25/07/2026
🌿IBS (irritable bowl syndrome )
(အူလမ်းကြောင်းလှုပ်ရှားမှု မမှန်သောရောဂါ)
🌱 (အပိုင်း-၁)
၁။ဝမ်းသွားတဲ့ အလေ့အထပြောင်းသွားမည်။(ဝမ်းချုပ်လိုက် ဝမ်းသွားလိုက်ဖြစ်မယ်)၊
၂။ဝမ်းရဲ့ ပုံစံ၊အရောင်၊အပျော့အမာပြောင်းသွားမည်(တစ်ခါတစ်ရံ သေးသေးမာမာ၊တစ်ခါတစ်ရံ ရေလိုသွားမည်)
၃။ဗိုက်အောင့်မည်။လေပွမည်။အစာအိမ်ထဲ လေခိုနေသလို ခံစားရမည်။
၄။ရင်ပူမည်၊ပျို့အန်ချင်မည်။အစာအိမ် အချဉ်ဖောက်မည်။
၅။တစ်ချိန်လုံးဗိုက်ပြည့်နေသလို ခံစားရပြီး အစားအသောက်ပျက်မည်။
၆။အကြိမ်ပေါင်းများစွာ အိမ်သာသွားရမည်။
၇။ပူပန်စိတ်များလာမည်။
၈။နှုန်းခွေနေပြီး အိပ်လို့မရဘူး။ခေါင်းကိုက်မည်။
၉။လျှာပေါ်မှာအရသာပြောင်းသွားမည်။
၁၀။ကြွက်သားနာကျင်မည်၊ခါးနာမည်။
၁၁။အိမ်ထောင်ရေး စိတ်မဝင်စားတော့ဘူး။
၁၂။ရင်တုန်မည်။
၁၃။တချိန်လုံး ဆီးသွားနေမည်။
အပေါ်က အချက်တွေက အိုင်ဘီအက်(IBS)ရဲ့ လက္ခဏာတွေပါ။ဒီလိုအခြေအနေကို သုံးလ သို့ ခြောက်လ အနည်းဆုံးဖြစ်လျှင် တစ်လမှာ အနည်းဆုံးသုံးကြိမ်ဖြစ်လျှင် IBS ဖြစ်မဖြစ်စစ်ကြည့်ရပါလိမ့်မည်။
IBS ဘာကြောင့်ဖြစ်လဲ ဆိုတဲ့တိကျတဲ့ အကြောင်းမတွေ့သေးပါ။ဖြစ်စေသော အကြောင်းများကလည်း တစ်ဦးနဲ့ တစ်ဦးမတူပါ။တူနေတဲ့ ဖြစ်စဉ်က အစာခြေခြင်းမှာ ပြသနာရှိနေတာပါ။ဓာတ်မတည့်တာလည်း ဖြစ်ပါတယ်။အူလမ်းကြောင်း ပိတ်ဆို့တာ၊အူလမ်းကြောင်းမှာ ချို့ယွင်းတာ မတွေ့ရပါ။အူလမ်းကြောင်း လုပ်ဆောင်မှုပိုင်းဆိုင်ရာ ချို့ယွင်းတဲ့ရောဂါ(functional disease)လို့ သတ်မှတ်ပါတယ်။
အစာအိမ်၊အူလမ်းကြောင်း နှင့် ဦးနှောက်ကို vagus အမည်ရတဲ့ အာရုံကြောနဲ့ဆက်ထားပါတယ်။ဒါကြောင့်စိတ်ဖိစီးမှု နဲ့ အစာခြေခြင်းက ဆက်သွယ်နေပါတယ်။အဆက်အစပ်ကို vagus nerve နဲ့အတူ serotonin ဆိုတဲ့ ဟိုမုန်းက လုပ်ပေးပါတယ်။
စိတ်ဖိစီးမှု အပြင် အစာနဲ့ ဓာတ်မတည့်ခြင်း၊အိပ်မပျော်ခြင်း၊မိသားစုထဲမှာ အိုင်ဘီအက်ရောဂါသည်ရှိခြင်း၊ခရီးသွားများခြင်း၊သွေးဆုံးခြင်း နှင့် ကိုယ်ဝန်ဆောင်ခြင်းကဲ့သို့သော ဟိုမုန်းအပြောင်းအလွဲများမှာ ဖြစ်တတ်ပါတယ်။
