စိမ်းရွှန်းစို စိုက်ပျိုးမွေးမြူရေးခြံ

  • Home
  • Myanmar
  • Yangon
  • စိမ်းရွှန်းစို စိုက်ပျိုးမွေးမြူရေးခြံ

စိမ်းရွှန်းစို စိုက်ပျိုးမွေးမြူရေးခြံ ခြံမှတ်ပုံတင်အမှတ် ၀၉၂/၂၀၂၀
ဒေသကြက်​ပေါက် မီးလွတ် ကြက်ကြီး မွေးမြူ ရောင်းချရေး ​ညောင်၂ပင် ​မှော်ဘီ ရန်ကုန်တိုင်း။
095408905, 09965408905

ကြက်အမွေးနုများခြင်းနှင့် စီးပွားရေးတွက်ခြေကိုက်မှုအပေါ် အကျိုးသက်ရောက်မှုကြက်မွေးမြူရေး လုပ်ငန်းများတွင် ကြက်မွေးဖွားချ...
21/09/2026

ကြက်အမွေးနုများခြင်းနှင့် စီးပွားရေးတွက်ခြေကိုက်မှုအပေါ် အကျိုးသက်ရောက်မှု

ကြက်မွေးမြူရေး လုပ်ငန်းများတွင် ကြက်မွေးဖွားချိန်မှစ၍ ရောင်းတန်းဝင်ချိန်အထိ ကြက်များ၏ ခန္ဓာကိုယ် ကြီးထွားနှုန်းနှင့် ကျန်းမာရေးအခြေအနေကို အစဉ်မပြတ် စောင့်ကြည့်ရသည်။ ထိုသို့ စောင့်ကြည့်ရာတွင် လူသိနည်းသော်လည်း စီးပွားရေးအရ အရေးပါသော အချက်တစ်ခုမှာ ကြက်များ၌ အမွေးနု (Pin feathers) လွန်ကဲစွာ ကျန်ရှိနေခြင်းပင် ဖြစ်သည်။ ကြက်အမွေးနုများခြင်းသည် ရိုးရှင်းသော ရူပသွင်ပြင် ပြဿနာတစ်ခုကဲ့သို့ ထင်ရသော်လည်း၊ အမှန်တကယ်တွင် စာကျက်/အစာစနစ်၊ ကျန်းမာရေးနှင့် ဈေးကွက်တန်ဖိုးတို့အပေါ် တိုက်ရိုက် သက်ရောက်မှုရှိနေသဖြင့် ယင်းပြဿနာကို စနစ်တကျ လေ့လာဆန်းစစ်ရန် လိုအပ်လျက်ရှိသည်။
ရှေးဦးစွာ ကြက်များ၌ အမွေးနုများပြားရခြင်း၏ အဓိကအကြောင်းအရင်းကို ဆန်းစစ်ကြည့်ပါက အာဟာရဓာတ် လိုအပ်ချက်နှင့် တိုက်ရိုက်ဆက်စပ်နေသည်ကို တွေ့ရသည်။ ကြက်၏ အမွေးအတောင်များသည် ပရိုတင်း (Protein) သတ္တုဓာတ်တစ်မျိုးဖြစ်သော ကီရာတင် (Keratin) ဖြင့် အဓိက ဖွဲ့စည်းထားခြင်းဖြစ်သည်။ ထို့ကြောင့် အစာထဲတွင် အမိုင်နိုအက်ဆစ် (အထူးသဖြင့် Methionine နှင့် Cysteine) မလုံလောက်ပါက ကြက်များ၏ အမွေးအတောင် စုံလင်စွာ ကြီးထွားမှု နှောင့်နှေးပြီး အမွေးနုများ မပြတ်ဘဲ ဖြစ်နေတတ်သည်။ ထို့အပြင် ရာသီဥတု ပြောင်းလဲမှု၊ ဇီဝလုံခြုံရေး လစ်ဟင်းမှုကြောင့် ဖြစ်ပေါ်လာသော စိတ်ဖိစီးမှု (Stress) နှင့် ပရိုတင်း ချို့တဲ့မှုတို့ကလည်း အမွေးလဲချိန်ကို မမှန်မကန်ဖြစ်စေပြီး အမွေးနုများ အလွန်အမင်း ထွက်ပေါ်စေသည်။
အမွေးနုများခြင်းသည် မွေးမြူရေးခြံ အဆင့်တွင်သာမက ဈေးကွက်သို့ တင်ပို့ရောင်းချသည့် အခါ၌လည်း ကြီးမားသော စိန်ခေါ်မှုတစ်ခု ဖြစ်လာသည်။ ကြက်ခုတ်ထုပ်လုပ်သူများနှင့် စားသုံးသူများသည် သန့်ရှင်းစင်ကြယ်သော ကြက်သားကိုသာ ဦးစားပေး ရွေးချယ်လေ့ရှိကြသည်။ ကြက်အမွေးနုများပြားပါက အမွေးနုတ်ခုတ်ထစ်သည့် အဆင့်တွင် အချိန်နှင့် လုပ်အားပိုမို ကုန်ကျစေသည် အပြင်၊ သန့်စင်ရန် ခက်ခဲသဖြင့် ကုန်ချော၏ အသွင်အပြင်ကို မသပ်ရပ်စေပါ။ စားသုံးသူများအတွက်ကြည့်လျှင်လည်း သန့်စင်ရန် လက်ဝင်ခြင်း၊ အလှအပဆိုင်ရာ လိုအပ်ချက်မပြည့်မီခြင်းတို့ကြောင့် ဈေးကွက်အတွင်း(‌ကြက်ရှားချိန်မသိသာပေမဲ့)ကြက်ပေါချိန်၌ ဝယ်လိုအား ကျဆင်းရုံသာမက ဈေးနှိမ့်ခံရခြင်း စသည့် စီးပွားရေးဆိုင်ရာ ဆုံးရှုံးမှုများကို ဖြစ်ပေါ်စေသည်။
ဤလိုအပ်ချက်နှင့် အားနည်းချက်များကို ဖြေရှင်းနိုင်ရန်အတွက် မွေးမြူရေး လုပ်ငန်းရှင်များအနေဖြင့် စနစ်တကျ စီမံခန့်ခွဲမှုများကို ပြုလုပ်ရမည်ဖြစ်သည်။ ပထမဦးစွာ ကြက်များ၏ အသက်အရွယ်နှင့်အမျှ လိုအပ်သော ပရိုတင်းနှင့် အမိုင်နိုအက်ဆစ် ပါဝင်မှုကို အစာပုံသေနည်း (Feed formulation) တွင် ပြည့်ဝစွာ ထည့်သွင်းပေးရမည်။ ဒုတိယအချက်အနေဖြင့် ခြံအတွင်း လေဝင်လေထွက်၊ အပူချိန်နှင့် ဇီဝလုံခြုံရေးဆိုင်ရာ မွေးမြူရေးဝန်းကျင်ကို စနစ်တကျ ထိန်းသိမ်းပေးခြင်းဖြင့် စိတ်ဖိစီးမှုကို လျှော့ချပေးရမည်။ သို့မှသာ ကြက်များ၏ ဇီဝရုပ်ဖြစ်ပျက်မှု မှန်ကန်ပြီး အမွေးအတောင်များ ပုံမှန်အတိုင်း အချိန်ကိုက် လဲလှယ် ကြီးထွားလာမည် ဖြစ်သည်။
ခြုံငုံသုံးသပ်ရသော် ကြက်အမွေးနုများခြင်းသည် ရိုးရှင်းသော အမွေးအတောင် ပြဿနာမဟုတ်ဘဲ အာဟာရဓာတ်၊ မွေးမြူရေး စီမံခန့်ခွဲမှုနှင့် ဈေးကွက်စီးပွားရေးဆိုင်ရာ လိုအပ်ချက်များကို မီးမောင်းထိုးပြနေသော အချက်ပြတစ်ခု ဖြစ်သည်။ ထို့ကြောင့် မွေးမြူရေးလုပ်ငန်း အောင်မြင်တိုးတက်စေရန်အတွက် အစာစနစ်နှင့် စီမံခန့်ခွဲမှု လိုအပ်ချက်များကို စနစ်တကျ ပြုပြင်ပြောင်းလဲပြီး ဈေးကွက်ဝင် အရည်အသွေးမြင့် ကြက်များကို ထုတ်လုပ်သွားကြရမည် ဖြစ်ပါသည်။

