Chiang Mai အိမ်ချက်လက်ရာ

Chiang Mai အိမ်ချက်လက်ရာ Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Chiang Mai အိမ်ချက်လက်ရာ, Food & Beverage, Yangon.

ပုဇွန်ချဉ် ပြုလုပ်နည်း********************ပုစွန်သေးသေး ၂၀ သားကို ခေါင်းဖြုတ်ပြီး ရေစင်အောင်ဆေးပါ။ဇကာနဲ့ရေ ခဏစစ်ထားပြီး ဆ...
10/07/2025

ပုဇွန်ချဉ် ပြုလုပ်နည်း
********************
ပုစွန်သေးသေး ၂၀ သားကို ခေါင်းဖြုတ်ပြီး ရေစင်အောင်ဆေးပါ။

ဇကာနဲ့ရေ ခဏစစ်ထားပြီး ဆားကို ခါတိုင်းဟင်းချက်တာထက် နဲနဲပိုထည့်ပြီး နှံ့အောင်နယ်ပါ။

နာရီဝက်လောက် ရေစစ်ထားပြီး ထမင်းပူပူနဲ့ ဆားနယ်ထားတဲ့ပုစွန်ကို ရောနယ်ပေးပါ။

နယ်ပြီးရင် ခြောက်သွေ့သန့်ရှင်းတဲ့ အနေတော် ဖန်ပုလင်းထဲကို ဖိသိပ်ပြီးထည့်ပါ။

ပုလင်းပြည့်အောင် အပေါ်ကနေ ဝါးရွက် ငှက်ပျောရွက်ဖိထည့်ပြီး လေလုံအောင်အဖုံးဖုံးကာ တစ်ည ထားလိုက်ပါ။

နောက်တနေ့အဖုံးဖွင့်ပြီး ပန်ကန်ပြားပေါ်မှောက်ထားပေးပါ။ ပုစွန်ချဉ်ပုလင်းမှ ထွက်ကျလာသော အရည်များကို နေ့တိုင်းသွန်ပစ်ပေးပါ။

အဲဒီအတိုင်း ၂ ရက် ၃ ရက်ထားပြီးရင် ပုစွန်ချဉ် ရပါပြီ။ ချဉ်ပြီးမှ ရေခဲသတ္တာထဲထည့်ပါ။

ငါးချဉ်ကို အိမ်မှာတော့ ငါးခုံးမနဲ့လုပ်ပြီး ရေစစ်ရင် အပေါ်ကနေ အလေးတခုခုနဲ့ ဖိထားရပါတယ်။

ကျန်တာတော့ ဒီနည်းအတိုင်းပဲ လုပ်ပါတယ်။ ပုစွန်ချဉ်သုပ်ကို ကြက်သွန်နီ၊ ဆီ၊ ငရုတ်သီးအကျက်မှုန့်၊ ရှမ်းနံနံ၊ စပါးလင်နဲ့ ရောပြီးသုပ်စားပါတယ်။

Credit to Original Owner

 #ပဲတီချဉ်  ရေတစ်လီတာ ရှာလကာရည် ထမင်းစားဇွန်း ၅ ဇွန်း ဆား ထမင်းစားဇွန်း ၁ ဇွန်း သကြား ထမင်းစားဇွန်း တစ်ဝက် အားလုံး ရောမွ...
09/07/2025

#ပဲတီချဉ်

ရေတစ်လီတာ

ရှာလကာရည် ထမင်းစားဇွန်း ၅ ဇွန်း

ဆား ထမင်းစားဇွန်း ၁ ဇွန်း

သကြား ထမင်းစားဇွန်း တစ်ဝက်

အားလုံး ရောမွှေထားတဲ့ အချဉ်ရည်ထဲကို

ပဲပင်ပေါက်ကို ရေဆေးပီး ထည့်စိမ်လိုက်ပါ

( ပဲပင်ပေါက်ကို အချဉ်ရည်ထဲ မြုပ်အောင်စိမ်ပီး

အဖုံးအုပ်ထားပေးပါ )

တစ်ညသိပ်ပီးရင် စားလို့ရပါပြီ

 #သရက်ချဉ် လုပ်နည်းလေးပါ**************************လုပ်ပီးသား သရက်ချဉ်များကို freezer ( ခဲကန် ) ထဲ မှာ တစ်ခါစားစာ အထုပ်ငယ...
09/07/2025

