her & spices

her & spices Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from her & spices, Health Food Shop, No (164), Phaung Taw Oo Pagoda Street, Kyauk Yay Twin Ward, North Okkalapa Township, Yangon.
(2)

23/08/2026

ပုဇွန်ကင်ပွန်းချဉ်အစပ်ချက်

"her & spices ချစ်သူလေးတို့ရေ💛✨…
မိုးရာသီမို့လို့ ခရီးလည်းမသွားချင်ဘူး ပင်လယ်စာလေးလည်း စားချင်တယ် ချက်ရဖို့ကိုလည်း
အချိန်အကြာကြီး မပေးချင်တော့ဘူးဆိုတဲ့ သူတွေအတွက် လွယ်ကူမြန်ဆန်ပြီး အရသာလည်းရှိတဲ့ ပုဇွန်ကင်ပွန်းချဉ်အစပ်ချက်လေး ချက်ပြလိုက်ပါတယ်နော်🌊🦐…
ပထမဆုံး ရေဆေးသန့်စင်ထားတဲ့ ပုဇွန်တွေကို အစပ်ချက်ထုပ်လေးနဲ့ အရသာနှပ်ထားလိုက်ပါမယ်🥣
အိုးထဲကို ဆီ(၃)ကျပ်သား🧈 နဲ့ ငရုတ်သီးအကြမ်းမှုန့် အနည်းငယ်ထည့်ပြီး အပူပေးလိုက်ပါတယ်နော်...
ဒါပြီးရင်တော့ ခုနကနှပ်ထားတဲ့ 🦐ပုဇွန်လေးတွေကို ထည့်ကာ သမအောင်မွှေလိုက်ပြီးတော့ စိမ်းစားငါးပိ နဲ့ ငါးငံပြာရည် အနည်းငယ် ထည့်လိုက်ပါမယ်🧉...
အသင့်ပြင်ထားတဲ့ ကင်ပွန်းချဉ်ရွက်တွေထည့်လိုက်မယ်🍃…
နှံ့စပ်အောင်မွှေလိုက်ပြီးတာနဲ့ ရေနွေးလေးထည့်လိုက်ပြီး အဖုံးခဏဖုံးထားလိုက်ပါတယ်နော်🫕…
ကဲ ဒါဆိုရင်တော့ အချိန်ခဏလေးနဲ့ လွယ်ကူမြန်ဆန်ပြီး အရသာလည်းရှိတဲ့ ပုဇွန်ကင်ပွန်းချဉ်အစပ်ချက်လေး ရပြီပေါ့နော်🦐🥘...
her & spices ရဲ့ Curry Mix တွေကို City Mart / Marketplace / Makro / 1 Stop Supermarket & Kitchen/ Capital / Maxi / Easy Mart /Gamone Pwint /Infinity Mart/De Mart (MDY)ဆိုင်များမှာ ရနိုင်ပါတယ်

ချစ်သော..
her & spices💛”

, , ,
, , ,
, ,
, ,
, ,
, , ,
, , ,
, ,
, ,
,

16/08/2026

"her & spices ချစ်သူလေးတို့ရေ💛✨…
ဒီနေ့မှာတော့ ပုဇွန်အာလူးကို မဆလာလေးနဲ့ ချက်ပြသွားမှာပါရှင့်🦐 …
အရင်ဆုံးရေဆေးသန့်စင်ထားတဲ့ ပုဇွန်တွေကို မဆလာချက်တစ်ထုပ်ရယ် 🧂ဆားလေးတစ်ဇွန်းထည့်ကာ သမအောင်မွှေပြီး အရသာနှပ်ထားလိုက်ပါမယ်နော်🥣...
အိုးထဲကို ဆီအနည်းငယ်ထည့်ပြီး ခုနက အရသာနှပ်ထားတဲ့ ပုဇွန်လေးတွေကို ထည့်ပြီး 🦐
ချက်လိုက်ပါတယ်...
ပြီးသွားရင်တော့ အနေတော်လှီးထားတဲ့ 🥔အာလူးတွေကို ထည့်ချက်လိုက်ပြီး
အဖုံးဖုံးထားလိုက်ပါမယ်🫕...
နောက်တစ်ဆင့်အနေနဲ့ အာလူးနဲ့ ပုဇွန်လေးတွေ နူးအိသွားအောင် ရေနွေးထပ်ထည့်ကာ အဖုံးပြန်ဖုံးလိုက်ပါမယ်🫧...
ကဲ အာလူးနဲ့ ပုဇွန်လေးတွေ နူးအိသွားပြီဆိုရင်တော့ အနံ့အရသာနဲ့ ပြည့်စုံတဲ့ ပုဇွန်အာလူးမဆလာချက်လေး ရပါပြီရှင့်🍛...