စိမ်းရွှန်းစို စိုက်ပျိုးမွေးမြူရေးခြံ

🍗 ဗမာကြက်ကြော်စစ်စစ် ရပါပြီဗျာ! 🍗တစ်ခါစားပြီးရင် ရိုးရိုးကြက်ကြော်နဲ့ မတူတဲ့အရသာကို သိသာစေမယ့် ဗမာကြက်သား 🐓🔥🌿 သဘာဝအရသာရှ...
18/09/2026

🍗 ဗမာကြက်ကြော်စစ်စစ် ရပါပြီဗျာ! 🍗

တစ်ခါစားပြီးရင် ရိုးရိုးကြက်ကြော်နဲ့ မတူတဲ့အရသာကို သိသာစေမယ့် ဗမာကြက်သား 🐓🔥

🌿 သဘာဝအရသာရှိတဲ့ ဗမာကြက်
🔥 အရသာဝင်အောင် နှပ်ပြီး ကြော်ထားပါတယ်
🍗 အသားတင်းတင်း၊ အရသာကောင်းကောင်း
👨‍👩‍👧‍👦 မိသားစုစားပွဲအတွက်လည်း အဆင်ပြေ

💰 တစ်ကောင် — ၂၅,၀၀၀ ကျပ်
📞 မှာယူရန် — 09 540 890 5

📌 စားချင်ရင် မနက်ဖြန်မှ မှာမယ်ဆိုပြီး မထားလိုက်နဲ့နော် 😄
ဒီနေ့စားချင်ရင် ဒီနေ့ပဲ ဖုန်းဆက်မှာလိုက်ပါ။

👉 ကြိုက်ရင် ရှယ်ပေးပါဦးဗျာ ❤️
(မနက်ဖန်မှစ၍ နေ့တိုင်း Order တင်လို့ရပါပြီ)

မိတ်ဆွေတွေထဲမှာ ဗမာကြက်သားကြိုက်တဲ့သူရှိရင် တွေ့အောင် Share လုပ်ပေးခြင်းက အကောင်းဆုံးအားပေးမှုပါ။

🐔 ကြက်သားရောင်းတာ မေ့နေကြပြီလားဗျို့ 😂အရောင်းပိုစ့် မတင်ဖြစ်တာကြာတော့“ဒီ Page က ကြက်သားရောင်းတာလား၊ ကြက်မွေးတာလား?” ဆိုပ...
16/09/2026

🐔 ကြက်သားရောင်းတာ မေ့နေကြပြီလားဗျို့ 😂

အရောင်းပိုစ့် မတင်ဖြစ်တာကြာတော့
“ဒီ Page က ကြက်သားရောင်းတာလား၊ ကြက်မွေးတာလား?” ဆိုပြီး
စဉ်းစားနေကြမယ်ထင်တယ် 😆

