Shwe Zin Yaw Min Online Shop

Shwe Zin Yaw Min Online Shop 9:00AM To 5:00PM

   # PFY* Never mind * ( ကိစ္စ မရှိဘူး)*တန်ဖိုးသိတဲ့ အရပ်မှာ တန်ဖိုးရှိရှိ နေထိုင်သွားမယ်။*မနက်ဖြန်တိုင်းကို မျှော်လင့်ခ...
18/09/2025

# PFY
* Never mind * ( ကိစ္စ မရှိဘူး)
*တန်ဖိုးသိတဲ့ အရပ်မှာ တန်ဖိုးရှိရှိ နေထိုင်သွားမယ်။
*မနက်ဖြန်တိုင်းကို မျှော်လင့်ချက် အသစ်တွေနဲ့ကြိုဆို
သွားမယ်။
*ဘဝ ကို ပေါ့ပေါ့ပါးပါး ပျော်ရွှင်စွာ ရှင်သန်နေထိုင် သွားမယ်။✅️🌵😊😊

တစ်ခါတလေမှာ အတိုင်းအတာ တစ်ခုထိ
မျှော်လင့်ချက် မဲ့သွားပြီးတဲ့နောက်
ပန်းတစ်ပွင့် ဖူးပွင့်လာတတ်တယ်
အဲဒီပန်း နာမည်က Never mind (ကိစ္စမရှိဘူး)တဲ့။

သိပ်ကြိုက်ခဲ့တဲ့ စာသားလေးတစ်ခုပါပဲ...။

လောကမှာ ကိစ္စတော်တော်များများက
မျော်လင့်ထားတဲ့အတိုင်း ဖြစ်မလာတာ များတယ်... ။
ဖြစ်ချင်တာတွေ ဖြစ်မလာတဲ့အခါ...
မဖြစ်ချင်တာတွေ ဖြစ်လာတဲ့အခါ...

ဒါကိုပဲ အိပ်ပျက်စားပျက် မပြီးနိုင်မစီးနိုင်
ပုံကြီးချဲ့ ခံစားနေမယ်နေဆိုရင်တော့
အဆင်မပြေမှုတွေ၊ ပူလောင်မှုတွေ၊ နာကျင်မှုတွေနဲ့အတူ
ဘဝဟာ ပိုပြီး စိတ်ပျက်စရာကောင်းနေဦးမှာပဲ...။

ဘဝမှာ ဘာတွေပဲ ကြုံလာကြုံလာ...
ဘာတွေပဲ ဖြစ်လာဖြစ်လာ ဒါကို လက်ခံနိုင်ရမယ်..
"ဒါလား..ရပါတယ်..Never mind (ကိစ္စမရှိဘူး)"လို့
ပြောနိုင်ရမယ်..ပြောရဲရမယ်...။

အဆင်မပြေမှု‌‌တွေလား...?
Never Mind (ကိစ္စမရှိဘူး)
ငါ အကောင်းဆုံးကြိုးစားပြီး ဖြေရှင်းမယ်...။

အခက်အခဲတွေလား...?
Never Mind (ကိစ္စမရှိဘူး)
ငါ အကောင်းဆုံးကြိုးစားပြီး ကျော်ဖြတ်မယ်...။😊

ဒုက္ခတွေလား...?
Never Mind (ကိစ္စမရှိဘူး)
ငါ အကာင်းဆုံးကြိုးစားပြီး ရင်ဆိုင်မယ်...။😊

ဒဏ်ရာတွေလား...?
Never Mind (ကိစ္စမရှိဘူး)
အချိန်က သူ့အလိုလို ကုစားသွားလိမ့်မယ်...။ 😊

အတင်းအဖျင်းတွေလား...?
Never Mind (ကိစ္စမရှိဘူး)
အမှန်တရားက သူတို့ကို နှုတ်ပိတ်သွားလိမ့်မယ်...။

အတုအယောင်တွေတဲ့လား...?
Never Mind (ကိစ္စမရှိဘူး)
လောကကြီးက
သူ့နည်းသူ့ဟန်နဲ့ ရှင်းထုတ်သွားလိမ့်မယ်...။

ချစ်ခြင်းမေတ္တာတွေကို
အသိအမှတ် မပြုဘူးတဲ့လား..?
Never Mind (ကိစ္စမရှိဘူး)
တန်ဖိုးသိတဲ့အရပ်မှာ တန်ဖိုးရှိရှိ နေသွားမယ်...။

မျှော်လင့်ချက်တွေ ရိုက်ချိုးခံလိုက်ရတာလား...?
Never Mind (ကိစ္စမရှိဘူး)
မနက်ဖြန်တိုင်းကို မျှော်လင့်ချက်အသစ်တွေနဲ့
ကြိုဆိုသွားမယ်...။

တစ်ခုခု ကြုံလာတာနဲ့
Never Mind (ကိစ္စမရှိဘူး)လို့ ပြောနိုင်အောင် ကြိုးစားပါ။ ဖြစ်ချင်တာတွေ ဖြစ်ခွင့်မရဘူးဆိုရင်‌တောင်မှ အနည်းဆုံးတော့ ဘဝကို ပေါ့ပေါ့ပါးပါး ရှင်သန်နေထိုင်သွားနိုင်တာပေါ့...။ 🥰🥰

