21/05/2026
ရဲတွေက ဘဏ်နှစ်ဘဏ်ကို darrပြတိုက်ခဲ့တဲ့ စီစီတီဗီ ဗီဒီယိုဖိုင်ကို ပြလိုက်တဲ့အခါ ဓားပြဖြစ်သူက အံ့သြတကြီးနဲ့ ဒီလို တိုးတိုးလေး ပြောခဲ့တာပါ။ သူက မျက်နှာဖုံးလည်း မဝတ်ထားဘဲ မျက်နှာပေါ်မှာ သံပရာရည်တွေ သုတ်လိမ်းပြီး ကင်မရာတွေကို တည့်တည့်ကြည့် ပြုံးပြခဲ့တာ ဖြစ်ပါတယ်။ သတင်းထဲမှာ သူ့မျက်နှာ ထွက်လာပြီး တစ်နာရီအတွင်းမှာတင် သူ ဖမ်းခံလိုက်ရပါတယ်။
သူ့ရဲ့ အတွေးအခေါ်ကတော့ ရိုးရှင်းပါတယ်။ သံပရာရည်က စက္ကူပေါ်မှာဆိုရင် မမြင်ရတဲ့ မင်ရည် (Invisible Ink) အဖြစ် သုံးလိုရတာကြောင့် သူ့မျက်နှာမှာ သုတ်ထားရင် ကင်မရာတွေက သူ့ကို မြင်ရမှာမဟုတ်ဘူးလို ယုံကြည်နေတာပါ။ အိမ်မှာ ပိုလရွိက် (Polaroid) ကင်မရာနဲ့ ဓာတ်ပုံရိုက်စမ်းကြည့်တုန်းကလည်း ဓာတ်ပုံထဲမှာ ဘာမှမပေါ်လာဘူးလို သူက ဆိုပါတယ်။ (တကယ်က ကင်မရာ ချိုယွင်းချက် သိုမဟုတ် ရိုက်တာ မှားယွင်းတာ ဖြစ်နိုင်ပါတယ်)။
ဒီဖြစ်ရပ်ကို ကြားသိရပြီးနောက် ကော်နဲလ်တက္ကသိုလ်က စိတ်ပညာရှင် နှစ်ဦးဖြစ်တဲ့ ဒေးဗစ် ဒန်နင် (David Dunning) နဲ့ ဂျက်စတင် ခရူဂါ (Justin Kruger) တိုက သုတေသန ပြုလုပ်ခဲ့ကြပါတယ်။ အရည်အချင်း မရှိတဲ့သူတွေက ဘာကြောင့် မိမိကိုယ်ကို အရည်အချင်း ရှိလှပြီလို အထင်ကြီး တတ်ကြသလဲ ဆိုတာကို လေ့လာခဲ့ကြပြီး အဲဒီကနေ "ဒန်နင်-ခရူဂါ အကျိုးသက်ရောက်မှု" (Dunning-Kruger Effect - လူတစ်ယောက်ဟာ အကြောင်းအရာတစ်ခုအပေါ် အသိပညာနည်းလေလေ၊ မိမိကိုယ်ကို အကုန်သိတယ်လို ယုံကြည်မှု လွန်ကဲလေလေ ဖြစ်တတ်သည့် စိတ်ပညာသဘောတရား) ဆိုတာ ပေါ်ပေါက်လာခဲ့ပါတယ်။
Card.