Millionaire TH

Millionaire TH Bakery & Pastry 🎂🎂

🛑မြန်မာစကားပုံ🛑✍️ကိုယ့်အသိမိတ်ဆွေသူငယ်ချင်းတွေ       ဂျပန်သွားကြတရ်လို့ကြားတရ်...။✍️အဲ့ဒီတော့သူတို့ အတွက် စကားလေး      လ...
09/08/2025

🛑မြန်မာစကားပုံ🛑

✍️ကိုယ့်အသိမိတ်ဆွေသူငယ်ချင်းတွေ
ဂျပန်သွားကြတရ်လို့ကြားတရ်...။

✍️အဲ့ဒီတော့သူတို့ အတွက် စကားလေး
လက်ဆောင်ပါးချင်လို့...။




‌‌ေယာက်ဖြစ်ဖို့ကြိုးစားနေသူ

#လိုအပ်လျှင်ယူသုံးခွင့်ပြုပါသည်။

#မူရင်းပုံနဲ့စာ

✍️အရောင်မပြောင်းပါနှင့်✍️👽ထမင်းဖြူဆိုတဲ့အတိုင်း အဆင်ပြေတာနဲ့ရောလို့ရတရ်...။👽ဒံပေါက်နဲ့တွဲရောလိုက်ရင် ဒံပေါက်နဲ့တသားထဲဖြစ...
09/08/2025

✍️အရောင်မပြောင်းပါနှင့်✍️

👽ထမင်းဖြူဆိုတဲ့အတိုင်း အဆင်ပြေတာနဲ့ရောလို့ရတရ်...။

👽ဒံပေါက်နဲ့တွဲရောလိုက်ရင် ဒံပေါက်နဲ့တသားထဲဖြစ်မယ်...။

👽ကြက်သားဟင်း နဲ့ရောစားလဲ အဆင်ပြေတရ်...။

👽ကြက်ဥကြော်နဲ့ဆီဆမ်းပြီးဆားလေးဖြူးစားလဲ အရသာရှိတာပဲ...။

👽အဲ့တော့ ဘယ်နေရာရောက်ရောက်ဆန်ရှိဖို့အရေးကြီးသလိုချက်လိုက်ရင် ထမင်းဖြစ်ဖို့ လိုအပ်တရ်...။

👽လူဆိုတာလည်း လူဖြစ်နေရုံနဲ့မရဘူးလူပီသဖို့လည်းလိုအပ်သလို ကိုယ်ခြင်းစာတရား ကျင့်သုံးတတ်ဖို့လိုအပ်တရ်...။

👽တခုပဲမှာချင်တာ ထမင်းလိုတော့ ရောလိုက်တဲ့အရာနဲ့တသားထဲမဖြစ်စေနဲ့..။

👽စိတ်ဓာတ်ကို အရောင်မဆိုးပါနဲ့...။

👽မူရင်းလာတဲ့စိတ်အတိုင်းပဲထားပါ...။




ြစ်ဖို့ကြိုးစားနေသူ
#အမှားပါရင်ခွင့်လွှတ်ပါ

 #မိန်းမရှစ်ခိုးသွားမကျိုးသေးသည့်ဂြိုလ်သား...👽👽👽👽👽ဂြိုလ်သားနဲ့ဂြိုလ်သားချစ်သူစညားတော့ ဂြိုလ်သားအသက်က ၂၆ နှစ် ဂြိုလ်သား မ...
08/08/2025

#မိန်းမရှစ်ခိုးသွားမကျိုးသေးသည့်ဂြိုလ်သား...👽👽👽👽

👽ဂြိုလ်သားနဲ့ဂြိုလ်သားချစ်သူစညားတော့ ဂြိုလ်သားအသက်က ၂၆ နှစ် ဂြိုလ်သား မိန်းမဖြစ်မယ့် ကောင်မလေး (ခေတ်အခေါ် ရှော်တီ )လေး က ၁၉ နှစ်...။

👽မန်းလေးက ဦးမျိုးသန့်ဆိုတဲ့ ဘိုးတော်ငနဲက အသက်ကြ‌ီး ၆၀ ကျောလား ဘယ်လောက်လဲ မမှတ်မိ ကောင်မလေးကလည်း ၂၀ ကျော် ...ဒါလွန်ခဲ့တဲ့ နှစ်နှစ်လောက်က အထူးခြားဆုံး သတင်းပေါ့ (ဟုတ်စ )...။

👽သနားတရ်....။

👽ဂြိုလ်သားတို့က ၂၀၁၃ခုနှစ် လောက်ကတည်းက ကြုံထားတာ နောက်တခုက သူများတွေလို ချစ်ကြိုက်ပြီးမှ ညားခဲ့တာလဲ မဟုတ်ဖူး...။

👽ဂြိုလ်သားဖူးစာက ထူးဆန်းတရ်...အင်းလျားကန်ဘောင်မှာ Nightout ထွက်ရင်း ကြုံတဲ့ဖူးစာ...ဗျ...အဲ့ဒါတွေကြုံရင် ပြောပြမယ် ...အစားအသောက်ကောင်းကောင်းသာ လုပ်ထားလိုက် အိမ်အထိလာပြောပြမယ်(အရက်/ဘီယာ )မသောက်ပါ...။

👽ညားခါစမှာဂြိုလ်သားအလုပ်ရှိတရ်...မိန်းမထိုင်စား....အဲ့လိုနဲ့ ဖြတ်သန်းလာပြီး ဂြိုလ်သား အလုပ်နားခါနီး မိန်းမ အလုပ်ရတရ်...ဂြိုလ်သားထိုင်စားပေါ့....။

👽နောက်များမကြာမှီ ဂြိုလ်သားမိန်းမ ၀င်ငွေဖြောင့်တဲ့ အလှကုန်ပစ်စည်းရောင်းတဲ့နေရာမှာ အလုပ်ပြောင်းသွားတရ်...

👽ဂြိုလ်သားထမင်းကြော်ဆိုင်ဖွင့်တရ်...အရင်းပြုတ် ၊ အကြွေး ၇ သောင်းတရ် ။ဆိုင်အတွက် လိုအပ်တာအစ/အဆုံး၀ယ်ရတာ ...၇ သိန်း...
ဓာတ်ဘူး ၂ ဘူး ကွဲ...
ကြက်သားဖိုး ...၇၀၀၀၀....

👽အိမ်ရှိလူကုန်ပင်ပန်းပြီး ဆိုင်ရဲ့သက်တမ်း ၄ ရက်ပါ...ဒါနဲ့ပဲ ဂြိုလ်သား ပြန်အနားယူ...တခြား အလုပ်စိတ်ကူး...
၆လောက်ဝေလေလေ...ရှိတဲ့အလုပ်က မနက် မိန်းမ အလုပ်လိုက်ပို့...ညနေ အလုပ်ပြန် အကြို ခရီးစဉ်...ဒါပဲ...

