ဆရာကြီး မီးဖိုချောင်

ဆရာကြီး မီးဖိုချောင် မိသားစုစားသောက်ကုန်လုပ်ငန်း

ဒီနေ့ချက်ပေးဖြစ်တဲ့ အထူးအော်ဒါလေး ဂဏန်းမဆလာမွှေး 😋
08/02/2025

ဒီနေ့ချက်ပေးဖြစ်တဲ့ အထူးအော်ဒါလေး
ဂဏန်းမဆလာမွှေး 😋

မွှေးကြိုင်လတ်ဆတ်နေတဲ့ ဂဏန်းမဆလာမွှေး 🦀🌿👨‍🍳 ဝါသနာအရ ဟင်းခတ်အမွှေးကြိုင်ပေါင်းစုံနဲ့ ဂဏန်းဟင်းကို လက်တည့်စမ်းကြည့်ရင်း ဘေ...
28/06/2024

မွှေးကြိုင်လတ်ဆတ်နေတဲ့ ဂဏန်းမဆလာမွှေး 🦀🌿👨‍🍳

ဝါသနာအရ ဟင်းခတ်အမွှေးကြိုင်ပေါင်းစုံနဲ့ ဂဏန်းဟင်းကို လက်တည့်စမ်းကြည့်ရင်း ဘော်ဒါတွေက "ဒီလောက်အရမ်းကောင်းတာ စမ်းရောင်းကြည့်ပါလား" ဝိုင်းပြောနေကြလို့ ဂဏန်းမဆလာဟင်းကို တနိုင်စာလေး စမ်းရောင်းချင်လို့ပါ။

လတ်ဆတ်ပြီးအသားပြည့်တဲ့ ဂဏန်းတွေရဖို့ ကိုယ်တိုင်စိတ်တိုင်းကျရွေးချယ်ပြီးမှ တစ်ကောင်ချင်းစီကို သေချာသန့်စင်ပြီး ဟင်းခတ်အမွှေးကြိုင်စုံလင်စွာနဲ့ အနံ့အရသာပြည့်ဝနေအောင် ဖန်တီးပေးထားပါတယ်။

တယောက်တည်းချက်ပြုတ်ရတာမို့ လောလောဆယ်ပွဲအရေအတွက် အနည်းငယ်ကိုပဲရောင်းချပေးပါဦးမယ်။ အော်ဒါတရက်ကြိုတင်ပြီး အခုလာမယ့် Sunday နေ့လယ်မှာ deli ပို့ပေးမယ်နော်။ ပူပူနွေးနွေးစားမှကောင်းမှာမို့ တာမွေနဲ့အနီးတဝိုက်က မြို့နယ်တွေကိုပဲ ပို့ပေးပါဦးမယ်ဗျ။

Eid Mubarak ပါခင်ဗျာ 🧕⭐️🌙
11/03/2024

Eid Mubarak ပါခင်ဗျာ 🧕⭐️🌙

လက်ဖက်ကောင်းစားဖို့ ပလောင်တောင်တက်စရာမလိုတော့ပါဘူး မြန်မာလူမျိုးတွေရဲ့ အသည်းစွဲ ရိုးရာအစားသောက်တခုဖြစ်တဲ့ လက်ဖက်ကို ရှမ်...
07/03/2024

လက်ဖက်ကောင်းစားဖို့ ပလောင်တောင်တက်စရာမလိုတော့ပါဘူး

မြန်မာလူမျိုးတွေရဲ့ အသည်းစွဲ ရိုးရာအစားသောက်တခုဖြစ်တဲ့ လက်ဖက်ကို ရှမ်းပြည်နယ်က နမ့်ဆန်ဒေသမှာ အဓိကစိုက်ပျိုး ထုတ်လုပ်ကြတာ ဖြစ်ပါတယ်။

နမ့်ဆန်မြို့ဟာ ပင်လယ်ရေမျက်နှာပြင် ၅၀၀၀ ထောင်အထက်မှာ တည်ရှိပြီး တောင်စောင်းတလျှောက်မှာ လက်ဖက်ပင်တွေကို စိုက်ပျိုးကြပါတယ်။

