Sandi's Art

Sandi's Art Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Sandi's Art, Yangon.

ဒီကနေ့ ပိတ်ရက်ကလေးမှာတော့ မြန်မာထမင်းဟင်း ကောင်းကောင်းလေးကို အချိန်ပေးချက်စားဖြစ်ပါတယ်ရှင်။ကြက်သားဆီပြန်ကို စပ်စပ်ကလေးချ...
01/05/2026

ဒီကနေ့ ပိတ်ရက်ကလေးမှာတော့ မြန်မာထမင်းဟင်း ကောင်းကောင်းလေးကို အချိန်ပေးချက်စားဖြစ်ပါတယ်ရှင်။

ကြက်သားဆီပြန်ကို စပ်စပ်ကလေးချက်ပြီး ကန်စွန်းရွက်အကြမ်းကြော်လေးနဲ့မို့ ထမင်းမြိန်လှပါတယ်။ ဘေးနားကတော့ ကိုယ်တိုင်အချဉ်စိမ်ထားတဲ့ ပဲတီချဉ်ကလေးပဲ ဖြစ်ပါတယ်။

ကြက်ဆီပြန်လေးကိုတော့ မြန်မာအရသာလေးစားချင်တာမို့ မဆလာမထည့်ပဲ ရိုးရိုးကလေးပဲ ဆီသတ်ချက်ဖြစ်ပါတယ်။

ကြက်ပေါင် ၅ချောင်း
ကြက်သွန်နီ အနေတော် ၂လုံး
ကြက်သွန်ဖြူ ၅တက်
ဂျင်း လက်တစ်ဆစ်

ပထမဦးဆုံး ကြက်ပေါင်တွေကို အရာနက်နက်ပေးပြီးဆား၊နနွင်းနဲ့ သေချာနယ်ပြီး နှပ်ထားပါတယ်။

အသားနှပ်ထားတုန်းမှာ ဆီသတ်ဖို့ ကြက်သွန်ဖြူနီကိုလည်း ဂျင်းနဲ့ရောကြိတ်ထားပါတယ်။

ဆီသတ်ဖို့ရာ ဆီကို ဟင်းချက်ဇွန်း ၃ဇွန်းသုံးပါတယ်။
ဆီပူလာတဲ့ခါ ကြိတ်ထားတာတွေကို မီးအေးအေးလေးနဲ့ ဆီသတ်ပါမယ်ရှင်။

ရွှေရောင်ကလေးဝင်းလာတဲ့အခါမှာ နနွင်း အနည်းငယ်နဲ့ ငရုတ်အစိမ်းမှုန့် ထမင်းစားဇွန်း ၃ဇွန်းထည့်ပြီး အချိန်ခဏမွှေပေးပါတယ်ရှင်။

အရောင်ကလေးရဲလာတဲ့အခါမှာ ကြက်သားတွေကို ထည့်ပြီး ဆားလဖက်ရည်ဇွန်း ၁ဇွန်းနဲ့ အသားမှုန့်အနည်းငယ်ထည့်ပြီး သမအောင်ရောမွှေပေးပါတယ်။ စန္ဒီကတော့ ကြက်သားဟင်းမှာ ငံပြာရည်အနံ့စူးတာကို မကြိုက်တဲ့အတွက် ဆားပဲသုံးဖြစ်ပါတယ်ရှင့်။
ကြက်သားအပေါ်ယံကြောလေးတင်းလာပြီး ရေခမ်းတဲ့အချိန်ထိ မွှေပေးနေပါမယ်ရှင်။

ကြက်နဂိုရေ ခမ်းသွားတဲ့အခါမှာတော့ ရေနွေးကို အသားမြုပ်တဲ့ထိထည့်ပြီး ရေခမ်းတဲ့ထိချက်လိုက်ပါမယ်ရှင်။ မကြာခဏ အပေါ်အောက်နှံ့အောင်လေး မွှေပေးပါတယ်ရှင်။

ဒီနေရာမှာသတိထားရမှာကတော့ ကြက်သားထဲကရေတွေအရင်ထွက်သွားပြီးမှ အပြင်ရေကိုထထည့်ရမှာဖြစ်ပါတယ်ရှင်။
မဟုတ်ရင် ကြက်ညှီနံ့ရှိတတ်ပါတယ်။