👽ဒါနဲ့ပဲ ဂြိုလ်သား စီးပွားရေးအကြံတခုရ သောက်ရင်းစားရင်းမှကွဲဖော်ကွိုင်ရှာဖက်တွေက အကြံပေး၍ ကွမ်းယာရောင်း ရင် သူဌေးဖြစ်တရ် ဆိုပဲ...ဟို....ရပ်ကွက်က ဦး.....လေ ကွမ်းရောင်းပြီး တိုက်ခန်း ၂ ခန်း၀ယ်ထားပြီး လူဌားတင်ထားတာ အေးဆေးပဲ...။

👽ဂြိုလ်သားလဲ တဖက်တလမ်းကရှာမယ်ဆိုပြီး မီးရထားလမ်းကူး လုပ်ထားတဲ့ ကုန်းဆင်းဘေးမှာ ကွမ်းယာ ဆိုင်ခုံ အသင့်ရှိတဲ့ လမ်းဘေး တဲ လေးကို မေးမြန်းတော့ ပိုင်ရှင်ရှိသည် တ‌ဲ့ ...ဟိုက်...ရှားပါး ...မလွယ်ပါလားဟ...အဲ့လိုနဲ့ပတ်သက်တဲ့သူနဲ့တွေ့တော့ ဌါးမယ်ပေါ့ ဘာညာ စကားစညှိကြတော့ ၁ လ ၃၀၀၀၀ ကိုသုံးလစာ ၉၀၀၀၀ ချုပ်ရမှတဲ့ ဟိုက်...စည်ပင်မြေကြီးကို လစာနဲ့ဟ...။

👽ဂြိုလ်သားကွမ်းယာ စရောင်းပြီ ကွမ်းလေး ၁ပိဿာ ကွမ်းသီးလေး ၅၀ သားလိုအပ်တဲ့စားသုံးသူအကြိုက်ဆေးတွေဖြစ်တဲ့ 92, Queen (ဘုရင်မ ) , Signal , ဆေးမဲ ၊ဆေးဝါ ၊ နှပ်ဆေး ၊ဆေးလိပ် ဖက်ကြမ်း ၊ အစီခံ စီးကရက် မားဗီးယက်စ် ၊ရူဘီ စသဖြင့် စုံလင်စွာနဲ့ သူဌေးမယ့်လမ်းကို လျောက်ကြည့်သတဲ့...

👽၀ယ်သူခပ်ပါးပါး ကွမ်း ၁ပိဿာကို သုံးရက်လောက်ရောင်း တော်တော်ကြာမှ ရောင်းအားတတ် ဒါပေမယ့် လစာပေးရတဲ့နေရာဖြစ်တာကြောင့် အပိုအလျံမရှိ ....

👽နေရာရှာတရ် ရတရ် ရောင်းတရ်သောက်တရ်မူးတရ်နေ့တိုင်း ကွဲပြဲဇက်ကျိုး အရှက်မဲ့ရ်ညဖက်တွေမှာ...မနက်လာမေး တခုမှ မမှတ်မိ ...ဂြိုလ်သား မိန်းမ တောင်းပန်ရပြန် နောက်မသောက်တော့ပါဖူး ဘာဖြစ်တရ် ညာဖြစ်တရ်နဲ့...

👽မနက်ပြောညကျ တွေ့ရင်ဒုံရင်းကဒုံရင်းပင်ဖြစ်သည်။သည်လိုနဲ့ပဲ ကိုဗစ် ကိုစစ် ထဖြစ်တော့ ဆိုင်ပိတ် အရင်လိုပဲ ကြို့/ပို့ ဖယ်ရီပြန်ဖြစ်...ဒါလည်းလစ်ရင်လစ်သလို မူးရူးနေတာပဲ...။

👽ဘာကြောင့်လဲတော့ မသိ ဂြိုလ်သားအဲ့အချိန်မှာ အရမ်းထူးဆန်းတရ် ပြဿနာပဲ ရှာချင်နေတရ်...မိန်းမအလုပ်ကပြန်လာ စိတ်ညစ်ရ ဂြိုလ်သား ပြန်တောင်းပန်...

👽အဲ့လိုနဲ့ပဲအခုအရက်/ဘီယာပျက်သွားခဲ့လေပြီ...သောက်လိုက်တိုင်းလဲ တခါမှ အေးဆေးတရ်မရှိ ပြဿနာများစွာပို ရှာတတ်လာတာတကြောင်း...အသွေးအသားတည်ဆောက်မှု့ကအရက်/ဘီယာနှင့်မတည့်သော သွေးအမျိုးစားဖြစ်တာကြောင့်ရယ် အခုလက်ရှိအာရုံကြောဆိုင်ရာ ပြဿနာများကြောင့် ရော အပြီးနားလိုက်ရလေပြီ....။

👽တလောက ဂြိုလ်သားလက်ဖက်ရည်ဆိုင်ကအိမ်အပြန်လမ်းမှာ မိန်းမတယောက် ကလေးကို ခါးနားစောင်းမှာထားချီလျက် အရက်မူးနေသော သူ့ယောက်ကျားကို ပြဿနာရှာနေလို့ လိုက်ဆွဲနေတဲ့ မြင်ကွင်းအား အရှေ့တည့်တည့်မှ မြင်ရလိုက်ရပြီး တွေ့ရတာ စိတ်မချမ်းသာစရာပါ အရက်မူးသူယောက်ကျားခါးမှာ ပုဆိုးမရှိ လူမသိသူမသိဖြစ်နေပြီ..ပါးစပ်မှ လည်း ဗလုံးဗထွေးနှင့် အသံစုံအော်လျှက်...

👽မိန်းမဖြစ်သူက ကျွတ်နေတဲ့ပုဆိုးလိုက်ကောက် တဖက်မှာ ကလေးကိုချီလျှက်ပင်...ကလေးငယ်မှ လည်းဗိုက်ဆာလို့လား ? နို့ဆာလို့လား.? အဖေလုပ်သူ မူးနေလို့လား.? မပြောတတ် အသည်းအသန် ငိုကြီးချက်မ နှင့်ငိုယိုလေသည်။အဖေလုပ်သူက ကလေးငိုလို့
ဆိုပြီး ကလေးကို ရန်လုပ် မိန်းမဖြစ်သူက လိုက်ဆွဲ....

👽ဂြိုလ်သား စိတ်မကောင်းဖြစ်ပြီး အတွေးတချက်၀င်ပြီး မျက်လုံးထဲ မြင်ယောင်လာတဲ့ မြင်ကွင်း ဟောင်းတွေကို ပီပြင်အောင် အာရုံ စူးစိုက်မိလိုက်တရ်...။

👽ဂြိုလ်သားမူးရစ်ရမ်းကားပြုလုပ်ခဲ့တဲ့အချိန်တွေ ဘေးနားမှာ တကောက်ကောက်လိုက်တာ ဂြိုလ်သား မိန်းမပါ...ဒါဆို သူလဲ ဒီ မိန်းမလို မျိုး..............။

👽အာ ....တော်ပြီ..။

👽မတွေးတာပဲကောင်းတရ်ကိုယ့်ဟာကိုယ်ရွံလို့တော်တော်လဲရှက်ဖို့ကောင်းခဲ့တရ်...

👽အခုဂြိုလ်သားအနားယူနေရပါပြီကျန်းမာရေးခြေနေအရ အေးဆေးအနားယူရမယ်တဲ့ ဆိုတော့ အခု အိမ်မှာချက်ပြုတ်လျော်ဖွပ် မီးပူတိုက် ညကျ ဖယ်ရီ..

👽ဒါပေမယ် ဂြိုလ်သားလေ သိတရ်မို့လား...တခုမဟုတ်တခု လုပ်နေရမှ ဆိုတော့.. ...အခုလည်း သင်တန်းတခု တတ်နေတရ်...ပြီးမှပဲ ပြောပြတော့မယ်...

