Diet by me

Diet by me healthy diet

✅✅✅သင်သိပါသလား❓❓
28/07/2022

✅✅✅သင်သိပါသလား❓❓

⭐ပင်လယ်စာ ပဲကြာဆံသုပ်နည်း⭐တခါတလေဆီပြန်ဟင်းတွေနဲ့ ထမင်းမစားချင်ဘဲ ချဉ်ချဉ်ငန်ငန်စပ်စပ် အသုပ်လေးတွေနဲ့ထမင်းစားချင်တဲ့အခါ ပ...
28/07/2022

⭐ပင်လယ်စာ ပဲကြာဆံသုပ်နည်း⭐

တခါတလေဆီပြန်ဟင်းတွေနဲ့ ထမင်းမစားချင်ဘဲ ချဉ်ချဉ်ငန်ငန်စပ်စပ် အသုပ်လေးတွေနဲ့ထမင်းစားချင်တဲ့အခါ ပင်လယ်စာပဲကြာဇံသုပ်လေးကို မေ့ထားလို့မဖြစ်ပါဘူး 🍜🍝 မိုးတွင်းမို့ ရာသီဥတုနည်းနည်းလေးအေးလာချိန်မှာ ဒီအသုပ်လေးက ရှူးရှူးရှဲရှဲနဲ့ ထမင်းစားလို့ခံတွင်းမြိန်စေပါတယ် ❤ ဟင်းအဖြစ်ပဲစားစား၊ သွားရည်စာအဆာပြေအသုပ်တစ်ပွဲအဖြစ်နဲ့ပဲစားစား အချိန်တိုင်းစားကောင်းနေစေမယ့် ပင်လယ်စာ ပဲကြာဇံသုပ်နည်းလေးကို ပြောပြပေးလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ
👇👇👇👇👇👇
ပဲကြာဆံ ၁၀ ကျပ်သား (ရေဆူဆူမှာ ၂ မိနစ်မှ ၅ မိနစ်ခန့် ပြုတ်ကာ ဆန်ကာနဲ့ ရေစစ်ထားပါ)
ပုစွန် ၅ ကျပ်သား (သန့်စင်ပြီး အမြီးချန်၊ အခွံချွတ်ပါ။ ရေဆူဆူမှာ ၁ မိနစ် ၂ မိနစ်ခန့်ပြုတ်ကာ ပြန်ဆယ်ထားပါ)
ပြည်ကြီးငါး ၅ ကျပ်သား (ရေဆေးသန့်စင်ကာ အဝိုင်းလေးတွေလှီးထားပါ။ ရေဆူဆူမှာ ၁ မိနစ် ၂ မိနစ်ခန့်ပြုတ်ကာ ပြန်ဆယ်ထားပါ)
ကြက်သွန်ဖြူ ၈ မြွှာ (မညက်တညက်ထောင်းထားပါ)
ကြက်သွန်နီ ၁ လုံး (ရေဆေးပြီး မထူမပါးလှီးထားပါ)
ခရမ်းချဉ်သီး ၁ လုံး (ရေဆေးပြီး မထူမပါးလှီးထားပါ)
ငရုတ်သီးတောင့်ရှည်အနီ ၇ တောင့် (မညက်တညက်လှီးထားပါ)
သံပုရာသီး တစ်ခြမ်း
တုန်ယမ်းခဲ တစ်ခဲရဲ့ တစ်ဝက် (ရေစားပွဲတင်ဇွန်း ၂ ဇွန်းနဲ့ဖျော်ထားပါ)
တရုတ်နံနံ ၃၀ ဂရမ် (ပါးပါးလှီးထားပါ)
ကြက်သွန်မြိတ် ၂ ပင် (ရေဆေးပြီး ၂ စင်တီမီတာအရှည်ခန့် ပိုင်းထားပါ)
ငါးငံပြာရည် ထမင်းစားဇွန်း ၃ ဇွန်း
သကြား ထမင်းစားဇွန်း တစ်ဝက်
ရေခဲရေ ၅၀၀ မီလီလီတာ

