14/10/2023
နောက်ကျမကျန်ချင်ရင် ခံစားချက်တွေရှေ့တန်းမတင်ပါနဲ့
စိတ်ပျော်နေတဲ့အချိန်မှာ တိုးတက်နိုင်တဲ့သူထက်၊
စိတ်အားငယ်မှုတွေကြားမှာ လုပ်စရာရှိတာ ထလုပ်နိုင်တဲ့သူက ပိုအထင်ကြီးဖို့ကောင်းတယ်။
စိတ်ပါရင် သုံး၊ လေးနာရီ လေ့လာပြီး စိတ်မပါရင် လုံးဝပေါ်မလာတဲ့သူထက်
စိတ်ပါပါ၊ မပါပါ တစ်နေ့ကို တစ်နာရီ ပုံမှန်လေ့လာတဲ့သူက ပိုရှေ့ရောက်ပါတယ်။
အပြောင်းအလဲဖြစ်ချင်ရင် ပြင်းအားထက် မပျက်မကွက်လုပ်ဖို့က အဓိကပါ။
ဒါကြောင့် ပင်ပန်းနေတဲ့ကြားက တာဝန်ကျေလိုက်ပါ၊ ပျင်းနေတဲ့ကြားက ကိုယ့်ကိုယ်ကို ခိုင်းစရာရှိတာ ခိုင်းလိုက်ပါ။
အိပ်မက်တွေအတွက် ကြိုးစားနေချိန်မှာ တက်ကြွနေလား၊ ခြေကုန်လက်ပန်းကျနေလား ကိုယ့်ကိုယ်ကို ခဏခဏ ပြန်မမေးပါနဲ့။
အလုပ်မလုပ်ရသေးဘဲ အပန်းဖြေချင်နေရင် ကိုယ်ပဲကျန်ခဲ့မှာပါ။
တစ်နေ့စင်ပေါ်ရောက်ဖို့ မှန်းထားရင်တော့ ကိုယ့်မှာရှိတဲ့ ဆာလောင်မှုနဲ့ပဲ အလုပ်ကိုပြီးအောင် သိမ်းကြုံးလုပ်တတ်ဖို့လိုပါလိမ့်မယ်။
ToeTet.com
လူတွေ မမှတ်မိလောက်အောင် တိုးတက်ပြောင်းလဲလိုက်ပါ