CHOICE-BBQ,Food & Drink

CHOICE-BBQ,Food & Drink ဖျာပုံ မုန့်ဟင်းခါး /အုန်းနို့ခေါက်ဆွဲ နှင့်
နံနက်ခင်းစားဖွယ်စုံ
မာလာရှမ်းကော/မောက်ချိုက်.........

မနက်စာ အဆာပြေအတွက် စိတ်မညစ်စေရအောင် တကယ်စားကောင်းစေရမဲ့ အိုးသူကြီး ဖျာပုံမုန့်ဟင်းခါးလေးကို စားကြည့်ပါနော်ကုလားပဲဆံကိုသာ...
21/12/2023

မနက်စာ အဆာပြေအတွက် စိတ်မညစ်စေရအောင်

တကယ်စားကောင်းစေရမဲ့
အိုးသူကြီး ဖျာပုံမုန့်ဟင်းခါးလေးကို စားကြည့်ပါနော်
ကုလားပဲဆံကိုသာသုံးပြီး ပဲမှုန့်လုံးဝမသုံးလို့
ဧရာဝတီတိုင်းရဲ့ ဒေသစာအရသာစစ်စစ်ကို
စားသုံးရမှာဖြစ်ပါတယ်

အုန်းနို့စစ်စစ်နှင့်သာ ချက်တဲ့ မင်မင်လက်ရာအုန်းနို့ခေါက်ဆွဲလေးရယ်
ပဲပြုတ်ထမင်းကြော်
ဝက်ပေါင်း
ကြက်စပ်
ပုစွန်စပ်စပ်ကြော်
အမဲနှပ်
ဘာနဲ့စားစား 2000ကျပ်ပါရှင်

နန်းကြီးသုပ် /ခေါက်ဆွဲသုပ် လေးပါရလို့
တနေရာထဲမှာ အိုကေနေရော 😍😍😍😋😋😋

37ရပ်ကွက် /လှိုင်ထိပ်ခေါင်တင်လမ်း မြောက်ဒဂုံ
ကုန်ပဒေသာစျေးအနီး စျေးလမ်းမပေါ်မှာပါ
ကုန်ပဒေသာမီတာရုံးနားရောက်ရင်
ဖုန်းဆက်လို့ရပါတယ်ရှင်
တပင်ရွှေထီးလမ်းကနေလဲလာလို့ရသလို
ပြည်ထောင်စုလမ်းမကြီး နဲ့ဆိုရင်လည်း ကျောကပ်ပါ
09447247884

ပြန်တွေ့ကြမယ်နော် နေရာသစ် ဆိုင်အသစ်ကလေးမှာ မီနူးအသစ်ကလေးတွေနဲ့ လုံးဝစားကောင်းစေဖို့ရယ် ပေးရတာနဲ့ တန်နေစေရမဲ့ အရသာရယ် ဆို...
15/12/2023

ပြန်တွေ့ကြမယ်နော်
နေရာသစ် ဆိုင်အသစ်ကလေးမှာ
မီနူးအသစ်ကလေးတွေနဲ့
လုံးဝစားကောင်းစေဖို့ရယ်
ပေးရတာနဲ့ တန်နေစေရမဲ့ အရသာရယ်
ဆိုင်လေးမှာထိုင်လိုက်ရရင်ကို စိတ်ချမ်းသာစေရမယ်

17ရက်နေ့ မနက် 7:00မှစပြီး
ဆိုင်ဖွင့်ပွဲ အတွက် လူအယောက် 200မှ 250စာထိ့
အကျွေးအမွေးလေးအတွက်
ကျွန်မကိုချစ်သော မိတ်ဆွေများ ဖောက်သည်များနဲ့
ခုမှ စသိ့သော မိတ်သစ်များအားလုံး
ကြွရောက်အားပေးကြပါရှင် 😍😍😍😍
စကားလုံးတိုင်းအတွက် ခွန်အားဖြစ်ရပါတယ် 🙏🙏🙏