her & spices ရဲ့ Curry Mix တွေကို City Mart / Marketplace / Makro / 1 Stop Supermarket & Kitchen/ Capital / Maxi / Easy Mart /Gamone Pwint /De Mart (MDY)ဆိုင်များမှာ ရနိုင်ပါတယ်

ချစ်သော..
her & spices💛”

, , ,
, , ,
, ,
, ,
, ,
, , ,
, , ,
, ,
, ,
,

09/08/2026

ဖားသားကင်ပွန်းချဥ်အစပ်ချက်

"her & spices ချစ်သူလေးတို့ရေ💛✨…
ဒီနေ့မှာတော့ 🌶️စပ်စပ်လေးနဲ့ 🍋‍ချဥ်ပြုံးပြုံးအရသာကို ကြိုက်နှစ်သက်သူလေးတွေအတွက် အကြိုက်တွေ့စေမယ့် ဟင်းလေးတစ်ခွက် ချက်ပြပေးလိုက်ပါတယ်နော်...
ပထမဆုံး အိုးကိုအပူပေးပြီး ဆီ၄ကျပ်သားထည့်ကာ ရေဆေးသန့်စင်ထားတဲ့ ဖားသားတွေကိုထည့်ပြီး ရွှေညိုရောင်သန်းလာတဲ့ထိ ကြော်လိုက်ပါမယ်🫕...
ဖားသားများကျက်လာပြီဆိုရင်တော့ အစပ်ချက်မှုန့် ၁ထုပ်၊ 🧂ဆား ၁ဇွန်း၊ ငရုတ်သီးအကြမ်းမှုန့် ၊ စပါးလင်🌱 အနည်းငယ် ထည့်လိုက်ပြီး သမအောင် မွှေပေးလိုက်ပါတယ်🥣...
အနံ့လေးမွှေးလာတဲ့အထိ ခဏမျှဆက်ကြော်လိုက်ပါမယ်နော်🫕...
နောက်ဆုံးမှာတော့ 🌱ကင်ပွန်းချဥ်ရွက်တွေကို ထည့်လိုက်ပြီး အရွက်များနွမ်းသွားတဲ့အထိ ကြော်ပေးလိုက်ပါမယ်🍛...
ကင်ပွန်းချဥ်ရဲ့ ချဥ်ပြုံးပြုံးအရသာနဲ့ အစပ်အရသာတို့ ပေါင်းစပ်သွားတဲ့ခါမှာတော့ 🍚ထမင်းပူပူလေးနဲ့ တွဲဖက်စားသုံးဖို့ အသင့်တော်ဆုံး ဟင်းတစ်ခွက် ရပြီပေါ့ရှင်...

her & spices ရဲ့ Curry Mix တွေကို City Mart / Marketplace / Makro / 1 Stop Supermarket & Kitchen/ Capital / Maxi / Easy Mart /Gamone Pwint /De Mart (MDY)ဆိုင်များမှာ ရနိုင်ပါတယ်

ချစ်သော..
her & spices💛”

