Nay Lar Electric

Nay Lar Electric အိမ်သုံး စက်ရုံသုံး လျှပ်စစ်ပစ္စည်းအမျိုးမျိုးနှင့် လျှပ်စစ်မော်တာ အမျိုးမျိုး ပြုပြင်ရောင်းဝယ်ရေး

မင်္ဂလာပါ လူကြီးမင်းတို့ရဲ့ စက်ရုံသုံး အိမ်သုံး🛠️   လျှပ်စစ်မီးလိုင်း   အမျိုးမျိုး🛠️   ရေပိုက်လိုင်း         အမျိုးမျို...
15/11/2025

မင်္ဂလာပါ
လူကြီးမင်းတို့ရဲ့ စက်ရုံသုံး အိမ်သုံး
🛠️ လျှပ်စစ်မီးလိုင်း အမျိုးမျိုး
🛠️ ရေပိုက်လိုင်း အမျိုးမျိုး
🛠️ ရေမော်တာ အမျိုးမျိုး
🛠️ မီးစက် အမျိုးမျိုး
🛠️ ရေခဲသေတ္တာ အမျိုးမျိုး
🛠️ အဲယာကွန်း အမျိုးမျိုးတို့ကို
AC / DC မော်တာကွိုင်အသစ် ပြန်ပတ်ခြင်းအတွက်
တစ်လထိ 1 Month Warranty အပြည့်ပေးတဲ့
Nay Lar Electric မှ အိမ်အရောက်
One Stop Service ဝန်ဆောင်မှူ့ပေးနေပါပြိနော်
Nay Lar Electric page
+95 9 45874 1004 / +95 9 753 122236 Viber မှ
အသေးစိတ် ဆက်သွယ်ဆွေးနွေး နိုင်ပါတယ်နော်။

မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ်၏ သီတင်းကျွတ်လပြည့် အဘိဓမ္မာအခါတော်နေ့ မှာ အားလုံးသော မိဘပြည်သူအပေါင်း စိတ်၏ချမ်းသာခြင်း၊ ကိုယ...
05/10/2025

မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ်၏ သီတင်းကျွတ်လပြည့် အဘိဓမ္မာအခါတော်နေ့ မှာ အားလုံးသော မိဘပြည်သူအပေါင်း စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနှင့်ပြီးပြည့်စုံ၍ စိတ်သွားတိုင်းကိုယ်ပါ လိုရာဆန္ဒ ပြည့်ဝကြပါစေလို့ ကျန်တော်တို့ရဲ့ Nay Lar မိသားစုမှ ဆုတောင်း မေတ္တာပို့သလိုက်ပါသည်။

မင်္ဂလာပါ လူကြီးမင်းတို့ရဲ့ စက်ရုံသုံး အိမ်သုံး🛠️   လျှပ်စစ်မီးလိုင်း   အမျိုးမျိုး🛠️   ရေပိုက်လိုင်း         အမျိုးမျို...
22/08/2025

မင်္ဂလာပါ
လူကြီးမင်းတို့ရဲ့ စက်ရုံသုံး အိမ်သုံး
🛠️ လျှပ်စစ်မီးလိုင်း အမျိုးမျိုး
🛠️ ရေပိုက်လိုင်း အမျိုးမျိုး
🛠️ ရေမော်တာ အမျိုးမျိုး
🛠️ မီးစက် အမျိုးမျိုး
🛠️ ရေခဲသေတ္တာ အမျိုးမျိုး
🛠️ အဲယာကွန်း အမျိုးမျိုးတို့ကို
AC / DC မော်တာကွိုင်အသစ် ပြန်ပတ်ခြင်းအတွက်
တစ်လထိ 1 Month Warranty အပြည့်ပေးတဲ့
Nay Lar Electric မှ အိမ်အရောက်
One Stop Service ဝန်ဆောင်မှူ့ပေးနေပါပြိနော်
Nay Lar Electric page
+95 9 45874 1004 / +95 9 753 122236 Viber မှ
အသေးစိတ် ဆက်သွယ်ဆွေးနွေး နိုင်ပါတယ်နော်။

 #ရန်ကုန်တိုင်းဒေသကြီးအတွင်း(၁.၈.၂၀၂၅)ရက်နေ့မှစ၍ လျှပ်စစ်မီးပေးမည့်အစီအစဥ်ဇယား
07/08/2025

