ZNY Online Store

ZNY Online Store စေတနာကောင်းရင်ကံကောင်းတယ်🙏✅

2️⃣0️⃣2️⃣5️⃣ 🙏📿  #ဝါတွင်း(၃)လ "  #ကိုးနဝင်းပုတီး " ရက်ပေါင်း (၉၀) အဓိဌာန် ပုတီးစိပ်ကြမယ် 📿🙏🙏ဝါတွင်း(၃)လ ရက်ပေါင်း(၉၀)စိပ...
08/07/2025

2️⃣0️⃣2️⃣5️⃣ 🙏📿 #ဝါတွင်း(၃)လ " #ကိုးနဝင်းပုတီး " ရက်ပေါင်း (၉၀) အဓိဌာန် ပုတီးစိပ်ကြမယ် 📿🙏

🙏ဝါတွင်း(၃)လ ရက်ပေါင်း(၉၀)စိပ်ရတဲ့
" ကိုးနဝင်း " ပုတီးစိပ်နည်း🙏

💠 📿 စိပ်ရမယ့်နေ့ရက်များ 📿 💠

📿၀၉.၇.၂၀၂၅ မှ ၁၇.၇.၂၀၂၅ 📿အထိ
(၉)ပါး စလုံးကိုနေ့တိုင်းတစ်ပတ်စီစိပ်ပါ။

အရဟံ (၁)ပတ်
သမ္မာသမ္ဗုဒ္ဓေါ (၁)ပတ်
ဝိဇ္ဇာစရဏသမ္ပန္နော (၁)ပတ်
သုဂတော (၁)ပတ်
လောကဝိဒူ (၁)ပတ်
အနုတ္တရောပုရိသဒမ္မသာရထိ (၁)ပတ်
သတ္ထာဒေဝမနုဿာနံ (၁)ပတ်
ဗုဒ္ဓေါ (၁)ပတ်
ဘဂဝါ (၁)ပတ်
__________________________

📿 အရဟံ သိဒ္ဓိ (၉)ပတ်
( ၁၈.၇.၂၀၂၅ ) မှ ( ၂၆.၇.၂၀၂၅ ) အထိ
__________________________

📿 သမ္မာသမ္ဗုဒ္ဓေါ သိဒ္ဓိ (၉)ပတ်
( ၂၇.၇.၂၀၂၅ ) မှ ( ၀၄.၈.၂၀၂၅ ) အထိ
________________________

📿 ဝိဇ္ဇာစရဏသမ္ပန္နော သိဒ္ဓိ (၉)ပတ်
( ၅.၈.၂၀၂၅ ) မှ ( ၁၃.၈.၂၀၂၅ ) အထိ
________________________

📿 သုဂတော သိဒ္ဓိ (၉)ပတ်
( ၁၄.၈.၂၀၂၅ ) မှ ( ၂၂.၈.၂၀၂၅ ) အထိ
__________________________

📿 လောကဝိဒူ သိဒ္ဓိ (၉)ပတ်
( ၂၃.၈.၂၀၂၅ ) မှ ( ၃၁.၈.၂၀၂၅ ) အထိ
__________________________

📿 အနုတ္တရောပုရိသဒမ္မသာရထိ သိဒ္ဓိ (၉)ပတ်
( ၁.၉.၂၀၂၅ ) မှ ( ၉.၉.၂၀၂၅ ) အထိ
__________________________

📿 သတ္ထာဒေဝမနုဿာနံ သိဒ္ဓိ (၉)ပတ်
( ၁၀.၉.၂၀၂၅ ) မှ ( ၁၈.၉.၂၀၂၅ ) အထိ
__________________________

📿 ဗုဒ္ဓေါ သိဒ္ဓိ (၉)ပတ်
( ၁၉.၉.၂၀၂၅ ) မှ ( ၂၇.၉.၂၀၂၅ ) အထိ
_________________________