မရောင်းတော့တာ မဟုတ်ပါဘူးနော်… နေ့တိုင်းရောင်းပါတယ်😁
ကြက်တွေကို များများကြီးအောင် စောင့်နေရင်း
အရောင်းပိုစ့်တင်ဖို့ နည်းနည်းမေ့သွားတာပါ 🐔😂

🍗 ဗမာကြက်သားစစ်စစ် လိုချင်ရင်
📩 Messenger မှာ လာမေးလို့ရသလို
📞095408905 ကိုလဲ ဆက်သွယ်မှာယူနိုင်ပါတယ်။

ကြက်တွေက မမေ့ဘူး…
ကျွန်တော်တို့ကိုလည်း မမေ့ကြပါနဲ့နော်😁

🐔 ကြက်ကြီးတယ်… ဒါပေမယ့် အသားမရှိဘူး!ဒီနေ့ ကြက်ဖမ်းရင်း တွေ့ခဲ့ရတဲ့ ပြဿနာလေးတစ်ခုကို မွေးမြူသူတွေအတွက် မျှဝေပေးချင်ပါတယ်။...
15/09/2026

🐔 ကြက်ကြီးတယ်… ဒါပေမယ့် အသားမရှိဘူး!

ဒီနေ့ ကြက်ဖမ်းရင်း တွေ့ခဲ့ရတဲ့ ပြဿနာလေးတစ်ခုကို မွေးမြူသူတွေအတွက် မျှဝေပေးချင်ပါတယ်။
ကြက်က အရွယ်ရောက်ပြီး ကိုယ်အလေးချိန်တော့ ရှိတယ်။ ဒါပေမယ့် ဖမ်းပြီး ရင်ဘတ်ကိုကြည့်လိုက်တော့—
❌ ရင်သားမပြည့်
❌ ရင်ချွန်းနေ
❌ အရိုးက ထင်ရှား
❌ ကိုယ်အလေးချိန်ရှိသလောက် အသားမရ

ဒီလိုပြဿနာကို ခြံတော်တော်များများမှာ တွေ့ရပါတယ်။
“ဘာအစာကျွေးလဲ?” လို့ မေးကြည့်တော့
ဇကွဲတစ်မျိုးတည်းကိုပဲ ဆက်တိုက်ကျွေးနေတယ် လို့ သိရပါတယ်။
အစပိုင်းမှာ CP အစာကျွေးတယ်။
နောက်ပိုင်း အစာဖိုးမတတ်နိုင်တော့လို့ CP ကိုရပ်ပြီး ဇကွဲတစ်မျိုးတည်းနဲ့ ဆက်မွေးခဲ့တာပါ။

👉 ဒီနေရာမှာ သတိထားရမယ့်အချက်က—
ကြက်တစ်ကောင် အလေးချိန်တက်ဖို့ဆိုတာနဲ့ အသားကောင်းကောင်းတည်ဆောက်နိုင်ဖို့ဆိုတာ မတူပါဘူး။
ကြက်စာမှာ
🌽 Energy
🥜 Protein
🦴 Calcium / Phosphorus
🧂 Mineral
💊 Vitamin
💧 ရေ
စတဲ့ အာဟာရတွေကို ကြက်ရဲ့အရွယ်နဲ့ ကိုက်ညီအောင် မျှတစွာ ရရှိဖို့လိုပါတယ်။
အစာဖိုးလျှော့ချင်လို့ အစာတစ်မျိုးတည်းကိုပဲ အားကိုးလိုက်မယ်ဆိုရင်—
“အလေးချိန်ရှိပေမယ့် အသားမရှိတဲ့ကြက်” ဖြစ်လာနိုင်ပါတယ်။

💡 အရေးကြီးဆုံးက အစာဈေးသက်သာဖို့တစ်ခုတည်း မကြည့်ပါနဲ့။

တစ်ကောင်ကို ဘယ်လောက်စားသလဲ၊
ဘယ်လောက်ကြီးလာသလဲ၊
အသားဘယ်လောက်တည်ဆောက်လာသလဲ၊
နောက်ဆုံး ရောင်းချတဲ့အချိန်မှာ အသားဘယ်လောက်ရသလဲ—
ဒါတွေကို စုပေါင်းပြီးကြည့်ရပါတယ်။
အစာဖိုးသက်သာတာ ≠ မွေးမြူရေးကုန်ကျစရိတ်သက်သာတာ ပါ။
အစာဖိုးကို လျှော့ချမယ်ဆိုရင်လည်း
တစ်မျိုးတည်းဖြတ်ချတာထက် အာဟာရမပျက်အောင် အစားထိုးပြီး စနစ်တကျ စပ်ကျွေးတာ က ပိုအရေးကြီးပါတယ်။

🐔 ကြက်ကြီးဖို့ထက် အသားကောင်းကောင်းတည်ဖို့က ပိုအရေးကြီးပါတယ်။
ဒီလိုပြဿနာမျိုးကို မိမိခြံမှာ မကြုံရအောင်
အစာကို “ဘာကျွေးရမလဲ” ဆိုတာထက်
“အာဟာရဘယ်လိုပြည့်အောင် ကျွေးရမလဲ” ဆိုတာကို အရင်စဉ်းစားကြပါလို့ အကြံပြုပါရစေဗျာ။

#ဒေသကြက်မွေးမြူရေး
#ကြက်စာ
#ကြက်အသားတည်ဆောက်မှု
#မွေးမြူရေးပညာပေး

🐔 ကြက်မွေးမြူသူများရဲ့ “ဉာဏ်စမ်း” 🧠                       အခန်း(၁)ကြက်မွေးဖူးတဲ့သူတိုင်းဒီမေးခွန်း(အဖြေ)ကိုတော့  သိကြမှာ...
13/09/2026

