ဟင်္သာတသူ စားသောက်ကုန်လုပ်ငန်း

  • Home
  • Myanmar
  • Yangon
  • ဟင်္သာတသူ စားသောက်ကုန်လုပ်ငန်း

ဟင်္သာတသူ စားသောက်ကုန်လုပ်ငန်း ဟင်္သာတမြို့မှအကောင်းဆုံးသောအစားစာများကို‌ဖြန့်ဖြူးရောင်းချပေးသွားမှာပါရှင် �

မမေ့နိုင်တဲ့ ၁၉ ဇူလိုင်
19/07/2025

မမေ့နိုင်တဲ့ ၁၉ ဇူလိုင်

“ဝါဆိုလပြည့်နေ့ @ ဓမ္မစကြာအခါတော်နေ့”ဝါဆိုလပြည့် ၁၃၈၇သာသနာနှစ် ၂၅၆၉'သန္ဓေတောထွက် ဓမ္မစက် ဟောမြွက်သံချိုလဝါဆို' ဒီနေ့ဟာဗု...
09/07/2025

“ဝါဆိုလပြည့်နေ့ @ ဓမ္မစကြာအခါတော်နေ့”

ဝါဆိုလပြည့် ၁၃၈၇
သာသနာနှစ် ၂၅၆၉

'သန္ဓေတောထွက် ဓမ္မစက် ဟောမြွက်သံချိုလဝါဆို'

ဒီနေ့ဟာဗုဒ္ဓဘာသာ မြန်မာလူမျိုးတို့ အထွဋ်အမြတ်ထားရာ ဝါဆိုလပြည့်နေ့ ဓမ္မစကြာအခါတော်နေ့ ဖြစ်ပါသည်။

🙏.လဝါဆို.🙏

"ဝါ''မှာ ဝါသ ဟူသော ပါဠိမှလာသည်။
နေခြင်းဖြစ်သည်။

'ဆို' မှာ ရွတ်ဆိုသည့် အဓိပ္ပာယ်ရှိသည်။
ရဟန်းတော်များ မိုးသုံးလ ကာလပတ်လုံးကျောင်း၌သီတင်းသုံးပါမည်ဟု ရွတ်ဆိုကတိနေသောလဖြစ်သည်။

ရှေးကဝါဆိုလကို 'မြွက်တာလ'ဟုခေါ်ရာ 'မြွက်'မှာ လယ်မြေဖြစ်၍ 'တာ'မှာ တိုင်းတာခြင်း ဖြစ်သည်။
'လယ်မြေတိုင်းတာသော' ဟုအဓိပ္ပါယ် ရရှိသည်။

ဝါဆိုလ၏ပွဲ၊ပန်း၊နက္ခတ်တာရာနှင့်ရာသီရုပ်ပုံများမှာ-ကရကဋ်ရာသီ၊ ဝါဆိုလ၊ ပဉ္စင်းခံပွဲသဘင်၊ ဓမ္မစကြာခါတော်သဘင်၊ အလောင်းတော် သန္ဓေတည်သောလ၊တောထွက်သောလ၊ပုန်းညက်ပန်း၊ အာသဠိခေါ် ဥတ္တရာ သန်နက္ခတ်နှင့်စန်းယှဉ်ပြည့်၊ ဗျိုင်းတာရာထွန်း၊ ရာသီရုပ်စုံကား ပုစွန်လုံး ဂဏန်းသတ္တဝါပုံ။

ဝါဆိုလပြည့်နေ့ကို ဓမ္မစကြာအခါတော်နေ့အဖြစ်သတ်မှတ်ထားပါသည်။

သက္ကရာဇ် ၁၀၃ ဝါဆိုလပြည့်နေ့ စနေနေ့ညတွင် မြတ်စွာဘုရားသခင်သည် ဗာရာဏသီပြည် မိဂဒါဝုန်တောတွင် ပဉ္စဝဂ္ဂီငါးဦးအား ဓမ္မစကြာ တရားတော်ကိုဟောကြားခဲ့သည်။

'သန္ဓေတောထွက် ဓမ္မစက် ဟောမြွက်ဝါဆို' ဟုဝါဆို ဝါလ ဝိသေ သကို ဆိုစမှတ်ပြုကြသည်။

ဝါဆိုလပြည့်နေ့တွင် မြတ်စွာဘုရားအလောင်းတော်သည် သန္ဓေတည်သည်။

ထိုနေ့မှာပင် တောထွက်တော်မူသည်။
ထိုနေ့မှာပင် ဓမ္မစကြာ တရားထူးဟောကြားတော်မူလေသည်။

ဝါတွင်းကာလအတွင်းတွင် ရဟန်းတော်များ
ဝါဆိုကြခြင်းမှာ မြတ်စွာဘုရားသခင်သည်
ပညတ်ခဲ့၍ဖြစ်သည်။