, , ,
, , ,
, ,
, ,
, ,
, , ,
, , ,
, ,
, ,
,

02/08/2026

ကြက်ဥမဆလာချက်

"her & spices ချစ်သူလေးတို့ရေ💛✨…
ဒီနေ့လေးမှာတော့ အသားကြီးဟင်းကြီးမချက်ချင်လို့ ရိုးရိုးရှင်းရှင်း
ကြက်ဥမဆလာချက်လေးပဲ ချက်ပြလိုက်ပါတယ်နော်🥚...
ပါဝင်ပစ္စည်းလေးတွေကို အရင်ဆုံးထည့်မှာမို့လို့ ပထမဦးဆုံးအနေနဲ့
🍅ခရမ်းချဥ်သီးအနှစ်တွေကိုထည့်လိုက်ပြီး မဆလာချက်ထုပ်လေးကို
ဖောက်ထည့်ကာ သမအောင် မွှေပေးလိုက်ပါမယ်🥣...
တခြားလိုတဲ့အရသာလေးတွေအတွက်ကို 🧂ဆားတစ်ဇွန်း၊ စိမ်းစားငါးပိ အနည်းငယ်၊
🌶️ငရုတ်သီးစိမ်း နဲ့ မန်ကျည်းသီးအမှည့် အနေတော်လောက်ထည့်ကာ အရသာလေးတွေ အချိုးကျကျ ရောစပ်သွားစေဖို့ သေချာလေး မွှေပေးလိုက်ပါတယ်နော်...
ကြက်ဥကိုတော့🥚 နောက်ဆုံးမှပဲ ဖောက်ထည်ပေးလိုက်ပြီး အဖုံးလေးခဏ
ဖုံးထားလိုက်ပါတယ်...
ကြက်ဥလေးတွေကို အနှစ်မပေါက်အောင် မွှေဇွန်းလေးနဲ့ပဲ ခွဲလိုက်ပြီး
ပြန်နယ်လိုက်ရင်တော့ အရသာရှိပြီး ချက်ရတာလည်း လွယ်ကူရိုးရှင်းတဲ့
ကြက်ဥမဆလာချက်လေး ရပြီပေါ့နော်🥘...

her & spices ရဲ့ Curry Mix တွေကို City Mart / Marketplace / Makro / 1 Stop Supermarket & Kitchen/ Capital / Maxi / Easy Mart /Gamone Pwint /De Mart (MDY)ဆိုင်များမှာ ရနိုင်ပါတယ်

ချစ်သော..
her & spices💛”

, , ,
, , ,
, ,
, ,
, ,
, , ,
, , ,
, ,
, ,
,

ယနေ့ကျရောက်လာသော ဝါဆိုလပြည့် (ဓမ္မစကြာအခါတော်နေ့) ၌ စိတ်၏ အေးချမ်းခြင်း၊ ကိုယ်၏ ကျန်းမာခြင်းတို့ဖြင့် ပြည့်စုံကြပါစေ…🥰ထူ...
29/07/2026

ယနေ့ကျရောက်လာသော ဝါဆိုလပြည့် (ဓမ္မစကြာအခါတော်နေ့) ၌ စိတ်၏ အေးချမ်းခြင်း၊ ကိုယ်၏ ကျန်းမာခြင်းတို့ဖြင့် ပြည့်စုံကြပါစေ…🥰

ထူးမြတ်လှတဲ့ ဒီနေ့လေးမှာ ချစ်ခင်ရသူတွေနဲ့အတူ ကုသိုလ်ယူရင်း စိတ်နှလုံး အေးချမ်းကြပါစေကြောင်း Her & Spices မှ ဆုမွန်ကောင်း တောင်းအပ်ပါတယ်ရှင် 🙏🏻🙏🏻🙏🏻

ချစ်ရသော…💛
her & spices

,
, , ,
, ,
, ,
, ,
, , ,
, , ,
, ,
, ,
, ,

29/07/2026

ဝါဆိုလပြည့်နေ့လေးမှာ
ကုသိုလ်လေးတွေ အတူယူနိုင်ဖို့ her & spices လေး က အမြဲ ရှိနေမှာပါ 🙏🏻🙏🏻🙏🏻