📿 ဘဂဝါ သိဒ္ဓိ (၉)ပတ်
( ၂၈.၉.၂၀၂၅ ) မှ ( ၆.၁၀.၂၀၂၅ ) အထိ

#ဝါတွင်း၃လအဓိဌာန်၂၀၂၅
ဝါဆိုလပြည့်နေ့(ဓမ္မစင်္ကြာနေ့ မှ သီတင်းကျွတ်လပြည့်နေ့)ထိဖြစ်ပါတယ်
🌼သက်သတ်လွတ်လည်း စားစရာမလိုပါဘူး
☀️အချိန်လည်း တိတိကျကျစိပ်စရာမလိုပါဘူး
👍 နေ့တိုင်း မှန်မှန်စိပ်ဖို့ပဲလိုပါတယ် 📿

📿🔔 ဗုဒ္ဓဂုဏ်တော်ကိုးပါး အဓိပ္ပါယ်အကျဉ်း📿🔔

၁။ #အရဟံ = ကိလေသာ အညစ်အကြေးတို့မှ ကင်းဝေးစင်ကြယ်တော်မူသော မြတ်စွာဘုရား...

၂။ #သမ္မာသမ္ဗုဒ္ဓေါ = သစ္စာလေးရပ် တရားမြတ်ကို ဆရာမကူ သယမ္ဘူဉာဏ်ဖြင့် ကြွင်းမဲ့ဥဿုံ အလုံးစုံကို ကိုယ်တော်တိုင်သာလျှင် ပိုင်းခြားထင်ထင် အကုန်အစင် သိမြင်တော်မူသော မြတ်စွာဘုရား...

၃။ #ဝိဇ္ဇာစရဏသမ္ပန္နော = အသိတရား အကျင့်တရားတို့နှင့် ပြည့်စုံတော်မူသော (ဝါ) ဝိဇ္ဇာသုံးပါး၊ ဝိဇ္ဇာရှစ်ပါး၊ စရဏတရား တစ်ဆယ့်ငါးပါးတို့နှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား...

၄။ #သုဂတော = ကျိုးရှိဟုတ်မှန် နှစ်တန်သော စကားကိုသာ မိန့်ကြားတော်မူတက်သော (ဝါ) ကျိုးရှိဟုတ်မှန် သူခံသာသောစကားနှင့် ကျိုးရှိဟုတ်မှန် သူမခံသာသောစကား ဤနှစ်ပါးကိုသာ မိန့်ကြားတော်မူတက်သော မြတ်စွာဘုရား...

၅။ #လောကဝိဒူ = သတ္တလောက၊ ဩကာသလောက၊ သင်္ခါရလောက တည်းဟူသော လောကသုံးခွင်ကို အကုန်အစင် သိမြင်တော်မူသော မြတ်စွာဘုရား...

၆။ #အနုတ္တရောပုရိသဒမ္မသာရထိ = မယဉ်ကျေးကြငြား သတ္တဝါများကို ယဉ်ပါးလေအောင် ဆုံးမခြင်း၌ တုဘက်ကင်းတော်မူသော မြတ်စွာဘုရား...

၇။ #သတ္တာဒေဝမနုဿာနံ = လူ၊ နတ်၊ ဗြဟ္မာ သတ္တဝါတို့၏ ဆရာတစ်ဆူအစစ် ဖြစ်တော်မူသော မြတ်စွာဘုရား...

၈။ #ဗုဒ္ဓေါ = သစ္စာလေးပါးမြတ်တရားကို ပိုင်းခြားထင်ထင် သိမြင်တော်မူသော (ဝါ) သစ္စာလေးအင်ကိုယ်တိုင်မြင်၍ များဖြင့်ဝေနေ တပည့်တွေကိုလည်း သိစေတော်မူသော မြတ်စွာဘုရား...

၉။ #ဘဂဝါ = ဣဿရိယ၊ ဓမ္မ၊ ယသ၊ သိရီ၊ ကာမ၊ ပယတ္တ ဟူသော ဘုန်းတော် ၆ ပါးနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား...

