Aell Aell's Food

Aell Aell's Food .

25/10/2025

မော်လမြိုင် အသုပ်

ငါးသလောက်ဟင်း၊ ငပိရည်နဲ့ တို့စရာ ဘူးညွှန့်ပြုတ်၊ ပေါက်ပန်းဖြူရွက်ပြုတ်၊ ဇရစ်ရိုးပြုတ် 🍛
13/09/2025

ငါးသလောက်ဟင်း၊ ငပိရည်နဲ့ တို့စရာ ဘူးညွှန့်ပြုတ်၊ ပေါက်ပန်းဖြူရွက်ပြုတ်၊ ဇရစ်ရိုးပြုတ် 🍛

ညအိပ်ခါနီး ဗိုက်ဆာစေချင်လို့🤭
30/04/2025

ညအိပ်ခါနီး ဗိုက်ဆာစေချင်လို့🤭

ကျောက်မြောင်း သတိပဌာန်လမ်းပေါ်က AYA Bank နားမှာရှိတဲ့ ကျောက်ပန်တောင်း မုန့်ပြားသလက်ဆိုင်​လေးသပ်သပ်ရပ်ရပ်လေးန.....

ကြက်ဥ ကီးမား😋😋😋
12/02/2025

ကြက်ဥ ကီးမား😋😋😋

ဒီနေ့တော့ ဆန်ပြားခေါက်ဆွဲလေး ချက်စားကြမယ်ရိုးရိုးရှင်းရှင်းနဲ့ အရသာရှိ အဟာရလည်းပြည့်တာမို့ပါဝင်ပစ္စည်းနဲ့ ချက်နည်းပါ ပြေ...
24/11/2024

ဒီနေ့တော့ ဆန်ပြားခေါက်ဆွဲလေး ချက်စားကြမယ်

ရိုးရိုးရှင်းရှင်းနဲ့ အရသာရှိ အဟာရလည်းပြည့်တာမို့

ပါဝင်ပစ္စည်းနဲ့ ချက်နည်းပါ ပြောပြပေးမယ်နော်

ပါဝင်ပစ္စည်း
- ဆန်ပြားခေါက်ဆွဲဖတ် (ညှပ်ခေါက်ဆွဲ)
- ဝက်ရိုး နဲ့ ဝက်၃ထပ်သား
- မုန့်လာဥဖြူ
- ဟင်းချက်ဝိုင်
- ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ဂျင်း၊
- နံနံပင်အမြစ်
- ငရုပ်ကောင်းစေ့၊ ငရုက်ကောင်းမှုန့်အဖြူ
- ဆားနဲ့ သကြားအနည်းငယ်
- ကြက်သွန်ဖြူ၊ နံနံပင်နဲ့ ငရုပ်သီးစိမ်းတွေကို
နုပ်နုပ်စင်းထားရပါမယ်
- သံပုရာသီးလေးတွေကို စိပ်ထားရပါမယ်

ချက်နည်း
- ရေကိုဆူအောင် တည်ထားပြီး သန့်စင်ထားတဲ့ ဝက်ရိုးနဲ့ ပါးပါလှီးထားတဲ့ ဝက်သားလေးတွေကို ၃မိနစ်လောက်ထည့်ပြုတ်ပါမယ်။

- အမြုပ်လေးတွေ ပေါ်လာပြီဆိုရင် အရိုးနဲ့အသားတွေကို ခပ်ထုတ်ပြီး ရေးအေးနဲ့ အညှီနံ့တွေ မကျန်အောင် သေချာဆေးရပါမယ်။

- ငရုပ်ကောင်းစေ့၊ အခွံနွှာထားတဲ့ ကြက်သွန်ဖြူ ဥသေးလေးတွေ၊ ကြက်သွန်နီ လေးစိပ်ခွဲနဲ့ ပါးပါးလှီးထားတဲ့ ဂျင်းနေတွေကို အိုးထဲထည့်ပြီး အနံ့မွှေးလာတာအထိ လှော်ပေးရပါမယ်။