🐔 ကြက်မွေးမြူသူများရဲ့ “ဉာဏ်စမ်း” 🧠
အခန်း(၁)
ကြက်မွေးဖူးတဲ့သူတိုင်း
ဒီမေးခွန်း(အဖြေ)ကိုတော့ သိကြမှာပါ 😁

"A, B, C, D ထဲက ဘယ်ဟာ အဖြေမှန်လဲ?
အဖြေလေး မန့်ခဲ့ကြပါဦး! 👇"

"ကြက်သမားတို့ရေ... သင့်ခြံထဲက ကြက်တွေရော A လား၊ D လား? 😉"

(အပျင်းပြေပေါ့)

🐔🔥 ကြက်သားရောင်းပေးနေပါတယ်နော်… စောစောလာဝယ်ကြပါ!ဒီနေ့အတွက် ကြက်သား ရောင်းပေးနေပါပြီဗျို့ 😋🍗 လတ်လတ်ဆတ်ဆတ်🍗 ချက်စားလို့ကော...
10/09/2026

🐔🔥 ကြက်သားရောင်းပေးနေပါတယ်နော်… စောစောလာဝယ်ကြပါ!

ဒီနေ့အတွက် ကြက်သား ရောင်းပေးနေပါပြီဗျို့ 😋

🍗 လတ်လတ်ဆတ်ဆတ်
🍗 ချက်စားလို့ကောင်း
🍗 မိသားစုစားဖို့ အဆင်ပြေ
🍗 ကိုယ်တိုင်ချက်စားမယ်ဆိုလည်း ရ
🍗 ကြော်စား၊ ကင်စား၊ ဟင်းချက်စား—အဆင်ပြေပါတယ် ❤️

အရေးကြီးတာတစ်ခုရှိတယ်နော် 😂

👉 စောစောလာဝယ်ကြပါ
👉 မနက်ပိုင်းလာရင် ရွေးချယ်စရာပိုများပါတယ်
👉 ကုန်သွားမှ “အကိုရေ ကြက်သားရှိသေးလား” ဆိုပြီး ဖုန်းမဆက်ကြနဲ့နော် 😂😂

ရောင်းနေတုန်းတော့ မေးမယ့်သူနည်းနည်း…
ကုန်သွားမှတော့ “တစ်ပိဿာလောက် ချန်ထားပေးပါလား” ဆိုတာတွေ များလာတတ်လို့ပါ 🤣

📞 095408905 ကို မှာယူချင်ရင် စောစောဆက်သွယ်ထားပါ။

လာဝယ်မယ့်သူတွေကို အရင်ဆုံး ဦးစားပေးပေးပါမယ်ဗျာ။

စိမ်းရွှန်းစို စိုက်ပျိုးမွေးမြူရေးခြံ
#ဗမာကြက်သား
#တညင်းကုန်းဈေး
#တပိဿာ၃၅၀၀၀ကျပ်

"ထမင်း တလုတ် အတွက် အဆိပ်သောက်နေရတဲ့ ကမ္ဘာ့လယ်သမားများ"ကျွန်တော်တို့ နေ့စဉ် စားပွဲပေါ်မှာ မြင်တွေ့နေရတဲ့ လတ်ဆတ်တဲ့ ဟင်းသီ...
10/09/2026

"ထမင်း တလုတ် အတွက် အဆိပ်သောက်နေရတဲ့ ကမ္ဘာ့လယ်သမားများ"

ကျွန်တော်တို့ နေ့စဉ် စားပွဲပေါ်မှာ မြင်တွေ့နေရတဲ့ လတ်ဆတ်တဲ့ ဟင်းသီးဟင်းရွက်တွေ၊ သစ်သီးဝလံတွေနဲ့ ဆန်စပါးတွေ နောက်ကွယ်မှာ အလွန် ကြောက်မက်ဖွယ်ကောင်းတဲ့ အမှောင်ခြမ်း တစ်ခု ရှိနေပါတယ်။

အဲဒါကတော့ ဒီအစားအစာတွေကို စိုက်ပျိုးထုတ်လုပ်ပေးနေတဲ့ ကမ္ဘာတဝန်းက လယ်သမား ထက်ဝက်နီးပါးဟာ နှစ်စဉ် #ပိုးသတ်ဆေးအဆိပ်သင့်မှု ကို #ဆိုးရွားစွာခံစားနေရတယ် ဆိုတဲ့ အချက်ပဲ ဖြစ်ပါတယ်။

ဒီတခါမှာတော့ Pesticide Action Network (PAN) လို နိုင်ငံတကာ အဖွဲ့အစည်းတွေရဲ့ လေ့လာမှုတွေအရ ဒီအသံတိတ် လူသတ်သမားအကြောင်းကို ဗဟုသုတအနေနဲ့ လေ့လာကြည့်ကြရအောင်ပါ။

နှစ်စဉ် သန်း ၃၈၀ ကျော်သော အဆိပ်သင့်မှုများ

ကမ္ဘာပေါ်မှာ လယ်ယာစိုက်ပျိုးရေး လုပ်သားပေါင်း ၈၆၀ သန်း ဝန်းကျင် ရှိပါတယ်။ အဲဒီအထဲကနေ နှစ်စဉ် လူပေါင်း ၃၈၅ သန်းခန့် (၄၄ ရာခိုင်နှုန်း) ဟာ #မတော်တဆ ပိုးသတ်ဆေး အဆိပ်သင့်မှုတွေကို #ပြင်းပြင်းထန်ထန် ခံစားနေရပါတယ်။