👽မိန်းမချစ်အောင်နေ...
👽မိန်းမမြစ်တာရှိအောင်စား...
👽မိန်းမကပိုက်ဆံဒါပဲကျန်တော့တရ်လို့ပြောရင်ပုတီးစိပ်ပြမယ်..
👽မိန်းမစားချင်တာချက်ကျွေးမယ်...
👽မိန်းမချစ်အောင်အိမ်သန့်ရှင်းလုပ်

#အဲ့ဒါမိန်းမရှစ်ခိုးသွားမကျိုးတဲ့ဂြိုလ်သားပဲ

👽👽👽👽👽👽👽

* ဘ၀တစ်ခုရွေးချယ်တဲ့အခါအမြင့်ကြီးကိုမမှန်းပါနဲ့...။* လောဘနည်းနိုင်မျှ နည်းပါလေ..။* အမြင့်ကြီးကို ကြည့်တော့ အောက်မှာ ရှိတ...
31/07/2025

* ဘ၀တစ်ခုရွေးချယ်တဲ့အခါအမြင့်ကြီးကိုမမှန်းပါနဲ့...။

* လောဘနည်းနိုင်မျှ နည်းပါလေ..။

* အမြင့်ကြီးကို ကြည့်တော့ အောက်မှာ ရှိတဲ့ ဆူးငြောင့်ခလုတ်တွေနဲ့ တိုက်မိရင်

* မှောက်လျက်ဟပ်ထိုးလဲကျတဲ့အခါ နာကျင်တဲ့ ဒဏ်ထက်...

* လူအများဝိုင်းကြည့်တဲ့ အကြည့်ဒဏ်ကခံရအခက်ဆုံးပဲ...။

*လောဘ ဆိုတာလည်း အဲ့လိုပဲ အလိုကြီးရင် အရ နည်းတတ်တရ်...။

*ကိုယ့်မှာ ရှိတာနဲ့ ရောင့်ရဲတတ်ပါစေ...။

* လူရယ်လို့ ဖြစ်လာတဲ့ အခါ အားလုံး
ကိုယ်စီ ကိုယ့်ဘ၀နဲ့ကို...။

* ကိုယ့်မှာ မရှိတဲ့ သူများဘ၀ကို အားကျ
တသွေမတိမ်း လိုက်လုပ် မဖြစ်,ဖြစ်
အောင်... ။

* အဲ့ဒါ လောဘထက် ကြောက်စရာကောင်းတဲ့ ဣသာမစ်ဆရိယ စိတ်...။

* အငုံစိတ်...။

 #လျောက်ခဲ့တရ်ခရီးတစ်ခုထိ #နေ့မနားညမအားပေါ့  အစုံနဲ့.... #ရည်ရွယ်ချက်ရည်မှန်းချက်တွေနဲ့ #အခုကုန်ဈေးနှုံးနဲ့လည်းတွေ့ရော #...
31/07/2025

#လျောက်ခဲ့တရ်ခရီးတစ်ခုထိ
#နေ့မနားညမအားပေါ့

အစုံနဲ့....

#ရည်ရွယ်ချက်ရည်မှန်းချက်တွေနဲ့

#အခုကုန်ဈေးနှုံးနဲ့လည်းတွေ့ရော

#နှိုက်သုံးနေရတာပဲမဟုတ်လား

#ဇာဂနာတချောင်းနက်

😂😂😂😂😂

မဂ်လာရှိသော ညချမ်းလေးဖြစ်ကြပါစေ...ခုနှစ်ရက်သားသမီး အပေါင်း နောက်တနေ့မနက်မှာ မဂ်လာရှိသောစကား များသာ ကြားရပါစေသား ...!ကိုယ...
30/07/2025

မဂ်လာရှိသော ညချမ်းလေးဖြစ်ကြပါစေ...

ခုနှစ်ရက်သားသမီး အပေါင်း နောက်တနေ့မနက်မှာ မဂ်လာရှိသောစကား များသာ ကြားရပါစေသား ...!

ကိုယ်စိတ်နှစ်ဖြာ ဘေးရန်ကွာ မကောင်းမှု့ တွေ ဝေးပါစေ🙇🙇🙇



#အကြင်နာတွေယိုစိမ့်🙇🙇🙇

30/07/2025

လွန်ခဲ့သော ၂၀၀၆/၀၇ ခုနှစ် မြ၀တီ (မဲဆော့) မှ လွမ်းမောဖွယ် နေ့ရက်များ (သို့ ) နေ့စံ/ညခံ နေ့ရက်/ညများ... ဆီ သို... ခဏတာ သွားရောက်ခြင်း ။ ။

#အခန်း၂ ။ ။ တောင်တတ်လမ်း အလယ်လောက် ရောက်မှ အနောက်ခန်းထဲ မယောင်မလည်နဲ့ လှည့်ကြည့်မိလိုက်ချိန် ကား ခဲ နဲ ပြစ်ခံရတုန်းက ဆေးလိပ် မီးလာညှိတဲ့ ကျနော်နဲ့ရွယ်တူ တယောက်ကို မြင်လိုက်ရတော့ 'ကျနော့် စိတ်ထဲ ဒီကောင်လဲ မြ၀တီ သွားမှာပါလား လို့ " မဆီမဆိုင် တွေးမိလိုက်တရ်....။

ဒါနဲ့ပဲ ကျနော်တို့ စီးလာတဲ့ ဒက်ဘယ် ကတ် အခေါ် ကားအမိုးဖွင့်ဟာ အဖွဲ့အစည်းလူမောင်းတာ ကျွမ်းကျင်မှု့ကြောင့် တတောင်ဆစ် ကွေ့ တွေကို ကျွမ်းကျင်စွာ ဂီယာ အသေးနဲ့ တဂီးဂီး အသံ ထွက် ပြီး ရှေ့မှ ဆိုင်ကယ် ကား အဆင်းရှိရင် ဘေးခဏ ရပ်ပေးထားရသေး တချို့ က လမ်းပြောင်းပြန်ဆင်းကြတရ်။ ပြောဖို့ မေ့သွားတာ .....။

မြ၀တီကို တတ်ရင် အတတ်ရက်အဆင်းရက် ၂ ရက်ရှိတရ် အလွယ်မှတ် ဆို စုံ တတ် မ ဆင်း (ဥပမာ ၁၄ ရက် အတတ် ၁၅ ရက်နေ့ အဆင်း ) အဲ့လိုရှိတရ် ...ခုတော့ ဘယ်လိုသွားရလဲ ကျနော် မသိဘူး.....။

တချို့ကအတတ်အဆင်းရက်မရှောင် သွားကြရတဲ့ကိတ်စအရေးကြီးရင် လမ်းပြောင်းပြန်ရက် ဆင်းကြရတာပဲ ကျနော်တို့လဲ ကြုံဖူးတရ် တခါ မိုးအရမ်းရွာတော့ လမ်းတွေညစ်ပတ် ရေအိုင်အကြီးကြီးတွေ နွံအိုင်တွေကို ရုန်းကြရတာ ကား/ဆိုင်ကယ် အစုံ မိုးကရွာ တော်တော် ဒုတ်ခရောက်တရ်...သွားရတာ...ဟိုးတလောကတောင် တောင်တတ်လမ်းတွေမှာ ကားတွေ နုံးထဲ ရုန်းနေကြတဲ့ ဗီဒီယို တတ်လာလို့ သွားသတိရမိသေးတရ် ဗျာ....။

အဲ့လိုနဲ့ဒေါနတောင်တန်းကြီးတွေ ၃၇ တောင်ကို ဖြတ်ကျော် အရဲစွန့်ပြီး တတ်လာတဲ့ အသက် ၂၀ အရွယ် လူငယ်ခြေတတ် တယောက် မျှော်လင့်ချက် တွေ အိမ်မက်တွေ အကောင်အထည်ဖော်ဖို့အတွက် စီးလာတဲ့ကားလေးဟာ မြ၀တီမြို့ပေါ်ကို ဟွန်းစုံတီး လို့ ၀င်လာခဲ့တော့တရ်......။
"

"တီ ......တီ တီ တီ ...ဟွန်းစုံးတီးပြီး လမ်းဘေးဘုန်းကြီးကျောင်းရှေ့ ကားကို ထိုး ရပ် လိုက်ပြီး ယာဉ်မောင်း ပါးစပ် မှ "ကဲ .....မြ၀တီ ရောက်ပြီ ဆင်းလို့ရပြီ .....' လို့ ဆိုပါတရ်....ကရင်သံ ခပ်ဝဲ ဝဲ ဖြင့်...။ ဘုန်းကြီးကျောင်း နာမည် လှမ်းဖတ် လိုက်တော့ ' ကြံခင်းကျောင်းတိုက် '.....

