19/09/2026
ဆီသတ်ရွက်လို့အလွယ်ခေါ်နေကြတဲ့
ပျဉ်းတော်သိမ်ရွက်က ကင်ဆာရောဂါ နှင့် နှလုံးရောဂါ ကို တားဆီးနိုင်သည့်အပြင် မှတ်ဥာဏ်ကိုပါ ကောင်းမွန်စေတယ်ဆိုတာ သင်တို့ သိပါသလား…?
ပျဉ်းတော်သိမ်ရွက်၌ ဗီတာမင် အေ၊ စီ၊ B1၊ B2၊ ထုံးဓာတ်၊ သံဓာတ်၊ ကစီဓာတ်၊ အမျှင်ဓာတ်၊ အသားဓာတ် များ ပါ၀င်ဧ။် ။
ထို့ပြင် (အမိုင်နိုအက်ဆစ်)များစွာ ပါ၀င်ပြီး ထိုအက်စစ်များကြောင့် အစားအသောက်များအား မွှေးကြိုင်သောရနံ့ ဖြစ်စေပြီး ရောဂါအမျိုးမျိုး ကာကွယ်ပေးပါသည် ။
ပျဉ်းတော်သိမ်ရွက်တွင် ပါ၀င်သော ဓာတ်တိုးတားဆီးမှုသတ္တိ (Antioxidant) ဖြင့် (ကင်ဆာရောဂါ နှင့် နှလုံးရောဂါ) ကို တားဆီးနိုင်သည့်အပြင် မှတ်ဥာဏ်ကိုပါ ကောင်းမွန်စေကြောင်း သြစတြေးလျနိုင်ငံရှိ အစားအသောက် သုတေသနပညာရှင်များဧ။် ခေါင်းဆောင်Dr. လိုင်းကိုဘီယာ့ခ် ကပြောကြားပါသည် ။
ပျဉ်းတော်သိမ်ရွက်မှ အဆီထုတ်ပြီး ထိုအဆီကို ဦးခေါင်း၌ လိမ်းခြင်းဖြင့် အဆုတ်၊ နှလုံး နှင့် မျက်စေ့အမြင် ချို့ယွင်းချက်များကို ကာကွယ်နိုင်ကြောင်း အိုင်ယာလန်နိုင်ငံရှိ ဆေးဝါးဘက်ဆိုင်ရာ စိုက်ပျိုးရေး သုတေသနဋ္ဌာနမှ တွေ့ရှိထားပြီး ထိုအရွက်ကို ကြိတ်၍ရသောအနှစ် (Paste) ကိုစားသုံးခြင်းဖြင့် အဆုတ် ၊ နှလုံးနှင့် သွေးနှင့် ပတ်သက်သော ရောဂါများကို ထိန်းချုပ်နိုင်သည်ဟု ဆိုပါဧ။် ။
( ဆေးဖက်အသုံး၀င်ပုံ )
(ဆီးချိုရောဂါ)
ဆီးချို၊ သွေးချို ရောဂါအတွက် နေ့စဉ် နံနက် အိပ်ရာထပြီး အစာမစားမီ လက်ဆတ်သော ပျဉ်းတော်သိမ်(၁၀) ရွက် စားပါ ။
(၃) လတိတိစားလျှင် ထိုရောဂါကို ထိန်းချုပ်နိုင်ပြီး
နေ့စဉ်မှီဝဲနေရသည့် ဆေးပမာဏကိုလည်း
ထက်၀က်ကျော် လျော့ချနိုင်ပါသည် ။
ဆီးချိုကြောင့် ဖြစ်ပေါ်လာသည့် ခန္ဓာကိုယ်ဝြဖိုးခြင်း၊ သွေးထဲတွင် လွန်ကဲစွာရှိနေသော ကိုလက်စထရောကို လျှော့ချပေးပြီး၊ ဆက်လက်သုံးစွဲပါက ဆီးတွင် သကြားဓာတ်ထွက်ရှိခြင်းကို
လုံး၀ရပ်ဆိုင်းအောင် ထိန်းချုပ်နိုင်ပါသည် ။