လက်ဖက်ခူးချိန်ရာသီဆို နူးညံ့တဲ့ လက်ဖက်အညွန့်လေးတွေကို တောင်စောင်းတလျှောက်မှာ ခက်ခဲစွာနဲ့ ခူးဆွတ်ရတာဖြစ်ပါတယ်။

ဒါကြောင့်လည်း “လက်ဖက်ကောင်းစားချင်ရင် ပလောင်တောင်​တက်နှေးစေ” ဆိုတဲ့ ဆိုရိုးစကား ပေါ်ပေါက်လာတာဖြစ်ပါတယ်။

ဒါပေမယ့် လက်ဖက်ကောင်းကောင်း စားရဖို့အတွက်နဲ့တော့ လူတိုင်း ပလောင်တောင်ပေါ်ကို တက်နေစရာ မလိုတော့ပါဘူး။

ကျနော်တို့ရဲ့ ဆရာကြီးမီးဖိုချောင်မှာ လက်ဖက်ညွန့်လေးတွေကို ခါးသက်တဲ့အရာတွေ လျော့သွားစေဖို့ သေချာသန့်စင်ပြီး ဆားနဲ့နယ်ကာ အရည်ညှစ်ထုတ် လိုက်ဖက်တဲ့ အရသာတွေနဲ့ ပေါင်းစပ်ပေးထားပါတယ်။

လက်ဖက်ရဲ့ ခါးဆိမ့်ဆိမ့်အရသာနဲ့ အချို ချဥ် ငံ အစပ် အရသာတို့ကို စနစ်တကျပေါင်းစပ်ထားတာမို့ တဇွန်းစားဖူးရုံနဲ့ တသက်စွဲသွားစေမှာ အသေချာပါပဲ။

လက်ဖက်ထောင်းကို အဆိမ့်၊ ချဥ်စပ် နဲ့ ရှုးရှဲ အရသာတွေကို ရွေးချယ်နိုင်ပါတယ်။

တကယ်ကောင်းတဲ့ အမဲကြော်ဆိုတာ…အနံ့အရသာနဲ့ ပြည့်ဝတဲ့ အမဲကြော်ဆိုတာ အဓိကအနေနဲ့ အသားကောင်းတာကို ရွေးချယ်တတ်ဖို့လိုပါတယ်။ 💁🏻‍♂...
06/03/2024

တကယ်ကောင်းတဲ့ အမဲကြော်ဆိုတာ…

အနံ့အရသာနဲ့ ပြည့်ဝတဲ့ အမဲကြော်ဆိုတာ အဓိကအနေနဲ့
အသားကောင်းတာကို ရွေးချယ်တတ်ဖို့လိုပါတယ်။ 💁🏻‍♂️

တွေ့ရာအသားကိုကြော်မယ်ဆို အရသာလည်း သိပ်မကောင်းသလို texture ပိုင်းမှာလည်း အဆင်မပြေတဲ့အတွက် ဝါးရခက်ပါတယ်။

ဆီသန့်ဖို့ကလည်း အရေးကြီးသေးတယ်။ မသန့်တဲ့ဆီတွေနဲ့ ကြော်မယ်ဆို ကျန်းမာရေးနဲ့လည်း မညီညွတ်သလို အနံ့အရသာကို လျော့ကျစေတာမို့ ဆီကိုလည်းသင့်တော်သလို ရွေးချယ်တတ်ရပါမယ်။

အမဲသားကိုကြော်တဲ့အချိန် အပူချိန်ကလည်း အရေးကြီးတယ်နော်။ မီးပြင်းပြင်းနဲ့ကြော်မိရင် အသားတွေအကျက်လွန်ပြီး တူးသွားတတ်သလို အပူချိန်အရမ်းနည်းလ်ွန်းရင်လည်း အသားတွေက မာတောင့်တောင့်ကြီးနဲ့ စားမကောင်းဖြစ်နိုင်ပါတယ်။ 👨‍🍳

အနံ့အရသာ အတွက်ဆိုရင်လည်း အမဲကြော်နဲ့လိုက်ဖက်မယ့် ပါဝင်ပစ္စည်းတွေကို မှန်ကန်စွာရွေးချယ်တတ်ရပါမယ်။ အမဲသားနဲ့လိုက်ဖက်တဲ့ ဟင်းခတ်အမွှေးကြိုင်တွေကို မှန်ကန်စွာရွေးချယ်နိုင်မှ ပြီးပြည့်စုံတဲ့ အမဲကြော်ကိုရရှိမှာ ဖြစ်ပါတယ်။ 😋