အဆိပ်သင့်မှု အများဆုံး ဒေသတွေကတော့ တောင်အာရှ၊ အရှေ့တောင်အာရှနဲ့ အရှေ့အာဖရိကတို့ ဖြစ်ပါတယ်။ နိုင်ငံအလိုက် ကြည့်ရင် အနောက်အာဖရိကက ဘာကီးနားဖားဆို နိုင်ငံမှာ အဆိုးရွားဆုံးဖြစ်ပြီး လယ်သမား ၈၄ ရာခိုင်နှုန်းအထိ ပိုးသတ်ဆေး အဆိပ်သင့်ဖူးတယ်လို့ မှတ်တမ်းတွေက ဆိုပါတယ်။

ပိုဆိုးတာက ပိုးသတ်ဆေး အဆိပ်သင့်မှုကြောင့် နှစ်စဉ် #လယ်သမားပေါင်း၁၁၀၀၀ လောက် #အသက်ဆုံးရှုံးနေရပါတယ်။ အဲဒီ သေဆုံးသူတွေရဲ့ ၆၀ ရာခိုင်နှုန်းနီးပါးဟာ ကမ္ဘာ့လူဦးရေ အများဆုံး အိန္ဒိယနိုင်ငံက ဖြစ်နေတာဟာ အလွန် ထိတ်လန့်စရာ ကောင်းပါတယ်။

ဘာကြောင့် ဒီလောက် အဆိပ်သင့်ရသလဲ

ပိုးသတ်ဆေး အန္တရာယ်ကို ကမ္ဘာတလွှားမှာ သတိပေးနေပေမဲ့ သုံးစွဲမှုကတော့ ၁၉၉၀ ပြည့်နှစ်ကထက် နှစ်ဆကျော် တိုးလာပြီး လက်ရှိအချိန်မှာ တစ်နှစ်ကို တန်ချိန် ၄ သန်းနီးပါးအထိ စံချိန်တင် သုံးစွဲလာကြပါတယ်။ လယ်သမားတွေဟာ အဓိကအားဖြင့် ဆေးဖျော်စပ်ချိန်၊ ပက်ဖျန်းချိန်၊ ဆေးဖျန်းထားတဲ့ သီးနှံတွေနဲ့ အဝတ်အစားတွေကို ကိုင်တွယ်ချိန်တွေမှာ #အရေပြားနဲ့အသက်ရှူလမ်းကြောင်းကနေတဆင့် အဆိပ်သင့်ကြတာ ဖြစ်ပါတယ်။

ဒီနေရာမှာ အကြီးမားဆုံး ပြဿနာ နှစ်ခု ရှိပါတယ်။

ပထမတစ်ခုက အနောက်နိုင်ငံကြီးတွေရဲ့ Double Standard ပါ။ ဥရောပ (EU) လို နိုင်ငံတွေဟာ အလွန်ပြင်းထန်တဲ့ ပိုးသတ်ဆေး (ဥပမာ Paraquat လို ဆေးမျိုး) တွေကို ကျန်းမာရေးအရ သူတို့နိုင်ငံတွင်းမှာ သုံးစွဲခွင့် ပိတ်ပင်ထားပါတယ်။ ဒါပေမဲ့ အဲဒီ ဓာတုဆေးတွေကို ဥရောပကုမ္ပဏီတွေက ဆက်လက် ထုတ်လုပ်ပြီး အာရှနဲ့ အာဖရိကလို ဖွံ့ဖြိုးဆဲ နိုင်ငံတွေကိုတော့ ပုံမှန် တင်ပို့ရောင်းချနေပါတယ်။

ဒုတိယပြဿနာက အကာအကွယ် ဝတ်စုံ (PPE) ပါ။ ပိုးသတ်ဆေး ဖျန်းရင် တစ်ကိုယ်လုံး လုံခြုံတဲ့ PPE ဝတ်စုံ ဝတ်ရမယ်လို့ စည်းမျဉ်းထုတ်ထားပေမဲ့ အာရှနဲ့ အာဖရိကလို အပူချိန် ၄၀ ဒီဂရီစင်တီဂရိတ်လောက် ရှိတဲ့ နိုင်ငံတွေက လယ်သမားတွေအတွက် အဲဒီလို လုံခြုံထူထဲတဲ့ ဝတ်စုံတွေ ဝတ်ပြီး အလုပ်လုပ်ဖို့ဆိုတာ လက်တွေ့မှာ လုံးဝ မဖြစ်နိုင်ပါဘူး။ ဒါကြောင့် သာမန်အဝတ်အစားတွေနဲ့ပဲ ဖျန်းရတဲ့အတွက် အရေပြားကနေတစ်ဆင့် အဆိပ်တွေ အလွယ်တကူ စိမ့်ဝင်သွားရတာ ဖြစ်ပါတယ်။

ရေရှည်ဆိုးကျိုးဖြစ်တဲ့ ပါကင်ဆန် နဲ့ ကလေးလုပ်သားများ

ဒီလေ့လာမှုတွေမှာ စိုက်ပျိုးရေး လုပ်ငန်းခွင်ထဲ ရောက်နေတဲ့ ကလေးလုပ်သား ၈၄ သန်းကျော်ရဲ့ အခြေအနေကို အတိအကျ ထည့်သွင်းတွက်ချက်ထားနိုင်ခြင်း မရှိသေးပါဘူး။ ကလေးတွေရဲ့ ခန္ဓာကိုယ်ဟာ ဓာတုဆေးတွေကို ပိုပြီး အလွယ်တကူ စုပ်ယူနိုင်လို့ အန္တရာယ် ပိုကြီးမားပါတယ်။

