NEO Specialist Clinic and Diagnostic Center

NEO Specialist Clinic and Diagnostic Center အမှတ် ၆၃၊ စည်ပင်လမ်း ၊ ၂၄ရပ်ကွက် ၊ တောင်ဒဂုံမြို့နယ်၊ ရန်ကုန်။

28/06/2026

မြောက်ဒဂုံဖက်ကသူတွေအတွက် လမ်းညွှန်

11/06/2026

နာကျင်ကိုက်ခဲနေရတဲ့ကြားထဲ အနာနဲ့ဆေးတွေ့ဖို့ ဟိုပြေးဒီပြေး လုပ်နေစရာမလိုပဲ တနေရာထဲမှာပဲ အပြီးပြသနိုင်ပါတယ်ရှင် #နီရိုအထူးကုဆေးခန်း #တောင်ဒဂုံ #အရိုးအကြောအထူးကု #ဓာတ်မှန်

06/06/2026

ဆေးခန်းတွေမှာ ခဏခဏတွေ့ရမယ့် Viral Screening (ပိုး ၄ မျိုး စစ်ဆေးခြင်း) အကြောင်း သိပြီးပြီလား? 🤔

B ပိုး၊ C ပိုး၊ HIV ပိုးနဲ့ ကာလသားရောဂါပိုးတွေဟာ အစပိုင်းမှာ လက္ခဏာမပြတတ်လို့ ကြိုတင်စစ်ဆေးထားဖို့ တကယ်အရေးကြီးပါတယ်။ ကိုယ့်ကျန်းမာရေးအတွက် သွေးစစ်ဖို့ မမေ့ကြနဲ့နော်။ 🩺✨ #နီရိုအထူးကုဆေးခန်း #တောင်ဒဂုံ #ကူးစက်ရောဂါ #ကျန်းမာရေးဗဟုသုတ #သွေးစစ်ခြင်း

ချစ်စရာကောင်းတဲ့ မိသားစုဘဝလေးတစ်ခုကို ပိုင်ဆိုင်ဖို့ မိခင်ရော ကလေးပါ ကျန်းမာနေဖို့က ပထမဆုံး လိုအပ်ချက်ပါပဲ။ 👶✨ ဒါကြောင့်...
04/06/2026

ချစ်စရာကောင်းတဲ့ မိသားစုဘဝလေးတစ်ခုကို ပိုင်ဆိုင်ဖို့ မိခင်ရော ကလေးပါ ကျန်းမာနေဖို့က ပထမဆုံး လိုအပ်ချက်ပါပဲ။ 👶✨ ဒါကြောင့် အိမ်ထောင်တစ်ခုမှာ ကလေးယူဖို့ အဆင်သင့်မဖြစ်သေးရင်ဖြစ်ဖြစ်၊ ကလေးတစ်ယောက်နဲ့တစ်ယောက် ကြားထဲမှာ စနစ်တကျ အချိန်ခြားပြီး မိခင်ရဲ့ခန္ဓာကိုယ်ကို ပြန်လည်အနားပေးချင်ရင်ဖြစ်ဖြစ် "ယာယီသားဆက်ခြားနည်းလမ်းတွေ" အကြောင်း သေချာသိထားဖို့ လိုပါတယ်။

ပုံထဲကအတိုင်း အသုံးအများဆုံးနဲ့ စိတ်ချရဆုံး ယာယီနည်းလမ်း (၄) မျိုးကို အသေးစိတ် လေ့လာကြည့်ရအောင်။ 👇 #နီရိုအထူးကုဆေးခန်း #တောင်ဒဂုံ #သားဆက်ခြားနည်းလမ်းများ #အိမ်ထောင်ရှင်အမျိုးသမီးတို့အတွက်

အမျိုးသမီး အများစုဟာ မိန်းမကိုယ်ယားယံတာ၊ အဖြူဆင်းတာ ဖြစ်တဲ့အခါ ရှက်ရွံ့ပြီး ကိုယ့်သဘောနဲ့ကိုယ် အောက်ဆေးတွေဝယ်ဆေးတာ၊ သောက...
03/06/2026