🔹Dawhay 🔹

#စာပေ

#ရသ

18/08/2025

" လောင်မြိုက်ခြင်းကို မလိုချင်တော့တဲ့အခါ "

🎻::::::::::::::::::::::::::::::🎻:::::::::::::::::::::::::::::::🎻

တွေ့ဆုံကြပြီးသွားရင်
ခွဲခွာခြင်းဟာ တစ်နေ့တော့
ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာဦးမှာပါ

ဖြစ်တည်လာခြင်းတွေအားလုံးဟာလည်း
ပျက်စီးခြင်းမှာပဲ တစ်နေ့တော့အဆုံးသက်ရမှာပါ

အများကြီးမျော်လင့်ထားပြီး
အရမ်းကြီးဆုပ်ကိုင်ထားခဲ့မိရင်တော့
ခွဲခွာခြင်းတရားရောက်လာတဲ့အခါ လက်ခံနိုင်ဖို့
နှလုံးသားက အသင့်ဖြစ်သေးမှာ မဟုတ်ဘူး

တစ်ခါတလေတော့လည်းသံယောဇဥ်တွေကြီးခဲ့သလောက် ပူလောင်ရပြီး စေတနာတွေ ပိုခဲ့မိသလောက် ပြန်ခံစားရတတ်တယ်

ဘဝမှာ တစ်ချို့ရေစက်တွေက ရှေ့ဆက်ဖို့ ကံမပါတော့လို့ အလိုလို ပစ်ကျ၍ ကုန်သွားတာဖြစ်ပြီး

တစ်ချို့ရေစက်တွေကကျ
တစ်ဖတ်က ရှေ့မဆက်ချင်တော့လို့ဆိုပြီး
တမင်လွှတ်ချလိုက်လို့ ကုန်သွားတာမျိုးဖြစ်တယ်

ဘာကြောင့်ပဲ ရေစက်တွေ ကုန်ကုန်
ကိုယ့်စိတ်က ခွဲခွာခြင်းတရားတွေကြုံလာခဲ့ရင်
လက်ခံနိုင်အောင် ပြင်ဆင်ထားဖို့ လိုတယ်

ဖွင့်မရတော့တဲ့ တံခါးတွေကို
အသာလေးပိတ်ပြီး လှည့်ပြန်ခဲ့လိုက်ခြင်းက
ဒဏ်ရာကင်းစေသောနည်းဖြစ်ပြီး

လောင်မြိုက်ခြင်းကို မလိုချင်တော့တဲ့အခါ
နည်းနည်းလေး လျော့ချစ်လိုက်ခြင်းက
ကိုယ့်စိတ်ကို အပူနည်းစေမှာပါ ။

#အရှင်ဇဝနသူ့စိတ်ကြိုက်စာပေများ

18/08/2025

ရှေ့လျှောက် တွယ်ကပ်နေတာမျိုးတွေ
လုပ်ဖြစ်တော့မှာ မဟုတ်သလို
ဘယ်သူ့ကိုမှ ဆွဲမထားဖြစ်လောက်တော့ဘူး။

ဝင်လာရင် welcome
ထွက်သွားရင် good bye ပေါ့
ပြောင်းလဲသွားကြခြင်းတွေကို လက်ခံစပြုလာပြီ။
ဒီ့ထက်ပိုပြီး တိတ်ဆိတ်သွားဖို့လည်းရှိတယ်။ ။

Credit - Lionel Sn -

23/07/2025

လူဆိုတာ
ပတ်ဝန်းကျင်နဲ့ နေရတာ
အသိုင်းအဝိုင်းနဲ့ နေရတာ

ဒါပေမယ်.
အဲ့ပတ်ဝန်းကျင်တို့ အသိုင်းဝိုင်းတို့ဆိုတာ
အမြဲ ဂရုစိုက်နေဖို့ မလိုသလို
သူတို့စိတ်တိုင်း ကျအောင်လည်း
အမြဲ လိုက်လုပ်နေလို့ မဖြစ်ပြန်ဘူး

သူစိမ်း လူတွေမပြောနဲ့
ကိုယ့်အမျိုး ကိုယ့်မိသားစုထဲမှာတောင်
ကိုယ့်အကြောင်း သေချာမသိတဲ့ လူတွေ
ကိုယ့်အလုပ်ကို သေချာ နားမလည်တဲ့သူတွေ
ကိုယ့်မေတ္တာကို တန်ဖိုးမထားတဲ့သူတွေ တစ်ပုံကြီးပဲ

ဖြတ်သန်းခဲ့ရတဲ့ ဘဝခြင်းမတူရင်
ကြုံတွေ့ခဲ့ရတဲ့ သင်ခန်းစာခြင်းကလဲ
တူမှာမဟုတ်ဘူး....