ဤသို့လျှင် အရဟံ စသား ဂုဏ်ကိုးပါးနှင့် ထူးခြားကုံလုံ ပြည့်စုံတော်မူသော မြတ်စွာဘုရားကို ကြည်ညိုမြတ်နိုး လက်စုံမိုး၍ ရှိခိုးကန်တော့ပါ၏ အရှင်ဘုရား 🙏🙏🙏

🙏🙏🙏 #ဗုဒ္ဓဂုဏ်တော်ကိုးပါး အကျိုး 🙏🙏🙏

၁။ အရဟံ - ဂုဏ်တော်အား ဆင်ခြင်ပွါးများလျှင် ဘေးရန်ခပ်သိမ်း ကင်းငြိမ်းစေသည်၊ သူတစ်ပါးတို့က လေးစားချစ်ခင်သည်။

၂။ သမ္မာသမ္ဗုဒ္ဓေါ - ဂုဏ်တော်အား ဆင်ခြင်ပွါးများလျှင် အသိဉာဏ်ပညာ ထိုးထွင်းတိုးပွါးစေသည်၊ အသိဉာဏ်နှင့် စပ်လျဉ်းသည့် ကိစ္စအားလုံး အောင်မြင်စေသည်။

၃။ ဝိဇ္ဇာစရဏ သမ္ပန္နော - ဂုဏ်တော်အား ဆင်ခြင်ပွါးများလျှင် ဘုန်းတန်ခိုးကြီးမားစေသည်၊ လက်ရုံးရည် နှလုံးရည် တိုးပွါးစေသည်။သတ္တိ ဗျတ္တိ နှင့် ပြည့်စုံနိုင်စေသည်။

၄။ သုဂတော - ဂုဏ်တော်အား ဆင်ခြင်ပွါးများလျှင် သူတစ်ပါးတို့က ချစ်ခင်လေးစား ကူညီသည်၊ ချီးမြင့်သည်၊ မိမိတောင့်တသမျှ ကောင်းကျိုးများ အောင်မြင်သည်၊ ရောက်လေရာရာ အခါမရွေး ဒေသမရွေး မျက်နှာပွင့်လန်းသည်။

၅။ လောကဝိဒူ - ဂုဏ်တော်အား ဆင်ခြင်ပွါးများလျှင် အချိန်ကာလ နေရာဌာနအားလျော်စွာ အကြံအစည် ပြုသမျှကိစ္စ အားလုံးကို အလွယ်တကူ အောင်မြင်သည်၊ သူတစ်ပါးတို့ အကြံအစည်ကိုလည်း သိနိုင်သည်။

၆။ အနုတ္တရော ပုရိသဒမ္မသာရထိ - သူတစ်ပါးတို့က နိုင်ထက်ကလူ မပြုနိုင်၊ အပြိုင်အဆိုင်ဟူသမျှ အနိုင်ရသည်။

၇။ သတ္တာဒဝေ မနုဿာနံ - သူတစ်ပါး၏ အကြည်ညိုခံရသည်၊ အစဉ်ထာဝရ လေးစားရိုသေမှုခံရသည်။ ဩဇာအာဏာ ထက်မြက်သည်။

၈။ ဗုဒ္ဓေါ - ဂုဏ်တော်အား ဆင်ခြင်ပွါးများလျှင် အရာရာကြံဆ၍ သိနိုင်ပေသည်၊ ပြဿနာ ဟူသမျှကို ဖြေရှင်းနိုင်သည်။

၉။ ဘဂဝါ - ဂုဏ်တော်အား ဆင်ခြင်ပွါးများလျှင် လူချစ်လူခင်ပေါများသည်၊ အားလုံးက ကြည်ညိုကြသည်၊ အခြွေအရံပေါများသည်၊ သူတစ်ပါးတို့ မတုပြိုင်ဝံ့ ကြောက်လန့်ရိုသေစေသည်။