ဝေဒနာရှင်များ ကျန်းမာရေးနှင့် ညီညွတ်သော အစားကို စားသုံးရန်လိုအပ်ပြီး ပုံမှန်လေ့ကျင့်ခန်း ပြုလုပ်ရန် လိုအပ်ပါသည် ။
(တစ်ဦးအတွက်ဆေး ဖြစ်သော်လည်း တစ်ဦးအတွက် ဘေးဖြစ်တတ်ပါ၍ သုံးစွဲလိုပါက ချင့်ချိန်၍ သုံးစွဲပါရန်။)
( အစာမကြေခြင်း )
အစာစားချင်စိတ်မရှိခြင်း၊ အစာမကြေခြင်း၊ ၀မ်းချုပ်ခြင်း၊ ၀မ်းသွားခြင်း၊ အော့အန်ခြင်း၊ ပျို့အန်ခြင်း ၊ ကလေးများ ဆာလောင်မှုမရှိပါက ခံတွင်းကောင်းအောင် လှုံ့ဆော်သည့် အစာအဖြစ် အရွက်သတ္တုရည် ထမင်းစားဇွန်း(၂) ဇွန်းတွင် သံပုရာရည်(သို့) ပျားရည် အနည်းငယ်ရောပြီး တိုက်ပါက ပျောက်ကင်းနိုင်ဧ။်။
အစာမကြေခြင်းကြောင့် ဖြစ်ပေါ်လာသည့် ရင်ပူခြင်းက်ို ပျောက်ကင်းစေပါဧ။် ။
(ဆံပင်ဖြူခြင်း )
အရွက်ကို ကြိတ်၍ ထွက်သောအရည်ကို အုန်းဆီဖြင့်ရော၍ မီးမျှင်းမျှင်းတွင် ရေဓာတ်ကုန်သည်အထိ ကျိုချက်အအေးခံပါ ။ ထ်ိုဆီကို နေ့စဉ်လိမ်းပါက ကာကွယ်ပါဧ။် ။
(မျက်စေ့ရောဂါ)
ဗီတာမင်အေ များစွာပါ၀င်၍ ကြိတ်သောအရည်ကို သောက်ပေးခြင်းဖြင့် (သို့) အစိမ်းလိုက် တို့စရာအဖြစ်စားပါက မျက်စေ့အမြင် ကြည်လင်စေဧ။် ။
(ကိုယ်၀န်ဆောင် ပျို့အန်ခြင်း)
ကိုယ်၀န်ရှိခါစ အမျိုးသမီးများတွင် ပျို့အန်ခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ မူးဝြေခင်း၊ အစားအသောက် အနံ့မခံနိုင်ခြင်း ၊ ဆာလောင်မှုမရှိခြင်း၊ ဆာလောင်သော်လည်း အစာစား၍ မရခြင်း တို့ဖြစ်တတ်ပါသည် ။
ပျဉ်းတော်သိမ် သတ္တုရည် ဟင်းစားဇွန်း (၁) ဇွန်း၊ သံပုရာရည်(၂)ဇွန်း၊ သကြား(၁)ဇွန်းရောစပ်၍ နေ့စဉ် နံနက်တိုင်းသောက်ပါက
အထက်ပါ ရာဂါများ သက်သာပျောက်ကင်းနိုင်ပါသည် ။
(ခွဲစိတ်လူနာများ)
ခွဲစိတ်ကုသမှု ခံယူ၍ ဆုံးရှုံးခံရသည့် သွေးအားကိုပြန်လည်ဖြည့်တင်းန်ိုင်ရန် (သံဓာတ်) ကြွယ်၀သည့် ပျဉ်းတော်သိမ်ရွက်ကို ကြိတ်၍ ဟင်းခါး(သို့) သီးစုံဟင်းနှင့် ရောနှော ချက်ပြုတ် စားပါက အမြန်ကျန်းမာလာနိုင်သည် ။
(၀မ်းချုပ်ခြင်း)
ဆူပွက်နေသော ရေနွေးတစ်ခွက်တွင် ပျဉ်းတော်သိမ်ရွက်အနည်းငယ်ကို လက်ဘက်ခြောက်ကဲ့သို့နှပ်ပြီး ပျားရည်တစ်ဇွန်းနှင့် ရော၍ သောက်ပါက ၀မ်းမှန်စေပါသည် ။