အကြောင်းမှာ.
မြတ်စွာဘုရား ရာဇဂြိုဟ်ပြည် ဝေဠုဝန်ကျောင်းမှာ သီတင်းသုံးစဉ်ကဖြစ်သည်။

ထိုစဉ်က ရဟန်းတော်များ နွေမိုးဆောင်း ဥတုသုံးလီ ခရီးသွားလာနေကြသည်။

မိုးလရာသီ သွားလာကြရာ ပြည်သူများစိုက်ပျိုးထားသော သီးနှံများကို နင်းမိသည်လည်းရှိခဲ့သည်။
ထိုအခါ သီးနှံများပျက်စီးရသည်။ပြည်သူများက မိုးကာလမှာ အယူလွဲမှား မိစ္ဆာဒိဋ္ဌိ များပင်ခရီးသွားကြ၊ ငှက်များအသိုက်မပြောင်း၊ ရဟန်းများကားနွေမိုးမရှောင် ခရီးသွားလျက် အများပြည်သူစိုက်ပျိုးထားသော သီးနှံများ နင်းချေမိနေသည်ဟု အပြစ်တင် ပြောဆိုကြလေသည်။

ဤသည်ကိုအကြောင်းပြု၍ မြတ်စွာဘုရားကား ဝါတွင်းကာလပတ်လုံး ရဟန်းတော်များ ညဉ့်အိပ်ညဉ့်နေ ခရီးမထွက်ရန် ပညတ်တော်မူခဲ့ခြင်းဖြစ်သည်။

ကာလမှာ ဝါဆိုလပြည့်ကျော် ၁ ရက်မှသီတင်းကျွတ်လပြည့်နေ့အထိဖြစ်သည်။ဝါဆိုအတွင်း ဝါပန်၍ညဉ့်အိပ်ညဉ့်နေ ၇ ရက်ကျော်၍
မသွားနိုင်ပေ။

ဝါဆိုလပြည့်ကျော်၁ရက်နေ့တွင် ဝါဆိုပန်းကပ်ခြင်းနှင့် ဝါဆို သကန်း ကပ်လှူပူဇော်လေ့ရှိသည်။
ဗုဒ္ဓဘာသာ မြန်မာလူမျိုးတို့ အထွဋ်အမြတ်ထားရာ ဝါဆိုလပြည့်နေ့ ဓမ္မစကြာအခါတော်နေ့ ဖြစ်ပါတယ်။

ဝါဆိုလပြည့်နေ့မှာ ထူးခြားချက် (၈)ချက်
ရှိပါတယ်။၎င်းတို့မှာ....

၁။ ဂေါတမဘုရားလောင်း
ပဋိသန္ဓေနေသောနေ့ဖြစ်၍ ထူးခြားခြင်း။

၂။ ဂေါတမဘုရားလောင်း
တောထွက်တော်မူသောနေ့ဖြစ်၍ ထူးခြားခြင်း။

၃။ဂေါတမဘုရားလောင်း ဓမ္မစကြာတရား
စတင်ဟောတော်မူသောနေ့ဖြစ်၍ ထူးခြားခြင်း။

၄။ ရေမီး အစုံစုံတို့ဖြင့် တန်ခိုးပြာဋိဟာကို
ပြတော်မူသောနေ့ဖြစ်၍ ထူးခြားခြင်း။

၅။ ဘုရားအဖြစ်ကို ဝန်ခံတော်မူသောနေ့ဖြစ်၍
ထူးခြားခြင်း။

၆။ တရားရတနာ စတင်ပေါ်ပေါက်သောနေ့ဖြစ်၍
ထူးခြားခြင်း။

၇။ သံဃာရတနာ စတင်ပေါ်ပေါက်သောနေ့ဖြစ်၍
ထူးခြားခြင်း။

၈။ “ဧဟိ ဘိက္ခု” ဟူသောစကားကို
စတင်ကြားရသောနေ့ဖြစ်၍ ထူးခြားခြင်း။
စတဲ့အချက်တွေပဲ ဖြစ်ပါတယ်။

ဒီလို နေ့ကောင်းနေ့မြတ်လေးမှာ
မိတ်ဆွေများလည်း ဒါန၊ သီလ၊ ဘာဝနာ ကုသိုလ်တွေ
မမေ့မလျော့ ပြုလုပ်နိုင်ဖို့ အကျိုးမျှော်လို့
နှိုးဆော်တိုက်တွန်းလိုက်ရပါသည်။

ဓမ္မဒါန ကူးယူဖော်ပြပါသည်။

မင်္ဂလာပါလူငယ်ပရဟိတအသင်း

Address

North Okkalarpa Township
Yangon
11011

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00

Website

Alerts

Be the first to know and let us send you an email when ဟင်္သာတသူ စားသောက်ကုန်လုပ်ငန်း posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share