ဒါ့အပြင် လတ်တလော ခေါင်းမူး၊ အန် တာမျိုးလောက် မဟုတ်ဘဲ ပိုးသတ်ဆေးတွေမှာ ကြောက်စရာကောင်းတဲ့ ရေရှည်ဆိုးကျိုးတွေ အများကြီး ရှိပါတယ်။ ဥပမာ ဦးနှောက်နဲ့ အာရုံကြောကို ထိခိုက်စေပြီး လက်တုန်/ခြေတုန်ဖြစ်စေတဲ့ ပါကင်ဆန်ရောဂါဟာ ပိုးသတ်ဆေးတွေနဲ့ တိုက်ရိုက်ပတ်သက်နေတယ်လို့ ပညာရှင်တွေက အခိုင်အမာ ဆိုပါတယ်။

နယ်သာလန်နိုင်ငံက Rendert ဆိုတဲ့ လယ်သမားတစ်ဦးက ကျွန်တော်က သားအကြီးဆုံးဆိုတော့ လယ်ထဲမှာ နှစ်ပေါက်အောင် ပိုးသတ်ဆေးတွေ ဖျန်းခဲ့ရတယ်။ အခု ကျွန်တော် ခံစားနေရတဲ့ ပါကင်ဆန်ရောဂါက အဲဒီပိုးသတ်ဆေးတွေကြောင့်ပဲ လို့ ဖွင့်ဟပြောဆိုခဲ့ပါတယ်။ ဒီအခြေအနေကို သတိထားမိတဲ့ ပြင်သစ်၊ ဂျာမနီနဲ့ အီတလီ နိုင်ငံတွေမှာဆိုရင် ပါကင်ဆန်ရောဂါကို လယ်သမားတွေမှာ အဖြစ်များတဲ့ လုပ်ငန်းခွင်ရောဂါ အဖြစ်တောင် တရားဝင် သတ်မှတ်ပေးထားရပါတယ်။

PAN (အိန္ဒိယ) ရဲ့ တာဝန်ရှိသူ ဂျေရာကူးမား ကတော့ "ဒါဟာ လျစ်လျူရှုထားလို့ မရတော့တဲ့ ဧရာမ အကျပ်အတည်းကြီး တစ်ခု" လို့ သတိပေးလိုက်ပါတယ်။

အခုလေ့လာမှုဟာ တော်တော်လေး တိကျနေပြီ ဖြစ်ပေမဲ့ ကမ္ဘာတဝန်းက ပိုးသတ်ဆေး အဆိပ်သင့်မှု မှတ်တမ်းတွေက အများကြီး လိုအပ်နေပါသေးတယ်။

ဒါကြောင့် နိုင်ငံတိုင်းမှာ တိကျခိုင်မာတဲ့ စောင့်ကြည့်မှတ်တမ်းတင် စနစ်တွေ ထားရှိဖို့ လိုအပ်နေသလို၊ လယ်သမားတွေနဲ့ သူတို့မိသားစုတွေရဲ့ ကျန်းမာရေးအတွက် အန္တရာယ်များတဲ့ ပိုးသတ်ဆေးတွေကို အမြန်ဆုံး ဖယ်ရှားပြီး ပိုမိုဘေးကင်းတဲ့ အခြား ဇီဝနည်းပညာ ရွေးချယ်စရာတွေ ဖန်တီးပေးဖို့ ပညာရှင်တွေက အလေးအနက် တိုက်တွန်းထားပါတယ်။

Ref:
The Guardian - Almost half of world’s farmers poisoned by pesticides every year, experts find

https://www.facebook.com/100054631771434/posts/1659309149233462/?mibextid=CDWPTG

ထမင်း တလုတ် အတွက် အဆိပ်သောက်နေရတဲ့ ကမ္ဘာ့လယ်သမားများ

ကျွန်တော်တို့ နေ့စဉ် စားပွဲပေါ်မှာ မြင်တွေ့နေရတဲ့ လတ်ဆတ်တဲ့ ဟင်းသီးဟင်းရွက်တွေ၊ သစ်သီးဝလံတွေနဲ့ ဆန်စပါးတွေ နောက်ကွယ်မှာ အလွန် ကြောက်မက်ဖွယ်ကောင်းတဲ့ အမှောင်ခြမ်း တစ်ခု ရှိနေပါတယ်။

အဲဒါကတော့ ဒီအစားအစာတွေကို စိုက်ပျိုးထုတ်လုပ်ပေးနေတဲ့ ကမ္ဘာတဝန်းက လယ်သမား ထက်ဝက်နီးပါးဟာ နှစ်စဉ် ပိုးသတ်ဆေး အဆိပ်သင့်မှု ကို ဆိုးရွားစွာ ခံစားနေရတယ် ဆိုတဲ့ အချက်ပဲ ဖြစ်ပါတယ်။

ဒီတခါမှာတော့ Pesticide Action Network (PAN) လို နိုင်ငံတကာ အဖွဲ့အစည်းတွေရဲ့ လေ့လာမှုတွေအရ ဒီအသံတိတ် လူသတ်သမားအကြောင်းကို ဗဟုသုတအနေနဲ့ လေ့လာကြည့်ကြရအောင်ပါ။

နှစ်စဉ် သန်း ၃၈၀ ကျော်သော အဆိပ်သင့်မှုများ

ကမ္ဘာပေါ်မှာ လယ်ယာစိုက်ပျိုးရေး လုပ်သားပေါင်း ၈၆၀ သန်း ဝန်းကျင် ရှိပါတယ်။ အဲဒီအထဲကနေ နှစ်စဉ် လူပေါင်း ၃၈၅ သန်းခန့် (၄၄ ရာခိုင်နှုန်း) ဟာ မတော်တဆ ပိုးသတ်ဆေး အဆိပ်သင့်မှုတွေကို ပြင်းပြင်းထန်ထန် ခံစားနေရပါတယ်။

