Carlsberg Myanmar

Carlsberg Myanmar Welcome to Carlsberg Myanmar official page.

28/05/2026

Carlsberg Myanmar နဲ့အတူ အနာဂတ်ကို ဖန်တီးပုံဖော်ဖို့ အဆင်သင့်ပဲလား?

Carlsberg Asia Graduate Trainee Programme 2026 က သင့်ရဲ့ စိတ်လှုပ်ရှားစရာ သက်မွေးဝမ်းကြောင်း အလုပ်အကိုင် ခရီးစဥ်အတွက် စမှတ်တစ်ခုပါပဲ။ ဒီအစီအစဥ်ကနေ လက်တွေ့ လုပ်ငန်းခွင်အတွေ့အကြုံ၊ ဌာနအသီးသီးနဲ့ ထိတွေ့ဆောင်ရွက်မှု၊ ဒေသတွင်း ချိတ်ဆက်လုပ်ကိုင်မှုနဲ့ အာရှတစ်လွှားကနေ နိုင်ငံတကာလုပ်ငန်းကို လေ့လာသင်ယူနိုင်တဲ့ အခွင့်အလမ်းတွေ ပေးအပ်သွားမှာ ဖြစ်ပါတယ်။

ဘွဲ့ရပြီးစ ဒါမှမဟုတ် မကြာသေးမီကမှ လုပ်ငန်းခွင် ဝင်ရောက်ထားတဲ့ အရည်အချင်းရှိလူငယ်တွေထဲမှာ သင်ယူလိုစိတ် ထက်သန်ပြီး တိုးတက်အောင်မြင်ချင်သူ၊ အပြောင်းအလဲကို လက်တွေ့ဖန်တီးချင်သူဆိုရင်တော့ ဒါက သင်ဖမ်းဆုပ်ရမယ့် အခွင့်အ‌ရေးပါပဲ။

📅 ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၂ ရက်နေ့အထိ လျှောက်လွှာတွေ လက်ခံသွားမှာမို့ လက်လွတ်မခံလိုက်နဲ့နော်!

👉 အခုပဲ လျှောက်လွှာတင်ပြီး Carlsberg Myanmar နဲ့အတူ ပထမခြေလှမ်းကို စတင်လိုက်ပါ။ သင့်အနာဂတ်က ဒီနေရာမှာ စတင်ပါတယ်။
JobNet Link: https://j-net.co/RWlPX
LinkedIn Link: https://www.linkedin.com/jobs/view/4417852127/

**[English Version]

Ready to brew your future with Carlsberg Myanmar?

The Carlsberg Asia Graduate Trainee Programme 2026 is your gateway to an exciting career journey, offering hands-on experience, cross-functional exposure, regional networking, and international learning opportunities across Asia.

If you’re a fresh graduate or early-career talent eager to learn, grow, and make a real impact, this is your moment.

📅 Applications close on 12 June 2026 — don’t miss out!

👉 Apply now and take your first step with us. Your future starts here.
JobNet Link: https://j-net.co/RWlPX
LinkedIn Link: https://www.linkedin.com/jobs/view/4417852127/

25/05/2026

Carlsberg Asia Graduate Trainee Program 2026 နဲ့အတူ သင့်ရဲ့ အလုပ်အကိုင်လမ်းကြောင်းကို စတင်လိုက်ပါ

လူငယ်တွေကို အနာဂတ်‌ခေါင်းဆောင်တွေဖြစ်လာတဲ့အထိ စနစ်တကျ တိုးတက်ဖွံ့ဖြိုးစေပြီး လက်တွေ့ လုပ်ငန်းခွင်အတွေ့အကြုံ ရရှိအောင် အဓိကလုပ်ငန်းဌာန အသီးသီးမှာ အရေးပါတဲ့ ထိတွေ့လေ့လာမှုတွေနဲ့အတူ ပံ့ပိုးပျိုးထောင်ပေးဖို့ စီစဥ်ရေးဆွဲထားတဲ့ Graduate Trainee Program တစ်ခုကို Carlsberg မြန်မာက ဂုဏ်ယူဝမ်းမြောက်စွာ စတင်ပေးလိုက်ပါပြီ။

