ရယ်မယ်

ရယ်မယ် ကြွေအထူ အသစ် အကောင်းလိုင်းများကို လက်လီလက်ကားဖြန့်ချိပေးနေပါတယ်
09427561563

30/09/2025

Disclaimer: I don't own the Audio and video. I give full credit to rightful owners. This is just for an entertainment and no copyright infringement intended

နော် 🤭🤭Photo credit to Something for you 🥰
30/09/2025

နော် 🤭🤭

Photo credit to Something for you 🥰

30/09/2025

"သားသမီးတွေကို လိင်ပိုင်းဆိုင်ရာအနိုင်ကျင့်မှုအန္တရာယ်ကနေဘယ်လိုကာကွယ်ပေးရမလဲ?"
လောကမှာ မိဘရယ်လို့ဖြစ်လာပြီဆိုရင် သားသမီးတွေကို ချစ်ခြင်းမေတ္တာအပြည့်နဲ့ ပြုစုပျိုးထောင်ခြင်းနဲ့ ကာကွယ်/စောင့်ရှောက်ခြင်းတို့က ဒင်္ဂါးပြားတစ်ခုလို ဒွန်တွဲနေပါတယ်။သားသမီးတွေ လောကြီးထဲ
ကျင်လည်လှုပ်ရှားတဲ့အခါမှာ သူတို့ကို ထိပါးနှောက်ယှက်စော်ကားလာနိုင်တဲ့ ဘယ်လိုအန္တရာယ်မျိုးကိုမဆို
ကြိုတင် ကာကွယ်နိုင်အောင် သွန်သင်ပေးဖို့လိုအပ်ပါတယ်။ဒါကြောင့် မိဘတွေအနေနဲ့ သားသမီးတွေကို လိင်မှုကိစ္စနဲ့ပတ်သက်လာရင်လည်း သူတပါးရဲ့ အနိုင်ကျင့်တာမခံရအောင် ကာကွယ်ပေးနိုင်မဲ့ နည်းလမ်းတွေ သိထားဖို့
လိုအပ်ပါတယ်။ဒါတွေကတော့
၁။ မိဘနဲ့သားသမီးကြားပွင့်ပွင့်လင်းလင်း ပြောရဲဆိုရဲတဲ့ဆက်ဆံရေးမျိုး တည်ဆောက်ပါ။
သားသမီးတွေကိုသူတို့ စိတ်ထဲရှိတာကို ပွင့်ပွင့်လင်းလင်း ပြောရဲအောင် အားပေးပြီး သူတို့ပြောသမျှကို အမြဲတမ်း နားထောင်ပြီး ယုံကြည်ပေးပါ။ ဒါက သူတို့ကို တစ်ခုခုဖြစ်ရင် မိဘကိုပြောဖို့အတွက် အရေးကြီးဆုံးပါပဲ။
(၂)သူတို့ရဲ့ကိုယ်ခန္ဓာကိုယ်ပေါ်က ကိုယ်ပိုင်အစိတ်အပိုင်းတွေ(Private Parts) ကို သင်ပေးပါ။
ခန္ဓာကိုယ်ရဲ့ ကိုယ်ပိုင် အစိတ်အပိုင်းတွေကို ဘယ်သူမှ မထိရဘူး။သူတို့ကလည်း ဘယ်သူ့ကိုမှ မထိရဘူးဆိုတာကို ငယ်ငယ်ကတည်းက ပွင့်ပွင့်လင်းလင်း နာမည်တပ်ပြီး သင်ပေးပါ။
သူတို့ မနှစ်သက်တဲ့ ဒါမှမဟုတ် စိတ်မသက်မသာဖြစ်ရတဲ့ ဘယ်သူ့ကိုမဆို၊ ဘယ်အခြေအနေမှာမဆို "မလုပ်ရဘူး" လို့ ပြောပိုင်ခွင့်ရှိတယ်ဆိုတာကို သင်ပေးပါ။
မကောင်းတဲ့၊ ဝမ်းနည်းစရာ ဒါမှမဟုတ် ကြောက်စရာကောင်းတဲ့ လျှို့ဝှက်ချက်တွေကို ဘယ်သူက ဘယ်လိုပဲ ခြိမ်းခြောက်ပြောပြော၊ မိဘကို အမြဲတမ်း ပြန်ပြောပြရမယ် ဆိုတဲ့ စည်းကမ်းကို သင်ပေးပါ။ မကောင်းတဲ့ လျှို့ဝှက်ချက်တွေ မထားသင့်ဘူးလို့ ပြောပါ။
(၃)သားသမီးတွေ ဘေးကင်းရေးကို ဂရုစိုက်ပါ။
ဖြစ်နိုင်ရင် သားသမီးတွေကို တစ်ခြား အရွယ်ရောက်ပြီးသူ တစ်ယောက်ယောက်နဲဲနှစ်ယောက်တည်း သီးသန့်မရှိအောင် ဂရုစိုက်ပါ။ အထူးသဖြင့် မသိကျွမ်းသူတွေနဲ့၊ ဒါမှမဟုတ် သိပ်ရင်းနှီးမှုမရှိတဲ့သူတွေနဲ့ တစ်ယောက်တည်း နေရမဲ့ အခြေအနေတွေကို တတ်နိုင်သမျှ ရှောင်ပါ။
