ATL Water solutions

ATL Water solutions Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from ATL Water solutions, Water Treatment Service, Yangon.

21/07/2025

ဆင်းရဲခြင်းက ခွန်အားကို စမ်းသပ်တယ်။
ချမ်းသာခြင်းကတော့ စိတ်ဓာတ်ကို စမ်းသပ်တယ်လို့
ဆိုတတ်ကြတယ်လေနော်။

20/07/2025

"အကောင်းတရားတွေဟာ ချမ်းသာသုခ မဟုတ်ဘူး၊ လောကဓံပဲ"

🔳 ဒီအယူအဆကို ကျွန်တော် မကြာခဏ ရေးဖြစ်တယ်။ ကိုယ်ပိုင်အတွေးအခေါ်တော့ ဘယ်ဟုတ်ပါ့မလဲ။ ဗုဒ္ဓဘာသာမှာလည်း ပြောတယ်။ တခြားတွေးခေါ်ပညာရှင်တွေလည်း ပြောကြတာရှိတယ်။

အသက်အရွယ် ရလာတာနဲ့အမျှ ဒါကို ပိုပြီး လက်ခံနိုင်လာတယ်။

🔳 မှန်တယ်။ ချမ်းသာခြင်း၊ အခြွေအရံပေါခြင်း၊ လာဘ်လာဘရွှင်ခြင်း၊ ချီးကျူးခံရခြင်း၊ ဒါတွေဟာ ချမ်းသာသုခ မဟုတ်ဘူး။ လောကဓံပဲ။

ဘာလို့ဆိုတော့ တည်မြဲနေမှာ မဟုတ်လို့။ အကောင်းအဆိုး လောကဓံဟာ တလှည့်စီ လည်ပတ်နေမှာမို့လို့။ မြဲနေအောင်လည်း ကိုယ်ထိန်းချုပ်ထားလို့ မရလို့။

🔳 ငယ်ငယ်က အဖေဆုံးမဖူးတဲ့ စကားတစ်ခွန်းရှိတယ်။

ဘာလဲဆိုတော့ “ချမ်းသာရင်လည်း တစ်သက်လုံး ချမ်းသာလိုက်၊ ဆင်းရဲရင်လည်း ဆင်းရဲနေလိုက်၊ ချမ်းသာပြီးမှတော့ ပြန်မဆင်းရဲစေနဲ့” တဲ့။

(စကားကပ်ပြောကြမှာစိုးလို့ ရှင်းပြရရင် ဆင်းရဲတာ မကောင်းမှန်း သိပါတယ်။ အမြင့်ရောက်ပြီးမှ ပြန်ကျတာ ပိုဆိုးတယ်လို့ ဆိုလိုတာပါ)

အဲဒါကို အမြဲမှတ်ထားတယ်။ ကျွန်တော့်ဘဝမှာ ကြိုးစားပြီး အလုပ်လုပ်တာ၊ ငွေကြေးရှာဖွေစုဆောင်းတာ၊ လောင်းကစား မလုပ်တာ၊ အဲဒါတွေ အကုန်လုံးက အဖေ့စကားကနေ လာတာပဲ။ မိဘလက်ထက်တုန်းကထက် မသာတောင် မနိမ့်ချင်လို့။ မဆင်းရဲချင်လို့။

🔳 ပြောချင်တာက ငွေကြေးစီမံခန့်ခွဲမှုအကြောင်း မဟုတ်ဘူး။ လူဟာ တက်ပြီးမှ ပြန်ကျရင် ခံနိုင်လေ့ သိပ်မရှိဘူး ဆိုတာပဲ။

တစ်သက်လုံး ဆင်းရဲနေတာထက် ၇ ရက်လောက် ချမ်းသာသုခကို ခံစားဖူးရရင် မကောင်းဘူးလား။ အေးလေ၊ အဲဒီ ၇ ရက်တော့ ကောင်းတာပေါ့။ ပြီးကျ သူဆင်းရဲဘ၀ ပြန်ရောက်တဲ့အခါ အဲဒီလူ မနေတတ်တော့ဘူး။ မနေနိုင်တော့ဘူး။ ခံနိုင်ရည် မရှိတော့ဘူး။

