06/11/2022
“🌕 တန်ဆောင်မုန်း လပြည့်နေ့မှာ ပံ့သကူ ပစ်ပါ “
=========================
ပံ့သကူချ(ပစ်)ခြင်း က ဒီဘက်ခေတ်မှာ တိမ်မြုပ်
ပျောက်ကွယ်လာနေပြီ ဖြစ်တဲ့ အလေ့တစ်ခုဖြစ်နေပီဆိုတော့ ..
အတူတူ အခု လာမဲ့
🌕 တန်ဆောင်မုန်း လပြည့်ညမှာ
ပံ့သကူပစ်တဲ့ အစဉ်အလာလေး ပိုပြီးတွင်ကျယ်လာအောင် တစ်ဖက်တစ်လမ်းက ကုသိုလ် ပါဝင်ကြရအောင်နော် 🙏🏻🙏🏻🙏🏻
🎁ပံ့သကူ ပစ်နည်း
==============
တန်ဆောင်မုန်း လပြည့်ည ၁၂ နာရီမှာ ပံ့သကူ
ပစ်ပါ။ ( တခြားအချိန်လည်း ပစ်လို့ရပါတယ် )
* ကိုယ်ပြန်ရမယ့် စီးပွား လာဘ်လာဘ ကိုမမျှော်ကိုးပဲ စိတ်စေတနာ သန့်ရှင်းစွာ ပံ့သကူပစ်ပါ။
* အစစအရာရာ ကြပ်တည်းလာတဲ့ ခေတ်မှာ ငွေပမာဏ / အလှူ ပစ္စည်းနဲသည် ဖြစ်စေ ၊ များသည်ဖြစ်စေ ရတဲ့ သူ ပျော်ရွှင်ပါစေဆိုပီး ကိုယ် တတ်နိုင်သည့် ပမာဏလေးကို စေတနာ များစွာဖြင့် ပံ့သကူပစ်ပါ။
* ငွေ ဖြစ်စေ၊ ဆန်အိတ် သေးသေးလေးဖြစ်စေဖန်ခွက်လေး တစ်ခုဖြစ်စေ 💌 ပံ့သကူပစ်ပါသည်လို့ စာလေးရေးပြီး ပံ့သကူပစ်ကြပါ။
* အဲဒီလို ချထားတဲ့အခါမှာလဲ ဘယ်သူ မှ သိလို့ မဖြစ်ပါဘူး ။ (ပံ့သကူလှူဒါန်းမယ့် မိမိတစ်ယောက် သာ သိရပါမယ်။)
* လူသွားလမ်း နဲ့ လူတွေ တွေ့မြင်နိုင်တဲ့ နေရာမျိုးလည်း ဖြစ်ရပါမယ်။
* အလှူပေးလိုက်တာပဲ ဆိုပြီး မည်သူမှ မတွေ့နိူင်တဲ့ ရေထဲ ပစ်ချလိုက်သလို မျိုးတော့ မဖြစ်ရပါဘူး ..။
🎁 ပံ့သကူပစ်တဲ့ အခါ
================
ဗုံးလား၊ မသမာတဲ့ ပစ္စည်းလား ဆိုပြီး မြင်တဲ့သူ စိတ်မပူရအောင် ...
ကိုယ်လှူမယ့် ပစ္စည်းက
၁။ အိတ်နဲ့ ထည့်မှ ရမည်ဆိုလျှင် ကြွပ်ကြွပ်အိတ် အကြည်သုံးပေးပါ။
၂။ အိတ်မလိုရင် ဒီအတိုင်းလေး ပစ်ပါနော်
🔺 အထူးအရေးကြီးတာက
"ပံ့သကူပစ်ပါသည်" ဆိုတဲ့ စာလေး ကပ်ထားပေးနော်
🙏🏻ပံ့သကူအလှူ
* ပံ့သကူအလှူအဖြစ် ရထိုက်သူရစေချင်တဲ့စေတနာနဲ့စွန့်ကြဲခဲ့လို့ ရရှိတဲ့ ကုသိုလ် ဟာ ..
( ရှေး အရင် က ရဟန်းတွေ ဟာ သင်္ကန်းအလို့ငှာလှည့်လည် အလှူခံခြင်း မပြုဘဲ ၊ သင်္ချိုင်း အမှိုက်ပုံ ..စတဲ့ နေရာတွေကနေ စွန့်ပစ် အ၀တ်တွေ ကောက်ယူပြီး သင်္ကန်း ချုပ်၀တ်လေ့ရှိပါတယ်။
အဲ့ဒိသင်္ကန်းကို ပံ့သကူသင်္ကန်းလို့ခေါ်ဆိုပါတယ် ။
လူတွေ စွန့်ပစ်ထားတဲ့အ၀တ်ကောင်းကောင်း လေး ရပြီဆိုရင် အဲဒီ ရဟန်းအဖို့ တစ်နွေစာ သင်္ကန်းအတွက် မပူမပင်ရတော့ပဲ တရားအားထုတ်လို့ ရနိုင်ပြီပေါ့ )
ပံ့သကူပစ္စည်းရရှိတဲ့ရဟန်းတစ်ပါးဟာ အ၀တ် ကောင်းကောင်းလေး တစ်ခု ရသွားတဲ့ အခါ မှာ ဖြစ်တဲ့ ပီတိ နဲ့ အလားတူပါတယ်။
ကုသိုလ်ရပုံချင်းလည်း တူပါတယ်။
🙏🏻ပံ့သကူ ကုသိုလ်
နောင်ဘဝရမည့်ကုသိုလ်၊ ယခုရမည့် ကုသိုလ် အသာထား ကြပ်တည်းနေကြတဲ့ အချိန်မှာ..
ကိုယ့် ပံ့သကူလေးကြောင့် ရတဲ့သူပျော်သွားရင်
ကိုယ်ပီတိဖြစ်ရတာက အခုချက်ခြင်းရတဲ့
အကျိုးကျေးဇူးပါပဲ 🙏🏻🙏🏻🙏🏻
ပံ့သကူရတဲ့ သူကလည်း ... မည်သူမည်ဝါပေးမှန်းမသိတော့ ဦးဘယ်သူက၊ ဒေါ်ဘယ်သူက ငါ့ကို ပေးကမ်းထားတာပဲဆိုတဲ့ အကြွေးလို ခံစားရမည့်အသိ / ကျေးဇူးကြွေး ဝန်ထုပ်ဝန်ပိုးလည်း မရှိတော့ဘူး။
သူလည်း လွတ်လပ်စွာ ပျော် ကိုယ်လည်း ပုဂ္ဂိုလ်စွဲမရှိ / ဖြူစင်စွာလှူ ! ဘယ်လောက် ဖြူစင် အေးချမ်းလိုက်သလဲနော် ။
🥰 ရယူတဲ့ ပျော်ရွှင်မှုထက် ပေးကမ်းလို့ရတဲ့ ပျော်ရွှင်မှုက ပိုအေးချမ်းရတယ် မဟုတ်လားရှင့် ..
credit