ချက်ပြုတ်ပြင်ဆင်ပုံ
😋😋😋😋😋😋
၁။ ရေနွေးပူပူထဲမှာ ကြာဆံထည့်ပြီး ကြာဆံကို ၂ မိနစ်မှ ၅ မိနစ်လောက် ပြုတ်ထားပါ။ ဆယ်ပြီး ရေစစ်ထားပါ။
၂။ အိုးထဲမှာ ပုစွန်နဲ့ ပြည်ကြီးငါးထည့်ပြီး ၂ မိနစ်ခန့် ပြုတ်ပေးပါ။ အိုးမှ ထုတ်ပြီး ရေခဲရေထဲ ၂ မိနစ်ခန့် စိမ်ထားပါ၊ ဆယ်ပြီး ရေစစ်ထားပါ။
၃။ ပန်းကန်လုံးတစ်လုံးထဲမှာ တုန်ယမ်းခဲ၊ ရေ၊ ငံပြာရည်၊ သကြား၊ ငရုတ်သီးနဲ့ ထောင်းထားတဲ့ ကြက်သွန်ဖြူကို ထည့်မွှေထားပါ။
၄။ တခြားပန်းကန်လုံးကြီးကြီးတစ်ခုမှာ ပဲကြာဆံ၊ ပုစွန်နဲ့ ပြည်ကြီးငါးတို့ ထည့်ပါ၊ ကြက်သွန်နီ၊ခရမ်းချဉ်သီး၊ ကြက်သွန်မြိတ်နဲ့ အပေါ်က ဖျော်ထားတဲ့ ဆော့စ်ကို လောင်းလိုက်ပါ၊ သံပုရာသီးတစ်စိတ်လောက်ညှစ်ထည့်ပါ။
၅။ တူ သို့မဟုတ် လက်ကို အသုံးပြုပြီး အားရပါးရ သမအောင်မွှေပြီးရင်တော့ လွယ်ကူရိုးရှင်းသလောက် အရသာကောင်းမွန်လှတဲ့ ပင်လယ်စာ ပဲကြာဆံသုပ်ကို အဆင်သင့်သုံးဆောင်နိုင်ပါပြီ။ Very Good ကြီးနော်❗

😍😍😍ပင်လယ်စာ ပဲကြာဆံသုပ်တဲ့ နေရာမှာ တခြားကိုယ်ကြိုက်နှစ်သက်တဲ့ အသား၊ငါးနဲ့ အသီးအရွက်တွေ ထပ်ထည့်လို့ရပါသေးတယ်။ ကောက်ရှိးမှိုလေးတွေ ထည့်သုပ်မယ်ဆိုလည်း ကောင်းပါတယ်။ မိမိစိတ်ကြိုက်ပါ။

❌❌❌ မိမိနှင့် မိမိ၏မိသားစု ကျန်းမာရေးအတွက် အချိုမှုန့်လျော့သုံးပေးပါ။
Credit

28/07/2022

နောက်ကျောဘက်အဆီများသူတွေလိုက်လုပ်ကြည့်ကြမယ်နော်...

02/02/2022

ပေါင်မှာအဆီများနေတဲ့သူတွေအတွက်လုပ်ရလွယ်ကူတဲ့နည်းလေးပါ ✅✅✅
လိုက်လုပ်ကြည့်ကြနော်🫶🫶🫶🫰☺️☺️✌️

💥ဝိတ်ချရာတွင်သိထားသင့်သောအချက်များ💥✅မနက်စာမစားဘဲမနေပါနဲ့      မနက်စာမစားဘဲနေခြင်းဟာဝိတ်ချခြင်းကိုအထောက်အကူမပြုပါဘူး🙅။မနက...
02/02/2022

💥ဝိတ်ချရာတွင်သိထားသင့်သောအချက်များ💥

✅မနက်စာမစားဘဲမနေပါနဲ့

မနက်စာမစားဘဲနေခြင်းဟာဝိတ်ချခြင်းကိုအထောက်အကူမပြုပါဘူး🙅။မနက်စာဟာတစ်နေ့တာလှုပ်ရှားသွားလာဖို့စွမ်းအင်တွေရရှိမဲ့ အဓိကတစ်နပ်စာပါ။

✅အစာကိုသူ့အချိန်နှင့်သူပုံမှန်စားပါ။

အစားအစာကိုသူ့အချိန်နဲ့သူပုံမှန်စားသောက်ခြင်းကကယ်လိုရီလောင်ကျွမ်း🔥ဖို့အထောက်အကူဖြစ်စေပါတယ်။

