05/11/2026
🎉 မင်္ဂလာဈေးသစ်ကြီး Grand Opening အခမ်းအနား အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ခဲ့ပါပြီ။ 🎊
စောင့်မျှော်ခဲ့ကြတဲ့ အချိန်အခါတစ်ခုဖြစ်တဲ့ အဆင့်မြင့် မင်္ဂလာဈေးသစ်ကြီး ဖွင့်ပွဲအခမ်းအနားကို ယနေ့ (၅.၁၁.၂၀၂၆) ရက်နေ့တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ✨
မင်္ဂလာဈေးသစ်ကြီး၏ Grand Opening အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး ရန်ကုန်မြို့တော်ဝန် ဦးမျိုးမြင့်အောင်နှင့်ကော် မတီဝင်များ၊ Sun Myat Tun Construction Company Limited ၏ Executive Chairman ဖြစ်သူ ဒေါက်တာနေလင်းထွန်း တို့ကဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ပြီးရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူမှ မင်္ဂလာစျေးဆိုင်းဘုတ်အား စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးခဲ့ပါသည်။
အချိန်ပေး၍ ကြွရောက်ချီးမြှင့်ပေးခဲ့ကြသော သက်ဆိုင်ရာဌာနအသီးသီးမှ လူကြီးမင်းများ၊လွှတ်တော်ကိုယ်စားလှယ်များ၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူများ၊ စျေးသူစျေးသားများ၊အဘက်ဘက်မှ တာဝန်ရှိသူများနှင့် ဧည့်သည်တော်ကြီးများအားလုံးကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါကြောင်း လေးစားစွာ မှတ်တမ်းတင်အပ်ပါသည်။
တည်ဆောက်ရေးကာလမှစ၍ ယနေ့ ဖွင့်လှစ်နိုင်တဲ့အချိန်အထိ ပါဝင်ကူညီပံ့ပိုးပေးခဲ့ကြသူများ၊ဈေးသူဈေးသားများ၊ လုပ်ငန်းရှင်များနှင့် လာရောက်ဂုဏ်ပြုအားပေးခဲ့ကြသူအားလုံးကို အထူးကျေးဇူးတင်ရှိပါတယ်။ 🙏❤️
ဒီနေ့ဟာ ဈေးကြီးတစ်ခု ဖွင့်လှစ်တဲ့နေ့သာမက စီးပွားရေးအခွင့်အလမ်းအသစ်များ၊ အောင်မြင်မှုအသစ်များ စတင်ရာနေ့လည်း ဖြစ်ပါတယ်။
🏢 မင်္ဂလာဈေးသစ်ကြီးနှင့်အတူ အောင်မြင်မှုအသစ်များဆီသို့…
✨ မင်္ဂလာအပေါင်းနှင့် ပြည့်စုံပြီး စည်ကားဖွံ့ဖြိုးတိုးတက်သော ဈေးကြီးတစ်ခု ဖြစ်ပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါတယ်ရှင်။ ✨
#အဆင့်မြင့်မင်္ဂလာဈေးသစ်ကြီး