🙏🙏🙏 လုံးစုံများစွာ သတ္တဝါ ချမ်းသာကိုယ်စိတ်မြဲပါစေ။ ဥပါဒ်ရန်ဘေး ကင်းစင်ဝေး ငြိမ်းအေးကြပါစေ။🙏🙏🙏
#ဝါတွင်း #ဝါတွင်း၃လ #ကိုးန၀င်းပုတီး #ပုတီးစပ် #အဓိဌာန် #ရက်ပေါင်း၉၀ #ဝါဆို #‌ဗုဒ္ဓမြန်မာ #ဗုဒ္ဓ #ဝါဆိုလပြည့် #ဝါတွင်းပုတီးစိပ်
9 July 2025 to 6 October 2025
Credit - Buddha

ဒူးရင်းသီး အမှည့်လိုနေလို့ မှာထားတဲ့သူများ မနက်ဖန်မှ ပို့ပေးပါမယ်..ကြိုတင် order တင်ထားလို့ရပါတယ်✍🏻✍🏻 #နန်း
30/06/2025

ဒူးရင်းသီး အမှည့်လိုနေလို့ မှာထားတဲ့သူများ မနက်ဖန်မှ ပို့ပေးပါမယ်..ကြိုတင် order တင်ထားလို့ရပါတယ်✍🏻✍🏻
#နန်း

29/06/2025

မနက်ဖန်ရပြီနော်😍😋😋😋

မွှေးတဲ့အလုံး ခွဲး.. အားပေးမဲ့သူများကအဆင်သင့် 👧🏻👧🏻😃😍🥰ချိုအီစိမ့်အရသာထိမိ😋😋😋ရှယ်ကောင်းသော😋😋😋
29/06/2025

မွှေးတဲ့အလုံး ခွဲး.. အားပေးမဲ့သူများကအဆင်သင့် 👧🏻👧🏻😃😍🥰
ချိုအီစိမ့်အရသာထိမိ😋😋😋
ရှယ်ကောင်းသော😋😋😋

 #ဒူးရင်းသီး၏ကျန်းမာရေးအကျိုးကျေးဇူး (၇)ချက်ဒူးရင်းသီးတွင် ဗီတာမင်စီ၊ ဖောလစ်အက်စစ်၊ thiamin, riboflavin, niacin, B6, ဗီတ...
28/06/2025

#ဒူးရင်းသီး၏ကျန်းမာရေးအကျိုးကျေးဇူး (၇)ချက်

ဒူးရင်းသီးတွင် ဗီတာမင်စီ၊ ဖောလစ်အက်စစ်၊ thiamin, riboflavin, niacin, B6, ဗီတာမင်အေ၊ ပိုတက်စီယမ်၊ သံဓာတ်၊ ကယ်လစီယမ်၊ မဂ္ဂနီစီယမ်၊ ဆိုဒီယမ်၊ ဇင့်၊ phosphorus အစရှိသည့် ကျန်းမာရေး အကျိုးပြု သတ္တုဓာတ်တွေ၊ ဗီတာမင်တွေ ပါဝင်ပါတယ်။

ထို့အပြင် ပရိုတင်း၊ ရေဓာတ် နှင့် phytonutrients ဓာတ်တွေလည်း ပါဝင်သေးသည့်အတွက် ဒူးရင်းသီးကို စားသုံးခြင်းဖြင့် အောက်ပါ အကျိုးကျေးဇူးတွေကို ရရှိစေနိုင်ပါတယ်။

၁။ အမျှင်ဓာတ် ကြွယ်ဝစွာ ပါဝင်တဲ့အတွက် အစာခြေဖျက်မှုကို အထောက်အပံ့ပေးပြီး ဝမ်းချုပ်တာကို သက်သာစေခြင်း၊

၂။ ပိုတက်စီယမ်ဓာတ် ပြည့်ဝစွာ ပါဝင်တဲ့အတွက် နှလုံးသွေးကြော ကျန်းမာရေးအတွက် အထောက်အကူပြုခြင်း၊

၃။ အိုမင်းမှုလက္ခဏာတွေဖြစ်တဲ့ အရေးကြောင်း၊ အစက်အပြောက်၊ ကြွက်သားလျော့ရဲလာမှု၊ ဆံပင်ကျွတ်တာတွေကို နှေးကွေးစေခြင်း၊