၂ နှစ်တာကြာမြင့်မယ့် ဒီအစီအစဥ်ကနေ အမြဲ တိုးတက်ပြောင်းလဲနေတဲ့ နိုင်ငံတကာလုပ်ငန်းခွင်တစ်ခုထဲက တန်ဖိုးရှိတဲ့ဒေသတွင်း ထိတွေ့လေ့လာမှုတွေ၊ အတွေ့အကြုံရှိ ခေါင်းဆောင်သူတွေနဲ့ လက်တွဲလုပ်ကိုင်ရင်း သင်ယူနိုင်မယ့် အခွင့်အလမ်းတွေ ပေးအပ်သွားမှာ ဖြစ်ပါတယ်။

✅ဘယ်သူတွေ လျှောက်ထားနိုင်လဲ
ဘွဲ့ရပြီးစ လူငယ်တွေနဲ့ လုပ်ငန်းအတွေ့အကြုံ ၂ နှစ်အထိရှိတဲ့ အရည်အချင်းရှိလူငယ်တွေကို လာရောက်လျှောက်ထားဖို့ ဖိတ်ခေါ်အပ်ပါတယ်။

✅အစီအစဥ်ကာလ
စနစ်တကျ လမ်းကြောင်းရေးဆွဲပေးထားတဲ့ ၂ နှစ်ကြာ အစီအစဥ်ကနေ ဌာနအမျိုးမျိုးမှာ အလှည့်ကျ တာဝန်ထမ်းဆောင်ရမှာ ဖြစ်ပါတယ်။

✅လျှောက်ထားနိုင်သော အခွင့်အလမ်းနေရာများ
• Commercial Graduate Trainee
• Supply Chain Graduate Trainee
• Corporate Affairs & Sustainability Graduate Trainee

✅လျှောက်ထားရမည့်ကာလ
၂၀၂၆ ခုနှစ်၊ မေလ ၂၅ ရက်နေ့မှ ဇွန်လ ၁၂ ရက်နေ့အထိ

✅ဘယ်လိုလျှောက်ထားနိုင်မလဲ?
အောက်ပါလင့်ခ်တွေကနေတစ်ဆင့် လေ့လာပြီး လျှောက်ထားပေးပါ-
JobNet Link: https://j-net.co/RWlPX
LinkedIn Link: https://www.linkedin.com/jobs/view/4417852127/

ကျွန်တော်တို့နဲ့အတူ သင်ယူလေ့လာ၊ တိုးတက်ပြီး သက်မွေးဝမ်းကြောင်းအလုပ် စတင်တဲ့ ပထမဆုံးနေ့ကစပြီး အကျိုးရှိစေဖို့ လာရောက်လျှောက်ထားလိုက်ပါ။

Kickstart Your Career with Carlsberg Asia Graduate Trainee Program 2026

Carlsberg Myanmar is proud to launch our Graduate Trainee Program, designed to nurture future leaders through
structured development, hands-on experience, and meaningful exposure across key business functions.

This 2-year program offers valuable regional exposure and the opportunity to learn alongside experienced leaders within a
dynamic, international environment.

✅Who Can Apply

We welcome fresh graduates and young professionals with up to 2 years of working experience.

✅Program Duration

A 2-year structured program featuring cross-functional rotations.

✅Opportunities Available

• Commercial Graduate Trainee

• Supply Chain Graduate Trainee

• Corporate Affairs & Sustainability Graduate Trainee

✅Application Period

25 May – 12 June 2026

✅How to Apply

Explore and apply through the links below:

JobNet Link: https://j-net.co/RWlPX

LinkedIn Link: https://www.linkedin.com/jobs/view/4417852127/

Join us to learn, grow, and make an impact from day one.

24/05/2026

ကျွန်တော်တို့ရဲ့လူတွေက Carlsberg ရဲ့ အသက်သွေးကြောပါပဲ။ လူတိုင်းတိုးတက်အောင်မြင်နိုင်တဲ့ လုပ်ငန်းခွင်အလေ့အထတစ်ခု ရှင်သန်အမြစ်တွယ်အောင် ပံ့ပိုးပေး၊ အခွင့်အလမ်းပေးရင်း ပိုမိုကောင်းမွန်တဲ့ မနက်ဖြန်ကို ပုံဖော်သွားမှာပါ။