ချစ်ရသော…💛
her & spices

26/07/2026

ဘဲသားအချိုချက်

"her & spices ချစ်သူလေးတို့ရေ💛✨…
ဒီနေ့လေးမှာတော့ အချိုချက်လေး ချက်ချင်သူတွေအတွက် ချိုချိုမွှေးမွှေးလေးနဲ့ အရသာလည်းရှိမယ့် ဟင်းပွဲလေးတစ်ခုကို ချက်ပြပေးလိုက်ပါတယ်နော်🍲...
အရင်ဦးဆုံး အသင့်ပြင်ထားတဲ့ 🦆ဘဲသားတွေကို အချိုချက်တစ်ထုပ်ရယ်၊
ဆား တစ်ဇွန်းနဲ့ ပဲငံပြာရည် အကြည် အနည်းငယ်ထည့်ပြီး
အရသာနှပ်ထားလိုက်ပါမယ်နော်🥣...
အိုးထဲကို ဆီ ၄ ကျပ်သား နဲ့ သကြားညို🧂 အနည်းငယ်ထည့်ပြီး အရည်ပျော်သွားအောင် အပူပေးပြီး မွှေထားလိုက်ပါတယ်...
သကြားအရည်ပျော်ပြီး အနေတော်အခြေအနေရောက်တဲ့အခါ နှပ်ထားတဲ့
🍖အသားတွေကိုထည့်ကာ လုံးချက်လေး အရင်ချက်လိုက်ပြီး အဖုံးဖုံးထားလိုက်ပါမယ်...
ဒါပြီးရင်တော့ ပဲငံပြာရည်အနောက် နဲ့ ရေနွေးဆူဆူထပ်ထည့်လိုက်ပြီး 🧅ကြက်သွန်နီခြောက်လုံးခန့်လောက်ကို ထည့်ပြီး အဖုံးပြန်ဖုံးလိုက်ပါတယ်နော်🫕...
အသားလေးတွေလည်း နူးအိသွားပြီး အနံ့လေးကလည်း မွှေးလာတဲ့ခါကြရင် အရသာလည်းရှိပြီး ထမင်းလည်းမြိန်တဲ့ ဘဲချိုပေါင်းတစ်ပွဲရပါပြီရှင့်🍛✨...

her & spices ရဲ့ Curry Mix တွေကို City Mart / Marketplace / Makro / 1 Stop Supermarket & Kitchen/ Capital / Maxi / Easy Mart /Gamone Pwint /De Mart (MDY)ဆိုင်များမှာ ရနိုင်ပါတယ်

ချစ်သော..
her & spices💛”

, , ,
, , ,
, ,
, ,
, ,
, , ,
, , ,
, ,
, ,
,

25/07/2026

ဒီနေ့ဘာချက်ရမလဲ..?🤔
ဒီမေးခွန်းနဲ့ နေ့တိုင်းခေါင်းစားနေရတဲ့ အိမ်ရှင်မတွေအတွက်..

Her & spices အထုပ်နောက်မှာပါတဲ့ QR code လေး ကို scan ဖတ်လိုက်တာနဲ့ အဲ့ဒီ အထုပ်လေး နဲ့ ချက်လို့ရတဲ့ ဟင်းချက်နည်း video လေး တွေကို Youtube playlist မှာ တစ်ခါတည်း မြင်ရမှာပါ..✅

ဒီနေ့ဘာချက်ရမလဲ ဆိုရင် ဖြစ်ဖြစ်..
ဘာလေးချက်ရင် ကောင်းမလဲပဲ ဖြစ်ဖြစ်..
ဟင်းချက်နည်းတွေ အများကြီးကို ဒီ QR Scan လေး နဲ့ ရယူလိုက်ပါနော်..🍛

, , ,
, , ,
, ,
, ,
, ,
, , ,
, , ,
, ,
, ,
,

19/07/2026

ဝက်ခရမ်းသီးအစပ်ချက်

"her & spices ချစ်သူလေးတို့ရေ💛✨…
ဝက်သားဆိုရင် အချိုချက်ချည်းပဲစားရတာ ငြီးငွေ့နေပြီလား🥩...
ဒါဆိုရင်တော့ ခရမ်းသီးလေး🍆နဲ့ အစပ်ချက်ကြရအောင်လေ🌶️…
ပထမဦးဆုံး ရေဆေးသန့်စင်ထားတဲ့ ဝက်သားတွေကို🥩
အစပ်ချက် 1 ထုပ်ရယ်၊ ဆီ ၃၀ ဆယ်သား နဲ့ 🧂ဆားတစ်ဇွန်း ထည့်ပြီး
နယ်နှပ်ထားလိုက်ပါမယ်🥣...
အရင်ဆုံးနှပ်ထားတဲ့ အသားတွေကို အရသာလေးပိုစိမ့်ဝင်စေဖို့အတွက် အိုးလေးပူလာပြီဆိုတာနဲ့ ထည့်ပြီး လုံးလိုက်ပါတယ်
ပြီးသွားရင်တော့ အသားတွေနူးအိစေဖို့အတွက် ရေနွေးထည့်ပြီး💦🫖
အဖုံးခဏဖုံးထားလိုက်ပါမယ်နော်...
နောက်ဆုံးအနေနဲ့ လှီထားတဲ့ ခရမ်းသီးတွေကို ထည့်လိုက်ပြီး ရေနွေးဆူဆူကို
နောက်တစ်ခါထပ်ထည့်လိုက်ပြီး အဖုံးပြန်ဖုံးလိုက်ပါမယ်...
ကဲ အသားလေးတွေနူးအိသွားပြီ ခရမ်းသီးတွေလည်း အရောင်ပြောင်းသွားပြီဆိုရင်တော့ အရသာရှိတဲ့ ဝက်ခရမ်းသီးအစပ်ချက်တစ်ပွဲ ရပြီပေါ့နော်... 🥘✨