IBS အများစုက မတည့်တဲ့စာတွေရှောင်၊ဆေးသေချာသောက်ပြီး အနေအထိုင်ပြောင်းလိုက်လျှင် ပျောက်သွားတာများပါတယ်။ကျွန်တော် ကိုယ်တွေ့လည်းဖြစ်ပါတယ်။
1.အသင့်သောက်ဖို့ထုတ်ထားတဲ့နို့
2.ဂလူတန်ပါတဲ့ ကွေကာ
3.သကြားများတဲ့အစာ
4.ကော်ဖီ၊အရက်
5.ပင်လယ်စာ
6.စပ်တဲ့အစာ
7.FODMAPလို့ခေါ်တဲ့ အချို့အစားအစာတွေ(အပိုင်း -၂ မှာ အကျယ်ရေးပါမည်။)ရှောင်လိုက်လျှင် အတော်ပြန်ကောင်းသွားတတ်ပါတယ်။
သောက်ရမည့် ဆေးတွေကလည်း over counter တွေမို့ လွယ်လွယ်ကူကူဝယ်လို့ရပါတယ်။
1.Probiotics (50 billion to 100 billion units daily) သောက်ပါ။အစာမကြေတာတွေ၊လေပွတာတွေ အတော်ပြန်ကောင်းပါတယ်။
2.Digestive enzymes ကို အစာမစားခင် သောက်ပေးပါ။အစာအိမ်အက်ဆစ်ထွက်တာသက်သာပြီး အစာစုပ်ယူမှုလည်း ကောင်းလာပါတယ်။
3.L- glutamine (five grams twice daily)သောက်ပါ။အစာအိမ်အူလမ်းကြောင်းပြုပြင်ပြီး နာတာရှည် ဝမ်းသွားတာ နဲ့ leaky gut ကို သက်သာပါတယ်။
4.ရှားစောင်းလက်ပတ်(half cup three times daily) က ဝမ်းချုပ်တာ သက်သာပါတယ်။
5.Omega-3 ငါးကြီးဆီ(1,000 milligrams daily)အူရောင်ရမ်းခြင်းသက်သာပါတယ်။
✨Reduce Stress
စိတ်ဖိစီးမှု အများစုက အိုင်ဘီအက်ဖြစ်စေပါတယ်။တရားထိုင်ခြင်း၊အပ်စိုက်ခြင်း၊အနှိပ်ခံခြင်း လုပ်ပေးပါ။
✨Exercise
အေရိုဗစ်ပြုလုပ်ခြင်း၊ဝိတ်မခြင်း၊ယောဂတွေ ပြုလုပ်ပေးပါ။2011 ထုတ်American Journal of Gastroenterology ကရေးတာက လေ့ကျင့်ခန်းလုပ်ပေးလျှင် အိုင်ဘီအက် သက်သာတယ်ပြောပါတယ်။
ဒါတွေလုပ်ပေးလျှင်ဆေးခန်း၊ဆေးရုံတတ်ကုသဖို့ မလိုပဲပျာက်ကင်းနိုင်ပါတယ်။
🌿IBS (irritable bowl syndrome )-2
(အူလမ်းကြောင်းလှုပ်ရှားမှု မမှန်သောရောဂါ)
(အပိုင်း-၂)
IBS ကို ကိုယ်တိုင်ကုလို့ရတာမှန်ပါတယ်။တစ်ရံတစ်ရံတစ်ချို့ရောဂါတွေက အိုင်ဘီအက် နဲ့သွားတူနေတတ်တယ်။ဘယ်လိုအခြေအနေမျိုးမှာ ဆရာဝန်နဲ့သွားပြဖို့လိုမလဲဆိုတာ သိထားရပါမည်။
၁။လနဲ့ချီပြီး မောပန်းနေသလိုခံစားရခြင်း နှင့် အခြားသွေးအားနည်းရောဂါလက္ခဏာများ
၂။ဝမ်းသွားလျှင် သွေးပါခြင်း