Carlsberg Group ရဲ့ Brewing Tomorrow ဆိုတဲ့ ESG လုပ်ငန်းစဥ်အရ ၂၀၃၂ ခုနှစ်မှာ -
🚀ဘေးကင်းလုံခြုံမှုရှိစွာ အားလုံးပါဝင်နိုင်ပြီး လူတိုင်း အောင်မြင်တိုးတက်နိုင်တဲ့ Growth Culture တစ်ခု ဖန်တီးပုံဖော်ရေး
🛡လုပ်ငန်းလည်ပတ်ချိန် ထိခိုက်စေနိုင်တဲ့ အနာတရဖြစ်မှု မရှိစေရေး
👩‍💼အကြီးတန်းခေါင်းဆောင်ပိုင်း ရာထူးတွေမှာ အမျိုးသမီး ၄၂% ရှိစေရေး
🤝အားလုံးပါဝင်နိုင်မှုရှိတဲ့ လုပ်ငန်းခွင်အတွေ့အကြုံပေးအပ်နိုင်တဲ့ လုပ်ငန်းစုတွေရဲ့ ထိပ်ဆုံး ၁၀% မှာ ပါဝင်နိုင်ရေး

ဆိုတဲ့ ရည်မှန်းချက်တွေနဲ့အတူ အရေးပါတဲ့ လုပ်ငန်းအခြေခံအုတ်မြစ်ကို ခိုင်မာအားကောင်းစေဖို့ အလေးထားဆောင်ရွက်သွားပါမယ်။

20/05/2026

ပိုမိုကောင်းမွန်တဲ့မနက်ဖြန်ကို ဖန်တီးပုံဖော်ဖို့ ရွေးချယ်မှုတိုင်း၊ ဆုံးဖြတ်ချက်တိုင်းဟာ အရေးပါပါတယ်။ သောက်သုံးသူတွေအနေနဲ့ မှန်ကန်တဲ့ရွေးချယ်မှုတွေကို အလွယ်တကူ ပြုလုပ်နိုင်အောင် ရှေ့ဆောင်လမ်းပြပေးသွားမယ်လို့ Carlsberg က ကတိကဝတ်ပြုထားပါတယ်။

Carlsberg Group ရဲ့ Brewing Tomorrow ဆိုတဲ့ ESG လုပ်ငန်းစဥ်အရ ၂၀၃၂ ခုနှစ်မှာ -
🧠 အသိ၊ သတိရှိရှိ သောက်သုံးစေဖို့ တီထွင်ဆန်းသစ်မှုတွေနဲ့ ပံ့ပိုးပေးနိုင်ရေး
🍻ဘီယာ/အချိုရည်အားလုံးမှာ သက်ဆိုင်ရာ စားသုံးသူအချက်အလက်တွေ ပြည့်ပြည့်စုံစုံ ဖော်ပြပေးရေး
🍺ဘီယာထုတ်ကုန်တွေရဲ့ ၃၅% ဟာ အယ်လ်ကိုဟော လုံးဝ (သို့) အနည်းငယ်သာ ပါဝင်ရေး
🚫သက်ဆိုင်ရာ ဈေးကွက်အားလုံးမှာ အယ်လ်ကိုဟော မပါဝင်တဲ့ ဘီယာတွေ ရရှိနိုင်ရေး

ဆိုတဲ့ ရှင်းလင်း၊တိကျတဲ့ မျှော်မှန်းချက်တွေနဲ့အတူ လူမှုအသိုင်းအဝိုင်းအတွက်၊ နောက်လာမယ့် မျိုးဆက်သစ်တွေအတွက် ရှေရှည်တည်တံ့တဲ့ အနာဂတ်တစ်ခုဖြစ်အောင် ပံ့ပိုးကူညီပေးသွားပါမယ်။

15/05/2026

Carlsberg မြန်မာရဲ့ ဂုဏ်ယူစရာ အမှတ်တံဆိပ်တွေဖြစ်တဲ့ YOMA Classic ၊ YOMA Strong ၊ YOMA Special နဲ့ Black Eagle Stout ထုတ်ကုန်တွေဟာ ကမ္ဘာ့အထင်ရှားဆုံး အရည်အသွေးဆိုင်ရာ ဆုကြီးတွေဖြစ်တဲ့ Monde Selection 2026 က ပေးအပ်ချီးမြှင့်တဲ့ Gold Quality Award ဆုတွေကို ဆွတ်ခူးရရှိခဲ့ပါကြောင်း ဂုဏ်ယူစွာနဲ့ အသိပေးပါရစေ။