ကျနော်တို့ အဖွဲ့လဲ အကုန်ဆင်းပြီး ကိုယ်လိုရာ ကို ခရီးဆက်ကြရပါတရ် ...
ကျနော့်ကို ခေါ်လာတဲ့ အကိုက ခဏ နားဖို့ အသိအမ တယောက် အိမ်ကို ခေါ်သွားပါတရ် အဲ့အိမ်မှာပဲ တရေးတမော အိပ် ပြီး နေ့လည် သုံးနာရီ ခွဲလောက်မှာ လာနှိုးပါတရ် သွားရမည်ဖြစ်ကြောင်း ရေချိုး ပြင်ဆင်ဖို့ အချိန်ရကြောင်း ပြောလာလို့ ကျနော် ရေကို တ၀ကြီး ချိုးလိုက်တော့မှ လန်းပြီးချမ်းသလိုလို နဲ့ကရင်ပြည်နယ်ရဲ့ အအေးဓာတ်ကို ခံစားလိုက်ရတာနဲ့တပြိုင်နက် နှာခေါင်းထဲ ပူရှိန်းရှိန်း နဲ့အသက်ရှုတဲ့ အငွေ့အသက်ပါ ခံစားလိုက်ရပါတော့တရ်....။

ရေချိုးလို့ပြီးတော့ သွားဖို့ လာခေါ်နေတဲ့ ပွဲစားအကို အိမ်ရှေ့မှာ ရောက်နေပြီ အိမ်ရှင် အမ ၂ ယောက်နဲ့စကားဖောင်ဖွဲ့နေကြတရ်...။ဆူညံလို့ ရယ်မောပြီး....။

ကျနော်အရှေ့ထွက်လာတာမြင်တော့ အားလုံး အပြုံးကိုယ်စီနဲ့ ကြိုဆိုပြီး စကားဝိုင်းမှာ လာထိုင်ဖို့ပြောတရ်...ကျနော်လဲ ခဏ ၀င်ထိုင်ပြီး သူတို့ပြောနေကြတာ နားထောင်နေလိုက်တရ် ရယ်စရာ ဆို လိုက် ရယ် ...မကြားဖူးတဲ့ အကြောင်းအရာ ဆို သေချာ နားထောင်ပြီး သူတို့ စကားလက်စသတ်တော့ ကျနော့်ကို မသွားခင် ထမင်း စားသွားဖို့ အကြံပြုကြပြန်တရ်....

ကျနော်လဲမငြင်းတော့ပါဘူး ဘာလို့လဲဆိုတော့ ရောက်ထဲက ဘာမှမစားရသေးပဲ အိပ်လိုက်ပြီး ရေချိုးထားတော့ လန်းပြီး ဗိုက်ဆာ နေတာကြောင့် သူတို့ကျွေးတဲ့ ထမင်းကို အားပါးတရ လွေး လိုက်တရ် ဘာစားကောင်းသလဲ ‌ပြောမနေနဲ့ ပုဇွန်ထုပ် ဆီပြန် အကောင်ကြီးကြီး ဒီလိုနယ်စပ်မှာပဲ မြင်ရတာ စားရတာ ရန်ကုန်မှာ ဆို အနားတောင်မကပ်နိုင်ဘူး....ဆွဲတာပေါ့ ...ကျနော့် စားချက် လေးပွဲ အသာလေး ငတ်ငတ် ဆာဆာ နဲ့
တီးလိုက်တာ အိမ်ရှင်အမ ၂ ယောက်နဲ့ ပွဲစား အကို တအံ့တဩ ....!

ပွဲစား" အကို ဗိုက်ဆာ နေတာလား' ငါ့ကို မပြောဘူး အစောကြီးက လမ်းမှာ ကားနားတရ်လေ ."

ကျနော် ... ဟုတ် အဲ့တုန်းက ဘာလို့လဲ မသိဘူးဗျ မဆာဘူး တမျိုးကြီး ဖြစ်နေလို့ အခုမှ ဗိုက်တအား ဆာ နေတာ ရေချိုးလိုက်တော့ ပိုဆာသွားတာ ဗျာ...။

စားသောက်ပြီး အိမ်ရှင် အမ ၂ ယောက်ကို နှုတ်ဆက် ကန်တော့ ပွဲစားအကို ရဲ့ဆိုင်ကယ်နဲ့ လိုက်လာခဲ့တော့တရ်...ဆယ်မိနစ်လောက်စီးလိုက်ရတရ် တံတားအကြီးကြီးအောက် ရောက်သွားတရ် အလယ်မှာ သောင်လိုလို/ချောင်းလိုလိုနဲ့ တဖက်ထိုင်းနိုင်ငံကို လှမ်းမြင်နေရပြီ မီးတွေရောင်စုံ လင်းထိန်လို့ ကျနော်တို့ စံတော်ချိန်နဲ့နာရီ ၀က်ကွာစောတရ် ကျနော်တို့ ဒီဘက်မမှောင်သေးဘူး ဟိုဘက်မှာ မှောင်နေပြီး မီးတွေ လင်း‌နေပြီ အဲ့တခုက သေချာကြည့်ရင် ထူးခြားမှု့ တစ်ခုပဲ....။

ဒီလိုနဲ့ထွက်လာခဲ့တဲ့အတိုင်း ၆ ယောက်ပြန်စုတရ် နောက်ဘီယာစင်တင်ဆိုင်ထဲက လူတယောက်ထွက်လာတရ် ....ကျနော် လှမ်းကြည့်မိလိုက်တရ် ...ဟင် ပွဲစားအကို ငါဘေးမှာလည်း ပွဲစားအကို မျက်နှာတူ လူ ၂ ယောက် အံ့ဩ မှင်သက်နေတုန်း....!

ကျနော့်ဘေးကပွဲစားအကိုက ကျနော်ကြည့်နေတာကို ရိပ်မိပြီး ရယ်လျက် ဒါက " အကိုညီ အမွှာ လေ သူ ချိုကြီး အကိုက ချိုလေး ' .....။ဒီတော့မှ ကျနော်က" အဲ့လို လုပ်ပါအကိုရယ် ကျနော်လန့်သွားတာပဲ '...။

ကိုချိုကြီးက " ကိုကြီး ငါလူတယောက်ရထားတရ် ကောင်လေးပဲ နင်ခေါ်သွားပေးလိုက် ဆိုပြီး ကမ်းနားမှာ ထိုင်နေတဲ့ လူတစ်ယောက်ကို လက်ညိုး ထိုးပြလိုက်တရ်..