17.12.2023 မနက် 7:00မှာ
ဆိုင်ဖွင့်ပွဲလေး လာအားပေးကြပါနော် 😍😍😍

ဆိုင်ဖွင့်ချိန် မနက် 6:30 မှ မနက် 11:00ထိ့

အိုးသူကြီးရဲ့ ဖျာပုံမုန့်ဟင်းခါး
အလွတ် -1000
ပဲကြော်/ဘူးသီးကြော်/ပဲသွေး - 1300
ငါးဖယ်ကြော်/အိုးဘဲဥစစ်စစ် - 1500
အီကြာကွေး - 1500

အုန်းနို့ခေါက်ဆွဲ 1500
နန်းကြီးသုပ် 1500

မြန်မာထမင်းကြော်
ဝက်ပေါင်း 2200
ကြက်ပေါင်း 2200
အမဲနှပ် 2500
ဝက်မွကြော် 2500
ကြက်မွကြော် 2500
ငါးနှပ်ခြောက်ကြော် 2500

ဆီထမင်း 1000
ကြက်ဥပူတင်း 1000
ရွှေကြည် 1000
အုန်းနို့ကျောက်ကျော 1000

မြောက်ဒဂုံ /အရေှ့ဒဂုံ deliစျေးနှုန်းလေးတွေ
စုံစမ်းပြီး ပြန်တင်ပေးပါမယ်🏃‍♀️🏃‍♀️🏃‍♀️🏃🏃🏃

09447247884
အမှတ် ၅၆၅ လှိုင်ထိပ်ခေါင်တင်လမ်း
၃၇ ရပ်ကွက် ကုန်ပဒေသာစျေးအနီး
ပြည်တောင်စုလမ်းမကြီး ကျောကပ်
Leyla’s beauty club အရှေ့
ပြည်ထောင်စုလမ်းမကြီးကနေ ရွှေဂုံသီရိလမ်းကနေ
ဝင်လို့ရသလို ကုန်ပဒေမီတာရုံးဘေးကလမ်းကလဲ
ဝင်လာလို့ရပါတယ်ရှင်
ကုန်ပဒေသာစျေးလမ်းမပေါ်မှာပဲနော်
မသိ့ရင် ဖုန်းလေးသာလှမ်းဆက်လိုက်ပါ 📞📞📞

အခက်အခဲတွေအများကြီးကြားထဲက ဆိုင်နေရာလေးရသွားပါပြီရှင် ဆိုင်နေရာလေးမရှိ့တော့ နေရာခတောင်မယူပဲ အလကားနေရာလေးတွေပေးရောင်းကြတဲ...
14/12/2023

အခက်အခဲတွေအများကြီးကြားထဲက
ဆိုင်နေရာလေးရသွားပါပြီရှင်
ဆိုင်နေရာလေးမရှိ့တော့ နေရာခတောင်မယူပဲ
အလကားနေရာလေးတွေပေးရောင်းကြတဲ့

မြောက်ဒဂုံ ဗထူးလမ်းမပေါ် ဗထူးစျေးနားက
သူရအောင် ပရိဘောဂရောင်းဝယ်ရေးဆိုင်က မမရယ်
🙏🙏🙏

ညနေပိုင်းလေးရောင်းဖို့နေရာလေးပေးတဲ့
မဟာမြိုင်တော်ဝင် ရွှေတော်ဝင်ဆေးဆိုင်ရှေ့က
medical ဆေးဆိုင်က မန်နေဂျာအကိုညီမလေးတွေရယ်
🙏🙏🙏🙏

ခုလက်ရှိ ရောင်းမဲ့နေရာလေးဖြစ်တဲ့
အမှတ် ၅၆၅ လှိုင်ထိပ်ခေါင်တင်လမ်း
၃၇ ရပ်ကွက် ကုန်ပဒေသာစျေးအနီး
ပြည်ထောင်စုလမ်းမကြီးကျောကပ်
Leyla’s beauty club beautysloon မျက်နှာချင်းဆိုင်
ဆိုင်ခန်းနေရာလေးပေးတဲ့အကိုရယ်
🙏🙏🙏🙏