၄။ နှစ်ခြိုက်စွာ အိပ်ပျော်စေခြင်း၊

၅။ ကိုလက်စထရောကို လျှော့ချပေးနိုင်ခြင်း၊

၆။ ကင်ဆာနှင့် သွေးအားနည်းရောဂါကို ကာကွယ်ပေးနိုင်ခြင်း၊

၇။ အရိုးများကို သန်မာစေပြီး အရိုးပွရောဂါကို ကာကွယ်နိုင်စွမ်း ရှိခြင်း စသည့် ကောင်းကျိုးတွေကို ရရှိစေပါလိမ့်မယ်။

ခြွင်းချက်အနေနဲ့ ဒူးရင်းသီးမှာ ပါဝင်တဲ့ အဆီဓာတ်ဟာ အခြားအသီးတွေထက် သုံးဆပိုများနေပါတယ်တဲ့။ ဒါ့ကြောင့် ကိုယ်အလေးချိန်များသူ၊ အဝလွန်နေသူတွေ အနေနဲ့ကတော့ ဒူးရင်းသီးကို ရှောင်တာ အကောင်းဆုံးပါပဲ။

Ref: Top 7 Benefits of Durian

Team (ရိုးရာလေး)

#ကျန်းမာရေးဗဟုသုတရကြပါစေ

မွန်ထောင်းမစားလိုက်ရတဲ့သူ ချန်နီစား အာသားထူပြီး အစေ့သေးတယ်..စျေးကလဲ မွန်ထောင်းလောက် မပေးရတော့ ဝဝစားရတာပေါ့.... မနက်ဖြန် ...
27/06/2025

မွန်ထောင်းမစားလိုက်ရတဲ့သူ ချန်နီစား အာသားထူပြီး အစေ့သေးတယ်..စျေးကလဲ မွန်ထောင်းလောက် မပေးရတော့ ဝဝစားရတာပေါ့.... မနက်ဖြန် ရောက်မယ်နော်
စနေ/တနဂ်နွေ live နဲ့လာပါမယ်...
Live ထဲဝင်ဝယ်တဲ့သူ 1 kg တစ်ဗူးဝယ်သူတိုင်း ပို့ရ ❗️FREE.❗️ပေးမှာဖြစ်ပါတယ်..

ရန်ကုန်မြိုတွင်း ဘယ်နေရာပို့ပို့ ပို့ရ (၂၅၀၀ )
ခွဲဗူးဖြစ်တဲ့အတွက် ဝေးတဲ့နေရာတော့မပို့ပါဘူးရှင့်
နေ့ချင်းရောက်တဲ့နေရာဘဲပို့ပေးပါတယ်….
#နန်း

ဒူးရင်းသီးရဲ့ကောင်းကျိုးများ👇🏻👇🏻👇🏻
24/06/2025

ဒူးရင်းသီးရဲ့ကောင်းကျိုးများ👇🏻👇🏻👇🏻

မတွေ့ရတာကြာတဲ့ အမတွေ.. အိမ်အထိလာပြီး ဒူးရင်းသီးတွေအားပေးသွား😍🥰🥰အဲ့လိုချစ်ဖို့ကောင်းကြတာ😍🥰
21/06/2025

မတွေ့ရတာကြာတဲ့ အမတွေ.. အိမ်အထိလာပြီး ဒူးရင်းသီးတွေအားပေးသွား😍🥰🥰
အဲ့လိုချစ်ဖို့ကောင်းကြတာ😍🥰

21/06/2025

2:20 pm မှာ (30000)တန် ဒူးရင်းသီး (၁) ဗူး မဲဖောက်ပေးပါမယ်… စောင့်ကြည့်ဖိူ့မမေ့ပါနဲ့နော်✌🏻✌🏻✌🏻😉😉😉🍾

20/06/2025

😋😋😋

Address

မရမ်းကုန်း
Yangon

Website

Alerts

Be the first to know and let us send you an email when ZNY Online Store posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category