#သရက်ချဉ် လုပ်နည်းလေးပါ
**************************

လုပ်ပီးသား သရက်ချဉ်များကို
freezer ( ခဲကန် ) ထဲ မှာ
တစ်ခါစားစာ အထုပ်ငယ်လေးများနဲ့
ခွဲခွဲ ထုပ်ပီး ထည့်ခဲထားပါ။
သုပ်စားမယ့်နေ့ တစ်ရက်အလိုမှ
တစ်ထုပ်စီ ထုတ်ထားပီး စားသုံးပါ။

သရက်သီးရာသီကုန်ရင်
စျေးမှာဝယ်တဲ့ သရက်ချဉ်တွေက
အချဉ်စူးစူး အရသာ ဖြစ်နေပါတယ်။
မိမိ ကိုယ်တိုင်လုပ်ပီး ထည့်ခဲထားတဲ့အတွက်
အနံ့မကောင်းမှာလည်း မပူရတော့သလို
အချဉ်စူးစူး အရသာလည်း ဖြစ်မနေစေတော့ပဲ
မိမိ ထည့်ထားစဉ်က အချဉ်အရသာအတိုင်းသာ
ဖြစ်နေပါလိမ့်မယ်

သရက်ချဥ် လုပ်ပါတော့မယ်။
****************************
အချဥ်မစူးတဲ့ မချစ်စု သရက်သီးကို ဓါးနဲ့ ပေါက်ပါ။
( သို့ )
အမျှင်ကြီးကြီး လှီးထားပါ။
ဓါးနဲ့ လှီးရင် ပိုလှပေမယ့်
အများကြီးလုပ်ရင်တော့
ဓါးနဲ့ ပေါက်တာ ( သို့ ) ခြစ်တာက ပို အဆင်ပြေပါလိမ့်မယ်။

အချိုးအစားကတော့
💥 သရက်သီး ၁ လုံးကို
💥 ဆား လဖက်စားဇွန်း ၁ ဇွန်း အမောက်ပါ။

အလေးချိန်နဲ့ ပြောရင်တော့
💥 လှီးပြီးသား သရက်မျှင် ( ၃၀ သား ) ကို
💥 ဆား ( ၃ ကျပ်သား ) ပါ။

💥 လှီးပြီးသား သရက်မျှင် ( ၃ ပိဿာ ) ကို
💥 ဆား ( ၃၀ သား ) ပါ။

( ဒီ့ထက် ဆားပိုထည့်ရင် ငံသွားပါလိမ့်မယ်။ )

လှီးပြီးသား သရက်မျှင် နဲ့ ဆား ရောနယ်လိုက်ပြီး
ကျွတ်ကျွတ်အိတ်နဲ့ ဆို ၂ ထပ် ထုပ်ပါ။
ပလတ်စတစ်အိတ်နဲ့ဆို ၁ ထပ်ပဲ ရပါတယ်။

အိတ်ကို သွားကြားထိုးတံနဲ့
ပတ်ချာလည် အပေါက်ဖေါက်ပီး အလေးနဲ့ ဖိထားပါ။
အရည်တွေ ထွက်ကျလာပါလိမ့်မယ်။
ဒီပုံစံအတိုင်း အရည်တွေကို မသွန်ပစ်ပဲ
တစ်ည သိပ်ထားပါမယ်။

နောက်တစ်နေ့ မနက်မှ
သရက်သီးထုပ်ကို ယူလိုက်ပြီး အရည်တွေ သွန်ပြစ်ပါ။
ပြီးရင် ထွက်လာတဲ့ အချဥ်ရည်နဲ့ မထိစေအောင်
အမြင့်ပေါ်တင်ပြီး ထပ်ဖိ ထားပေးပါ။
အလေးကြီးလေ အသားကျစ်လေ ဖြစ်ပါမယ်။
၂ ညဖိထားပီးနောက် သရက်ချဉ်ရပါပီ။

____________________________________

မှတ်ချက်
**********
သရက်ချဥ်ထုပ် ပတ်ချာလည်ကို အုပ်မိမယ့်
စင်းနှီတုံးနဲ့ ဖိတာက ပိုကောင်းပါတယ်။