Her & Spices ရဲ့ Curry Mix တွေကို City Mart / Marketplace / Makro / 1 Stop Supermarket & Kitchen/ Capital / Maxi / Easy Mart/Gamonepwint/ De Mart (MDY) ဆိုင်များမှာ ရနိုင်ပါတယ်

ချစ်သော..
her & spices💛"

, , ,
, , ,
, ,
, ,
, ,
, , ,
, , ,
, ,
, ,
,

12/07/2026

ဆိတ်ရိုးပဲမဆလာချက်

"her & spices ချစ်သူလေးတို့ရေ… ဟင်းတစ်ပွဲကို အနံ့လေးလည်းမွှေးမှ အရသာလေးလည်းရှိမှ ကြိုက်ပါတယ်ဆိုတဲ့ ဟင်းချက်သူတို့အတွက် ဆိတ်ရိုးနဲ့ကုလားပဲကို မဆလာလေးနဲ့ ချက်ပြလိုက်ပါတယ်နော်… 🍲
ပထမဦးဆုံးအနေနဲ့ သေချာသန့်စင်ထားတဲ့ 🍖ဆိတ်ရိုးတွေကို မဆလာတစ်ထုပ်နဲ့ အရင်နယ်နှပ်ထားလိုက်ပါတယ်
🫘ပဲအတွက်ကိုတော့ ရေနွေးတည်ပြီး နူးသွားအောင် ပြုတ်ထားလိုက်ပါမယ် (ပဲတွေပိုနူးစေဖို့အတွက် တစ်ညလောက် ရေစိမ်ထားတာက ပိုကောင်းပါတယ်နော်)
အိုးထဲကို ဆီထည့်ပြီး အနံ့လေးမွှေးစေဖို့အတွက် 🌿ပျဥ်းတော်သိမ်ရွက်အနည်းငယ်ကို ဆီသတ်လိုက်ပါတယ်
ပြီးသွားရင်တော့ အရသာနှပ်ထားတဲ့ ဆိတ်ရိုးတွေကို ထည့်ပြီး အနံ့နဲ့ အရသာလေးတွေ စိမ့်ဝင်သွားစေဖို့ အဖုံးခဏဖုံးထားလိုက်ပါမယ်
ခုနကပြုတ်ထားတဲ့ ပဲတွေကိုထည့်ကာ မွှေလိုက်ပါမယ် 🫘
ဆိတ်ရိုးနဲ့ပဲကို ပိုနူးအိသွားစေဖို့အတွက် 🫖ရေနွေးထပ်ထည့်လိုက်ပါတယ်နော်
လိုတဲ့အရသာအတွက်ကိုတော့ 🧂ဆားတစ်ဇွန်းထပ်ထည့်ပြီး အသားတွေနူးအိအောင် ခဏထားလိုက်ပါမယ်
ကဲ အနံ့လေးကလည်းမွှေးလာပြီ အသားတွေကလည်း နူးအိလာပြီဆိုရင်တော့ အနံ့ရော အရသာပါ ပြည့်စုံတဲ့ ဆိတ်ရိုးပဲမဆလာချက်လေး ရပြီပေါ့ရှင် 🥘
Her & Spices ရဲ့ Curry Mix တွေကို City Mart / Marketplace / Makro / 1 Stop Supermarket & Kitchen/ Capital / Maxi / Easy Mart ဆိုင်များမှာ ရနိုင်ပါတယ်

ချစ်ရသော..
her & spices💛"
, , ,
, , ,
, ,
, ,
, ,
, , ,
, , ,
, ,
, ,
,

Address

No (164), Phaung Taw Oo Pagoda Street, Kyauk Yay Twin Ward, North Okkalapa Township
Yangon

Telephone

+959778989895

Website

Alerts

Be the first to know and let us send you an email when her & spices posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to her & spices:

Shortcuts

Share