အားလုံးကိုကျေးဇူးတင်ပါတယ်ရှင် 🙏🙏🙏🙏🙏
ဆိုင်ဖွင့်ပွဲလေးလုပ်မှာပါ မုန့်ဟင်းခါးကို ရှယ်ကျွေးမှာပါ တောင်ဥက္ကလာက ချစ်ရတဲ့မိတ်ဆွေများ
ဖောက်သည်များ
မြောက်ဒဂုံ မှ ချစ်ရတဲ့ မိတ်ဆွေများ ဖောက်သည်များ
အားလုံးကို ဒီလိုင်းပေါ်ကနေ သေချာလေးဖိတ်ပါမယ်
လာရောက် အားပေးရမယ်နော် 😍😍😍😍

ပိုပြီးအောင်မြင်စေချင်လို့တွန်းအားပေးတဲ့ စကားတိုင်းအတွက်လည်း အကုန်လုံးကို ကျေးဇူးတင်ပါတယ်လို့
ဆိုင်လေးဖွင့်ပွဲကျရင် လာခဲ့ကြနော် 😍😍😍😍
သေချာတာတစ်ခုက ဖြစ်သလိုမလုပ်ပဲ
အရသာ သန့်ရှင်းမှုနဲ့ နေရာလေးတစ်ခုရအောင်
ကြိုးစားသွားမှာမို့လို့

အိုးသူကြီး ဖျာပုံမုန့်ဟင်းခါး လေးကို မမေ့နဲ့နော်
09447247884
အမှတ် ၅၆၅ လှိုင်ထိပ်ခေါင်တင်လမ်း
၃၇ ရပ်ကွက် ကုန်ပဒေသာစျေးအနီး
ပြည်တောင်စုလမ်းမကြီး ကျောကပ်
Leyla’s beauty club အရှေ့

13/12/2023

စျေးနားနီး လူစည်တဲ့ လူမနေဆိုင်ခန်းလိုချင်ပါတယ် မနက်ပိုင်းလူစည်တဲ့စျေးမျိုးပါ
မနက်ပိုင်းပဲ ရောင်းမှာပါ
ဆိုင်ခန်းပဲဖြစ်ဖြစ် စျေးရှေ့ဆိုင်နေရာပဲဖြစ်ဖြစ်
ရှိ့ရင်ပြောပေးကြနော်တျဲတို့ ဆိုင်နေရာရှာနေပါတယ်