✅အသီးအနှံနှင့်ဟင်းသီးဟင်းရွက်များများစားပါ

အသီးအနှံနှင့်ဟင်းသီးဟင်းရွက်🍉🍎🥒🥦တွေဟာကယ်လိုရီပါဝင်မှုပမာဏနဲပါးပါတယ်။ဗိီတာမင်နဲ့သတ္တုဓာတ်များစွာပါဝင်တာကြောင့်ခန္ဓာကိုယ်ခုခံအားစနစ်💪💪ကိုကောင်းမွန်စေပါတယ်။

✅ရေများများသောက်ပါ

ရေ🥤ဟာ၁၀၀%calorie freeပါ။ခန္ဓာကိုယ်မှာပိုနေတဲ့အဆီတွေကိုဖြိုခွဲဖို့ ရေဓာတ်ကိုအဓိကလိုအပ်ပါတယ်။

✅အမျှင်ဓာတ်ပါသောအစာများစားပါ

အမျှင်ဓာတ်ပါသောအစားအစာတွေဟာအစာခြေစနစ်ကိုကောင်းမွန်စေပါတယ်🎯။စားလိုက်ရင်ပြည့်အင့်တဲ့ခံစားချက်ရတာကြောင့်တော်ရုံဗိုက်မစာစေပါဘူး။အများအားဖြင့်အသီးအရွက်၊ပဲအမျိုးမျိုး၊အစေ့အစံတွေမှာပါတတ်ပါတယ်။👈

✅အပြင်စာစားခြင်း/သားရေစာစားခြင်းရှောင်ပါ

အပြင်မှာအလွယ်တကူဝယ်ရတဲ့အစားအစာတွေဟာကယ်လိုရီပမာဏများတတ်ပါတယ်🤷။ဝိတ်ချမယ့်သူ‌ေတွအ‌ေနနဲ့ခေါက်ဆွဲကြော်၊ကြေးအိုး၊အာလူးကြော်၊ဘာဂါ၊အချိုရည်တွေကိုတတ်နိုင်သမျှရှောင်သင့်ပါတယ်။

✅အစားအသောက်ပမာဏလျော့စားပါ

ဝိတ်ချမယ်ဆိုရင်အစားအသောက်ကိုလုံးဝဖြတ်စရာမလိုပါဘူး👈👈။ဒါပေမဲ့ပမာဏလျော့စားဖို့တော့လိုအပ်ပါတယ်✌️။ဥပမာ မုန့်ဟင်းခါးကိုအိုးဘဲဥ၊အကြော်ထည့်စားတာထက်အလွတ်စားတာမျိုး၊ထမင်းတစ်ပန်းကန်စားမယ့်အစားထမင်း၄-၅ဇွန်းစားပြီးအရွက်ကြော်နဲ့တွဲစားတာမျိုးကိုလုပ်သင့်ပါတယ်။💯💯

✅တက်ကြွစွာနေထိုင်ပါ

အစာစားပြီးလှဲအိပ်တာ၊ထိုင်တာတွေကိုရှောင်ပြီးမတ်တပ်ရပ်တာဖြစ်ဖြစ်လမ်းလျောက်တာဖြစ်ဖြစ်လုပ်မယ်ဆိုရင်ခန္ဓာကိုယ်မှာအဆီတွေစုတာနဲလာနိုင်ပါတယ်🎯🪄။ဝိတ်ချချင်သူတွေအတွက်တစ်နေ့ကိုနာရီဝက်လောက်ကိုယ်လက်လှုပ်ရှားအားကစား⛹️🚵🏊🏊တစ်ခုတော့လုပ်သင့်ပါတယ်။

✅တစ်နေ့စာအစားအသောက်ကိုကြိုplanလုပ်ပါ

ဒီနေ့ညအိပ်တော့မယ်ဆိုရင်မနက်ဖြန်စားမယ့်အစားအသောက်ကိုမိမိလိုအပ်တဲ့ကယ်လိုရီနဲ့ချိန်ပြီးကြိုplanလုပ်ထားသင့်ပါတယ်🎰🧆🥙။ဒါဆိုရင်မလိုအပ်ပဲကယ်လိုရီပိုစားမိခြင်းကိုလျော့ချနိုင်မှာပါ။👍