အမျိုးသမီး အများစုဟာ မိန်းမကိုယ်ယားယံတာ၊ အဖြူဆင်းတာ ဖြစ်တဲ့အခါ ရှက်ရွံ့ပြီး ကိုယ့်သဘောနဲ့ကိုယ် အောက်ဆေးတွေဝယ်ဆေးတာ၊ သောက်ဆေးတွေကို စပ်သောက်တာမျိုး လုပ်လေ့ရှိကြပါတယ်။ ဒါဟာ ရောဂါပိုးကို ပိုမိုယဉ်ပါးသွားစေပြီး နာတာရှည်ဖြစ်သွားစေနိုင်လို့ လက္ခဏာခံစားရရင် နားလည်တတ်ကျွမ်းတဲ့ ဆရာဝန်နဲ့ သေချာပြသတိုင်ပင်ဖို့ တိုက်တွန်းလိုပါတယ်। #နီရိုအထူးကုဆေးခန်း #တောင်ဒဂုံ #အမျိုးသမီးကျန်းမာရေး #မိန်းမကိုယ်ပိုးဝင်ခြင်း #မိုးရာသီရောဂါ

ခန္ဓာကိုယ် နေမကောင်းဖြစ်ရင် ဆေးခန်းပြဖို့ မမေ့တတ်ကြပေမဲ့ စိတ်ကလေး ပင်ပန်းနွမ်းနယ်နေတဲ့အခါမှာတော့ "ခဏပါပဲ" ဆိုပြီး လျစ်လျ...
29/05/2026

ခန္ဓာကိုယ် နေမကောင်းဖြစ်ရင် ဆေးခန်းပြဖို့ မမေ့တတ်ကြပေမဲ့ စိတ်ကလေး ပင်ပန်းနွမ်းနယ်နေတဲ့အခါမှာတော့ "ခဏပါပဲ" ဆိုပြီး လျစ်လျုရှုမိတတ်ကြပါတယ်။ စိတ်ကျန်းမာရေးဟာလည်း ခန္ဓာကိုယ်ကျန်းမာရေးလိုပဲ အထူးဂရုစိုက်ဖို့ လိုအပ်တဲ့ အရာတစ်ခုပါ။
မောပန်းနွမ်းနယ်နေတာတွေ၊ စိုးရိမ်ပူပန်မှုတွေကို တစ်ယောက်တည်း ရင်ဆိုင်မနေပါနဲ့တော့။ စိတ်ပေါ့ပါးလန်းဆန်းပြီး ပျော်ရွှင်စရာနေ့ရက်တွေကို ပြန်လည်ပိုင်ဆိုင်နိုင်ဖို့ ခုပဲ ဘိုကင်တင်လိုက်နော် #နီရိုအထူးကုဆေးခန်း #တောင်ဒဂုံ #စိတ်ကျန်းမာရေး

 #သွေးလွန်တုပ်ကွေး က အမှိုက်ပုပ်ထဲကမလာဘူး၊ သင့်အိမ်က ရေကြည်ရေသန့် ထဲမှာပဲ ပေါက်ဖွားတာပါ။ဒီရန်သူကို ထိထိမိမိ ကာကွယ်ဖို့ ဒ...
29/05/2026

#သွေးလွန်တုပ်ကွေး က အမှိုက်ပုပ်ထဲကမလာဘူး၊ သင့်အိမ်က ရေကြည်ရေသန့် ထဲမှာပဲ ပေါက်ဖွားတာပါ။
ဒီရန်သူကို ထိထိမိမိ ကာကွယ်ဖို့ ဒါတွေသိထားရပါမယ်။ညဘက် ခြင်ထောင်ထောင်ရုံနဲ့ မရပါ။ သွေးလွန်တုပ်ကွေးခြင်က မနက်ပိုင်းနဲ့ ညနေခင်း နေ့လယ်ကြောင်တောင်ပဲ လိုက်ကိုက်တာပါ။ နေ့ခင်းဘက် ကလေးတွေကို ခြင်မကိုက်အောင် အဓိကထား ကာကွယ်ပါ။
ရေမြောင်းပုပ်ထဲမှာ သူတို့မနေပါဘူး ဘုရားပန်းအိုး၊ ရေခဲသေတ္တာအောက် ရေခံခွက်၊ အိမ်မွေးတိရစ္ဆာန်ရေခွက်နဲ့ မိုးရေတင်တဲ့ခွက်တွေလို ကြည်လင်ငြိမ်သက်နေတဲ့ ရေ ထဲမှာပဲ ဥတာပါ။ (တစ်ပတ်တစ်ကြိမ် ရေလဲပါ/သွန်ပါ)။