13/12/2023

တောင်ဥက္ကလာကြီးရေ မင်မင်စိတ်မကောင်းစွာနဲ့
နှုတ်ဆတ်ခဲ့ပါတယ်နော်
မြင်သာစျေး6လမ်းမဘေးမှာ မင်မင်နေရာလေးဌားပြီးရောင်းတာ ပထမအဆင်ပြေပါတယ်
နှစ်ရက်လောက်ရောင်းပြီးတော့ စျေးရုံးကတိုင်စာနဲ့
ဆိုင်မဖွင့်ရပါဘူးဆိုပြီး ပြောလာပါတယ်
ဘာဖြစ်လို့လဲလို့မေးတော့ မြင်သာစျေးထဲက
မုန့်ဟင်းခါး/ အုန်းနို့ခေါက်ဆွဲ ရောင်းတဲ့ဆိုင်တွေက
မရောင်းရပါဘူးတဲ့ မုန့်ဟင်းခါး/အုန်းနို့ခေါက်ဆွဲ ကလွဲရင် ကျန်တာရောင်းတဲ့ ကျွန်မက ဒါပဲရောင်းတာ
ဒါမရောင်းရတော့ ဘာရောင်းရမလဲရှင်
အဲ့လိုနဲ့ မသိ့ချင်ယောင်ဆောင်ပြီး ဆက်ရောင်းပါတယ်
အဲ့တော့ မြင်သာစျေးထဲက ယိုးဒယားမုန့် အအေးမျိုးစုံရောင်းတဲ့ ဦးလေးကြီးက ကားသမားတွေနဲ့ပေါင်းပြီး
ဒီနေရာကားထားတဲ့နေရာ စျေးမရောင်းရဘူးဆိုပြီး ထပ်ပြောပါတယ် စျေးမရောင်းရနေရာဆိုရင် ကျွန်မ စျေးရောင်းပါမယ်လို့ ပထမပြောပြီးစျေးခေါင်းရုံးဆီပြောပြီး ရောင်းခဲ့တုန်းက ဘာလို့ အဲ့လိုမပြောခဲ့ပါသလဲ
ဘယ်စျေးက အတွင်းမှာ မုန့်ဟင်းခါးဆိုင်ရှိ့လို့ အပြင်မှာမုန့်ဟင်းခါးမရောင်းရပါဘူးလို့ ဥပဒေများရှိ့လားရှင်
ဥပမာပြောရရင် ဒီမှာမုန့်ဟင်းခါးဆိုင်ရှိ့လို့ ဘေးချင်းကပ်မှာ မုန့်ဟင်းခါးဆိုင်မဖွင့်ရဘူးလို့ အရက်လိုင်စင်လို ဥပဒေထုတ်ထားတာများရှိ့သလားရှင်
အဲ့ဒါနဲ့ ရန်မဖြစ်ချင်တော့ ကျွန်မတို့ကပဲ အလျော့ပေးပြီး ဆိုင်နေရာမှာ မရောင်းပဲနဲ့ ကားလေးနဲ့ စျေးအပြင် စျေးတဖက်ခြမ်းမှာ ရောင်းပါတယ်ရှင် အဲ့ဒါကိုလဲ မရောင်းရအောင်အမျိုးမျိုးလုပ်ပါတယ် ကဲ ဘယ်လိုလုပ်ကြမလဲ
ကျွန်မ မေးချင်ပါတယ်ရှင့်
မြင်သာစျေးပတ်လည်မှာ စျေးထဲကရောင်းတဲ့
စားစရာမျိုးဆို လုံးဝပေးမရောင်းတာ ဘာလို့ပါလဲ
နန္ဒဝန်စျေးဆို ဘယ်လိုလုပ်မလဲ အကုန်ရောင်းချင်ရာရောင်းနေကြတာ အဆင်ပြေနေရောပဲ
တစ်ခုရှိ့သေးတယ် ကျွန်မဘေးက ထမင်းကြော်ဆိုင်လေးကိုရော စျေးထဲကရောင်းကုန်တူလို့တဲ့
ပေးမရောင်းတော့ပါဘူးနော်
ကျွန်မ မှတ်ထားပါတယ် မြင်သာစျေးကြီးရေ
မကြာတဲ့အချိန်အတွင်းမှာ ရှင်တို့ စျေးရှေ့တနေရာရာမှာ ဆိုင်ခန်းမရရအောင်ဌားပြီး ပြန်လာရောင်းပါမယ်ရှင်
ပညာရှိ့အမျက် အပြင်မထွက်ပါပဲနဲ့ တခွန်းတောင်ပြန်မပြောခဲ့ပါဘူး စျေးထဲမှာ ပစ္စည်းထားဖို့ကြတော့ ဆိုင်ခန်းဌားခံပြီး စျေးပြင်မှာ စျေးရောင်းတော့ မောင်းထုတ်ပါတယ်ရှင် ဆိုင်လာဖွင့်တာကို မနက်ပိုင်းစျေးခင်းတော့
ခုံခင်းဖို့ ဖုန်းဆက်တာတောင် စျေးတံခါးကို
မဖွင့်ပေးချင်ပါဘူးရှင်
စျေးထဲက မုန့်ဟင်းခါးသည်များက စုပြီးကျွန်မဆိုင်လေးကို မရောင်းရအောင် လတ်မှတ်ထိုးပြီး ဝိုင်းတိုင်ကြပါသတဲ့ စျေးခေါင်းရုံးကလဲ ကျွန်မတို့ဘာစည်းကမ်းမှ
မဖောက်ဖျက်ပါပဲနဲ့ ရောင်းကုန်တူနေလို့ မရောင်းရပါဘူးဆိုပြီး မောင်းထုတ်ကြပါသတဲ့
ကားလေးနဲ့ ရောင်းတာတောင် အမျိုးမျိုးလုပ်ပြီး
မရောင်းရအောင် လုပ်လိုက်ပါပြီရှင်
ခုကျွန်မ မြောက်ဒဂုံ ထဲမှာပဲ ပြန်ရောင်းပါတော့မယ်
တောင်ဥက္ကလာက ကျွန်မကိုချစ်တဲ့ မိတ်ဆွေများ
ကျွန်မဖောက်သည်များအားလုံး
ကျန်းမာချမ်းသာကြပါစေ
လာအားပေးနော် မြောက်ဒဂုံမှာ😔😔😔