ကျန်းမာလှပသောဘဝတွေကိုအမြန်ဆုံးရရှိပါစေ💃💃💃

⭐diet by me⭐
Meal planner

ဝိတ်ချခြင်းနဲ့ပတ်သက်သောဗဟုသုတများ၊စားသောက်နည်းများ၊လေ့ကျင့်ခန်းများအကြောင်းအမြဲမပြတ်သိချင်ရင်တော့ဒီpageလေးကိုfollowလုပ်ထားဖို့မမေ့နဲ့နော်😍

https://www.facebook.com/profile.php?id=100076958530504

 #ပိန်ချင်နေပြီလား✅မင်မင်ရေ အများကြီးမစားဘဲဝဝနေတာပဲဆိုသူတွေအတွက် မိမိစားတဲ့အစားအသောက်ကိုပြန်ဆန်းစစ်ဖို့လိုနေပြီနော်😉✅မိမ...
30/01/2022

#ပိန်ချင်နေပြီလား
✅မင်မင်ရေ အများကြီးမစားဘဲဝဝနေတာပဲဆိုသူတွေအတွက်
မိမိစားတဲ့အစားအသောက်ကိုပြန်ဆန်းစစ်ဖို့လိုနေပြီနော်😉

✅မိမိစားသောက်တဲ့အစားအသောက်ကပမာဏမများပေမဲ့ကယ်လိုရီများနေတဲ့ဟာတွေလား👈

✅စားသာစားနေပေမဲ့ကျန်းမာရေးနဲ့ရောညီညွှတ်ရဲ့လား👈

✅Calorie input outputရောမျှတရဲ့လား 👈သေချာဆန်းစစ်ရမှာပါနော်

✅မင်မင်ရေ အလုပ်တစ်ဖက်နဲ့အဲ့တာတွေလုပ်ဖို့မအားပါဘူးဆိုတဲ့သူတွေမပူနဲ့နော်😻😻😻

✅မင်မင်တို့ရဲ့diet by me ဖွင့်လှစ်တဲ့ personal weight loss trainingသင်တန်းများနဲ့ဆက်သွယ်လိုက်ပါနော်

အသေးစိတ်ကို page messenger (or)CB
Phone 09251199973ကိုဆက်သွယ်မေးမြန်းနိုင်ပါသည်။

⭐Diet by me⭐
Meal planner

30/01/2022

တင်ပါးလေး🍑တွေတင်းတင်းရင်းရင်းလှပစေဖို့ ဒါလေးလိုက်လုပ်ကြည့်နော်☺️

 #ကိုယ်ထင်တဲ့အဖြေနဲ့တူမတူcommentမှာအဖြေတိုက်ကြည့်နော်😉😉😉
27/01/2022

#ကိုယ်ထင်တဲ့အဖြေနဲ့တူမတူcommentမှာအဖြေတိုက်ကြည့်နော်😉😉😉

💃💃ဝိတ်ချနေတဲ့သူတွေအတွက်လုပ်ရလွယ်ပြီးစားရအဆင်ပြေစေမဲ့ဟင်းတစ်ခွက်💃💃💥ကိုက်လန်ခရုဆီ💥ပါဝင်ပစ္စည်း🍁ကိုက်လန်၊ခရုဆီ၊ဆီလက်ဖက်စားဇ...
27/01/2022

💃💃ဝိတ်ချနေတဲ့သူတွေအတွက်လုပ်ရလွယ်ပြီးစားရအဆင်ပြေစေမဲ့ဟင်းတစ်ခွက်💃💃

💥ကိုက်လန်ခရုဆီ💥

ပါဝင်ပစ္စည်း🍁

ကိုက်လန်၊ခရုဆီ၊ဆီလက်ဖက်စားဇွန်း3ဇွန်း၊ကြက်သွန်ဖြူ5မွှာ၊ကြက်သားမှုန့် ၊သကြား၊ပဲငံပြာရည်အကြည်၊ပဲငံပြာရည်အနောက်