၃ ရက်ထက်ပိုပြီး အဖျားမကျဘူး၊ မမှိန်ဘူး၊ အော့အန်မယ်၊ အရေပြားမှာ အနီစက်တွေထွက်လာရင် ဆေးရုံ၊ ဆေးခန်း ချက်ချင်းပြပါ။ #နီရိုအထူးကုဆေးခန်း #တောင်ဒဂုံ

မိုးတွေရွာနေပြီရှင် ဖျားကြတော့မယ် အချိန်မှီကာကွယ်ဆေးထိုးကြပါနော်
25/05/2026

မိုးတွေရွာနေပြီရှင် ဖျားကြတော့မယ် အချိန်မှီကာကွယ်ဆေးထိုးကြပါနော်

မိုးစက်လေးတွေနဲ့အတူ ပါလာတတ်တဲ့ တုပ်ကွေးပိုးကို ကြောက်နေရတာထက် ကြိုတင်ကာကွယ်ထားတာက ပိုစိတ်ချရပါတယ်။
✨ ဘာကြောင့် အခုထိုးရမလဲ?
• ဆေးအာနိသင်ပြဖို့ (၂) ပတ် ကြိုထိုးရပါတယ်။
• တစ်နှစ်တစ်ကြိမ် ထိုးရုံနဲ့ စိတ်အေးရပါတယ်။
• နောက်ဆက်တွဲ အဆုတ်ရောင်ရောဂါတွေကို တားဆီးပေးပါတယ်။
အချစ်ရဆုံးသူတွေနဲ့ မိမိကိုယ်တိုင်အတွက် ဒီနေ့ပဲ တုပ်ကွေးကာကွယ်ဆေး ထိုးနှံလိုက်ကြပါစို့။ ❤️

ဆေးခန်းမှာ Surgeon နဲ့ပြသပြီး တိုင်ပင်ကြည့်လို့ရတယ်နော်
25/05/2026

ဆေးခန်းမှာ Surgeon နဲ့ပြသပြီး တိုင်ပင်ကြည့်လို့ရတယ်နော်

#ဒဏ်ရာတစ်ခုရပြီးတဲ့အခါ ဒဏ်ရာလည်းကျက်ရော၊ အဲဒီနေရာမှာ ပုံမှန်မဟုတ်ဘဲ အသားဖုကြီး လုံးတက်လာတာ၊ ပိုကြီးလာပြီး ယားယံတာမျိုး ကြုံဖူးကြမှာပါ။ ဒါကို ဆေးပညာအရ Keloid (ကီးလွိုက်) ခေါ်တဲ့ #အနာရွတ်အသီးတက်ခြင်း (သို့) #အနာရွတ်ထူ လို့ ခေါ်ပါတယ်။

၁။ Keloid က ဘာကြောင့် ဖြစ်ရတာလဲ?

ကျွန်တော်တို့ ခန္ဓာကိုယ်မှာ ဒဏ်ရာရတဲ့အခါ ပြန်လည်ပြုပြင်ဖို့အတွက် Collagen (ကော်လာဂျင်) ဆိုတဲ့ အသားဓာတ်တစ်မျိုးကို ထုတ်လုပ်ပေးပါတယ်။
ပုံမှန်ဆိုရင်ဒဏ်ရာကျက်သွားတာနဲ့ ကော်လာဂျင်ထုတ်တာ ရပ်သွားပါတယ်။
Keloid ဖြစ်တဲ့အခါ ခန္ဓာကိုယ်ရဲ့ အနာကျက်စနစ်က ဘရိတ်ပေါက်သွားသလို ဖြစ်ပြီး ကော်လာဂျင်တွေကို လိုအပ်တာထက် ပိုလျှံစွာ တောက်လျှောက် ထုတ်နေမိပါတယ်။ ဒါကြောင့် ဒဏ်ရာအတိုင်းအတာထက် ပိုပြီး ဘေးကို ကျော်လွန်ကာ အသားဖုကြီး ဖောင်းတက်လာရတာ ဖြစ်ပါတယ်။
၂။ အစားအသောက်နဲ့ ဆိုင်လား? ကြက်သားစားလို့ ဖြစ်တာလား?