၃။အစားအသောက် နှင့် နေထိုင်မှုမပြောင်းသော်လည်း ကိုယ်အလေးချိန်အလိုလိုကျသွားခြင်း သို့ တစ်ရှိန်တိုးဝလာခြင်း
၄။ဖျားနာခြင်း
၅။ခေါင်းတစ်ခြမ်းကိုက်ခြင်း
၆။ညဘက်ချွေးထွက်ခြင်း
၇။အမျိုးသမီးရာသီသွေး မမှန်ခြင်း
အိုင်ဘီအက်စ် ရောဂါလက္ခဏာများအပြင် အထက်ပါ အခြေအနေများရှိနေလျှင်ဆရာဝန်နဲ့ပြသသင့်ပါသည်။
✨အိုင်ဘီအက်စ်ရောဂါမှာ ရှောင်ရမည့်အစာတွေကို (FODMAP)လို့ခေါ်ပါတယ်။
Fermentable Oligosaccharides, Disaccharides, Monosaccharides And Polyols လို့
အဓိပ္ပာယ်ရပါတယ်။
ဒါကို နားလည်ဖို့ Probiotics ရဲ့ အကျိုးပြုချက် အချို့ကိုသိဖို့လိုပါတယ်။စားလိုက်တဲ့အစာမှာပါတဲ့ sucrose လိုသကြားအချို့ကို အူအထက်ပိုင်းက ကောင်းစွာမစုပ်နိုင်တဲ့အခါ သကြားကအူမကြီးကိုရောက်လာပါတယ်။အူမကြီးအတွင်းမှာ အကျိုးပြုပိုးမလုံလောက်လို့ ရောဂါဖြစ်စေတဲ့ပိုးတွေရှိနေလျှင် ထိုပိုးတွေက သကြားကို အချဉ်ဖောက်လိုက်ပြီး ဓာတ်ငွေ့ထွက်လာစေပါတယ်။
ဒါကြောင့် တစ်ချို့အချိုတွေစားပြီးလေပွ၊
ဗိုက်အောင့်လာတာပါ။
Lactobacillus plantarum, Bifidobacterium bifidum,Bifidobacterium infantisအကျိုးပြုပိုးတွေပါတဲ့ (Probiotics Supplements)သောက်လိုက်လျှင်ပျောက်ကင်းသွားပါတယ်။
နောက်တစ်ခုက အသက်ကြီးလာလို့ ငယ်ငယ်တုန်းကလို အစာခြေအင်ဇိုင်း မထုတ်နိုင်တော့တာပါ။ဒါကြောင့်
နို့သောက်လျှင် အစာမကြေတာ၊လေပွတာဖြစ်ကြပါတယ်။အမျှင်ဓာတ်က လူကို အကျိုးပြုတယ်ဆိုပေမယ့် အိုင်ဘီအက်စ်သမားအမျှင်များများစားလျှင် ရောဂါပိုဆိုးလာပါတယ်။
ဘယ်သကြားတွေက အူအထက်ပိုင်းမှာကောင်းကောင်းမစုပ်ယူနိုင်ပဲ အူမကြီးမှာ အချဉ်ဖောက်နိုင်လည်းဆိုတာကို
(FODMAP )နဲ့ ရှင်းကြပါတယ်။
✨F (Fermentable)ဆိုတာ အချဉ်ဖောက်စေတယ်လို့ပြောပါတယ်။
✨O က (Oligosaccharides) ပါ သကြားယူနစ် 2-10 ကြားပါပါတယ်။Oligosaccharides အများစုက အစာမကြေပဲ အချဉ်ဖောက်သွားတတ်တယ်။
အဓိက အမျှင်တွေမှာပါတာပါ။