- လှော်ထားတာလေးတွေ မွှေးလာပြီဆိုရင် ရေနွေးထည့်ပြီး ဆူအောင်တည်ပါမယ်။

- ရေဆူလာရင် သန့်စင်ထားတဲ့ အရိုးနဲ့အသားတွေ ထည့်ပါမယ် ပြီးရင် ဟင်းချက်အရက်၊ ဆားနဲ့ သကြားအနည်းငယ်၊ ပဲငံပြာည် အကျဲတို့ထည့်ပါမယ်။

- ထို့နောက် အတုံးလေးတွေ လှီးဖြတ်ထားတဲ့ မုန်လာဥဖြူနဲ့ နံနံပင်အမြစ်တို့ကို ဟင်းရည်အိုးထဲ ထည့်ပါမယ်။ အဖုံးအုပ်ပြီး အသားနဲ့ မုန့်လာဥတွေ နူအိလာတဲ့အထိတည်ပေးရပါမယ်။

- အရသာ အပေါ့အငံအဆင်ပြေပြီဆိုရင် ငရုပ်ကောင်းမှုန့်အဖြူလေး ထည့်ပြီး ၃မိနစ်ခန့် ဆက်တည်ပေးရပါမယ်။

- ဆန်ပြားခေါက်ဆွဲကို ရေနွေးလေးနဲ့ ခဏပြုတ်ပေးရပါမယ်။

ဆန်ပြားခေါက်ဆွဲပွဲလေး ပြင်ပါမယ်

- ပန်းကန်ထဲ ဆန်ပြားခေါက်ဆွဲလိုသလောက်ထည့်ပါမယ် ပြီးနောက် ချက်ထားတဲ့ ဟင်းရည်နဲ့အသားတွေ ထည့်ပါမယ်။ နုပ်နုပ်စင်းထားတဲ့ ကြက်သွန်ဖြူ၊ နံနံင်နဲ့ ငရုပ်သီးစိမ်းလေးထည့်ပါမယ်။ နောက်ဆုံးမှာ သံပုရာသီးလေး ညှစ်ထည့်ပြီး အရသာရှိစွာ သုံးဆောင်နိုင်ပါပြီရှင့် 🍜😋

ဝဥ ငရုပ်သီးစိမ်းကြော် မွှေးမွှေးလေး😋
30/06/2024

ဝဥ ငရုပ်သီးစိမ်းကြော် မွှေးမွှေးလေး😋

08/06/2024

ခရုဆီတွေ ပဲငံပြာရည်တွေ မထည့်ပဲ အခုလိုလေး ကြော်စားတာ ပိုမွှေးပြီး ပိုစားကောင်းတယ် 😋

ကရင်နှစ်သစ်ကူးနေ့လေးမှာချက်စားဖြစ်တာကတော့အုန်းထမင်း ကြက်သားဟင်းနဲ့ မုန့်လာဥပိုးတီသုပ်😋
11/01/2024

ကရင်နှစ်သစ်ကူးနေ့လေးမှာ
ချက်စားဖြစ်တာကတော့
အုန်းထမင်း ကြက်သားဟင်းနဲ့ မုန့်လာဥပိုးတီသုပ်😋

ဒီနေ့တော့ နန်းကြီးသုပ်လေး သုပ်စားဖြစ်တယ်😋
09/12/2023

ဒီနေ့တော့ နန်းကြီးသုပ်လေး သုပ်စားဖြစ်တယ်😋

27/11/2023
12/02/2023

မော်လမြိုင်သူ အဲအဲရဲ့ မာမီဆိုသည်မှာလေ

မနက်စောစောစီးစီး ဟင်းချက်ဖို့လုပ်နေရင်း
ဓါးကျိုးသွားလို့တဲ့…

ဟာ…ဘာဟင်းတွေချက်လို့ ဓါးကျိုးသွားတာလဲ မာမီ???

ဘဲဥဟင်းနဲ့ ငပိရည်တဲ့ 😎

😂😂😂

Address

152
Yangon

Website

Alerts

Be the first to know and let us send you an email when Aell Aell's Food posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Aell Aell's Food:

Share