🔳 လောကဓံ ၄ ပါးနဲ့ ဥပမာပေးကြည့်မယ်။

မြို့ကြီးပြကြီးကို ရောက်သွားတယ်။ နိုင်ငံရပ်ခြား ရောက်တယ်။ ကောင်းမွန်တဲ့ စနစ်တွေ၊ ဇိမ်ခံပစ္စည်းတွေ၊ လုံခြုံမှုတွေ၊ သက်သောင့်သက်သာရှိမှုတွေနဲ့ အသားကျသွားတဲ့အခါ မွေးရပ်မြေကို မပြန်ချင်တော့ဘူး။ ပြန်လည်း အလည်လောက်ပဲ။ ကြာကြာမနေနိုင်ဘူး။

🔳 အထည်ကြီးပျက်ဘဝနဲ့ နေဖူးရင်၊ အထည်ကြီးပျက်တွေ မြင်ဖူးရင် ချမ်းသာပြီးမှ ဆင်းရဲရတဲ့ဒုက္ခ ဘယ်လောက်ကြီးတယ် သိလိမ့်မယ်။ (မန်ယူဖန်တွေလို) အတိတ်က ရွှေထီးဆောင်းခဲ့တာတွေ ပြန်သတိရနေတာနဲ့တင် Move on မလုပ်နိုင်ဘူး။ ဒေါင်ကျကျ ပြားကျကျ ဘဝကို မရှင်သန်နိုင်ဘူး။

🔳 ကျွန်တော်တို့ လူသိများတယ်ဆိုတာ တကယ်က ဘာမှမဟုတ်ဘူး။ အပြင်မှာ တွေ့ရင် ဆရာဖြိုးလား ဆိုပြီး နှုတ်ဆက်ခံရရုံလောက်ပဲ။ မင်းသား၊ မင်းသမီးတွေ၊ အဆိုတော်တွေကျ ဒီလိုမဟုတ်ဘူး။ အောင်မြင်မှုက ကြောက်စရာကောင်းတယ်။ အားလုံးရဲ့ အရူးအမူးအားပေးခြင်းကို ခံရတာ။ ရုတ်တရက်ဆို ပျော်စရာကြီး။ လူတိုင်းလိုချင်တဲ့ ဘဝမျိုး။

ဒါပေမဲ့ နာမည်ပြန်ကျလာပြီ ဆိုတဲ့အခါ မနေတတ်တော့ဘူး။ တချို့တွေ နာမည်မကျကျအောင် လိုက်လုပ်ရတယ်။ မလှလှအောင် လိုက်ပြင်ရတယ်။ စိတ်ကျရောဂါတွေ ရတယ်။ မူးယစ်ဆေးတွေ သုံးတယ်။ အဲဒီလိုနဲ့ ကြွေလွင့်သွားရသူတွေ အများကြီး။

🔳 တစ်ယောက်တည်း ဘဝကို ဖြတ်သန်းနေတာအကောင်း။ တစ်ယောက်ယောက် ဝင်လာတယ်။ ပျော်ရတယ်။ ဘာကြောင့် ရှင်သန်နေရတယ် ဆိုတဲ့အဓိပ္ပါယ်ကို ရှာတွေ့လာတယ်။ ပြီးကျ ပြန်ထွက်သွားတယ်။ အစကလည်း တစ်ယောက်တည်း၊ အခုလည်း တစ်ယောက်တည်း ဆိုပေမဲ့ မတူတော့ဘူး။