ရေလေးလည်းခမ်း ဆီလည်း ပြန်လာတဲ့အခါ သေချာလေးရောမွှေပြီးတော့ အရသာလိုသလိုချိန်ပြီး ချလို့ရပါပြီရှင်။

ကန်စွန်းရွက်ကိုတော့ ဆီပြန်ဟင်းနဲ့ စားမှာဖြစ်တဲ့အတွက် ဆား၊ အသားမှုန့်လေးနဲ့ပဲ အကြမ်းလေးကြော်ပြီး အပေါ်ကန ကြက်သွန်ဖြူအစိမ်းတစ်ပြားရိုက် တင်လိုက်ပါတယ်ရှင်။
သိပ်ကိုမှ ခံတွင်းရှင်းပြီး ကြက်သားဟင်းအနှစ်နဲ့ နယ်ပြီး မြှုပ်စားတဲ့အခါမှာ အင်မတန်မှ လိုက်ဖက်လှပါတယ်။

ဟင်း ၂မျိုးကိုမှ ကြာချိန် ၁နာရီပါပဲရှင့်။
အားလုံးပဲ ထမင်းစားမြိန်ကြပါစေရှင်။

Welcome back 👏👏👏 Sandi’s Art page လေးကနေ ပြန်လည်ကြိုဆိုလိုက်ပါတယ်။Covid ကာလနဲ့ အလွန်ကာလတွေမှာ ဒီ page လေးဟာဆိုရင်ဖြင့် S...
28/04/2026

Welcome back 👏👏👏 Sandi’s Art page လေးကနေ ပြန်လည်ကြိုဆိုလိုက်ပါတယ်။

Covid ကာလနဲ့ အလွန်ကာလတွေမှာ ဒီ page လေးဟာဆိုရင်ဖြင့် Snacks တွေရောင်းခဲ့ပြီး ဟင်းချက်နည်းလေးတွေ ရံဖန်ရံခါ တင်လေ့ရှိခဲ့ပါတယ်။

အကြောင်းအမျိုးမျိုးကြောင့် နှစ်အကြာကြီးပျောက်သွားခဲ့ပြီးနောက်မှာတော့ စန္ဒီပြန်လာခဲ့ပါပြီ။

အခုတော့ ဝမ်းနည်းစွာနဲ့ပဲ Snacks လေးတွေ ရောင်းဖြစ်တော့မှာ မဟုတ်ပါဘူး။ အားပေးခဲ့ကြသူတိုင်းကိုလည်း ကျေးဇူးအထူးတင်ရှိကြောင်း တစ်ပါတည်းပြောလိုပါတယ်။

အဲ့အစား တစ်ယောက်တည်းချက်ပြုတ်စားနေရသူတွေ၊ နိုင်ငံခြားမှာ ကျောင်းတစ်ဖက်၊ ရုံးတစ်ဖက်နဲ့ရုန်းကန်နေရတဲ့သူတွေအတွက် လွယ်လွယ်နဲ့ ချက်လို့ရမယ့်အစားအသောက်ချက်နည်းလေးတွေ တင်ပေးသွားမှာဖြစ်ပါတယ်။

ဒီချက်နည်းတွေဟာ အချိန်ကုန်သက်သာပြီး တစ်ကိုယ်ရည်စာအရသာရှိရှိစားနိုင်ဖို့ရည်ရွယ်တာဖြစ်တဲ့အတွက် သမားရိုးကျနည်းလမ်းများဆီကနေ သွေဖယ်နေတာမျိုးတွေလည်း ရှိနိုင်တာမို့ မှားယွင်းနေတာမျိုးတွေရှိလာခဲ့ရင်လည်း ခွင့်လွှတ်ပေးကြဖို့ ကြိုတင်မေတ္တာရပ်ခံထားပါရစေ။

စေတနာအမှားများနဲ့ လိုအပ်ချက်များကိုလည်း ထောက်ပြပေးကြပါဦးရှင်။

ကျေးဇူးတင်ပါတယ် 🙏

Address

Yangon

Telephone

+959799574495

Website

Alerts

Be the first to know and let us send you an email when Sandi's Art posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share