ဒါဟာ လုံးဝအယူအဆအမှား (Myth) သာ ဖြစ်ပါတယ်။
"ကြက်သားစားလို့၊ ကောက်ညှင်းစားလို့ အနာရွတ်ဖောင်းတာ" ဆိုတာ ဆေးပညာအရ လုံးဝအထောက်အထားမရှိပါဘူး။ အစားအသောက်ကြောင့် Keloid ဖြစ်တာ မဟုတ်သလို၊ အစားရှောင်လို့လည်း Keloid က ပျောက်မသွားပါဘူး။ ဒါကြောင့် အနာကျက်ဖို့အတွက် လိုအပ်တဲ့ အသားဓာတ် (Protein) ကို မျှတအောင် ပုံမှန်အတိုင်း ဆက်စားပေးဖို့ လိုပါတယ်။

၃။ ခန္ဓာကိုယ် နေရာတိုင်း ဖြစ်တတ်လား? အဖြစ်များတဲ့ နေရာတွေကရော?

ခန္ဓာကိုယ်ရဲ့ အရေပြား ရှိတဲ့နေရာတိုင်းမှာ ဖြစ်နိုင်ခြေ ရှိပါတယ်။ ဒါပေမဲ့ အရေပြား တင်းအားများတဲ့ အောက်ပါနေရာတွေမှာ အဖြစ်ဆုံးပါ -
-ရင်ဘတ် (Chest)
-ပုခုံး နှင့် ကျောဘက်အပေါ်ပိုင်း (Shoulders and Upper Back)
-နားရွက် (Earlobes) - အထူးသဖြင့် နားဖောက်ပြီးနောက်
-လက်မောင်း အပြင်ဘက်

၄။ ဘယ်သူတွေမှာ ပိုဖြစ်တတ်လဲ?

မိသားစုထဲမှာ Keloid ဖြစ်တတ်တဲ့သူ ရှိရင် မိမိမှာလည်း ဖြစ်ဖို့ ရာခိုင်နှုန်း များပါတယ်။
အသားညိုသူ လူမည်းနဲ့ အာရှတိုက်သားတွေလို အသားအရောင် ရောင်ခြယ် (Melanin) ပိုများသူတွေမှာ ပိုအဖြစ်များပါတယ်။ အသက် ၁၀ နှစ်ကနေ ၃၀ ကြား လူငယ်/လူလတ်ပိုင်းတွေမှာ အဖြစ်များဆုံးပါ။

၅။ ကင်ဆာအဖြစ် ပြောင်းနိုင်လား?

လူနာတော်တော်များများ ဒါကို အရမ်းကြောက်ကြပါတယ်။ စိတ်ချပါ... Keloid ဟာ ကင်ဆာ မဟုတ်သလို၊ ကင်ဆာအဖြစ်လည်း လုံးဝ ပြောင်းလဲသွားခြင်း မရှိပါဘူး။ အလှအပဆိုင်ရာနဲ့ ယားယံတာ၊ နာတာလောက်ပဲ စိတ်အနှောင့်အယှက် ပေးတတ်တဲ့ အရေပြားပြဿနာတစ်ခုသာ ဖြစ်ပါတယ်။

၆။ ခွဲစိတ်ပြီးရင် ဘာကြောင့် အနာရွတ်အထူ ဖြစ်လာတာလဲ?

ဒဏ်ရာရတာပဲဖြစ်ဖြစ်၊ ခွဲစိတ်မှု လုပ်တာပဲဖြစ်ဖြစ် အရေပြားရဲ့ ဒုတိယအလွှာ (Dermis) ထိ နက်နက်ရှိုင်းရှိုင်း ထိခိုက်မိတဲ့အခါ ခန္ဓာကိုယ်က အနာကျက်ဖို့ ရုန်းကန်ရပါတယ်။ မျိုးရိုးဗီဇအရ Keloid ဖြစ်တတ်တဲ့ သဘာဝရှိသူတွေမှာ ခွဲစိတ်ရာကြောင်း တောက်လျှောက်မှာ ကော်လာဂျင်တွေ အလွန်အကျွံ စုပုံလာပြီး အနာရွတ်ထူထူကြီး ဖြစ်လာရတာပါ။

၇။ Keloid နဲ့ ဆင်တူတဲ့ တခြားရောဂါ ရှိသေးလား?