အဆိပ်သင့်မှု အများဆုံး ဒေသတွေကတော့ တောင်အာရှ၊ အရှေ့တောင်အာရှနဲ့ အရှေ့အာဖရိကတို့ ဖြစ်ပါတယ်။ နိုင်ငံအလိုက် ကြည့်ရင် အနောက်အာဖရိကက ဘာကီးနားဖားဆို နိုင်ငံမှာ အဆိုးရွားဆုံးဖြစ်ပြီး လယ်သမား ၈၄ ရာခိုင်နှုန်းအထိ ပိုးသတ်ဆေး အဆိပ်သင့်ဖူးတယ်လို့ မှတ်တမ်းတွေက ဆိုပါတယ်။

ပိုဆိုးတာက ပိုးသတ်ဆေး အဆိပ်သင့်မှုကြောင့် နှစ်စဉ် လယ်သမားပေါင်း ၁၁,၀၀၀ လောက် အသက်ဆုံးရှုံးနေရပါတယ်။ အဲဒီ သေဆုံးသူတွေရဲ့ ၆၀ ရာခိုင်နှုန်းနီးပါးဟာ ကမ္ဘာ့လူဦးရေ အများဆုံး အိန္ဒိယနိုင်ငံက ဖြစ်နေတာဟာ အလွန် ထိတ်လန့်စရာ ကောင်းပါတယ်။

ဘာကြောင့် ဒီလောက် အဆိပ်သင့်ရသလဲ

ပိုးသတ်ဆေး အန္တရာယ်ကို ကမ္ဘာတလွှားမှာ သတိပေးနေပေမဲ့ သုံးစွဲမှုကတော့ ၁၉၉၀ ပြည့်နှစ်ကထက် နှစ်ဆကျော် တိုးလာပြီး လက်ရှိအချိန်မှာ တစ်နှစ်ကို တန်ချိန် ၄ သန်းနီးပါးအထိ စံချိန်တင် သုံးစွဲလာကြပါတယ်။ လယ်သမားတွေဟာ အဓိကအားဖြင့် ဆေးဖျော်စပ်ချိန်၊ ပက်ဖျန်းချိန်၊ ဆေးဖျန်းထားတဲ့ သီးနှံတွေနဲ့ အဝတ်အစားတွေကို ကိုင်တွယ်ချိန်တွေမှာ အရေပြားနဲ့ အသက်ရှူလမ်းကြောင်းကနေတဆင့် အဆိပ်သင့်ကြတာ ဖြစ်ပါတယ်။

ဒီနေရာမှာ အကြီးမားဆုံး ပြဿနာ နှစ်ခု ရှိပါတယ်။

ပထမတစ်ခုက အနောက်နိုင်ငံကြီးတွေရဲ့ Double Standard ပါ။ ဥရောပ (EU) လို နိုင်ငံတွေဟာ အလွန်ပြင်းထန်တဲ့ ပိုးသတ်ဆေး (ဥပမာ Paraquat လို ဆေးမျိုး) တွေကို ကျန်းမာရေးအရ သူတို့နိုင်ငံတွင်းမှာ သုံးစွဲခွင့် ပိတ်ပင်ထားပါတယ်။ ဒါပေမဲ့ အဲဒီ ဓာတုဆေးတွေကို ဥရောပကုမ္ပဏီတွေက ဆက်လက် ထုတ်လုပ်ပြီး အာရှနဲ့ အာဖရိကလို ဖွံ့ဖြိုးဆဲ နိုင်ငံတွေကိုတော့ ပုံမှန် တင်ပို့ရောင်းချနေပါတယ်။

ဒုတိယပြဿနာက အကာအကွယ် ဝတ်စုံ (PPE) ပါ။ ပိုးသတ်ဆေး ဖျန်းရင် တစ်ကိုယ်လုံး လုံခြုံတဲ့ PPE ဝတ်စုံ ဝတ်ရမယ်လို့ စည်းမျဉ်းထုတ်ထားပေမဲ့ အာရှနဲ့ အာဖရိကလို အပူချိန် ၄၀ ဒီဂရီစင်တီဂရိတ်လောက် ရှိတဲ့ နိုင်ငံတွေက လယ်သမားတွေအတွက် အဲဒီလို လုံခြုံထူထဲတဲ့ ဝတ်စုံတွေ ဝတ်ပြီး အလုပ်လုပ်ဖို့ဆိုတာ လက်တွေ့မှာ လုံးဝ မဖြစ်နိုင်ပါဘူး။ ဒါကြောင့် သာမန်အဝတ်အစားတွေနဲ့ပဲ ဖျန်းရတဲ့အတွက် အရေပြားကနေတစ်ဆင့် အဆိပ်တွေ အလွယ်တကူ စိမ့်ဝင်သွားရတာ ဖြစ်ပါတယ်။

ရေရှည်ဆိုးကျိုးဖြစ်တဲ့ ပါကင်ဆန် နဲ့ ကလေးလုပ်သားများ

ဒီလေ့လာမှုတွေမှာ စိုက်ပျိုးရေး လုပ်ငန်းခွင်ထဲ ရောက်နေတဲ့ ကလေးလုပ်သား ၈၄ သန်းကျော်ရဲ့ အခြေအနေကို အတိအကျ ထည့်သွင်းတွက်ချက်ထားနိုင်ခြင်း မရှိသေးပါဘူး။ ကလေးတွေရဲ့ ခန္ဓာကိုယ်ဟာ ဓာတုဆေးတွေကို ပိုပြီး အလွယ်တကူ စုပ်ယူနိုင်လို့ အန္တရာယ် ပိုကြီးမားပါတယ်။

