Phoo Phoo & Thoon Thoon Online Shop

Phoo Phoo & Thoon Thoon Online Shop ❤💛💚💙💜🖤

30/01/2024
 #အရမ်းကောင်းတဲ့စာသားပါ ===================ပန်းတိုင်ကိုရောက်ဖို့အတွက်လူတွေရဲ့ မျက်လုံးတွေကို မကြည့်ပါနဲ့ ကိုယ့်လမ်းကိုသာ...
28/01/2024

#အရမ်းကောင်းတဲ့စာသားပါ
===================

ပန်းတိုင်ကိုရောက်ဖို့အတွက်
လူတွေရဲ့ မျက်လုံးတွေကို မကြည့်ပါနဲ့
ကိုယ့်လမ်းကိုသာကြည့်ပါ။

အောင်မြင်မှု ရဖို့အတွက်
လူတွေရဲ့စကားတွေကို နားထောင်မနေပါနဲ့ ။
ကိုယ့်ဆုံးဖြတ်ချက်ကိုသာ
ခိုင်ခိုင်မာမာချပါ။

ဘဝတက်လမ်းအတွက်
လူတွေရဲ့ အမူအယာတွေကို ဂရုမစိုက်ပါနဲ့။
ကိုယ်လုပ်သင့်တာကို ရဲရဲဝံ့ဝံ့လုပ်ပါ။

စကားများများ ပြောမိရင်
ရူးနေလားလို့ အထင်ခံရလိမ့်မယ်။

စကားပြန်မပြောရင်လည်း
မာနကြီးတယ်လို့ အထင်ခံရလိမ့်ယ်။

အမြဲတမ်းပြုံးနေရင်
ပေါတောတောလို့ အထင်ခံရလိမ့်မယ်။

တည်တည်ကြည်ကြည် နေမိရင်လဲ
ဘဝင်မြင့်နေတယ်လို့ အထင်ခံရလိမ့်မယ်။

ကိုယ့်ဘဝကို ကိုယ်တိုင်သိနေတာပဲ လို့
သူတစ်ပါးကို မထိခိုက်ပဲ
ကိုယ်အဆင်ပြေသလို နေထိုင်တတ်ဖို့က အရေးကြီးပါတယ်။

သူတစ်ပါးလဲကျနေရင် စေတနာသန့်သန့်နဲ့
ကိုယ်တတ်နိုင်သလောက် ဆွဲထူပေးလိုက်ပါ။

ကိုယ်လဲကျနေရင်တော့ ကိုယ်တိုင်ပဲ
ပြန်ထနိုင်အောင်ကြိုးစားပါ။
ဘာကြောင့်လဲဆိုတော့
ကိုယ့်လို စိတ်ဓာတ်မျိုးက သူတစ်ပါးဆီမှာ ရှိချင်မှရှိမှာ။

မနေ့ကဆိုတာ အတိတ်တခုပါ
မနက်ဖြန်ဆိုတာလဲ အိပ်မက်တစ်ခုပါပဲ။
ဒီနေ့သာလျှင် ဘဝတစ်ခုလေ
ဘဝဆိုတာ ပျော်လည်းတစ်နေ့ မပျော်လည်းတစ်နေ့ပါပဲ။

အကောင်းဆုံးဖြစ်အောင်
ဘယ်လိုဖြတ်သန်း ရမလဲဆိုတာ
ကိုယ့်အပေါ် မှာပဲ မူတည်တယ်။

အရိုးသားဆုံး လူတစ်ယောက် မဖြစ်သေးရင်တောင်
ကိုယ့်ကိုယ်ကို မလိမ်မိစေနဲ့၊ ယုံကြည်မှု မပျက်စေနဲ့
ကိုယ်အတွက် ယုံကြည်ရဆုံးက
ကိုယ်တစ်ယောက်တည်းပဲ ရှိပါတယ်။

စာဖတ်မိတ်ဆွေအားလုံး အောင်မြင်မှုပန်းတိုင်ကို
အမြန်ဆုံးလျှောက်လှမ်းနိုင်ကြပါစေ..............