ကြည့်တဲ့ ရှု့ထောင့်ခြင်း မတူရင်
မြင်တဲ့ အမြင်ခြင်းကလဲ တူမှာမဟုတ်ဘူး....

ရည်ရွယ်ချက်ခြင်း မတူရင်
တစ်လမ်းထဲလဲ အတူတူ လျှောက်လို့မရဘူး.....

ရခဲ့တဲ့ ဒဏ်ရာခြင်း မတူရင်
အတွင်းစိတ်ရဲ့ ခံစားချက်ကလဲ တူမှာမဟုတ်ဘူး.....

တကယ်တော့......
ဘယ်နေရာမှာ ဖြစ်ဖြစ် သူကသူ ကိုယ်ကကိုပါ

ဒါကို ငါပြောသလိုလုပ်
ငါထားသလိုနေ ငါတွေးသလိုတွေး
ငါပြောတာနားထောင် ဆိုတာမျိုးက
ဟိုအရင် ကလေး ဘဝတုန်းကတော့
အဆင်ပြေရင် ပြေလိမ့်မယ်

အခုနေ အရွယ်ရောက်လာတဲ့ အခါမျိုးမှာတော့ ဒီလို ဘောင်တွေ စည်းတွေနဲ့
ပုံစံခွက်ထဲ လာသွင်းကြတဲ့ အခါမှာတော့
ဘယ်လိုမှ အဆင်မပြေနိူင်တော့ဘူး

အဲ့အခါမှာတော့ ဘေးပတ်ဝန်းကျင်နဲ့
အသိုင်းဝိုင်းက ပြောတဲ့စကားတွေ
သူတို့ရဲ့ ထင်မြင်ချက်တွေကို
သိပ် ဂရုစိုက်နေလို့ မရတော့ဘူး

ကိုယ်လုပ်စရာရှိတာ လုပ်ရတော့မယ်
ကိုယ့်လမ်းကို မှန်ကန်အောင် လျှောက်ရမှာပါ
ကိုယ့်အိပ့်မက်တွေ လက်တွေ့ဖြစ်လာဖို့အတွက် ယုံကြည်မှုကို ကိုင်စွဲပြီး
ရှေ့ကို ဆက်ကြိုးစား နေရမှာဘဲ

ကဲ့ရဲ့ဝေဖန်ခြင်းတွေကို
တုန့်ပြန်နေဖို့ မလိုသလို
လူတိုင်း နားလည်လာအောင်လဲ
လိုက်ပြီး ရှင်းပြနေဖို့ မလိုပါဘူး

ကိုယ်ဘယ်လောက် ကောင်းအောင်နေနေ
အပြစ်မြင်မယ့် လူတစ်စုကတော့
တစ်သက်လုံး အပြစ်မြင်နေမှာပါ

ကိုယ်ဘယ်လောက် ရိုးသားနေပါစေ
ကောက်ကျစ် ယုတ်မာစိတ် ရှိတဲ့သူတွေကတော့ ကိုယ့်ကို ဘယ်တော့မှ
လူကောင်းလို့ ထင်မှာ မဟုတ်ဘူး

ကိုယ်ဘယ်လောက် စေတနာထားထား
အလကားရတိုင်း အလကား လိုချင်နေတဲ့
သူတွေကတော့ ကိုယ့်ကို ခပ်ပေါပေါလို့
တွက်ကြမှာဘဲ

ကြာလာတော့.....
သူများအမြင်မှာ ကောင်းဖို့ထက်
ကိုယ်အစစ်မှန် ကောင်းအောင်နေဖို့ဘဲ
ပိုအာရုံ စိုက်ဖြစ်လာတယ်

သူများက မှန်တယ်လို့ ထင်ဖို့ထက်
ကိုယ် မမှားအောင်ဘဲ သတိထားပြီး
လုပ်တော့တယ်

ဘဝင်မြင့်နေတဲ့ လူတွေကြားမှာ
ခပ်ရိုးရိုး ခပ်အေးအေးလေးဘဲ နေလိုက်ပြီး
တစ်ယူသန် အငြင်းသန်တဲ့ သူတွေနဲ့တွေ့ရင်တော့ ကိုယ်ဘာမှ မသိသလို
ခပ်ဆိတ်ဆိတ်လေး နေလိုက်တယ်

အမှား တွေကြားမှာ
အမှန်ဟာ ခါးလာပြီး
အပေါ်ယံတွေ ကြားထဲမှာ
အစစ်မှန်တွေ ကျပျောက်လာတဲ့အခါ

အကောင်းထက်
အဆိုးမြင်နေတဲ့ လူတွေကြားမှာ
ကိုယ် ဂရုမစိုက်ဘဲ နေတတ်လာတယ်

လူတိုင်းကြိုက်ဖို့မှ မလိုတာ
ကိုယ့်တန်ဖိုး ကိုယ်သိရင်တော့
ဒီလောက်ဆို တော်ပြီပေါ့........

Address

South Dagon
Yangon

Opening Hours

Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00

Telephone

+959795255576

Website

Alerts

Be the first to know and let us send you an email when Shwe Zin Yaw Min Online Shop posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category