ရှိပါတယ်။ အဓိကအားဖြင့် Hypertrophic Scar (အမာရွတ်အသားပို) နဲ့ အလွန်ဆင်တူပြီး မှားတတ်ကြပါတယ်။ သူတို့နှစ်ခုရဲ့ ကွာခြားချက်ကတော့ Keloid အမာရွတ်ဟာ မူလဒဏ်ရာအတိုင်းအတာထက် ပိုမိုကြီးထွားလာပြီး ဘေးပတ်ဝန်းကျင် အရေပြားကိုပါ ကျော်လွန်ကာ ပြန့်ပွားတတ်တဲ့အပြင်၊ အချိန်ကြာလာရင်လည်း အလိုအလျောက် ပြန်မချပ်ဘဲ ပိုကြီးလာတတ်ပါတယ်။ Hypertrophic Scar ကတော့ မူလဒဏ်ရာရခဲ့တဲ့ အတိုင်းအတာ ဘောင်အတွင်းမှာပဲ ဖောင်းတက်လာတာဖြစ်ပြီး လပိုင်း၊ နှစ်ပိုင်း စသဖြင့် အချိန်ကြာလာတဲ့အခါမှာတော့ အလိုအလျောက် အနည်းငယ် ပြန်လည်ချပ်သွားတတ်တဲ့ သဘာဝရှိပါတယ်။

၈။ ဘယ်လိုကုသရသလဲ? (အထိရောက်ဆုံးနည်းလမ်းများ)

Keloid ကို ပျောက်ကင်းအောင် သောက်ဆေးသီးသန့် မရှိပါဘူး။ လက်ရှိ ဆေးပညာအရ အသုံးအများဆုံး နည်းလမ်းတွေကို ဖော်ပြပေးလိုက်ပါတယ်။
✅အမာရွတ်ထဲ ဆေးထိုးခြင်း (Intralesional Steroid Injection): ဒါဟာ အထိရောက်ဆုံးနဲ့ အခြေခံအကျဆုံး နည်းလမ်းပါ။ Keloid ထဲကို Steroid ဆေး တိုက်ရိုက်ထိုးသွင်းပြီး ကော်လာဂျင် ထုတ်လုပ်မှုကို လျှော့ချကာ အမာရွတ်ကို ချပ်သွားစေပါတယ်။ ၂-၄ ပတ် တခါ ထိုးရပါတယ်။ အကြိမ်အရေအတွက်အနေနဲ့ အနည်းဆုံး ၄-၆ ကြိမ်ခန့် ထိုးရပါတယ်။အနာရွတ် အရွယ်အစား အထူ နဲ့ ဆေးအာနိသင်တုန့်ပြန်မှုပေါ်မူတည်ပါတယ်။

✅Silicone Gel / Sheets များ သုံးခြင်း: အမာရွတ်အသစ် ဖြစ်စမှာ ဆီလီကွန်ဂျဲလ် လိမ်းပေးတာ၊ ဆီလီကွန် ကပ်ခွာ ကပ်ပေးတာမျိုးက အရေပြားရဲ့ တင်းအားကို လျှော့ချပေးပြီး အမာရွတ် မကြီးအောင် ကာကွယ်ပေးပါတယ်။

✅အအေးပေးစနစ်ဖြင့် ကုသခြင်း (Cryotherapy): နိုက်ထရိုဂျင်အရည် သုံးပြီး Keloid ကို အေးခဲစေကာ ဆဲလ်တွေကို သေစေတဲ့နည်းပါ။

⚠️ ကုသတဲ့ ဆေးထိုးရင် ဘယ်လို ဘေးထွက်ဆိုးကျိုး (Side Effects) ရှိနိုင်လဲ?
Steroid ဆေးထိုးခြင်းက အမာရွတ်ချပ်ဖို့ အလွန်ထိရောက်ပေမယ့် အောက်ပါဘေးထွက်ဆိုးကျိုးအချို့ ရှိနိုင်ပါတယ် -

