26/07/2022
စျေးနှုန်းတက်တာ တစ်ပတ်နဲ့တစ်ပတ် သိသာလာတဲ့မေလထဲက စပြီးတော့ post အသစ်တင်ပြီး ဖိဖိစီးစီးမရောင်းဖြစ်တော့ဘူး
May, June, July လလယ်ထိ အရင်မှာဖူးတဲ့ Customer တွေပြန်လာမှာတာမျိုးတွေပဲ ပို့ပေးဖြစ်ခဲ့တယ်
အခု July ကုန်ခါနီးတော့ order ရပ်ကိုရပ်ထားတယ် …
ကုန်ကြမ်းစျေးရော ဘာရော အကုန်တက်နေတာ
ကိုယ်က စျေးဒီထက်မတက်ချင်သေး
လုပ်ရတာ ပင်ပန်းတာနဲ့မကာမိ တွက်ခြေမကိုက်
နောက်မှ တစ်ပတ်ကိုဘယ်နရက် ဘယ်နေ့အတွက်ဆိုပြီး Order ကြိုကောက်ပြီး လိုက်စုပို့တဲ့ပုံနဲ့ ပြန်ရောင်းမယ်
အဲ့ခါကျ ပြန်တင်မယ်နော်
အားလုံးပဲ ကျန်းမာရေး ဂရုစိုက်ကြပါ 🤍