#ရန်ကုန်တိုင်းဒေသကြီးအတွင်း(၁.၈.၂၀၂၅)ရက်နေ့မှစ၍ လျှပ်စစ်မီးပေးမည့်အစီအစဥ်ဇယား

5 စက္ကန့်တွင်း ကြောင်တကောင်လိုက်ရှာပါ
07/08/2025

5 စက္ကန့်တွင်း ကြောင်တကောင်လိုက်ရှာပါ

Earthing ဆိုတာဘာလဲ?လုပ်ငန်းခွင်တွေမှာ အရေးအကြီးဆုံးအရာက Safety ပါ။လျှပ်စစ်နဲ့ပတ်သတ်တဲ့အလုပ်မှာလည်း safety ကအရေးအကြီးဆုံး...
30/07/2025

Earthing ဆိုတာဘာလဲ?
လုပ်ငန်းခွင်တွေမှာ အရေးအကြီးဆုံးအရာက Safety ပါ။လျှပ်စစ်နဲ့ပတ်သတ်တဲ့အလုပ်မှာလည်း safety ကအရေးအကြီးဆုံးပါပဲ။safety မှာမှ earthing system က အရေးပါဆုံးကဏ္ဍထဲကတစ်ခုဖြစ်ပါတယ်။
Neutral နဲ့ Earth ဟာ 0 V တွေတူကြတယ်။ဒါပေမယ့် Neutral မှာ Return wire ရှိတယ်။Line ကြိုးက power သယ်ပြီး Load ကိုပို့တယ်။Neutral ကြိုးက Complete circuit ဖြစ်စေပြီး၊current ကို ပြန်စီးတယ်။Neutral က ပုံမှန်အခြေအနေမှာ current ကိုပြန်စီးပြီး closed loop ဖြစ်စေတဲ့ Conductor ဖြစ်ပါတယ်။ Power distribution system မှာ Reference point တစ်ခုအဖြစ်ရှိပါတယ်။Earth wire/ Ground wire ကတော့ fault ဖြစ်တဲ့အခါမှာ လူတွေ၊ပစ္စည်းတွေကို safe ဖြစ်စေဖို့တပ်ထားတဲ့ Conductor/Wire ဖြစ်ပါတယ်။ပုံမှန်အခြေအနေမှာ current မစီးဘူး။wire ပေါက်ပြဲပြီး တခြား conductor ၊လူ တစ်ခုခုနဲ့ ထိမိပြီဆိုရင် fault current ဖြစ်ပြီး အဲ့ဒီ fault current ကို မြေကြီးထဲဖြတ်စီးစေပါတယ်။earthing မှာ electrical earth, body earth, instrument earth , fram earth... စသည်ဖြင့်ရှိကြပါတယ်။
Earthing ကို Ground ချတယ်လို့လည်း သုံးကြပါတယ်။အတူတူပါပဲ။လျှပ်စစ်ပစ္စည်းတွေသုံးတဲ့အခါ လူက ဓာတ်ကြိုးကိုထိမိတာဖြစ်ဖြစ်၊ကြိုးပေါက်ပြဲပြီး ဘေးက conductor တစ်ခုခုကိုထိမိတာဖြစ်ဖြစ် အန္တရာယ်ရှိနိုင်ပါတယ်။အဲ့ဒီလို Earth fault အန္တရာယ်ကကာကွယ်ဖို့ Circuit Breaker သီးသန့်တပ်ဆင်ရသလို အိမ်သုံးလျှပ်ပစ္စည်းတွေ၊sockets တွေကိုလည်း earth ချထားရပါတယ်။မိုးကြိုးလွှဲတပ်ဆင်ခြင်းဟာလည်း earth ချတာပါပဲ။မိုးကြိုးပစ်လိုက်တဲ့ surge current ကြောင့် အဆောက်အဦးကိုမထိခိုက်အောင် ကြေးချောင်းမှတဆင့် မြေကြီးထဲကို ထည့်လိုက်တာပါ။တစ်ချို့ mV ကအစ Charge ဖြစ်စေနိုင်တဲ့ နေရာတစ်ချို့မှာ အဲ့ဒီနေရာကိုဝင်တာနဲ့ အပေါက်ဝမှာ ပြောင်နေတဲ့ ကြေးလက်ကိုင်ဘုလေးတွေရှိတတ်ကြပါတယ်။အဲ့ဒီလက်ကိုင်ဘုလေးကို လက်နဲ့ပွတ်ခြင်းဖြင့် လက်မှာရှိတဲ့ charge ကို earth ချခြင်းနည်းနဲ့ discharge လုပ်လိုက်တာပါ။အဲ့ဒီ ကြေးလက်ကိုင်ဘုလေးကို မြေကြီးနဲ့တိုက်ရိုက် earth ချထားတာပါ။ဥပမာ-missile (maintenance) room တွေထဲဝင်တဲ့အခါတွေ့ရတတ်ပါတယ်။