ကိုချိုလေး က " ဟဲ့ ဘယ်မှာလဲ ! ငါမတွေ့ဘူး လို့ပြောတော့' ကိုချိုကြီး က သွားခေါ်လာတရ် အနားရောက်မှ ကြည့်လိုက်တော့ ကား ခဲ နဲ့ ထုခံရတုန်းက ဆေးလိပ် မီးလာတို့ တဲ့ တယောက်ပဲဖြစ်နေတရ်.....။

ဟာ ' လို့ ကျနော် ပါးစပ်မှ အာမေဍိတ် ထွက်မိလိုက်တရ် သူက ကျနော့်ကို မှတ်မိတရ် ရယ်ပြီး မင်းလဲပါတာလား လို့ ' လှမ်းမေးတရ်...ကျနော်က ခေါင်းပြန်ငြိမ့်ပြတော့ ရယ်လျှက် ( ကောင်းတရ် အတူတူ သွားကြတာပေါ့လို့ ပြန်ပြောတရ် )....။

ဟိုဘက်ကမ်းကူးဖို့လုပ်တော့ မှောင်နေပြ‌ီ ကူးရမှာက ဘော နဲ့ ကူးရမှာတဲ့ စားပြီဘယ်လို ဘောနဲ့ကူးရမှာလဲ မေးလိုက်တော့ ကိုချိုလေးက ဟိုဘက်က ပြန်လာတဲ့ဘောကိုကြည့်တဲ့ ဆိုပြီး လက်ညိုး ထိုးပြမှ မြင်လိုက်ရတာ အဆန်းကြီး....။

ပြောင်းပြန်စီးနေတဲ့သောင်ရင်းမြစ်ကို ဘောကွင်း အကြီးကြီးမှာ နိုင်လွန်ကြိုးအကြီးကြီးတွေ ပတ်ပြီး ဘောကွင်းအလယ်မှာ သူက ၀မ်းလျားမှောက် ခြေကန်လန့်ထိုးပြီး ရေကို လက်နဲ့ယက်ပြီး ဘောကွင်းပေါ်မှာ လူတွေက ထိုင် ပတ်ထားတဲ့ကြိုးကို ကိုင်ပြီး စီးရတာ တခါ တင် လေး ယောက် တယောက် ဘတ် ၂၀ မြန်မာပိုက်ဆံနဲ့ဆို ၇၀၀ ပေးစီးရတရ်...

ကျနော်လဲ ရင်တထိတ်ထိတ် နဲ့ ဘောင်းဘီရှည်ခေါက်ကျောပိုးအိတ်ကိုကြိုးတို သေချာပြင်ဆင်ပြီး စီးလိုက်တရ် စီးကြည့်တော့ တမျိုးပဲ မိုက်တရ် ဘောကွင်းသမားတော်တော်ကျွမ်းတရ် ရေကို လက်န‌ဲ့ယက်သွားတာများ အသာလေး အဲ့လူ လက်မောင်းကြီးတေ‌ွ ရှယ်ပဲ ကြွက်သားတွေ အမြောင်း လိုက် တောင့်ချက်ပဲ....

ဟိုဘက်ကမ်းကို ခဏပဲကြာတရ် သူခပ်သွားတာ ရောက်တော့ဆင်းပြီး လှေကားထစ်လေးတွေ ပေါ်တတ်လိုက်တရ် အပေါ်ရောက် လူသွားလမ်းပတ်ပတ်လည် စတီးပိုက်လုံးတွေ ကာပေးထားတရ် အဲ့စင်ကြံပေါ်မှာ ယိုးဒယား စစ်သားတွေ တချို့ တယောက်တနေရာစီ ကင်း ပုံစံ မျိုးနဲ့ တာ၀န်န်ယူနေကြတာ တွေ့တရ် ကျနော် လန့်သွားတရ် အဲ့ဒါနဲ့ မကြောက်ဖို့ မှင်နဲ့သွားဖို့ ကိုချိုလေးက လှမ်းသတိ ပေး ပါတရ်
ဒါနဲ့ပဲ အောက်အဆင်းလှေကားနားကေရောက်တော့ ဒက်ဘယ်ကတ် တစီးရပ်ထာားတာ တွေ့လိုက်ရတရ်....။

အပေါ်ကို လှမ်းကြည့်လိုက်တော့ နေတိုးနှင့်အူဝဲ ၃၉၂ လူသတ်မှု့ ကားမှ ဇာတ်၀င်ခန်းမှာ ပါတဲ့ တံတားကြီး အလယ်နား လှေကားအဆင်းရောက်တော့ ဘယ်သွားရမှန်းမသိတာနဲ့ခြေစုံရပ်လိုက်တော့မှ ကိုချိုလေး က ကားတွေ့ပြီလူမတွေ့သေးလို့ ဖုန်းလှမ်းဆက်တော့ လမ်းကြားထဲက လူတယောက်ထွက်လာတရ် ပုံစံက အသားဖြူဖြူ
ဖြူ ဂတုံးဆံပင်ကေနဲ့ မျက်နှာမှာ ကျောက်ပေါက်ရာ အနည်းငယ် နှင့် သွားနည်းနည်းခေါသယောင်ရှိတဲ့ လူက ရယ်ပြီး ထွက်လာပြီး မြန်မာစကား အစီငေါ် မတည့်တဲ့ ဝါကျ အသုံးအနှုံးနဲ့ စကားတချို့ပြန်ပြောတရ် " ရောက် ကြာ ပီ '

သူကားပေါ်အနောက်ခန်းက ထိုင်လိုက်ခဲ့ဖို့ ပြောတာကြောင့် ပျော်သွားတရ်ထွက်လာထဲ ကားအဲ့လို လွတ်လွတ်လပ်လပ် စီးချင်တာ မို့ နောက်ခန်းမှာ အမိုးဖွင့်ထားတော့ လေတဖြူးဖြူးနဲ့ ကျနော်ရယ် ပါလာတဲ့လူ တွေရယ် ထွေရာလေးပါး လျောက်ကြည့်ရင်း ကြည့်နေကြတရ်...‌အဲ့နေ့က ဘာနေ့လဲ မသိဘူး ဈေးတန်းတွေ အရှည်ကြီး အားလုံးမြင်သမျှက လိုချင်စရာတွေချည်းပဲ အထူးသဖြင့် ဖိနပ်တွေ ချိတ်ထားတာ အမိုက်တွေ ....

နာရီ၀က်လေးဆယ့်ငါးမိနစ်လောက်ပဲကြာမယ်ထင် အဝေးပြေးလမ်းမကြီးဘေးက ခြံအကျယ်ကြီးနဲ့ဆိုင်လမ်းချိုးလေးချိုးဖို့ ကား အလာရှိလို့ ရပ်စောင့်နေရတရ် သူတို့ က ဘယ်မောင်း လေ မြန်မာနိုင်ငံမှာ လို လက်ယာရစ် လက်ဝဲရစ် သူတို့ လက်ဝဲ ရစ် တချက်ခြံထဲ လှမ်းကြည့်လိုက်တော့ ဆိုင်းဘုတ်က ဝါးနဲ့ လုပ်ထားတာ မြေစိုက် ယိုးဒယား လိုရေးထားတရ် နားမလည် ရှာလိုက်တော့ တွေ့ပါပြီ E လို ဘတ်မိုင်း ရီဆော့ တဲ့( အဂ်လိပ်စာလုံးပေါင်း မေ့သွားလို့ မြန်မာ ရေးပြခြင်းအား သည်းခံပေးကြပါခင်ဗျာ🙇 )....

ခြံထဲ၀င်လိုက်တရ်ဆိုရင်ပဲ မြေသင်းနံ့နဲ့အတူ လေပြေအေးများပါတိုက်ခတ်နေပြီး ထူးခြားမှု့ အနေနဲ့ ဆိုင်ပုံစံအနေအထား ဟိုး ဘုရင်ခေတ်ကို သွားနေလေရဲ့.. ။။

ဆိုင်အ၀င်၀အဆင်းအတတ်မှာ ပန်းအိုးကြီးတွေ နဲ့လျောက်လှမ်း မီးတွေ မြက်ခင်း မီး အပင်ကြီးများက အုံ၂ဆိုင်း၂နဲ့ အဲ့အ၀င်၀မှာပဲ လူပုခုံးလောက်ရှိတဲ့ ယုန်သစ်သားအရုပ်ကြီးတွေ ဘယ်ညာ ထားတာတွေ့ရတရ်....

