02/10/2026
ဒီနေ့တော့ မနေ့က ကန်စွန်းဥတွေ ပိုနေသေးလို့ ကန်စွန်းဥ မုန့်လက်ကောက်လေး လုပ်ဖြစ်တယ်ရှင်
လုပ်နည်း
- ကန်စွန်းပေါင်းပီးခြေထားပါ
- ခြေထားတဲ့ကန်စွန်းဥထဲ ပြောင်းကော်၊ ကောက်ညှင်းမုန့် ၊ သကြား၊ အုန်းနို့ရည်လေး ထည့်ပါမယ်ရှင်
- ပီးရင် အဝိုင်းလေးတွေလုပ်ပီး နှမ်းလေးကပ်ကြော်ပါမယ် 🍩
ကြော်ပီးရင်တော့ တန်ဖိုးနည်းပီး ပါဝင်ပစ္စည်းအမယ်မများ အာဟာရပြည့်တဲ့ ကန်စွန်းဥ မုန့်လက်ကောက်လေး ရပါပြီရှင်