မြယာရွက်ကို
အသုံးပြုကြပါတယ်

27/06/2026

Nature camouflage

23/06/2026

ဒီနေ့တွေ့ရတဲ့မှိုမျိုးစိတ်
ပုံစံလေး

ရွှေကျင်ဘုန်းတော်ကြီးသင်ပညာရေးကျောင်းကျောင်းသားထောင်ဂဏန်းနီးပါးကို နေ့စဉ်အခမဲ့ နေ့လယ်စာကျွေးမွေးနေတာဆရာတော်ရဲ့ ဒါနအားက တ...
18/06/2026

ရွှေကျင်ဘုန်းတော်ကြီးသင်
ပညာရေးကျောင်း

ကျောင်းသားထောင်ဂဏန်းနီးပါးကို နေ့စဉ်အခမဲ့ နေ့လယ်စာကျွေးမွေးနေတာ

ဆရာတော်ရဲ့ ဒါနအားက တကယ့်ကိုအံ့မခန်းပါ။

လိုအပ်တဲ့ထင်း
ကျောင်းဆောင်အတွက်သစ်နဲ့
အလှူငွေလေး နည်းနည်း

ညောင်စေ့လောက်အလှူလေးပါ။

လှူဒါန်းလိုသူများ
ရွှေကျင်ဘုန်းတော်ကြီးသင်ပညာရေးကျောင်း
ကွမ်းခြံကုန်းကျေးရွာ
ဘုရားကုန်းကျေးရွာအုပ်စု ကိုဆက်သွယ်လှူဒါန်း
နိုင်ပါတယ်

16/06/2026

ညနေစောင်း နေ၀င်ခါနီး
ဒီရေတက်ချိန်တွေမှာ
ကြားလေ့ရလေ့ရှိတဲ့
ဘုတ်အီသံ

Address

Thanlyin

Website

Alerts

Be the first to know and let us send you an email when Aung Organic Farm& Recreation posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category