01/05/2023
ကျွန်မ မငိုဘူး
လှောင်ရယ်သံတွေကြားတဲ့အခါ ပို၍ကြိုးစားပါ့မယ်
နာကြည်းချက်တွေကို ခွန်အားအဖြစ်မှတ်ယူပါ့မယ်
ကျွန်မ မငိုဘူး
ငွေကြေးမပြည့်စုံလို့ အထင်သေးတဲ့အကြည့်နဲ့
ကြည့်ခံရတဲ့အခါ
ကျွန်မပြည့်စုံလာတဲ့တစ်နေ့ အဲလိုပြန်မကြည့်မိဖို့
သင်ခန်းစာအဖြစ် မှတ်ယူပြီး ပို၍ကြိုးစားပါ့မယ်
ကျွန်မ မငိုဘူး
ကျရှုံးနေချိန် အနားမှာတစ်ယောက်မှမရှိလို့
အားမငယ်ပါဘူး
ကျွန်မအနားမှာ ကျွန်မတစ်ယောက်လုံးရှိတယ်
ကျွန်မ မငိုဘူး
ရုပ်မချောလို့ မချစ်နိုင်ကြတဲ့အခါ
စိတ်လှဖို့ ပိုပြီးပြုပြင်လိုက်မယ်
ကျွန်မ မငိုဘူး
ရိုးသားမှုကို အခွင့်ကောင်းယူသွားကြတဲ့အခါ
နောက်ထပ်ယုံကြည်ပေးဖို့ပဲ စဉ်းစားပါတော့မယ်
ကျွန်မ မငိုဘူး
ယုံကြည်ရဆုံးသူတွေက နောက်ကျောကို
ဓားနဲ့ထိုးသွားတဲ့အခါ
ဒီဒဏ်ရာလောက်နဲ့ ကျွန်မ မသေနိုင်သေးပါဘူး
________________________________
အကြိမ်ကြိမ် ကျရှုံးနေပါစေ...
အသက်ရှင်နေသ၍ ကြိုးစားခွင့်ရှိလို့
ကျွန်မ မငိုဘူး
___nanthanthanhtay