တျဲတို့ရေ မနက်ပိုင်းမထွက်တာ ဖုံးတွေလှမ်းဆက်လွန်းလို့ နေရာမရပေမဲ့ မြင်သာစျေး 6လမ်းထိပ် မနက်ပိုင်းအရင်ရောင်းနေကြ ရှေ့တည့်တ...
09/12/2023

တျဲတို့ရေ မနက်ပိုင်းမထွက်တာ ဖုံးတွေလှမ်းဆက်
လွန်းလို့ နေရာမရပေမဲ့ မြင်သာစျေး 6လမ်းထိပ်
မနက်ပိုင်းအရင်ရောင်းနေကြ ရှေ့တည့်တည့်မှာ
ကားလေးနဲ့ရောင်းပေးနေပါတယ်ရှင့်
ပါဆယ်ရော ထိုင်စားရောရပါတယ်နော်
ကိုယ်ကတာဝန်ကျေပြီမို့ ဖုန်းလှမ်းဆက်တဲ့
ကိုယ့်အတျဲတွေ တာဝန်ကျေဖို့ပဲလိုတော့တယ်နော့
မနက် 6:30မှ မနက် 11:00ထိ့

ဖျာပုံ မုန့်ဟင်းခါး
အုန်းနို့ခေါက်ဆွဲ
နန်းကြီးသုပ်
မခိုမကပ်ပဲ ရှယ်ချက်ထားတာမို့လို့ ပေးရတာနဲ့ တန်အောင်စားရမယ်ဆိုတာ ယုံ 😋😋😋😋😋😋

မြင်သာစျေး ချယ်ရီဥယျာဥ်လမ်း
ဗြမ္မာဆိုလမ်းနဲ့ မျက်နှာချင်းဆိုင်
ဝင်ဝင်ခြင်း ထိပ်လေးမှာပဲနော်
ဆိုင်းဘုတ်က ကြည့်တာနဲ့ သိ့ပါတယ်
ကိုယ့်အချစ်တွေက

09447247884 မတွေ့ရင်ဖုန်းသာဆက်

တျဲတို့ရေ ဒီဆိုင်ကတော့ ခဏခဏအချိန်ပြောင်းနေတာပဲ အမျိုးစုံကြိုးခုံနေတယ်တော့ မထင်လိုက်ပါနဲ့နော် မနက်ပိုင်းရောင်းတာ အရမ်းရော...
08/12/2023