(၄)ယုံကြည်ရသော အရွယ်ရောက်ပြီးသူ သုံးဦးကို သတ်မှတ်ပြီးပြောပြထားပါ။
မိဘအပြင် တခြား ယုံကြည်စိတ်ချရတဲ့ လူကြီး (ဥပမာ- ဆရာ၊ ဆရာမ၊ ဆရာဝန်၊ ရဲအရာရှိ) သုံးယောက်လောက်ကို သူတို့အတွက် ဖော်ထုတ်ပေးပြီး တစ်ခုခုဖြစ်ရင် ဒီလူကြီးတွေကို ပြောပြရမယ်လို့ သင်ကြားပေးပါ။
ကလေးထိန်း၊ အားကစားနည်းပြ၊ စာသင်ကျောင်းနှင့် ကျူရှင်ဆရာများ စသည်ဖြင့် သားသမီးတွေကိုစောင့်ရှောက်သူတွေရဲ့ နောက်ကြောင်းနဲ့ အပြုအမူတွေကို သေချာ စောင့်ကြည့်လေ့လာပါ။
(၅)ဆယ်ကျော်သက်အရွယ်သားသမီးတွေကို သူတပါးအိမ်ညအိပ်တာမျိုး ခွင့်မပြုပါနဲ့။
အဖွဲ့အစည်းနဲ့ ခရီးထွက်ရတာ/ စခန်းသွင်းတာ(Campဝင်တာ)စတဲ့ အခြေအနေတွေမှာကလေးတွေရဲ့အိပ်ခန်းနှင့် စောင့်ကြည့်မှု အစီအစဉ်တွေကို သေချာ မေးမြန်းစစ်ဆေးပါ။
(၆)ခင်မင်မှုနဲ့သွေးဆောင်ဖြားယောင်းခြင်း (Grooming) ကို ခွဲခြားတတ်အောင်သင်ပေးပါ။
ကလေးတွေကို ချစ်ခင်ယုံကြည်အောင် ပိုးပန်းပြီး နောက်ပိုင်းမှ အနိုင်ကျင့်ဖို့ ကြိုးစားတာမျိုးကို သတိပြုမိစေဖို့ သင်ပေးပါ။ ဘယ်သူမဆို ပုံမှန်မဟုတ်ဘဲ လက်ဆောင်ပေးတာ၊ လျှို့ဝှက်ချက် ထားခိုင်းတာမျိုးတွေ လုပ်လာရင် အန္တရာယ်ရှိနိုင်တယ်လို့ ပြောပြပါ။
(၇)အရွယ်ရောက်ပြီးသား သားသမီးတွေရဲ့အပြုအမူတွေကို မျက်ခြည်မပြတ် စောင့်ကြည့်အကဲခတ်ပါ။
ကလေးရဲ့ အမူအရာ၊ အပြောအဆိုနဲ့ စိတ်ခံစားမှု ရုတ်တရက် ပြောင်းလဲသွားတာ၊ လူတစ်ယောက်ယောက်နဲ့တွေ့ရင် ထိတ်လန့်နေတာ/တစ်ယောက်ယောက်ရဲ့ နာမည်ကြားရရင် မျက်နှာပျက်သွားတာ ဒါမှမဟုတ် ကျောင်းမသွားချင်တာ စတဲ့ အပြုအမူတွေကို သတိထား စောင့်ကြည့်ပါ။
မိဘတွေအနေနဲ့ ဒီအချက်တွေကိုကလေး နားလည်ပြီး လိုက်နာနိုင်အောင် ငယ်စဉ်ကတည်းက စတင်ပြီး အကြိမ်ကြိမ် ပြောပြပေးဖို့၊ သင်ကြားပေးဖို့ လိုအပ်ပါတယ်။ သူတို့အတွက် လုံခြုံတဲ့ ပတ်ဝန်းကျင် ကို ဖန်တီးပေးပြီး သင့်ကလေးကို အမြဲတမ်း ယုံကြည်ပါတယ် ဆိုတဲ့ ခံစားချက်ကို ခံစားစေဖို့လည်း လိုအပ်ပါတယ်။ဒါမှ
သားသမီးတွေအပေါ် ကျရောက်လာနိုင်တဲ့ အန္တရာယ်တွေ
ကို ကြိုတင်ကာကွယ်နိုင်ပါလိမ့်မယ်ရှင်။
ညနေမိုး(ကလေး)
**သားသမီးတွေကို လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်ခြင်းမခံ
ရအောင်ဘယ်လိုသင်ကြားပေးရမလဲ?
**ကိုယ့်သားသမီးက သူတပါး​အပေါ် လိင်ပိုင်းဆိုင်ရာ
အနိုင်မကျင့်အောင် ဘယ်လိုဆုံးမသွန်သင်ရလဲမလဲ? ဆိုတာသိချင်ရင် စောင့်မျှော်ဖတ်ရှုနိုင်ပါတယ်။
-Kalay
Sang
&USA