Earthing system (၅) မျိုးရှိပါတယ်။အဲ့ဒါတွေက-
(a) IT
(b) TT
(c) TN-S
(d) TN-C
(e)TN-C-S တွေပဲဖြစ်ပါတယ်။
I ဆိုတာ Impedance(supply system ကို တိုက်ရိုက် earth မချဘူး၊fault-limiting impedence ခံပြီးမှ ချတဲ့နည်း။)
T ဆိုတာ Terre (earth ရဲ့ ပြင်သစ်လိုအခေါ်)[(ရှေ့ T အတွက် supply system)(နောက် T အတွက် conductive parts/အိမ်သုံးလျှပ်စစ်ပစ္စည်းများ) ကို တိုက်ရိုက် earth ချတဲ့နည်း။]
N ဆိုတာ Neutral (conductive parts/ အိမ်သုံးလျှပ်စစ်ပစ္စည်းတွေကို supply ရဲ့ neutral point မှာ တိုက်ရိုက်သွားချိတ်တဲ့နည်း။)
C ဆိုတာ Combined (neutral နဲ့ protective conductor က အတူတူပဲ၊supply ကလာတဲ့ neutral ကြိုးကိုပဲ protective conductor အနေနဲ့ ပြန်သုံးလိုက်တဲ့နည်း။)
S ဆိုတာ Separate (neutral နဲ့ protective conductor က သပ်သပ်စီ၊protective conductor တစ်ကြိုးသီးသန့်ထုတ်ပြီး supply ရဲ့ neutral မှာ သွားချိတ်တဲ့နည်း။)
(a) IT System
I ဆိုတာ Neutral ကနေ Impedance ခံပြီးမှ Earth ချတာကို ဆိုလိုတာပါ။Impedance ခံတယ်ဆိုတာ Fault current ပိုနည်းအောင်ခံတာပါ။(Supply Source/Transformer ဘက်ခြမ်းက earth ချတဲ့အနေအထားပါ။)
T ဆိုတာ လျှပ်စစ်တင်ဆင်ထားတဲ့ metalwork ကနေ မြေကြီးနဲ့ တိုက်ရိုက် earth ချတာပါ။(အိမ်မှာ 3 pins sockets ပေါက်ရဲ့ အပေါ်ဘက်အပေါက်နေရာကို မြေကြီးနဲ့ တိုက်ရိုက်ချိတ်တဲ့နည်းပါ။)
အဲ့ဒီ (၂) မျိုးပေါင်းခြင်းဟာ IT system ပါပဲ။low voltage system တွေမှာ မသုံးပါ။
(b) TT System
ရှေ့ T က Supply Source/Transformer လိုနေရာမျိုးမှာ Neutral ကို မြေကြီးနဲ့ တိုက်ရိုက် earth ချတာကိုဆိုလိုပြီး
နောက်က T ကတော့ လျှပ်စစ်တင်ဆင်ထားတဲ့ metalwork ကနေ မြေကြီးနဲ့ တိုက်ရိုက် earth ချတာကိုဆိုလိုပါတယ်။(အိမ်မှာ 3 pins sockets ပေါက်ရဲ့ အပေါ်ဘက်အပေါက်နေရာကို မြေကြီးနဲ့ တိုက်ရိုက်ချိတ်တဲ့နည်းပါ။)
အဲ့ဒီ (၂) မျိုးပေါင်းခြင်းဟာ TT system ပါပဲ။
လက်ရှိကျွန်တော်တို့နိုင်ငံရဲ့ Supply Source/Transformer အများစုမှာ သုံးပြီး အိမ်အများစုမှာတော့ ကြိုးဖိုးကုန်မှာစိုးလို့ မကြောက်မလန့်နဲ့ earth မချကြတဲ့နည်းပါ။
(c) TN-S System
T က Supply Source/Transformer လိုနေရာမျိုးမှာ Neutral ကို မြေကြီးနဲ့ တိုက်ရိုက် earth ချတာကိုဆိုလိုပြီး