ပြုလုပ်ပုံ🍁

✅ကိုက်လန်ကိုရေနွေးပွက်ပွက်ဆူထဲ3မိနစ်ခန့်ထည့်ပြုတ်ပါ

✅ထို့နောက်ဆယ်ပြီး စားရန်သင့်တော်သောအနေအထားရောက်အောင်အရှည်လိုက်ဖြတ်ပါ ပန်းကန်ထဲတွင်အရှည်လိုက်လေးစီထားပါ

✅အိုးထဲတွင်ဆီထည့်ပါ ကြက်သွန်ဖြူနှုတ်နှုတ်စင်းထားတာကိုအိုးထဲထည့်ဆီသတ်ပါ အရမ်းကျွတ်နေအောင်မဟုတ်ဘဲမွှေးရုံပဲဆီသတ်ပါ

✅ဆီသတ်ထားတဲ့ထဲကိုခရုဆီ ကြက်သားမှုန့် သကြား ပဲငံပြာရည်အကြည် အနောက် ထည့်မွှေပါ

✅ရလာတဲ့အရည်ကိုကိုက်လန်စီထားတဲ့ပေါ်လောင်းချပါ

ဒါဆိုအရသာရှိတဲ့ကိုက်လန်ခရုဆီလေးရပါပြီ😍

⭐diet by me⭐
Meal planner

ပေါက်မဲ၅ခုကိုvideo or နောက်ဆုံးပုံတွင်တွင်ကြည့်နိုင်ပါတယ်ရှင့်🎉🎉🎉မဲပေါက်သောသူများpage messenger or cbတွင်ဆက်သွယ်ပေးပါနော...
25/01/2022

ပေါက်မဲ၅ခုကိုvideo or နောက်ဆုံးပုံတွင်တွင်ကြည့်နိုင်ပါတယ်ရှင့်🎉🎉🎉
မဲပေါက်သောသူများpage messenger or cbတွင်ဆက်သွယ်ပေးပါနော်😍

ကျန်းမာလှပသောဘဝတွေအမြန်ဆုံးရနိုင်ပါစေ

⭐diet by me⭐
Meal planner

ကဲ......ရင်ခုန်နေကြပြီလား💃💃💃♦️ဒီနေ့ည၁၀နာရီမှာ10 day weight loss training မဲပေါက်သူ၅ယောက်ကိုpageမှာကြေညာပေး‌မှာပါနော်😉😉မဲ...
25/01/2022

ကဲ......ရင်ခုန်နေကြပြီလား💃💃💃

♦️ဒီနေ့ည၁၀နာရီမှာ10 day weight loss training မဲပေါက်သူ၅ယောက်ကိုpageမှာကြေညာပေး‌မှာပါနော်😉😉

မဲမပေါက်သူတွေလဲစိတ်မကောင်းမဖြစ်ပါနဲ့နော်

♦️♦️♦️♦️ မဲမပေါက်သူတွေအတွက်🥳special promotionလေးရှိပါတယ်♦️♦️♦️

♦️မဲမပေါက်သူတွေကို diet by meရဲ့10 day trainingပဲ ဝင်ဝင် 1month training ပဲဝင်ဝင်💥💥 10% discountပေးသွားမှာပါ

♦️Discountရမဲ့ကာလကတော့31.1.2022ထိပဲနော်.✌️✌️

♦️ကဲဒါဆိုအခုပဲdiet by meနဲ့ဆက်သွယ်ပြီးခန္ဓာကိုယ်က အဆီတွေကို👋👋ဘိုင့်ဘိုင့်လုပ်ကြရအောင်💪💪

♦️ဆက်သွယ်ရန်page messenger or CB
Phone 09973119228

🟢training အားလုံးသည်one by one personal trainingများဖြစ်ပါသည်🟢

⭐Diet by me⭐
Meal planner

24/01/2022

💥နေ့လည်အစာပြေစာကိုဆီကြော်မုန့်တွေ🍟🥨🍤 ၊မုန့်အချို🍦🍮🍪🍫တွေစားမဲ့အစား ဒီလိုအသီးလတ်လတ်ဆတ်ဆတ်လေးဖေျာ်🍹🍹🍹သောက်ကြည့်လိုက်နော်✅✅

အဆီတွေကျပြီး အသားအရည်ပါကြည်လင်လာမယ်နော်💃💃💃

Address

Yangon

Telephone

+959251199973

Website

Alerts

Be the first to know and let us send you an email when Diet by me posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share