တျဲတို့ရေ ဒီဆိုင်ကတော့
ခဏခဏအချိန်ပြောင်းနေတာပဲ
အမျိုးစုံကြိုးခုံနေတယ်တော့ မထင်လိုက်ပါနဲ့နော်
မနက်ပိုင်းရောင်းတာ အရမ်းရောင်းရပါတယ်
ဒါပေမဲ့ အနီးအနားကဆိုင်တွေက ပေးမရောင်းလို့
ညနေဘက် အချိန်ပြောင်းလိုက်ရတယ်
ဆိုင်ရှင်လေးကို နားလည်ပေးကြပါနော် 😍

ညနေ 4:00မှ ည 8:00လောက်ထိ့ရှိ့ပါမယ်
အရင်ထဲက ဖောက်သည်လေးတွေရော
ခုထပ်တိုးဖောက်သည်လေးတွေရော
ညနေပိုင်းလေး လာအားပေးကြပါနော်

ဖျာပုံ မုန့်ဟင်းခါး
အုန်းနို့ခေါက်ဆွဲ
နန်းကြီးသုပ်
မခိုမကပ်ပဲ ရှယ်ချက်ထားတာမို့လို့ ပေးရတာနဲ့ တန်အောင်စားရမယ်ဆိုတာ ယုံ 😋😋😋😋😋😋

မြင်သာစျေး ချယ်ရီဥယျာဥ်လမ်း
ဗြမ္မာဆိုလမ်းနဲ့ မျက်နှာချင်းဆိုင်
ဝင်ဝင်ခြင်း ထိပ်လေးမှာပဲနော်
ဆိုင်းဘုတ်က ကြည့်တာနဲ့ သိ့ပါတယ်
ကိုယ့်အချစ်တွေက

09447247884 မတွေ့ရင်ဖုန်းသာဆက်

မုန့်ဟင်းခါး /အုန်းနို့ခေါက်ဆွဲကြာဆံချက် ရောင်းချင်တယ် အပင်ပန်းမခံနိုင်ဘူးဆိုရင်....အိုကေ မင်မင်အော်ဒါလက်ခံပါတယ် မုန့် 5...
07/12/2023

မုန့်ဟင်းခါး /အုန်းနို့ခေါက်ဆွဲ
ကြာဆံချက် ရောင်းချင်တယ်
အပင်ပန်းမခံနိုင်ဘူးဆိုရင်....
အိုကေ မင်မင်အော်ဒါလက်ခံပါတယ်
မုန့် 5ပိသာမှစလို့ ချက်ပြီးဟင်းရည်များ
ရောင်းပေးပါတယ် ဆိုင်မှာထိုင်စောင့်ပြီး
အေးဆေးရောင်းရုံပဲနော်

စျေးနှုန်း များကို ဖုန်းဆက်ပြီးမေးမြန်းနိုင်သလို
messager မှာလာရောက် စုံစမ်းနိုင်ပါတယ်ရှင်

လူကြီးမင်းတို့ အိမ်မှာထိုင်နေပြီး
အပင်ပန်းခံနေစရာမလိုပဲ ချက်ပြီးသားလေးကို
အသင့်ထိုင်ရောင်းရုံပဲနော်
မနက်ပဲရောင်းရောင်း
ညနေစာပဲရောင်းရောင်း
ဆိုင်ဖွင့်ချိန် နာရီဝက်အလို အကုန်ရောက်ပါမယ်နော်

မုန့်ဟင်းခါး ဘဲဥ/ ငါးဖယ်ပါမယ်
အုန်းနို့ ကြက်သား/ပဲသွေးပါမယ်
ကြာဆံချက် ငုံးဉ / ကြက်သားပါမယ်
cb မှာ လာစုံစမ်းပါရှင်
မြောက်ဒဂုံ /တဥက္ကလာ /မြောက်ဥက္ကလာ

09447247884

9/10 စနေ/တနဂ်နွေ မနက် 7:30စပို့မှာမို့လို့ ကြိုမှာပေးကြပါနော်ရောင်းတန်းမဟုတ်ပဲ အိမ်ချက်ကိုသာရောင်းပေးမှာပါ စားဖူးသူတိုင်...
06/12/2023