📌ဆေးထိုးတဲ့နေရာမှာ အရေပြားပါးသွားတာ၊ အသားချိုင့်ဝင်သွားတာ
📌အရေပြားအရောင် ဖျော့သွားတာ (သို့) ဖြူသွားတာ
📌အမာရွတ်တစ်ဝိုက်မှာ သွေးကြောမျှင်လေးတွေ ပေါ်လာတာမျိုး ကြုံရနိုင်ပါတယ်။ (ဒါပေမဲ့ စနစ်တကျ ဆေးပမာဏ ချိန်ဆထိုးရင် ဒီဆိုးကျိုးတွေကို အနည်းဆုံးဖြစ်အောင် လျှော့ချနိုင်ပါတယ်)

၉။ မြန်မြန်ပျောက်အောင် Laser (လေဆာ) တွေ၊ ခွဲစိတ်တာတွေ ချက်ချင်းလုပ်လို့ရလား?
လုပ်သင့်လား?
"ဒီအတိုင်းကြီး မလှလို့ မြန်မြန်ဖြတ်ထုတ်ချင်တယ်၊ လေဆာပစ်ချင်တယ်" ဆိုပြီး လူနာတွေ ဇောစောတတ်ကြပါတယ်။ ဒါပေမဲ့ သတိထားရမှာက -

👉Keloid ကို ဒီအတိုင်း ဓားနဲ့ ဖြတ်ထုတ်လိုက်ရင် ၄၅% ကနေ ၁၀၀% အထိ (မူလထက် ပိုကြီးပြီး) ပြန်ဖြစ်နိုင်ခြေ ရှိပါတယ်။ ဒါကြောင့် Keloid ကို ဖြတ်ထုတ်မယ်ဆိုရင် ခွဲစိတ်ပြီးတာနဲ့ ဆေးထိုးခြင်း (သို့) ဓာတ်ရောင်ခြည်ပြခြင်း (Radiation) တို့နဲ့ မဖြစ်မနေ တွဲဖက်ကုသမှသာ ရလဒ်ကောင်းမှာ ဖြစ်လို့ ချက်ချင်းကြီး ဖြတ်ထုတ်ဖို့ မသင့်ပါဘူး။

👉လေဆာ (ဥပမာ - Pulse Dye Laser) ဟာ အမာရွတ်ထဲက သွေးကြောတွေကို ဖျက်စီးပြီး နီမြန်းတာနဲ့ ယားယံတာကို သက်သာစေပါတယ်။ ဒါပေမဲ့ လေဆာတစ်ခုတည်းနဲ့ Keloid ကို မြန်မြန်ချပ်အောင် လုပ်ဖို့ ခက်ခဲပြီး ဆေးထိုးတဲ့နည်းလမ်းနဲ့ တွဲဖက်မှသာ အာနိသင် အကောင်းဆုံး ဖြစ်ပါတယ်။

အတိုချုပ်ပြောရရင် "မြန်မြန်ပျောက်ချင်ဇောနဲ့ ချက်ချင်း ခွဲစိတ်တာမျိုး လုံးဝမလုပ်သင့်ပါဘူး။" ဆရာဝန်နဲ့ သေချာတိုင်ပင်ပြီး စိတ်ရှည်လက်ရှည် အဆင့်ဆင့် ကုသရမယ့်ရောဂါ ဖြစ်ပါတယ်။

၁၀။ အနာရွတ်အထူတွေမဖြစ်အောင် ဘယ်လိုကာကွယ်မလဲ? ဘာတွေရှောင်ရမလဲ?

မိမိက Keloid ဖြစ်တတ်တဲ့ အသားအရေမျိုး ရှိတယ်ဆိုရင် အောက်ပါအချက်တွေကို အထူးသတိပြု ရှောင်ကြဉ်ရပါမယ် -