ယုံကြည်မှုဆိုတာ လူတစ်ယောက်ရဲ့ ဂုဏ်သိက္ခာပဲ။ 🤝🤝🤝🤝🤝🤝🤝🤝🤝🤝🤝🤝🤝🤝🤝🤝ကိုယ့်နာမည်ကြားရင် သူ့ကိုတော့ ယုံကြည်ရတယ်။ သူကတော့ စိတ်ချရတယ...
27/01/2024

ယုံကြည်မှုဆိုတာ လူတစ်ယောက်ရဲ့ ဂုဏ်သိက္ခာပဲ။
🤝🤝🤝🤝🤝🤝🤝🤝🤝🤝🤝🤝🤝🤝🤝🤝
ကိုယ့်နာမည်ကြားရင် သူ့ကိုတော့ ယုံကြည်ရတယ်။ သူကတော့ စိတ်ချရတယ် ဆိုတာမျိုးကို လူတိုင်း လိုချင်ကြပါတယ်။ ကိုယ့်နာမည်ကြားရုံနဲ့ နှာခေါင်းရှုံ့သွားစေတာမျိုးတော့ ဘယ်သူကမှ လိုချင်မယ် မထင်ပါဘူး။

ဒီတော့ ယုံကြည်မှုဟာ လူတစ်ယောက်ရဲ့ဘဝမှာ ဘယ်လောက်အထိ အရေးပါလဲ။
လူတစ်ယောက်က သူလိုအပ်ချိန်တိုင်း အသိမိတ်ဆွေတွေဆီက ချေးငှားလို့ ရတယ် ဆိုရင် အဲ့ဒီလူဟာ ဂုဏ်သိက္ခာချမ်းသာတဲ့သူမို့ပါ။ ယုံကြည်ရလို့ သူ့ကို ကူညီချင်တဲ့သူ ပေါများနေတာပါ။ အဲ့ဒီ လူအများရဲ့ ယုံကြည်မှုကို ရဖို့ သူ့ရဲ့တစ်ဘဝလုံးစာ ဂုဏ်သိက္ခာကို ထိန်းသိမ်းလာတာကြောင့်ပါပဲ။ ယုံကြည်ခံရတဲ့လူဟာ လေးစားဖို့ကောင်းပါတယ်။
ဘာကြောင့်ဆို ယုံကြည်မှုဟာ တည်ဆောက်ရင် တစ်ဘဝလုံးစာ ကြာတတ်ပြီး ပျက်စီးဖို့တော့ စက္ကန့်ပိုင်းပဲ လိုတာကြောင့်ပါ။

အပြောတစ်မျိုး၊ အလုပ်တစ်မျိုး လုပ်တတ်သူတွေကို လူတွေက မယုံကြည်တတ်ကြပါဘူး။ ယုံကြည်မှုကို လိုချင်ရင် အရင်ဆုံး လူတွေရဲ့လေးစားမှုကို ခံရဖို့ လိုပါတယ်။ ကိုယ့်ရဲ့နှုတ်ထွက်စကား၊ ကတိစကား နဲ့ ကိုယ့်ရဲ့လုပ်ရပ်က ထပ်တူကျတဲ့အခါ လူတွေရဲ့ ယုံကြည်လေးစားမှုကို အလိုအလျောက်ရလာပါလိမ့်မယ်။

ပေါင်းသင်းဆက်ဆံရေးမှာ ယုံကြည်ရတဲ့လူတွေကိုပဲ ပေါင်းချင်ရင် ကိုယ်တိုင်ကလည်း လူမှန်ဖြစ်အောင်နေ၊
အပြောနဲ့အလုပ် ထပ်တူကျအောင်လုပ်။
ဒါမှ လူတွေ ယုံကြည်လေးစားလာလိမ့်မယ်။

စကားနဲ့ချည်း သက်သေပြနေရင် မင်းရဲ့လုပ်ရပ်က ဟာသ သာသာချည်း ဖြစ်နေလိမ့်မယ်။
လက်တွေ့မပြနိုင်တဲ့ ဘယ်စကားကမှ မှန်ကန်မှု မရှိဘူး။

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Phoo Phoo & Thoon Thoon Online Shop posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category