9/10 စနေ/တနဂ်နွေ မနက် 7:30စပို့မှာမို့လို့
ကြိုမှာပေးကြပါနော်
ရောင်းတန်းမဟုတ်ပဲ အိမ်ချက်ကိုသာရောင်းပေးမှာပါ
စားဖူးသူတိုင်း အရသာသိ့ပါတယ်နော်
ပွဲရေ အကန့်အသန်နဲ့ပါရှင်

မုန့်ဟင်းခါး လွမ်းနေသူများ
အုန်းနို့ခေါက်ဆွဲ လွမ်းနေသူများအတွက်
choice ဖျာပုံမုန့်ဟင်းခါး ရယ် အုန်းနို့ခေါက်ဆွဲရယ် အော်ဒါလေးကောက်ပေးမယ် ချစ်တို့ရေ

မုန့်ဟင်းခါး ပဲကြော်/ဘူးသီးကြော် ပါမယ်
ဟင်းရည်ထဲမှာ ငါးဖယ် ဘဲဥပါမယ်နော်
ကော်ဘူးနဲ့ သေချာထည့်ပေးပါမယ်
5000ပါ 2/3ယောက်စားလို့ရပါတယ်

အုန်းနို့ခေါက်ဆွဲ ကြက်သား/ဘဲဥ/ပဲသွေးပါ
ပဲကြော်ပါမယ်
ကော်ဘူးနဲ့ပဲထည့်ပေးမှာပါ
5000ပါ 2/3ယောက်စားလို့ရပါတယ်

09447247884
မြောက်ဒဂုံ ပို့ခ 1000/1500
အရှေ့ဒဂုံ ပို့ခ 1500/2000

တောင်ဥက္ကလာက deliပို့ပေးတဲ့သူနဲ့ ချိတ်ချင်ပါတယ် မနက်ပိုင်း မုန့်ပို့ပေးရမှာပါ တောင်ဥက္ကလာအတွင်း/မြောက်ဒဂုံအတွင်း 0944724...
04/12/2023

တောင်ဥက္ကလာက deliပို့ပေးတဲ့သူနဲ့
ချိတ်ချင်ပါတယ် မနက်ပိုင်း မုန့်ပို့ပေးရမှာပါ
တောင်ဥက္ကလာအတွင်း/မြောက်ဒဂုံအတွင်း
09447247884 ကို ဆက်သွယ်ပေးပါနော်

ကဲ တျဲတို့ရေ မြင်သာမှာရောက်ပြီနော့် လာအားပေးလို့ရပါပြီ မနက် 7:00မှ မနက် 11:00ထိ့ ကိုယ့် ကာကာလေးများကို စားစေချင်လို့ အဝေ...
04/12/2023

ကဲ တျဲတို့ရေ မြင်သာမှာရောက်ပြီနော့်
လာအားပေးလို့ရပါပြီ

မနက် 7:00မှ မနက် 11:00ထိ့
ကိုယ့် ကာကာလေးများကို စားစေချင်လို့
အဝေးကြီးကနေ လာရောင်းပေးတာပါရှင့်

မြင်သာစျေး ချယ်ရီဥယျာဥ်လမ်း
ဗြမ္မာဆိုလမ်းနဲ့ မျက်နှာချင်းဆိုင်
ဝင်ဝင်ခြင်း ထိပ်လေးမှာပဲနော်

09447247884
ဆိုင်းဘုတ်လေးကို မှတ်ပြီး လာခဲ့နော် 😍😍😍😍

မုန့်ဟင်းခါး ကောင်းကောင်းမှစားချင်တယ်ဆိုတဲ့ မိတ်ဆွေများ 😋😋😋😋ငါးကြင်းနဲ့သာချက်ပြီးကုလားပဲဆံကိုသာသုံးပါတယ် ပဲမှုန့်လုံးဝမသ...
02/12/2023