ဒါတွေကတော့ အမဲကြော်ကောင်းကောင်းကြိုက်သူတွေ ကိုယ်တိုင်ကြော်စားတဲ့အခါ ဆောင်ရန်/ ရှောင်ရန် အချက်လေးတွေကို မျှဝေပေးထားတာဖြစ်ပါတယ်။ ✔

ငါတို့က အမဲကြော်ကောင်းကောင်းပဲစားချင်တာ အဲ့လောက်တော့ အလုပ်ရှုပ်မခံချင်ဘူးဆိုသူတွေ အတွက်လည်း ဆရာကြီး မီးဖိုချောင် ကနေ တဖတ်ဝါးလိုက်တာနဲ့ တသက်လုံးစွဲလန်းသွားစေမယ့် အမဲကြော်တွေကို မကြာခင်ရောင်းချပေးတော့မှာမို့ စောင့်မျှော်ပေးကြပါဦးဗျ။ 👨‍🍳

အကောင်းကြိုက်တတ်သူတို့အတွက် ဆရာကြီး မီးဖိုချောင်

အစားသောက်ချက်ပြုတ်ခြင်းရဲ့သမိုင်းကြောင်း 👩‍🍳အစားအသောက်တွေကို ချက်ပြုတ်ခြင်း အတတ်ပညာဆိုတာ လူသားတွေ မီးကို စတင်တွေ့ရှိချိန...
06/03/2024

အစားသောက်ချက်ပြုတ်ခြင်းရဲ့သမိုင်းကြောင်း 👩‍🍳

အစားအသောက်တွေကို ချက်ပြုတ်ခြင်း အတတ်ပညာဆိုတာ လူသားတွေ မီးကို စတင်တွေ့ရှိချိန်ကတည်းကလို့ ဆိုနိုင်ပါတယ်။ အဲ့ဒါကို အတိုချုံးပြောပြရရင်

မီးကိုစတင်တွေ့ရှိချိန် 🔥

လူသားမျိုးနွယ်တွေဟာ လွန်ခဲ့သောနှစ်ပေါင်း ၁.၉ သန်း ဝန်းကျင်လောက်မှာ အစားအသောက်တွေကို မီးနဲ့အပူပေးပြီး ချက်ပြုတ်တတ်ခဲ့ကြတာဖြစ်ပါတယ်။ မီးနဲ့အပူပေးထားတဲ့ အသားတွေဟာ အစိမ်းထက်ပို အရသာရှိပြီး ပိုမွှေးစေတာကြောင့် ချက်ပြုတ်ခြင်းဆိုတဲ့ အတတ်ပညာကို စတင်ခဲ့ကြတာဖြစ်ပါတယ်။

အစောပိုင်းကာလတွေမှာ ချက်ပြုတ်နည်း 🍗

မီးကိုတွေ့ရှိပြီး အသားတွေကို အပူပေးချက်ပြုတ်ကြတဲ့ အဆင့်ကနေ သစ်ရွက်တွေ တိရိစ္ဆာန်တွေရဲ့သားရေတွေနဲ့ပတ်ပြီး အစားသောက်တွေကို ချက်ပြုတ်တတ်ခဲ့ကြပါတယ်။

အိုးကိုစတင်အသုံးပြုချိန် 🏺

လွန်ခဲ့သော နှစ်ပေါင်း ၁သောင်းဝန်းကျင်ခန့် မှာတော့ လူသားတွေဟာ အိုးတွေနဲ့ အစားသောက်တွေကို ရေလုံပြုတ်ခြင်းနဲ့ ပေါင်းခံတဲ့နည်းလမ်းတွေနဲ့ ချက်ပြုတ်နိုင်ခဲံ့ကြတာဖြစ်ပါတယ်။

