17/04/2026
"ဒီနေ့ကျရောက်တဲ့ မြန်မာနှစ်ဆန်း (၁) ရက်နေ့ မင်္ဂလာအခါသမယမှာ...
နှစ်ဟောင်းက အညစ်အကြေး၊ အခက်အခဲတွေအားလုံးကို သင်္ကြန်ရေစင်နဲ့အတူ ဆေးကြောသန့်စင်ပစ်လိုက်ပြီး အေးချမ်းသာယာတဲ့ နှစ်သစ်ကို ပျော်ရွှင်စွာ ကူးပြောင်းနိုင်ကြပါစေ။
ဒီနှစ်သစ်ကစလို့ မိဘပြည်သူများအားလုံး ဘေးအန္တရာယ်အပေါင်းမှ ကင်းဝေးကြပါစေ၊ ကိုယ်၏ကျန်းမာခြင်း၊ စိတ်၏ချမ်းသာခြင်းတို့နဲ့ ပြည့်စုံပြီး လိုအင်ဆန္ဒများ တစ်လုံးတစ်ဝတည်း ပြည့်ဝကြပါစေ။
မြန်မာပြည်သူပြည်သားအားလုံးနဲ့တကွ ကမ္ဘာသူကမ္ဘာသားအားလုံး အေးချမ်းသာယာတဲ့ ဘဝသစ်တွေကို ပိုင်ဆိုင်နိုင်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းလျက် မေတ္တာပို့သအပ်ပါတယ်ခင်ဗျာ။
#မြန်မာနှစ်ဆန်းတစ်ရက်နေ့