fructooligosaccharides (FOS) or fructans နဲ့ the galactooligosaccharides (GOS) or galactans ဆိုပြီးနှစ်မျိုးရှိပါတယ်။Fructans ကကြွက်သွန်နီ၊ကညွတ်တို့မှာပါပါတယ်။Galactans က ပဲအမျိူးမျိုးမှာပါပါတယ်။
✨D က (Disaccharides)က သကြားယူနစ် နှစ်ခုပါပါတယ်။sucrose ဆိုတဲ့ သကြားမှာ glucose သကြားယူနစ် နဲ့ fructose သကြားယူနစ်ပါပါတယ်။နို့မှာပါတဲ့ lactose မှာ galactose သကြားယူနစ် နဲ့ glucose သကြားယူနစ် ပါပါတယ်။
✨M က(Monosaccharides) ကိုရေးတာပါ။ယူနစ်တစ်ခုထဲသကြားတွေဖြစ်တဲ့ glucose ,fructose နှင့် galactose တွေဖြစ်ပါတယ်။
✨A က စကားဆက် and ပါ
✨P က ပီကေတွေမှာပါတဲ့ polyols တွေဖြစ်တဲ့ alcosorbitol ,mannitol တွေပါ။ထောပတ်သီးမှာ polyols ပါပါတယ်။
Low FODMAP Diet လို့ခေါ်တဲ့ အိုင်ဘီအက်စ်သမားတွေအတွက် အစားအစာ စာရင်းကို Monash University အမည်ရတဲ့ Australia တက္ကသိုလ်တစ်ခုကပြုစုခဲ့ပါတယ်။သူနဲ့ပတ်သတ်တဲ့ ဖုန်း ဆော့ဝဲလ် လည်းရှိပါတယ်။
အစာသေချာစားမည်။ပရိုဘိုင်အိုတစ်သေချာသောက်မည်ဆို အိုင်ဘီအက်စ် ကသက်သာနိုင်ပါတယ်။
IBS နဲ့ နာမည်သာမက ရောဂါလက္ခဏာပါဆင်တဲ့ inflammatory bowel disease (IBD)လို့ခေါ်တဲ့ ရှားပါးပြင်းထန်ပြီး အသက်အန္တာရာယ်ရှိတဲ့ ရောဂါတစ်ခုရှိပါတယ်။
IBD မှာ
Crohn’s disease နှင့် ulcerative colitis
လို့ခေါ်တဲ့ အူလမ်းကြောင်းရောင်ရမ်းခြင်းကြောင့် ဖြစ်တဲ့ autoimmune ရောဂါနှစ်မျိုးရှိပါတယ်။
The Crohn’s and Colitis Foundation of America က 1.6 သန်းသော အမေရိကန်တွေမှာ IBD ခံစားနေရပြီး နှစ်စဉ် 70,000 လောက်တိုးလာတယ် ဆိုပါတယ်။
Cleveland Clinic ရဲ့ အဆိုအရ IBS ကလူကိုဒုက္ခမပေးပေမယ့် IBD ဖြစ်လာနိုင်တယ်လို့ မြန်မြန်ကုရမည်ပြောပါတယ်။
အိုင်ဘီအက်စ် ရောဂါလက္ခဏာတွေအပြင်-
၁။ဗိုက်ရဲ့ ညာဘက်အောက်ဘက်ပိုင်း တစ်ခြမ်းတည်း ရောင်ပြီး နာကျင်နေမည်။
၂။လနဲ့ချီပြီး သွေးဝမ်းသွားမည်။
၃။ဖျားမည်။
၄။ကိုယ်အလေးချိန်ကျသွားမည်။
၅။ညာဘက် ဗိုက်အောက်ပိုင်းတစ်လျှောက်ပြည့်ပြီး တင်းနေမည်ဆိုလျှင် IBD ဖြစ်မဖြစ် စစ်ဆေးကုသသင့်ပါပြီ။
*လေးစားစွာဖြင့်-
-Dr.PHYO MAUNG MAUNG