နောက်တခုက ဆိုင်ရိုးရိုး စားသောက်ဆိုင်မဟုတ်ဘူး စင်တင်နဲ့ကိုယ်ပိုင် band ကိုယ်တိုင်တီးကိုယ်တိုင်ဆို ယိုးဒယားသီးချင်းအဆိုတော်တွေပေါ့ ....အဲ့ band မှာ ပင်တိုင် အဆို က ယိုးဒယားဂေါ်လီဘဲ ရုပ်ပေါက်က R ဇာနည်ရုပ်ပေါက်နဲ့ ကေ က ၀မ်းဝေး အဲဗား အဲ့ ပုံစံနဲ့ပဲ ကျနော်တို့နောက်ပိုင်း နေတဲ့အဆောင်တခုထဲ တခန်‌းကျော်မှာ နေတာ သူ့မိန်းမက မွန်မ မကေ တဲ့...သူ့ နာမည်က ဖိ ကေ နာမည်တူနေတာ....။

ကျနော်တို့လည်းရောက်ရောက်ခြင်း အဲ့ဆိုင်ရဲ့ မန်နေဂျာ ကိုမြင့်မြတ် နဲ့တွေ့ရတရ်ဗျ ခင်ဖို့ကောင်းတရ် အာစင်နယ် ဂျာဆီ ၀မ်းဆက်နဲ့ကျနော်တို့ကို ထွက်ကြိုတရ် ရုံးခန်းလို ပုံစံကို ရှေူးကျတဲ့အဆောင်ပုံစံမျိုးပဲ ထိုင်တဲ့ စားပွဲဝိုင်းနဲ့ထိုင်ခုံကအစ ကနုတ်ရုပ်ကြွတွေနဲ့ စကားစမြည် ထိုင်ပြောပြီး ထမင်းကျွေးတရ် ညနေစာ ဒီနေ့တော့ စရောက်ခြင်းမို့ အနားယူ ဖို့ လိုကြောင်း ယခု လောလောဆယ်လဲ သူဌေးမရှိကြောင်း ဘန်ကောက်သူခြံထဲသွားနေလို့ နောက်နှစ်ရက်သုံးရက်နေမှ ပြန်ရောက်မည်ဖြစ်ကြောင်း ပြောဆိုပြီး မိတ်ဆက်ခိုင်းပါတရ်....

စကားသံဝဲဝဲဖြင့် " ညီလေး နာမည်ဘယ်သူလဲ ' ကျနော့်ကို လှမ်းမေးတရ် ...
ကျနော်က .." ဟုတ်ကဲ့...ကျနော့်နာမည် အောင်ရဲလင်း ပါ ...အသက်က ရော ...!

ဟုတ်ကဲ့ ....။ ၂၀ ပါ အကို . !

ဪ...အေး အေး ကောင်းတရ် ...

ညီလေးကရော ကမ်းနားမှာ တွေ့လာတဲ့နောက်တိုး တယောက်ကို မေးခြင်းဖြစ်သည်။

ဟုတ်ကဲ့...ကျနော် နာမည် လီယိုနာဒို ပါ
အသက်က သူနဲ့ အတူတူပါပဲ ၂၀ ပါ ဗျ...

ဟာ ...ဒီတခါ ကိုချိုလေး ခေါ်လာတာ အရွယ်ကောင်းတွေပဲ ရုပ်ရည်လဲ မဆိုးဘူး ပါ ဖြောင့်တဲ့အထဲပါတရ် သန့်လဲသန့်တရ် သူဌေးကြိုက်မှာ ပါ လို့ ' မန်နေဂျာ ကိုမြင့်မြတ်က ပြောတရ်....

ကိုချိုလေးက အမလေး သိတရ်မှတ်လား ချိုလေး လေ အကောင်းကြိုက်တော့ ဒီလို အဆင်‌ေတွ ရှာထားတာ....

ခဏနေတော့ ထမင်းအုပ်နဲ့ စားစရာရောက်လာတရ် ထမင်းနဲ့ ဂေါ်ဖီ ရေလုံပြုတ်ကျော် တွေပဲရှိတရ် ဟင်းတော့ မကောင်းဘူး လာမယ်သိရင်ကြိုလုပ်ထားတာပေါ့ဟု ပြောရင်း နောက်ရက်လဲ ဟင်းမကောင်းမှာ ဖြစ်ကြောင်း စားနိုင်အောင် ကျင့်ကြံနိုင်ဖို့ မှာသည်...။

ကျနော်စိတ်ညစ်သွားတရ် သူငယ်ချင်း လီယိုနာဒို ကို လှမ်းကြည့်လိုက်တရ် ဒီကောင် ကျနော့်ကို မျက်နှာ တချက်မဲ့ ပြတရ် အခြေနေသိပ်မမိုက်ဘူးပေါ့ ပုံစံ နဲ့ ..

ကျနော်က ထွက်လာခါနီးမှ စားထားတာကြောင့်ရော ဟင်းအနေအထား ထမင်းအနေအထားက စားမကောင်းသောကြောင့် နည်းနည်း ပဲစားဖြစ်သည် ကျနော် တင်မဟုတ် အတူလာသူများအားလုံး ထို့နည်းတူစွာပင်......

ထမင်းက ဆန်သေချာမဆေးထားတော့ ဝါကျင့်ကျင့်အရောင်နှင့်နံသည်ကြွက်ချေးနှင့်အမှိုက်ပါသည် ဆန်က ကောင်းသည် သေချာမဆေးပဲ ချက်တော့ စားမ၀င်....။

စားပြီးသောက်ပြီးအနားယူပြီးနေဖို့ အခန်း လိုက်ပြတရ် ခြံက အကျယ်ကြီးပဲ ဘန်ဂလို တွေလဲ ပါတရ် ရှေးစတိုင်လ်ပဲ လမ်းအဆုံးမှာ တိုက်အဆောင်ခန်းတွဲကို လှမ်းမြင်လိုက်ရသည်။ ဆေးမသုတ်ထားဘူး နံရံက ကြမ်းချော လေးခန်းတွဲ အဲ့ဒါတဆောင်ပဲ ကောင်းတရ် အထဲမှာရေချိုးခန်း အိမ်သာ ပါတရ် .. ကျန်တာ သစ်သားအဆောင် သိပ်မကောင်းဘူး ခြောက်ခန်းလောက်တော့ရှိတရ် ..အဆောင်အနောက်ဖက်မှာက လယ်ကွင်းကြီး ပဲပင်စိုက်ခင်းကြီးပေါ့ နောက် နှင်းသီးပင်တော ရှိတရ် နှင်းသီးပင် သက်သက် အသီးတွေကြွေကျ စားမယ့် သူမရှိ....

ကိုမြင့်မြတ်က အခန်းတခန်း ယာယီပေးတရ် သစ်သားအဆောင်လေးထဲက အစွန်ဆုံးအခန်း ကိုမြင့်မြတ်အခန်းနဲ့ မျက်နှာချင်းဆိုင် ...ရောက်တရ်ဆိုရင်ပဲ အခန်းထဲ ကျနော် ၊လီ ယိုနာဒို ၊ကိုရှည်ကြီး ၊ ကိုအောင်သူ အားလုံး၀င်လိုက်ကြတရ် ကျောပိုးအိတ်လေးတွေချပြီး ပါလာတဲ့ ရေလဲ ပုဆိုးထုတ်ပြီး တယောက်တလှည့် ကြမ်းခင်းကို ပုတ်လိုက်ကြပါတရ် ဖုန်တွေ များတရ် အခန်းပုံစံ ကျနော်သိပ် သဘောမကျ တမျိုးကြီးလို့ ခံစားရတရ်....