ဦးနှောက်ထဲက Memory ဆိုတာ ဖုန်းထဲက ဓါတ်ပုံတွေလို လွယ်လွယ်ဖျက်ပစ်လိုက်လို့ ရတာမှ မဟုတ်ပဲ။ ဒါကြောင့်လည်း “အားလုံးမေ့လို့ရရင် ကမ္ဘာမှာ ပျော်စရာချည်းပဲ” လို့ ဒိုးလုံးက ဆိုခဲ့တာပေါ့။

🔳 ဒီတော့ ဘယ်လိုနေထိုင်ရမှာလဲ။ အကောင်းတရားတွေကို မလိုချင်ရတော့ဘူးလား။ မခံစားရတော့ဘူးလား။ အပျက်ဘက်ကိုပဲ တွေးပြီး တချိန်လုံး စိတ်ဆင်းရဲနေရမှာလား။

အဲဒီလိုတော့ မဟုတ်ဘူး။

အဓိကက “ဒါတွေသည်လည်း လောကဓံပဲ၊ ဟိုနေ့က ရေးတဲ့ ဆောင်းပါးထဲကလို They come and go ပဲ” ဆိုတာကို နှလုံးသွင်းထားဖို့ပါပဲ။

“အကျမနာခြင်း အနုပညာ” လို့ ဆိုချင်ဆိုပေါ့။

ဒါဆို ကိုယ့်ဆီ အမြဲရှိနေမှာ မဟုတ်တဲ့အရာအတွက် မာန်တက်တာလည်း နည်းသွားမယ်။

🔳 တဆက်တည်းမှာ ပစ္စုပ္ပန်တည့်တည့်ကိုလည်း ပိုအာရုံစိုက်၊ ပိုရှင်သန်ဖြစ်သွားလိမ့်မယ်။

ချမ်းသာနေတုန်း အဲဒီချမ်းသာသုခကို မျှဝေ။
ပိုင်ဆိုင်ထားတဲ့ ပစ္စည်းဥစ္စာတွေကို အများအတွက် သုံးစွဲ။
နာမည်ကျော်နေတုန်း အဲဒီနာမည်ကျော်ကြားမှုကို လူအများကောင်းကျိုးအတွက် အသုံးချ။
အတူရှိနေတုန်း ဂရုစိုက်။ တန်ဖိုးထား။

ဒါဆို နောင်တလည်း နည်းမယ်။ ဒဏ်ရာလည်း နည်းမယ်။ ပြည့်ပြည့်၀၀လည်း ရှင်သန်နိုင်လိမ့်မယ်။

🔳 နံရံမှာကပ်တဲ့ ကော်လိုပဲ။ များများကပ်ထားရင် ပြန်ခွာရတဲ့အခါ ဆေးသားများများ ပိုပွန်းမယ်။ နည်းနည်းပဲ ကပ်ထားရင် ပြန်ခွာတဲ့အခါ အနာတရ နည်းမယ်။

ချမ်းသာသုခနဲ့ပဲ ကပ်ကပ်၊ စီးပွားဥစ္စာတွေနဲ့ပဲ ကပ်ကပ်၊ နာမည်ကျော်ကြားမှုနဲ့ပဲ ကပ်ကပ်၊ ချစ်သူခင်သူတွေနဲ့ပဲ ကပ်ကပ်၊ ဒီသဘောတရားသည် အတူတူပဲ။

🔳 ငယ်ငယ်ကတော့ ဒီအရာတွေကို လိုချင်တယ်။ ကြိုးလည်း ကြိုးစားခဲ့တယ်။ ထိုက်သင့်သလောက်လည်း ရခဲ့တယ်။

ဒီဘက်နောက်ပိုင်း ပိုသဘောပေါက်လာတာကတော့ “အဲဒီအရာတွေမှာ ပျော်ရွှင်ခြင်း အစစ်အမှန်က ရှိနေတာ မဟုတ်ဘူး” ဆိုတာပဲ။ ဒါတွေရှိမှ ပျော်နိုင်မယ် ဆိုတဲ့သူဟာလည်း ဘယ်တော့မှ အေးချမ်းရမှာ မဟုတ်ဘူး။