❌မလိုအပ်ဘဲ အရေပြားကို ဒဏ်ရာမပေးပါနဲ့: နားဖောက်တာ၊ ခန္ဓာကိုယ်မှာ Tattoo (တက်တူး) ထိုးတာ၊ Piercing (ခန္ဓာကိုယ်အနှံ့ အပေါက်ဖောက်တာ) တွေကို လုံးဝရှောင်ကြဉ်ပါ။
❌ဝက်ခြံကို မဆိတ်ပါနဲ့: ရင်ဘတ်နဲ့ ပုခုံးက ဝက်ခြံတွေကို ညှစ်တာ၊ ဆိတ်တာတွေကနေ Keloid ဖြစ်သွားတတ်ပါတယ်။
🟢ဒဏ်ရာရလျှင် ချက်ချင်း ဂရုစိုက်ပါ: ဒဏ်ရာရပါက ပိုးမဝင်အောင် သန့်ရှင်းရေးလုပ်ပါ၊ အစိုဓာတ်ထိန်းပေးပါ (Vaseline ကဲ့သို့ Petroleum Jelly သုံးနိုင်သည်)။ ဒဏ်ရာကျက်စမှာ ဆီလီကွန် ကပ်ခွာကို စောစောစီးစီး သုံးပေးပါ။

💡 အကြံပြုချက်

ဟာ ကုသရတာ အချိန်ယူရပြီး စိတ်ရှည်ဖို့ လိုအပ်တဲ့ အရေပြားပြဿနာတစ်ခု ဖြစ်ပါတယ်။ အမာရွတ်က သေးငယ်ပြီး အသစ်ဖြစ်နေတဲ့ အချိန်မှာ ကုသရတာ ပိုမိုထိရောက်တာကြောင့် သင့်မှာ Keloid ရှိနေပြီး ယားယံတာ၊ ပိုကြီးလာတာမျိုး ကြုံနေရရင် အချိန်ဆွဲမနေပါနဲ့။

မိမိသဘောနဲ့မိမိ အမာရွတ်ပျောက်ဆေးတွေ လျှောက်လိမ်းတာ၊ အပ်နဲ့ ထိုးဆွတာမျိုး လုံးဝမလုပ်ဘဲ ကျွမ်းကျင်တဲ့ ဆရာဝန်များနဲ့ တိုင်ပင်ပြီး မိမိအသားအရေနဲ့ ကိုက်ညီမယ့် စနစ်တကျ ကုသမှု ခံယူဖို့ တိုက်တွန်းနှိုးဆော်လိုက်ရပါတယ်။

ကျန်းမာပျော်ရွှင်သော နေ့ရက်များကို ပိုင်ဆိုင်နိုင်ကြပါစေ။

လေးစားစွာဖြင့် -

#ဒေါက်တာဝေယံဖြိုး

21/05/2026

ဆေးခန်းတွင် တာဝန်ထမ်းဆောင်ရန် ဝန်ထမ်းအလိုရှိသည်။

- သင်တန်းဆင်းခါစများလည်း လျှောက်ထားနိုင်သည်။

- အသက် ( ၂၀ မှ ၃၅) နှစ်အတွင်း

- Teamwork ဖြင့် သွက်လပ်တက်ကြစွာ လုပ်ကိုင်နိုင်သူဖြစ်ရမည်။

- ဆေးခန်းမှ ချမှတ်ထားသောစည်းကမ်းများအားလိုက်နာနိုင်ရမည်။

- လူနာများကို ယဉ်ကျေးပျူငှါစွာ ပြောဆိုဆက်ဆံနိုင်ရမည်။

- ဖုန်းဖြေကြားရာတွင် ချိုချိုသာသာ ပြောဆိုနိုင်ရမည်။

- အတွေ့အကြုံပေါ်မူတည်၍ လစာညှိနှိုင်းပေးမည်။

ဖုန်း- 09407774358 (Ph/Viber)
လိပ်စာ- အမှတ်(၆၃)၊စည်ပင်လမ်း၊ (၂၄) ရပ်ကွက်၊ တောင်ဒဂုံမြို့နယ်၊ ရန်ကုန်။

Address

Yangon

Opening Hours

Monday 07:00 - 19:00
Tuesday 07:00 - 19:00
Wednesday 07:00 - 19:00
Thursday 07:00 - 19:00
Friday 07:00 - 19:00
Saturday 07:00 - 19:00
Sunday 07:00 - 19:00

Telephone

+9595124240

Website

Alerts

Be the first to know and let us send you an email when NEO Specialist Clinic and Diagnostic Center posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to NEO Specialist Clinic and Diagnostic Center:

Shortcuts

Share