မုန့်ဟင်းခါး ကောင်းကောင်းမှစားချင်တယ်ဆိုတဲ့ မိတ်ဆွေများ 😋😋😋😋

ငါးကြင်းနဲ့သာချက်ပြီးကုလားပဲဆံကိုသာသုံးပါတယ်
ပဲမှုန့်လုံးဝမသုံးပါ ပဲမှုန့်မသုံးတဲ့အတွက် မချွဲပါဘူးရှင်
အိုးဘဲဥ စစ်စစ်သာ စားသုံးသူတို့အတွက်
ရောင်းပေးပါတယ်
ငါးဖယ်ဆိုလဲ ကိုယ်တိုင်ကြော်ပါတယ်ရှင်
ကြက်သွန်ကြော် ဘူးသီးကြော် ကိုယ်တိုင်ကြော်ပါတယ်
ဆီသန့်ကိုသာအသုံးပြုတဲ့အတွက် ကိုယ့်customer
တွေ စိတ်ချလက်ချ စားသုံးကြည့်လို့ရပါတယ်နော်

တောင်ဥက္ကလာ ဘုရားပွဲမှာတည်းက အရမ်းကြိုက်လို့ ခဏခဏလာအားပေးတဲ့သူတွေ
အဝေးအနီးမှ လာအားပေးကြတဲ့ မိတ်ဆွေများအားလုံး
ကာလအခြေအနေလေးအရ ဆိုင်ခန်းနဲ့ မရောင်းနိုင်ပေမဲ့
အစားအသောက်များကို ဖြစ်သလိုမချက်ပါဘူး
စားကောင်းရုံလောက်ချက်တာမဟုတ်ပဲ
ကျန်းမာရေးအရပါ သန့်ရှင်းစွာ ချက်ပြုတ်ရောင်းချတာမို့လို့ စိတ်ချပြီး အားပေးလို့ရပါတယ်ရှင်

တနလာနေ့ 4.12.2023 မှာ
မင်မင်တို့ဆိုင်လေး ပြန်ဖွင့်ပါပြီရှင်
တောင်ဥက္ကလာ မြင်သာစျေးဘေး
မြင်သာ6လမ်းလမ်းမဘက်ခြမ်း မှာပါ
ဗြမ္မာဆိုလမ်းနဲ့ မျက်နှာချင်းဆိုင် လမ်းမပေါ်မှာပါရှင်

ရနိုင်တာလေးတွေက

ဖျာပုံမုန့်ဟင်းခါး အလွတ် 1000
ဘူးသီးကြော်/ပဲကြော် / ပဲသွေး 1300
ကြက်သွန်ကြော်/ မန္တလေးပဲကြော် 1500
အိုးဘဲဥ/ ငါးဖယ်ကြော် 1500
အုန်းနို့ခေါက်ဆွဲ 1500
(အသုပ်တွေကို ကြက်သား/ပုစွန် /ဘဲဥ)နဲ့ သုပ်ပါတယ်
ကြာဆံချက် 1000
နန်းကြီးသုပ် 1500
နန်းပြားသုပ် 1500
ခေါက်ဆွဲသုပ် 1500
ဘိုကလေးတစ်ပဲလေးသုပ် 1500

ဆိုင်ဖွင့်ချိန် နေ့လည် 1:00မှ ညနေ 6:30ထိ့
09447247884
ဆိုင်ရှာမတွေ့ရင် ဖုန်းဆက်ပေးနော် 😍😍😍
သံသုမာလမ်းမကြီး မြင်သာစျေးမှတ်တိုင်ဆင်းပါ
ဆိုင်းဘုတ်လေးကို မှတ်ထားပါ
စားဖူးတဲ့သူတိုင်းသိ့ပါတယ်ရှင့်

Address

Bo Min Yaung Street
Yangon
11421

Telephone

+959778836155

Website

Alerts

Be the first to know and let us send you an email when CHOICE-BBQ,Food & Drink posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share