30/09/2025

Disclaimer: I don't own the Audio and video. I give full credit to rightful owners. This is just for an entertainment and no copyright infringement intended

22/09/2025

မင်းကိုလည်း ချစ်တယ် အိမ်က မိန်းမကိုလည်း ကြောက်တယ် 🤣🤣

Disclaimer: I don't own the Audio and video. I give full credit to rightful owners. This is just for an entertainment and no copyright infringement intended

18/09/2025

Disclaimer: I don't own the Audio and video. I give full credit to rightful owners. This is just for an entertainment and no copyright infringement intended

ကဲ ခင်မို့မို့အေး တို့ရေ ကြား ၃ ကြား မဝင်ကောင်းတဲ့ ဟ 😁မင်မင် က အမြဲ ခင်မို့မို့အေး Member ပါ😅
18/09/2025

ကဲ ခင်မို့မို့အေး တို့ရေ ကြား ၃ ကြား မဝင်ကောင်းတဲ့ ဟ 😁

မင်မင် က အမြဲ ခင်မို့မို့အေး Member ပါ😅

စားပွဲနီးသောအခါ မိမိ အခြေအနေ 🤭🤭
18/09/2025

စားပွဲနီးသောအခါ မိမိ အခြေအနေ 🤭🤭

ကိုယ်ပိုင်တဲ့ မျက်လုံးဆိုပြီး ကိုယ်မြင်ချင်တာပဲ မြင်တော့ အဆိုးကို အကောင်းထင် အကောင်းကို အဆိုးလို့မြင်ပြီး ကောင်းသူတွေကို...
18/09/2025

ကိုယ်ပိုင်တဲ့ မျက်လုံးဆိုပြီး
ကိုယ်မြင်ချင်တာပဲ မြင်တော့

အဆိုးကို အကောင်းထင်
အကောင်းကို အဆိုးလို့မြင်ပြီး
ကောင်းသူတွေကိုဖယ် မကောင်းသူတွေကို
ဖက်တွယ်တာတွေ လုပ်မိကြတယ်။

ကိုယ်ပိုင်တဲ့ စိတ်ဆိုပြီး
ကိုယ်တွေးချင်တာတွေး ထင်ချင်တာထင်တော့

အမှန်ကို အမှားထင်
အမှားကို အမှန်မြင်ပြီး
လမ်းမှားသထက်မှားပြီး
လမ်းပျောက်တဲ့အထိ ဖြစ်ရတယ် ။

ကိုယ်ပိုင်တဲ့ ကိုယ့်ပါးစပ်ဆိုပြီး
ပြောချင်ရာပြော ဆိုချင်ရာဆိုတော့

လူမှန်တွေကို မုန်းစကားပြော
မမှန်သူတွေကို အချိုတွေနှောပြီး
အပေါ်ယံတွေနဲ့ပဲ ကျန်ရစ် နောင်တတွေ
ရတဲ့အထိ ဖြစ်ရတယ် ။

အကုန်လုံးက
Control မမိတာ
တွေကြောင့်ပဲဆိုပေမယ့်
မပြောခင် မဆိုခင်မှာ ထိန်းချုပ်ပြီး
ဆင်ခြင်ဉာဏ်နဲ့ စီစစ်ဖို့က မေ့မေ့သွားတတ်ကြတယ်။

Address

Yangon

Telephone

+959427561563

Website

Alerts

Be the first to know and let us send you an email when ရယ်မယ် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share