🔳 ဒါကြောင့်လည်း စစ်မှန်တဲ့ ငြိမ်းချမ်းမှုဟာ ကိုယ်တွင်းမှာသာ ရှိတယ်လို့ ပြောကြတာ နေပါလိမ့်မယ်။

ဒေါက်တာ ဖြိုးသီဟ
၂၀.၇.၂၀၂၅

20/07/2025
20/07/2025

Zar Ni Kyaw - Leadership & People Skills Coach
Helping professionals build strong leadership, people skills and high performance

20/07/2025

သာမန်ဆရာတစ်ယောက်ဘဝကနေ ကမ္ဘာ့စီးပွားရေးလောကကို လွှမ်းမိုးနိုင်သူ၊ အကြီးမားဆုံး E-commerce ကုမ္ပဏီ Alibaba ကို တည်ထောင်သူ၊ ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ်တစ်ဦးဖြစ်လာခဲ့တဲ့ Jack Ma (မာယွန်း) ရဲ့ ဇာတ်လမ်းဟာ တကယ့်ကို စိတ်ဝင်စားစရာကောင်းပါတယ်။ 😮

အများက မဖြစ်နိုင်ဘူးလို့ ထင်ခဲ့တဲ့၊ ကျရှုံးမှုပေါင်းများစွာနဲ့ ပြည့်နှက်ခဲ့တဲ့ သူ့ဘဝလမ်းကြောင်းမှာ လက်မလျှော့တတ်တဲ့ ဇွဲက ဘယ်လို အံ့မခန်းအောင်မြင်မှုကို ပေးခဲ့လဲဆိုတာ ဒီဆောင်းပါးမှာ ဖတ်ရှုရမှာဖြစ်ပါတယ်။

Jack Ma ရဲ့ ငယ်ဘဝနဲ့ ပညာရေးလမ်းကြောင်းမှာ ထူးထူးခြားခြား ထူးချွန်ခဲ့တာမျိုး မရှိခဲ့ပါဘူး။ သူဟာ ကျောင်းစာမှာ ထူးချွန်တဲ့ ကျောင်းသားတစ်ယောက် မဟုတ်သလို၊ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲကိုလည်း အကြိမ်ကြိမ် ကျရှုံးခဲ့ဖူးပါတယ်။ ဒါ့အပြင် ကမ္ဘာကျော် Harvard တက္ကသိုလ်ကို ၁၀ ကြိမ်ကျော် လျှောက်ထားခဲ့ပေမယ့်လည်း အကြိမ်တိုင်း အငြင်းခံခဲ့ရသူ ဖြစ်ပါတယ်။ 💔

ပညာရေးမှာတင်မကဘဲ အလုပ်အကိုင်ရှာဖွေတဲ့အခါမှာလည်း သူ့ရဲ့ စိန်ခေါ်မှုတွေဟာ ဆက်လက်ရှိနေခဲ့ပါတယ်။ လူ ၂၄ ယောက်လျှောက်တဲ့ KFC မှာ သူ့တစ်ယောက်တည်းကိုသာ ငြင်းပယ်ခဲ့တာမျိုး၊ ရဲအဖြစ် လျှောက်ခဲ့ဖူးပေမယ့်လည်း အရပ်ပုလို့ဆိုပြီး အရွေးမခံခဲ့ရတာမျိုး စတဲ့ မရေမတွက်နိုင်တဲ့ အငြင်းခံရမှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ ဒီလိုအခြေအနေမျိုးမှာ လူအများစုဟာ စိတ်ဓာတ်ကျပြီး လက်လျှော့လိုက်ကြမှာဖြစ်ပေမယ့် Jack Ma ကတော့ အရှုံးကို လက်ခံပြီး လက်လျှော့လိုက်ခြင်း မရှိခဲ့ပါဘူး။ သူ့ရဲ့ စိတ်ဓာတ်ခိုင်မာမှုက တကယ်ကို အံ့မခန်းပါပဲ။ ✨