N-S က လျှပ်စစ်တပ်ဆင်ထားတဲ့ metalwork တွေဟာ Supply Source/Transformer ရဲ့ Earthed Neutral ကနေတစ်ဆင့် earth ချခြင်းနည်းပါ။earth ကြိုးကို cable sheath နဲ့သပ်သပ်ဆွဲပါတယ်။အကုန်အကျလည်းများပါတယ်။
(d)TN-C System
T က Supply Source/Transformer လိုနေရာမျိုးမှာ Neutral ကို မြေကြီးနဲ့ တိုက်ရိုက် earth ချတာကိုဆိုလိုပြီး
N-C က လျှပ်စစ်တပ်ဆင်ထားတဲ့ metalwork တွေဟာ Supply Source/Transformer ရဲ့ Earthed Neutral ကနေတစ်ဆင့် earth ချခြင်းနည်းပါ။supply source ကလာတဲ့ Neutral ကြိုးကို earth ကြိုးအဖြစ်ပြန်လည်အသုံးချလိုက်တာပါ။
(အိမ်မှာ 3 pins sockets ပေါက်ရဲ့ အပေါ်ဘက်အပေါက်နေရာကို အောက်ဘက်အပေါက်နှစ်ပေါက်ထဲကတစ်ပေါက်ကို ပြန်ချိတ်ပေးလိုက်တာပါ။အကုန်အကျသက်သာပါတယ်။conductive conductor ကို neutral နဲ့ ပေါင်းတာနဲ့ခွဲတာကလွဲရင် TN-S system နဲ့အတူတူပါ။
(e) TN-C-S system
TN-S system နဲ့အတူတူပါ။ဒါပေမယ့် အိမ်သုံးလျှပ်စစ်ပစ္စည်းကနေ သီးသန့် protective conductor ထုတ်ပေမယ့် အိမ်(လျှပ်စစ်)အဝင်မှာရှိတဲ့ neutral point မှာပဲပြန်ပေါင်းပါတယ်။TN-C-S System ကို PME ( Protective Multiple Earthing) လို့လည်းခေါ်ပါတယ်။
Earthing System မှာ fault current စီးဆင်းတာကောင်းမကောင်းဆိုတာဟာ Earth ကျင်းတူးမယ့်မြေအပေါ်မှာမူတည်ပါတယ်။မြေအမျိုးမျိုး (စိုက်ပျိုးမြေ/ခြံမြေ၊မြေစေး၊သဲမြေ၊ကျောက်မြေ၊...) ရှိတဲ့အတွက် အဲ့ဒီမြေပေါ်မူတည်ပြီး Earth Resistance လည်း မတူကြပါဘူး။
စိုက်ပျိုးမြေ/ခြံမြေ - 5~50 ohm
မြေစေး - 10~100 ohm
သဲမြေ - 250~500 ohm
ကျောက်မြေ - 1000~10000 ohm ဆိုပြီး ရှိတတ်ကြပါတယ်။(ရေဘူယျသတ်မှတ်ချက်ဖြစ်လို့ အတိအကျမတူနိုင်ပါဘူး။လက်တွေ့တိုင်းကြည့်မှသာ သိနိုင်ပါတယ်။)အစိုဓာတ်ရှိတဲ့ မြေမှာတော့ earth resistance နည်းတတ်ပါတယ်။ Resistance မတူညီတဲ့အတွက် Earth Rod၊Earth Plate၊သံ၊သတ္တု၊Earth Powder စတဲ့ Electrode တွေကို Parallel, Series တွေနဲ့ချိတ်ဆက်ပြီး ကိုယ်လိုချင်တဲ့ Resistance (ohm) တန်ဖိုးရအောင် လုပ်ယူ၊တွက်ယူရပါတယ်။ earth resistance ကို 2-10 ohm ထိလက်ခံကြပါတယ်။earth resistance နည်းလေ၊ကောင်းလေပါ။( general knowledge အဖြစ်သာရည်ရွယ်သည်။)
Special thanks to original SHA(M.E.E)
Crd
ENSAEEA

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Nay Lar Electric posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Nay Lar Electric:

Share