သာလွန်ကောင်းမွန်တဲ့ အရည်အသွေးအတွက် အသိအမှတ်ပြုဆုတွေ အဆက်မပြတ် ဆွတ်ခူးရရှိနေတဲ့ မြန်မာစျေးကွက်ရဲ့ အကောင်းဆုံး ဘီယာထုတ်ကုန်တွေကို ကမ္ဘာ့စင်မြင့်ထက်မှာ အမြဲတမ်းတောက်ပနိုင်ဖို့ Carlsberg မြန်မာက ဆက်လက် ကြိုးစားသွားပါဦးမယ်။

Carlsberg မှာ လုပ်ဖော်ကိုင်ဖက်တွေနဲ့ တရင်းတနှီး၊ ပွင့်ပွင့်လင်းလင်း ပြောဆိုလို့ရတဲ့ စကားဝိုင်းလေးတွေက အကောင်းဆုံးဘီယာတွေ...
14/05/2026

Carlsberg မှာ လုပ်ဖော်ကိုင်ဖက်တွေနဲ့ တရင်းတနှီး၊ ပွင့်ပွင့်လင်းလင်း ပြောဆိုလို့ရတဲ့ စကားဝိုင်းလေးတွေက အကောင်းဆုံးဘီယာတွေ ချက်လုပ်သလိုပဲ အရေးပါလှပါတယ်။

ခေါင်းဆောင်ပိုင်းက တာဝန်ရှိသူတွေနဲ့ ဌာနအသီးသီးက လုပ်ဖော်ကိုင်ဖက်တွေကြား ခိုင်မာအားကောင်းတဲ့ အသင်းအဖွဲ့စိတ်ဓာတ်ကို တိုးမြှင့်ပေးတာကလည်း ကော်ဖီစကားဝိုင်းလေးတွေပါပဲ။

များပြားလှတဲ့ လုပ်ငန်းတာဝန်တွေထဲကနေ ခဏလောက် အချိန်ပေး၊ အနားယူရင်း အတွေးအမြင်တွေကို လွတ်လပ်စွာမျှဝေကြတဲ့ ရပ်ဝန်းလေးကလည်း အဓိပ္ပါယ်ရှိတဲ့ Carlsberg ရဲ့အခိုက်အတန့်တွေဖြစ်လို့ အခုလို အလေးထား ဖော်ပြပေးလိုက်ရပါတယ်။ ☕️🤝

13/05/2026

Carlsberg မြန်မာနဲ့ လက်တွဲလုပ်ကိုင်ဖို အရည်အချင်းရှိသူတွေကို ရှာဖွေနေပါတယ်။ 📣

ဒီ ဗီဒီယိုလေးထဲမှာ ဖော်ပြထားတဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေကို စိတ်ဝင်စားတယ်ဆိုရင်တော့ Carlsberg မြန်မာရဲ့ JobNet စာမျက်နှာ (https://tinyurl.com/3vjfxvtp) ကနေ တစ်ဆင့်လျှောက်ထားနိုင်သလို ရာထူးနာမည်ကို Subject မှာဖော်ပြပြီး ကိုယ့်ရဲ့ကိုယ်ရေးအကျဉ်းနဲ့အတူ [email protected] ထံ Email ကနေတစ်ဆင့် ပေးပိုလျှောက်ထားနိုင်ပါတယ်။✨

12/05/2026

Carlsberg ရဲ့ အလုပ်လုပ်ပုံ၊ ဦးဆောင်တဲ့ပုံစံတွေမှာ စုံလင်ကွဲပြားမှု၊ သာတူညီမျှရှိမှု၊ အားလုံးပါဝင်နိုင်မှု (DE&I) ကို နက်ရှိင်းစွာ လိုက်နာကျင့်သုံးလာအောင် ခေါင်းဆောင်ပိုင်းကနေစပြီး အကောင်အထည်ဖော် ဆောင်ရွက်နေတာ ဂုဏ်ယူစရာပါပဲ။

လူတိုင်း တန်ဖိုးထားခံရ၊ တန်းတူအခွင့်အလမ်းပေးခံရပြီး အားလုံးပါဝင်နိုင်တဲ့ လုပ်ငန်းခွင်ဖြစ်အောင် ကြိုးစားဖန်တီးနေတဲ့ Carlsberg မြန်မာကနေ...