ဒါ့အပြင် လတ်တလော ခေါင်းမူး၊ အန် တာမျိုးလောက် မဟုတ်ဘဲ ပိုးသတ်ဆေးတွေမှာ ကြောက်စရာကောင်းတဲ့ ရေရှည်ဆိုးကျိုးတွေ အများကြီး ရှိပါတယ်။ ဥပမာ ဦးနှောက်နဲ့ အာရုံကြောကို ထိခိုက်စေပြီး လက်တုန်/ခြေတုန်ဖြစ်စေတဲ့ ပါကင်ဆန်ရောဂါဟာ ပိုးသတ်ဆေးတွေနဲ့ တိုက်ရိုက်ပတ်သက်နေတယ်လို့ ပညာရှင်တွေက အခိုင်အမာ ဆိုပါတယ်။

နယ်သာလန်နိုင်ငံက Rendert ဆိုတဲ့ လယ်သမားတစ်ဦးက ကျွန်တော်က သားအကြီးဆုံးဆိုတော့ လယ်ထဲမှာ နှစ်ပေါက်အောင် ပိုးသတ်ဆေးတွေ ဖျန်းခဲ့ရတယ်။ အခု ကျွန်တော် ခံစားနေရတဲ့ ပါကင်ဆန်ရောဂါက အဲဒီပိုးသတ်ဆေးတွေကြောင့်ပဲ လို့ ဖွင့်ဟပြောဆိုခဲ့ပါတယ်။ ဒီအခြေအနေကို သတိထားမိတဲ့ ပြင်သစ်၊ ဂျာမနီနဲ့ အီတလီ နိုင်ငံတွေမှာဆိုရင် ပါကင်ဆန်ရောဂါကို လယ်သမားတွေမှာ အဖြစ်များတဲ့ လုပ်ငန်းခွင်ရောဂါ အဖြစ်တောင် တရားဝင် သတ်မှတ်ပေးထားရပါတယ်။

PAN (အိန္ဒိယ) ရဲ့ တာဝန်ရှိသူ ဂျေရာကူးမား ကတော့ "ဒါဟာ လျစ်လျူရှုထားလို့ မရတော့တဲ့ ဧရာမ အကျပ်အတည်းကြီး တစ်ခု" လို့ သတိပေးလိုက်ပါတယ်။

အခုလေ့လာမှုဟာ တော်တော်လေး တိကျနေပြီ ဖြစ်ပေမဲ့ ကမ္ဘာတဝန်းက ပိုးသတ်ဆေး အဆိပ်သင့်မှု မှတ်တမ်းတွေက အများကြီး လိုအပ်နေပါသေးတယ်။

ဒါကြောင့် နိုင်ငံတိုင်းမှာ တိကျခိုင်မာတဲ့ စောင့်ကြည့်မှတ်တမ်းတင် စနစ်တွေ ထားရှိဖို့ လိုအပ်နေသလို၊ လယ်သမားတွေနဲ့ သူတို့မိသားစုတွေရဲ့ ကျန်းမာရေးအတွက် အန္တရာယ်များတဲ့ ပိုးသတ်ဆေးတွေကို အမြန်ဆုံး ဖယ်ရှားပြီး ပိုမိုဘေးကင်းတဲ့ အခြား ဇီဝနည်းပညာ ရွေးချယ်စရာတွေ ဖန်တီးပေးဖို့ ပညာရှင်တွေက အလေးအနက် တိုက်တွန်းထားပါတယ်။

Ref:
The Guardian - Almost half of world’s farmers poisoned by pesticides every year, experts find

10/9/26  #နေ့စဉ်  #တညင်းကုန်းဈေးစိမ်းရွှန်းစို စိုက်ပျိုးမွေးမြူရေးခြံ 📞095408905 #တပိဿာ၃၅၀၀၀ကျပ်
09/09/2026

10/9/26
#နေ့စဉ် #တညင်းကုန်းဈေး

စိမ်းရွှန်းစို စိုက်ပျိုးမွေးမြူရေးခြံ

📞095408905

#တပိဿာ၃၅၀၀၀ကျပ်

9/9/26စိမ်းရွှန်းစို စိုက်ပျိုးမွေးမြူရေးခြံ  #စိမ်းရွန်းစို #ဗမာကြက်သား #တညင်းကုန်းဈေး #တပိဿာ၃၅၀၀၀ကျပ်📞095408905/099654...
08/09/2026

9/9/26

စိမ်းရွှန်းစို စိုက်ပျိုးမွေးမြူရေးခြံ

#စိမ်းရွန်းစို
#ဗမာကြက်သား
#တညင်းကုန်းဈေး

#တပိဿာ၃၅၀၀၀ကျပ်

📞095408905/09965408905

#ရန်ကုန်မြို့တွင်းCODရသည်

ကျွန်တော်ထင်တာတော့…E က တော်တော်အန္တရာယ်များတယ်ဗျာ 🤣
07/09/2026

ကျွန်တော်ထင်တာတော့…
E က တော်တော်အန္တရာယ်များတယ်ဗျာ 🤣

Address

Hmaw Bi
Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00

Telephone

+9595408905

Website

Alerts

Be the first to know and let us send you an email when စိမ်းရွှန်းစို စိုက်ပျိုးမွေးမြူရေးခြံ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to စိမ်းရွှန်းစို စိုက်ပျိုးမွေးမြူရေးခြံ:

Shortcuts

Share

Category