ဘုရားစင်ရှိတရ် ပုံတော်တွေ့တရ် အဲ့ဒါနဲ့ပဲ အကုန်လုံးက ပုဆိုးလေးတွေ ခင်းပြီး ရန်ကုန်မှာ အရင်ဘာလုပ်ခဲ့ကြောင်း အဆင်မပြေလို့ ဒီလို ရောက်လာတာဖြစ်ကြောင်း တယောက်နဲ့တယောက်မိတ်ဆက်ရင်း စကားပြောကြတရ် လီယိုနာဒို က ဆေးကျောင်းသားတဲ့ ဒုတိယနှစ်ဆိုလား အဖေဖြစ်သူနဲ့ စိတ်အခန့်မသင့်ဖြစ်ပြီး ခြေဦးတည့်ရာထွက်လာရင်း အခုလိုဆုံကြတာ ဖြစ်တရ်လို့ သူပြောပြ လို့ သိခဲ့ရတရ်....

ကျနော်လဲ အမေတို့မှာနေကြတဲ့အတိုင်းဘုရားကန်တော့ ဖို့ စတင်လုပ်ဆောင်ပါတရ် ကျနော်တို့ လေးယောက်တန်းစီအိပ်ကြတာ ကျနော်က ကိုအရှည်ကြီးနဲ့လီယိုနာဒိုကြားမှာ ကိုရှည်ကြီးညာဘက်မှာ ကိုအောင်သူ ...ဘုရားကန့်တော့နေရင်း အမျှဝေခါနီးကျမှ ဘုရားစင်ရှေ့ မှာ ဆံပင်ဖါးလျားနှင့် မျက်နှာမမြင်ရ ထမီ ရင်လျားလိုပုံစံနှင့် မိန်းမပျို သဏ္ဍာန်ကို မြင်လိုက်ရတော့ တအားလန့်သွားတရ်....။

ကျနော်ထပြ‌ီးအော်လိုက်ရင် ကျန်တဲ့သုံးယောက်ပါ လန့်ပြီး ပြဿနာဖြစ်မှာစိုးလို့ စိတ်ကို တင်းပြီးမျက်စိစုံမှိတ်လို့ အမျှဝေ တဲ့ အထိ ပြီးအောင် ကန်တော့လိုက်တရ် မတွေ့တော့ဘူး မရှိတော့ဘူး....

#အခန်းသုံးဆက်ရန်

လွန်ခဲ့တဲ့ ၂၀၀၆/၂၀၀၇ ခုနှစ် မြ၀တီ(မဲဆော့) မှ လွမ်းမောဖွယ်နေ့ရက်များ (သို့) နေ့စံ/ညခံ နေ့ရက်/ညများ....ဆီသို ....တခဏ ...သွ...
30/07/2025

လွန်ခဲ့တဲ့ ၂၀၀၆/၂၀၀၇ ခုနှစ် မြ၀တီ(မဲဆော့) မှ လွမ်းမောဖွယ်နေ့ရက်များ (သို့) နေ့စံ/ညခံ နေ့ရက်/ညများ....ဆီသို ....တခဏ ...သွားရောက်ခြင်း။ ။

ကျနော်တို့မြ၀တီကို ၂၀၀၆/၂၀၀၇ လောက် စရောက်ဖူးတာပဲဗျို့...ကျနော်တို့သွားတာ ၆ ယောက် ပါ အ၀တ်လျော်ပန်းကန်ဆေးနေရာအတွက် မိန်းမကြီး ၂ ယောက် ပါလေရဲ့ တယောက်က ဟိန်ဒူ လူမျိုး အသားမဲမဲ ၀၀ ပုပုနဲ့ အမျိုးသမီးတယောက် နောက် ခပ်ထွားထွားဆိုဒ်နဲ့ဆံပင်အတိုနဲ့အဒေါ်ကြီးတယောက် နောက် ကျနော့်ကို ဦးဆောင်ပြီးခေါ်သွားတဲ့ မြ၀တီ တဖက်ကမ်း (မဲဆော့) မှာ အလုပ်တခါထဲ သွင်းပေးမယ့်(ပွဲစား) ပေါ့ဗျာ...နောက်သူ့အကို ကိုရှည်ကြီး ၊ သူ့သူငယ်ချင်း ကိုအောင်သူ ကျနော်ရယ် ခြောက်ယောက် ပေါ့ ဗျာ....

စထွက်တ‌ဲ့ညက ရင်တွေခုန်လို့ ခရီးရှည်ကြီးတခါမှ မထွက်ဖူးသေးတာမို့ရယ် နောက်ဒီခရီးက တော်တော်နှင့်အိမ်မပြန်ရဘူးလေ အဲ့ဒီတော့ ပျော်သလိုလို ၀မ်းနည်းသလိုလို ခံစားချက် နှစ်မျိုးလုံး ကို ပြိုင်တူ ခံစားခဲ့ဖူးသည်။

အောင်မဂ်လာ အဝေးပြေးကွင်းကနေ ပွင့်သစ်ရတနာ အမည်ရှိတဲ့ ကားနဲ့ ကျနော်တို့ အဖွဲ့ ညနေ ခြောက်နာရီခွဲလောက်မှာ ကားစထွက်တရ် ကားစထွက်တဲ့ထိတော့ ဟုတ်နေတုန်းပဲ စကားသံတွေ ၊ တီဗီမှအောက်စက်နှင့်မျိုးကြီးရဲ့မလာပါနဲ့ သီချင်းကို ဖွင့်နေတာရယ် ဆူညံနေသေးတော့ ပျော်နေသလိုလိုကြီး ဖြစ်နေတာ....။

လမ်းဘေးကမှောင်နေတော့ ဘာမှမမြင်ရဘူး မြင်ရလည်း ဘယ်နေရာ ရောက်တရ်ဆိုတာ လည်း သိမှာမဟုတ် ဘာလို့လဲ ဆိုတော့ ခုမှ ခရီးထွက်ဖူးတာ ပထဦးဆုံးမို့ ပါ....

တအောင့်ကြာလာတော့ တိုးဂိတ်တွေ ဘာတွေ ဖြတ်တာ သိလိုက်တရ် ...ကျနော့်စိတ်ထ‌ဲက 'အင်း.....ရန်ကုန်တော့ထွက်လာ ပြီပဲ " ....။

သည်လိုနဲ့မောင်းနေရင်းမီးတွေအကုန်ပိတ် ပြီး ညအိပ်မီးပုံစံ အလင်းရောင်လောက်နှင့်ကားဆ‌ီမှ လွှတ်လိုက်သော Aircon ရဲ့အအေးဒဏ်ကြောင့် တချို့ငြိမ်သက်ပြီး ကားမထွက်ခင် ၀ယ်လာသည့် နေကြာစေ့ ၊ ငါးမုန့် ၊စသည့် မုန့်ပဲသရေစာများ စားပြီး ရှေ့မှာတီဗီမှ ပြသနေသည့် ဝေဠုကျော် ရဲ့ သေမထူးနေမထူး ဘဦးကို အာရုံစိုက်နေကြသည် ။

အဲ့ခေတ်က ဘဦး ဇာတ်ကားက စီးရီးလိုက်လို နယ်အကြိုက် အက်ရှင်ခေတ်ဟောင်းတော်လှန်ရေးကား ဖြစ်ပြီး အဲ့ခေတ်အနေအထားရ ပရိတ်သတ်ကို ဆွဲအဆောင်နိုင်ဆုံး ဇာတ်၀င်ခန်းများ ဖြစ်သည့် ဘဦး ကိုလိုနီ များနှင့် သူတပြန်ကိုယ်တပြန် တိုက်ခိုက်သည့် ပြကွက်များပင်ဖြစ်သည်။

ဒီလိုနဲ့ဇာတ်သိမ်းခန်း ရောက်ခါနီး သေမထူးနေမထူး ဘဦးက ကိုလိုနီ နယ်ချဲ့တွေကို အသေခံပြီး လက်ပြစ်ဗုံး စနက်တံကို ပါးစပ်နှင့် ကိုက်ပြီး လူအုပ်ထဲ အတင်း၀င်တိုးသည့် အခန်း ဖြစ်နေလေတော့ အာရုံများက တီဗီ ဖန်ပြင်သားပြင် ဆီ တကားလုံးရဲ့ မျက်လုံးအကုန်စိုက်ကြည့်နေချိန်....