၁၉၉၅ ခုနှစ်မှာ အမေရိကန်ကို ပထမဆုံးအကြိမ်ရောက်ရှိခဲ့ရာကနေ အင်တာနက်ရဲ့ အနာဂတ်အလားအလာကို စတင် မြင်တွေ့ခဲ့ပါတယ်။ ဒါဟာ သူ့ဘဝရဲ့ အရေးကြီးတဲ့ အချိုးအကွေ့တစ်ခု ဖြစ်ခဲ့ပါတယ်။ အင်တာနက်အပေါ် ခိုင်မာတဲ့ ယုံကြည်ချက်ရှိခဲ့တဲ့ သူဟာ ၁၉၉၉ ခုနှစ်မှာ သူငယ်ချင်း ၁၇ ယောက်နဲ့အတူ သူ့ရဲ့တိုက်ခန်းလေးမှာပဲ ကမ္ဘာကျော် Alibaba ကုမ္ပဏီကို စတင်တည်ထောင်ခဲ့ပါတယ်။ 🏘️ အစပိုင်းမှာ ရင်းနှီးမြှုပ်နှံသူတွေရဲ့ ယုံကြည်မှုကို ရဖို့ အတော်လေး ရုန်းကန်ခဲ့ရပါတယ်။ ကုမ္ပဏီလေးအဖြစ် စတင်ခဲ့ရပြီး ငွေကြေးအခက်အခဲတွေ၊ ယုံကြည်မှုတည်ဆောက်ရခြင်းတွေ စတဲ့ စိန်ခေါ်မှုများစွာကို ဇွဲနပဲနဲ့ ကျော်ဖြတ်ခဲ့ရပါတယ်။ 🧗

သူ့ရဲ့ မလျှော့သော ဇွဲလုံ့လ၊ ခိုင်မာတဲ့ ရည်မှန်းချက်၊ အနာဂတ်ကို ကြိုမြင်နိုင်တဲ့ ဉာဏ်ရည်နဲ့ ထက်မြက်တဲ့ စီးပွားရေးအမြင်တို့ကြောင့် Alibaba ဟာ တဖြည်းဖြည်းနဲ့ ကြီးမားလာခဲ့ပါတယ်။ ယနေ့အချိန်မှာတော့ Alibaba Group ဟာ ကမ္ဘာ့အကြီးဆုံး E-commerce ကုမ္ပဏီကြီးတွေထဲက တစ်ခုဖြစ်လာခဲ့ပြီး Jack Ma ကိုယ်တိုင်လည်း ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ်တွေထဲက တစ်ဦးအဖြစ် ရပ်တည်လာနိုင်ခဲ့ပါတယ်။ 💰

Jack Ma ဟာ တစ်ချိန်က ဘယ်သူမှ မသိတဲ့၊ အလုပ်လျှောက်ရင်တောင် အငြင်းခံရတဲ့ သာမန်လူငယ်တစ်ဦးဘဝကနေ ကမ္ဘာ့စီးပွားရေးကို လွှမ်းမိုးနိုင်တဲ့ ခေါင်းဆောင်တစ်ဦး ဖြစ်လာခဲ့ပါတယ်။ သူ့ရဲ့ ဇာတ်လမ်းက “ကျရှုံးမှုဟာ အောင်မြင်မှုဆီသွားတဲ့ လမ်းမှာ ကြုံတွေ့ရမယ့် ယာယီအတားအဆီးတစ်ခုပဲ” ဆိုတာကို ထင်ထင်ရှားရှားပြသနေပါတယ်။

စာချစ်သူတို့လည်း ဘဝမှာ ကျရှုံးမှုတွေနဲ့ ကြုံလာရတဲ့အခါ Jack Ma ရဲ့ဇာတ်လမ်းကို သတိရပြီး ပြန်အားတင်းလိုက်ပါနော်။

Address

Yangon

Website

Alerts

Be the first to know and let us send you an email when ATL Water solutions posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share