(ခံတွင်းပျက်ခြင်း)
အစာမကြေခြင်း နှင့် ပဋ္ဋိဇီဝဆေးများကို ကာလကြာရှည်သုံးစွဲရပါက အရသာကိုသိစေသော လျှာပေါ်ရှိ (အရသာခံအဖု) များကောင်းစွာ အလုပ်မလုပ်ခြင်းကြောင့် ခံတွင်း ပျက်ရဧ။် ။
ပျဉ်းတော်သိမ်ရွက်အနည်းငယ်တွင် ဂျင်း၊ ကြက်သွန်ဖြူ၊ မကျည်းမှည့်၊ ငရုတ်သီးနှင့် ဆား
အနည်းငယ် စီ ရောကြိတ်၍ ရလာသော အနှစ်ကို ထမင်းဖြုနှင့် စားသုံးပါက ခံတွင်းပြန်လည် ကောင်းမွန်လာပါမည်။
(စိတ်ပျံ့လွင့်ခြင်း)
အရွက်အား ကြိတ်၍ရသောအနှစ်တွင် သံပုရာရည်၊ဆမ်းပြီး ထမင်းဖြူ နှင့် နေ့ရော ညပါ စားသုံးပါက သက်သာပျောက်ကင်း၍ ကျန်းမာ လာနိုင်မည် ။
(ဒူလာသွေး၀မ်း)
ဒူလာသွေး၀မ်း နှင့် လိပ်ခေါင်းသွေးကျခြင်းများ
အတွက် အရွက်ကို စားပေးပါက သက်သာစေပါဧ။် ။
(ဖျဉ်းဝေဒနာ)
ရှေးမြန်မာဘုရင်များ လက်ထက်က မင်းညီမင်းသားများ အရက်သောက်ပြီး အသည်းကျွမ်း၍ ဖျဉ်းဖြစ်ကြဧ။် ။
သမားတော်များက ဖျဉ်းတော်သိမ်နှင့် ကုသဧ။် ။ ကုသရင်း ဖျဉ်းတော်သိမ်သွားရာမှ ကာလရွေ့လျော၍ ပျဉ်းတော်သိမ်ဟု နာမည်တွင်ရစ်သည်ဟု ဆိုပါဧ။် ။
ထိုပျဉ်းတော်သိမ်အရွက်ကြမ်းကို ရေနှင့်ပြုတ်ပြီး အသင့်အတင့်သောက်ပေးပါ ။ ချိုးလည်းချိုးပါ ။ အရွက်နုကို အတ်ို့အမြှုပ်လုပ်စားပါ ။
ဟင်းခါးချက်သောက်ပါ ။ နေ့စဉ်ထမင်းစားတိုင်း ကျွေးပါက သက်သာပျောက်ကင်းနိုင်ပါသည် ။(လက်တွေ့ပျောက်ကင်းသူဧ။်နည် း။)
(မြန်မာ့ဆေးကျမ်းများအရ)
အရွက်ကို ဟင်းခတ်အမွှေး အကြိုင်အဖြစ် သုံးဧ။် ။
အရွက်ကို များစွာစားပါက ၀မ်းကိုသက်စေသည် ။
နို့ရည်ထဲတွင် ထိုအရွက်ကို ထည့်ကျိုသောက်ပါကအဆိပ်ကို ပျယ်စေသည် ။
အရွက်ကို သွေးဆေး၊ လေဆေး ဖော်စပ်ရာတွင်အသုံးပြုဧ။် ။
( ရည်ညွှန်းစာများ )
အရှင်နာဂသိန်ပုံပြ ဆေးအဘိဓာန်
ဆရာတော်မြင့် (ငှက်ဖျား)
နေပြည်တော်ကျော်ကျာ်စိုး
မြန်မာ့ဆေးဝါးပင်များ
မှ ကောက်နုတ်ဖော်ပြပါသည် ။
#ကျန်းမာရေးဗဟုသုတရကြပါစေ
#လေးစားစွာဖြင့်
Credit...Original Writer