ကားဘေးမှန်ဆီမှ ခွပ် ခနဲ အသံထွက်လာသောကြောင့် ကားကို လမ်းဘေးသွားလူတစ်စုက ခဲ နှင့်လှမ်းပြစ် လိုက်သောကြောင့် ကားပေါ်မှာ ခရီးသည် အားလုံး လှုပ်လှုပ်ရှားရှား ဖြစ်ကုန်ပြီး ကားကို လမ်းဘေး ချရပ်လိုက်ရတော့တရ်.. ။

ဒါနဲ့ပဲကျနော်တို့လည်း အောက်ခဏဆင်းပြီး အပေါ့အပါးသွားရင်း ဆေးလိပ်ကိုမီးညှိပြီး တဖွာရှိုက်လိုက်တရ်ဆိုရင်ပဲ...

ဘေးကနေအသံတစ်ခု ထွက်လာတရ် 'အကို မီးလေးတတို့လောက် ပေးပါလား " ကျနော် ....ဟာ ..ရတရ် အေးဆေး ရော့ အကို...

ကြည့်လိုက်တော့ ကျနော်နှင့်ရွယ်တူမတိမ်းမယိမ်း အသားဖြူဖြူ မျက္ဆံ ဝိုင်းဝိုင်းနဲ့ အရပ်မနိမ့်မမြင့် ခပ်သန့်သန့် လူငယ်တယောက်ပဲ ဆိုတာ သိလိုက်ရတရ် ...

အဲဒါနဲ့ကားပေါ်ပြန်တတ်ပြီး ကားပြန်ထွက်တော့ နောက်ဆုံးတန်းဘက်ကို ကျနော် လှည့်ကြည့်လိုက်တော့ ခုနက ဆေးလိပ်မီးလာတို့သည့် တယောက်နဲ့အကြည့်ချင်းဆုံသွားတရ် ကျနော် မေးငေါ့နုတ်ဆက်ရင်း ရယ်ပြလိုက်တရ် ...သူလည်း ရယ်လျက် ပြန်နုတ်ဆက်ပြီး အရာအားလုံးပြန်လည်ငြိမ် သက် သွားပြန်တရ်. ..။

သည်လိုနှင့်ကျနော်တို့စီးလာတဲ့ကားကြီးဟာ ကျနော်မသိ/မရောက်ဖူးတဲ့နေရာများကို တမြို့ပြီး တမြို့ ဖြတ်ကျော်မောင်းနှင်လာခဲ့တာ ကျနော် မြင်နေရတဲ့မြင်ကွင်း တချို့ ဟာ ချောက်ကမ်းပါးလို ကျောက်သားနံရံကြီးလိုတွေ တောင်ပေါ်တတ်ကာစ လမ်းသွယ်အကျဉ်းလေးက ကွေ့ကောက် တခါတခါ ရာဘာတော ကြီးဘေးမှာ ဖြတ်သန်းမောင်းရတာလည်းရှိတရ် တချို့ဆို ရေနံဆီ မီးအိမ်နှင့် နွားများဆွဲလာသည်ကို လည်း မြင်နေရသေးသည်။

တခါတခါ လယ်ကွင်းပြင်ကြီး စပါးတွေ ဝါပြီး မှည့်နေတဲ့ ကွင်းမျိုး တခင်းလုံးစိမ်းနေတဲ့ အခင်းမျိုးလည်း မျက်စိတလျောက်ကြည့်မဆုံး မြင်ကွင်းများပါသည်။

သွားတဲ့အချိန်က ဒီဇင်ဘာလ ဆောင်းရာသီရဲ့ အစစ်အမှန် အရသာက မွန်ပြည်နယ်/ကရင်ပြည်နယ်၀င်လာလေ ပို အေးလေဖြစ်ပြီး ကျနော် ကိုယ်တိုင်လည်း ဆောင်းရာသီ ကြိုက်သောသူမို့ ဘေးကရှု့ခင်းတဆုံးမရောက်ခင် မြူနှင်းတေ‌ွ ပိန်းပိတ်နေတာကြည့်ပြီး ပျော်နေခဲ့တရ် ...။

သည်လိုနဲ့အိပ်မပျော်တပျော်နှင့် တညလုံးကားစီးပြီးသည့်နောက် မနက် ၈ ခွဲလောက်ရှိမလားပဲ ဘားအံ ကား၀င်းကို ရောက်ပြီ ကားပေါ်က အကုန်ဆင်းကြပြီး မြ၀တီ ဆက်တတ်ဖို့ ကားလိုက်ရှာကြတရ်...

အဲ့မှာ မျက်စိထဲ ထူးထူးဆန်းဆန်း ဒီကေဘီအေ ခေါ် ကရင်တပ်သားများ သေနတ်ကြီးတွေ ကိုင်ပြီး ...မြ၀တီ ...မြ၀တီ လို့ အော် နေတရ်...သူတို့လိုပဲ ကားတွေ အများကြီး မြ၀တီ ဆို တာ ကို အလု အယက် အော်ပြီး ခရီးသည်နားကို ပြေးကပ် လူပြည့်ရင်ထွက်မည်ဖြစ်ကြောင်း ပြည့်ဖို့ တယောက်ပဲ လိုကြောင်း ခရီးသည်ကို မလိုက် လိုက်ချင် အောင် တော်ကီ မျိုးစုံနဲ့ ပြောကြတာပေါ့....။

ကျနော်တို့ အဖွဲ့လည်းသိပ်မကြာလိုက် ကားတစီးရပြီ ကျနော်တို့ခြောက်ယောက်ခေါင်းခန်းမှာ ကပ်သီးကပ်သက် တယောက် ၇၀၀၀ ပေး၍လိုက်ခဲ့ရသည်။နောက်ခန်းဆို ငါးထောင် ကျပ်ပဲရှိသည် ။

ယာဉ်မောင်းကလည်း အဖွဲ့အစည်းကပဲဖြစ်ပြီး ယူနီဖောင်းအပြည့်နဲ့ ခါးမှာအတိုနှင့် ကော့ကရိတ် တောင်ပေါ်လမ်းတွေကို ကျွမ်းကျင်စွာနဲ့ ကွေ့ပတ်မောင်းလာခဲ့တရ်....

#အခန်း၂ဆက်ရန်..

 #အခုလိုပူပြင်းလို့လူရှင်းချိန်မှာပူတင်းလေးတခုစားပြီးစားမြုံ့ပြန်လိုက်ရရင်ဖြင့်...
09/04/2024

#အခုလိုပူပြင်းလို့လူရှင်းချိန်မှာပူတင်းလေးတခုစားပြီးစားမြုံ့ပြန်လိုက်ရရင်ဖြင့်...

🍞🍞🍞... #ပဲပေါင်မုန့် #ပုံသွင်းပြီးမဖုတ်ခင်အချိန်လေး...ကျန်တဲ့ပုံလေးတွေ မနက်ဖြန်ထပ်တင်ပေးမယ်နော်... #ချစ်သောကာကာတို့
08/04/2024

🍞🍞🍞...
#ပဲပေါင်မုန့်
#ပုံသွင်းပြီးမဖုတ်ခင်အချိန်လေး...
ကျန်တဲ့ပုံလေးတွေ မနက်ဖြန်ထပ်တင်ပေးမယ်နော်...
#ချစ်သောကာကာတို့

Address

Yangon

Telephone

+959954423617

Website

Alerts

Be the first to know and let us send you an email when Millionaire TH posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Millionaire TH:

Share