22/08/2026
အုန်းဆီ.....ဆိုတာ
မီးဖြင့်ချက်သောအုန်းဆီသည် ပမာဏများများရရှိနိုင်ပြီး အထွေထွေအိမ်သုံးနှင့် ဆံပင်လိမ်းရန်အတွက်အဆင်ပြေ၍စျေးနှန်းသက်သာသော်လည်း.....
ကျန်းမာရေးအတွက် သောက်သုံးရန်နှင့် မျက်နှာအသားအရေ အလှအပအတွက်ဆိုပါက အာဟာရဓာတ် အပြည့်အဝကျန်ရှိသည့် Extra Virgin Coconut Oil ကို အသုံးပြုခြင်းကသာအကောင်းဆုံး ဖြစ်ပါတယ်။
အုန်းသီးအဆံကို နေလှမ်းပြီးမီးအပူဖြင့်ချက်လုပ်ပါကရရှိသည့် အုန်းဆီပမာဏ ပိုများသော်လည်း အပူဒဏ်High Heatနှင့် ဓာတ်တိုးခြင်း Oxidationတို့ကြောင့် အုန်းဆီ၏ သဘာဝအာဟာရဂုဏ်သတ္တိများနှင့် အရည်အသွေးများ သိသိသာသာ လျော့ကျသွားရခြင်း ဖြစ်ပါတယ်။
နေလှမ်း မီးအပူပေးချက်လုပ်ခြင်းကြောင့် အရည်အသွေး ကျဆင်းရသည့်အပြင်ဗီတာမင်နှင့် ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ ပျက်စီးခြင်းသွားပါသည်။ အုန်းသီးကို နေလှမ်းချိန်နှင့် မီးဖြင့် ဆီကျက်အောင် ချက်သည့်အခါ မြင့်မားသော အပူဒဏ်ကြောင့် အုန်းဆီတွင် သဘာဝအတိုင်း ပါဝင်သည့် Vitamin E (Tocopherol) နှင့် ရောဂါများကို ကာကွယ်ပေးသည့် Polyphenols (Antioxidants) များ ပျက်စီးဆုံးရှုံးသွားပါတယ်။
ဓာတ်တိုးခြင်း (Oxidation) ဖြစ်ပေါ်လာ၍အုန်းဖတ်များကို နေလှမ်းစဉ် လေထုနေရောင်ခြည်နှင့် အချိန်ကြာမြင့်စွာ ထိတွေ့ရသည့်အတွက် အဆီဓာတ်များ ဓာတ်တိုးပြီး ဆီ၏အရောင်မှာ အဝါရောင်သန်းသွားကာ အနံ့မှာလည်း ဆီဂျီးနံ့Rancid Smellထွက်လာစေပါတယ်။
အုန်းသီးအဆံများကို နေလှမ်းရာတွင် ဖုန်ဗက်တီးရီးယားနှင့် မှို Mould Aflatoxinများ အလွယ်တကူ စွဲကပ်နိုင်ပြီး မီးဖြင့် ချက်သည့်အခါ၌လည်း မီးကျွမ်းသည့် အနံ့နှင့် အညစ်အကြေးများ ဆီထဲတွင် ကျန်ရစ်ခဲ့ပါတယ်။
Lauric Acid ၏ သဘာဝဖွဲ့စည်းပုံ ပြောင်းလဲပါသည်။
အုန်းဆီ၏ ပဋိဇီဝဂုဏ်သတ္တိကို ပေးသည့် Lauric Acid ၏ သဘာဝဖွဲ့စည်းပုံမှာ မီးအပူလွန်ကဲမှုကြောင့် မူလစွမ်းရည် လျော့ကျသွားပါတယ်။
Extra Virgin Coconut Oil (EVCO)ထုတ်လုပ်ပုံ နည်းလမ်းအရCold-pressedအအေးညှစ်နည်းအရမီးအပူ လုံးဝမသုံးဘဲအုန်းနို့မှ သဘာဝအတိုင်း ခွဲထုတ်သည်။ပါဝင်သော အာဟာရAntioxidants, Vitamin E နှင့် Lauric Acid တို့ ၁၀၀% ပြည့်ဝစွာ ကျန်ရှိသည်။
အနံ့နှင့် အရောင်ရေကဲ့သို့ ကြည်လင်ပြီး လတ်ဆတ်သော အုန်းသီးသဘာဝ အနံ့သင်းသင်း ရှိသည်။အသားအရေ ထိန်းသိမ်းမှုအတွက်အကောင်းဆုံးပါ။အသားအရေထဲ စိမ့်ဝင်လွယ်ပြီး ချွေးပေါက်မပိတ်စေပါ။မျက်နှာအတွက်နှင့် ကလေးငယ်များအတွက်ပါ စိတ်ချရသည်။ကျန်းမာရေးနှင့် သောက်သုံးမှုသဘာဝအတိုင်း တိုက်ရိုက် သောက်သုံးရန်နှင့် ခံတွင်းသန့်ရှင်းရေး (Oil Pulling) အတွက် သင့်တော်သည်။ထုတ်လုပ်မှုပမာဏဆီထွက်နှုန်း နည်းသဖြင့် ဈေးနှုန်းမြင့်မားပါသည်။
မီးဖြင့်ချက်အုန်းဆီ Refined / Traditional Oilဆိုတာ.....
Heat Extraction နေလှမ်း၊ အပူပေးပြီး မီးဖြင့် ကြာရှည်စွာ ချက်ထုတ်ရပါသည်။အပူဒဏ်ကြောင့် ဗီတာမင်Eနှင့် Antioxidants များ အများပြား ပျက်စီးသွားသည်။အဝါရောင် သန်းနေပြီး မီးကျွမ်းနံ့ သို့မဟုတ် အနံ့ပြင်းပြင်း ရှိသည်။အဆီစိမ့်မှု ပိုများပြီး ချွေးပေါက်ပိတ်လွယ်သဖြင့် မျက်နှာတွင် ဝက်ခြံ ထွက်လွယ်စေပါသည်။သဘာဝအတိုင်းတိုက်ရိုက်သောက်ရန် မသင့်တော်ဘဲ ဟင်းချက်ရန် ဆီမီးထွန်းရန် သို့မဟုတ် ဆံပင်လိမ်းရန်သင့်တော်သည်။