အလေးချိန်များရင်တော့
ပလတ်စတစ် အထူသား အိတ်ကြီးတွေနဲ့ လုပ်ပြီး
အပေါ်က ခဲကြီးများနဲ့ဖိပါ။

♦️၂ ညထပ် ပိုဖိထားရင် ( သို့ )
♦️ပထမရက် ထွက်လာတဲ့ အရည်တွေကို သွန်ပစ်ပီး
♦️ ထပ်ထွက်လာတဲ့ အရည်တွေနဲ့ သရက်သီးထုပ် ထိရင်
♦️ သရက်သီး ရိသွားတတ်ပါတယ်

#ဟင်းချက်နည်း #ဟင်းချက်နည်းများ #အိမ်ချက်လက်ရာ

 #ကြက်သွန်ချဉ် လုပ်နည်းလေးပါ---------------ရှမ်းတရုတ်အစားအစာတမျိုးဖြစ်တဲ့ကြက်သွန်ချဉ်ကိုစားဖူးသူတိုင်းနှစ်သက်ကြမယ်ထင်ပါတ...
09/07/2025

#ကြက်သွန်ချဉ် လုပ်နည်းလေးပါ
---------------
ရှမ်းတရုတ်အစားအစာတမျိုးဖြစ်တဲ့ကြက်သွန်ချဉ်ကိုစားဖူးသူတိုင်းနှစ်သက်ကြမယ်ထင်ပါတယ်။ကြက်သွန်ချဉ်ပြုလုပ်ရန်အတွက်သီးသန့်ကြက်သွန်ဥအမျိုးအစားကိုသုံးရပါတယ်။

ပါဝင်ပစ္စည်းများ
---------------
ကြက်သွန် - ဆယ်ပိသာ
ဆား -တစ်ပိသာနှစ်ဆယ်ကျပ်သား
ရှမ်းကြံသကာ - နှစ်ပိသာ
ထုံး - လေးဇွန်း စားပွဲဇွန်း
ငရုပ်ချဉ်- တစ်ပိသာခွဲ
နံနံစေ့ - ၅ကျပ်သား
စမုံစပါး - ၅ကျပ်သား
ဟွားကျောက် - ၃ဇွန်း

ပြင်ဆင်ပြုလုပ်ပုံ
---------------
(၁)ဦးစွာကြက်သွန်ကိုလှီးဖြတ်သန့်စင်ပြီးထုံးရေဖြင့်တစ်ညစိမ်ထားပါ။အထက်အောက်သမအောင်မွေပေးပါ။
(၂)တညစိမ်ပြီးကြက်သွန်ကြွပ်လာပါကရေဆေးရေစစ်ထားပါ။
(၃)ကြံသကာကိုညောင်စေးကျအောင်ကျိုပြီးအအေးခံထားပါ။
(၄)ပါဝင်ပစ္စည်းများအားလုံးကိုသန့်ရှင်းသောဇလုံတခုတွင်ထည့်ပြီးသမအောင်မွေပေးပါ။
(၅)ပြီးလျှင်ရေစစ်ထားသောကြက်သွန်ထည့်မွေပြီးသန့်ရှင်းခြောက်သွေ့သောစဉ့်အိုးတွင်ထည့်ပြီးသေချာစွာဖိထည့်ပေးပါ။
(၆)အိုးပြည့်အောင်မထည့်ဘဲနေရာချန်ပေးကာ(အရည်ထွက်လာမှာမို့)သန့်ရှင်းသောပလပ်စတစ်ဖြင့်အုပ်ပြီးကြိုးအထပ်ထပ်ချည်ကာလေလုံအောင်ပိတ်ပြီးအပေါ်မှအဖုံးအုပ်ထားပါ။
(၇)သုံးပတ်တလခန့်တည်ပြီးလျှင်စတင်သုံးဆောင်နိုင်ပါပြီ။သန့်ရှင်းသောဇွန်းဖြင့့်လိုသလောက်ခပ်ယူပြီးလေလုံအောင်သိမ်းဆည်းပြီးသုံးဆောင်နိုင်ပါပြီ။

#ဟင်းချက်နည်း #ဟင်းချက်နည်းများ #အိမ်ချက်လက်ရာ

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Chiang Mai အိမ်ချက်လက်ရာ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share