အားလုံးကို...

သင့်ကို...

လက်ကမ်းကြိုဆိုနေပါတယ်။ Welcome You. 👋😊

&I

24/04/2026

Carlsberg Myanmar ရဲ့ Customer Supply Manager အနေနဲ့ ၂၀၁၄ ခုနှစ်မှာ စတင်လုပ်ကိုင်ခဲ့တဲ့ ကိုဝေထွန်းဟာ (၁၀) နှစ်ကျော်အကြာမှာ Sales & Distribution ဒါရိုက်တာအဖြစ် စျေးကွက်တစ်ခုလုံးရဲ့ အရောင်းနဲ့ ဖြန့်ချိရေးကို ဦးဆောင်သူတစ်ဦး ဖြစ်နေပါပြီ။

ခိုင်မာတဲ့သန္နိဋ္ဌာန်နဲ့ စဉ်ဆက်မပြတ် တိုးတက်လိုစိတ်ရှိရင် ကိုယ့်ရဲ့ပန်းတိုင်ကို အရယူနိုင်တယ်ဆိုတာ လက်တွေ့ပြသပေးခဲ့တဲ့ ကိုဝေထွန်းရဲ့ အလုပ်အကိုင် တိုးတက်အောင်မြင်ရေးအတွက် အကြံပြုချက် (၅) ချက်ကို မျှ‌ဝေပေးလိုက်ပါတယ်။

22/04/2026

ဒီနေ့ကျရောက်တဲ့ ကမ္ဘာမြေနေ့ ရဲ့ “Our Power, Our Planet” ဆိုတဲ့ ဆောင်ပုဒ်နဲ့အတူ သဘာဝပတ်ဝန်းကျင် ကာကွယ်စောင့်ရှောက်ဖို အသိပညာပေးအဆင့်ကနေ လက်တွေ့ တာဝန်ယူဆောင်ရွက်မှုတွေ ပြုလုပ်သွားမယ်လို Carlsberg က ထပ်လောင်းကတိပြုလိုက်ပါတယ်။

Carlsberg Group ရဲ့ Brewing Tomorrow ဆိုတဲ့ ESG လုပ်ငန်းစဥ်အရ ၂၀၃၂ ခုနှစ်မှာ -
🌱ကုန်ကြမ်းပစ္စည်းတွေရဲ့ ၅၀% ကို မြေဆီလွှာ ပြန်လည်ထူထောင်နိုင်တဲ့ စိုက်ပျိုးနည်းလမ်းတွေကနေ ရယူအသုံးပြုဖို၊
💧ကမ္ဘာတစ်ဝှမ်းက စျေးကွက်တွေမှာ ၂.၁ ဟက်တိုလီတာ/ ဟက်တိုလီတာ၊ ရေအရင်းအမြစ် ဆုံးရှုးနိုင်ခြေ မြင့်မားတဲ့ဒေသတွေမှာ ၁.၉ ဟက်တိုလီတာ/ ဟက်တိုလီတာ အတိုင်းအတာနဲ့ ရေအသုံးပြုနိုင်ဖို၊
💦ရေအရင်းအမြစ် ဆုံးရှုးနိုင်ခြေ မြင့်မားတဲ့ဒေသတွေမှာ ရေသုံးစွဲမှုအတွက် ၁၀၀% ပြန်လည်ဖြည့်တင်းပေးနိုင်ဖို၊

ဆိုတဲ့ ရည်မှန်းချက်မြင့်မြင့်ထားပြီး ကမ္ဘာမြေကြီးနဲ့ ဂေဟစနစ်ကို ကာကွယ်စောင့်ရှောက်သွားပါမယ်။

Address

Level 13 & 14, Kantharyar Centre – Office Tower, Corner Of Kan Yeik Thar Road & U Aung Myat Road, Mingalar Taung Nyunt Township, Yangon
Yagon
11221

Opening Hours

Monday 08:30 - 17:30
Tuesday 08:30 - 17:30
Wednesday 08:30 - 17:30
Thursday 08:30 - 17:30
Friday 08:30 - 17:30

Telephone

+9519376218

Alerts

Be the first to know and let us send you an email when Carlsberg Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Carlsberg Myanmar:

Share

Category