လယ်ယာစိုက်ပျိုးရေးပြောင်းလဲချိန် 🌾🌿

လယ်ယာစိုက်ပျိုးရေးနည်းပညာတွေကို စတင်အသုံးချလာနိုင်ခဲ့တဲ့ အချိန်တွေမှာတော့ အစားသောက်တွေကို ပိုပြီး အနံ့အရသာတွေနဲ့ ပြည့်စုံစေဖို့ ဟင်းခတ်အမွှေးကြိုင်တွေ အသုံးပြုပြီး ချက်ပြုတ်ခဲ့ကြပါတယ်။

အလယ်ခေတ်ကချက်ပြုတ်နည်း 🍺

အလယ်ခေတ်မှာတော့ လူတွေဟာ အစားသောက်တွေကို ဟင်းခတ်အမွှေးအကြိုင်တွေ အသုံးပြုပြီး ချက်ပြုတ်နည်းအပြင် brewing နည်းပညာတွေကို စတင်အသုံးပြုလာခဲ့ပြီ ဖြစ်ပါတယ်။

ခေတ်သစ်ချက်ပြုတ်နည်း 👩‍🍳

၁၈ နဲ့ ၁၉ ရာစု ကာလအတွင်းမှာတော့ အစားသောက်ချက်ပြုတ်ရာမှာ အသုံးပြုဖို့ မီးဖိုချောင်ကိရိယာမျိုးစုံကို အသုံးပြုလာနိုင်ခဲ့တာကြောင့် ချက်ပြုတ်ရာမှာ ပိုမိုလွယ်ကူပြီး မြန်ဆန်လာစေခဲ့ပါတယ်။

ယနေ့ချက်ပြုတ်နည်း 🍕🍔🍟🌭

အခုလို မျက်မှောက်ခေတ်ကာလမှာတော့ ဟင်းချက်ပြုတ်ရာမှာ အသုံးပြုနိုင်မယ့် ဒယ်အိုး ဒယ်ပိုင်း ပေါင်းအိုး microwave အစရှိတဲ့ ကိရိယာတွေ အသုံးပြုပြီး ပိုမိုဆန်းသစ်တဲ့ ဟင်းလျာတွေကို ဖန်တီးနေကြပြီ ဖြစ်ပါတယ်။

ပြောရရင် ချက်ပြုတ်ခြင်းသမိုင်းဆို အရှည်ကြီးပါ၊ အပြောင်းအလဲတွေ အများကြီးလည်းရှိခဲ့တယ်ဆိုပေမယ့် ချက်ပြုတ်ခြင်းရဲ့ အဓိကရည်ရွယ်ချက်ကတော့ အစားသောက်တွေကို အနံ့အရသာပြည့်စုံစွာနဲ့ ခံစားနိုင်ဖို့ပဲမဟုတ်လား။ 😋

References
Wikipedia: Cooking
Britannica: Cooking
Britannica: The evolution of world cuisines

ကြိုက်လွန်းလို့ ဒီအတိုင်းထိုင်စားလိုက်တာ အကုန်ကုန်သွားတယ် ဆိုတဲ့အထိ review တွေ ကောင်းလွန်းနေတဲ့ မရမ်းသီးငပိကြော်ကို မကြာ...
05/03/2024

ကြိုက်လွန်းလို့ ဒီအတိုင်းထိုင်စားလိုက်တာ
အကုန်ကုန်သွားတယ် ဆိုတဲ့အထိ review တွေ
ကောင်းလွန်းနေတဲ့ မရမ်းသီးငပိကြော်ကို
မကြာခင် ရောင်းချပေးတော့မယ်နော်။

05/03/2024

Nectar K Food House အမည်ကနေ ဆရာကြီး မီးဖိုချောင် အမည်သို့ ပြောင်းလဲထားပါတယ်ခင်ဗျာ။

အရသာပြည့်ဝပြီး သန့်ရှင်းလတ်ဆတ်တဲ့ စားဖွယ်အစုံကို မကြာခင် ရောင်းချပေးပါတော့မယ်လို့ လေးစားစွာအသိပေးအပ်ပါတယ်။ 👨🏻‍🍳🍛🥗🍲🍜

Address

Tamwe
Yangon

Telephone

+959404884622

Website

Alerts

Be the first to know and let us send you an email when ဆရာကြီး မီးဖိုချောင် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share